မန္တလေးမြို့တွင် တည် ဆောက်ပြီးစီးခဲ့သည့် မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာတိုက်ခန်းများ တွင် ကိုယ်တိုင်ဝယ်ယူခွင့်ရခဲ့သူ မဟုတ်ဘဲ အခြားမသက်ဆိုင်သူ များ နေထိုင်သည်ကို တွေ့ရှိ ပါက တိုက်ခန်းပြန်လည်သိမ်းယူ မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
မြရည်နန္ဒာတန်ဖိုးနည်းအိမ် ရာတိုက်ခန်းများကို မဲစနစ်ဖြင့်ကိုယ်တိုင်မဲနှိုက်၍ တိုက်ခန်းများနေရာချထားပေးခဲ့ပြီး တိုက်ခန်းနေထိုင်ခွင့်ရသူများသည် ရောင်းချစဉ်က စည်းကမ်းအတိုင်း ငါးနှစ်အတွင်း လွှဲပြောင်းရောင်းချခြင်း လုံးဝမပြုလုပ်ရန်နှင့် အမည်ပေါက်သူများသာ နေထိုင်ရန်၊ မသက်ဆိုင်သူများနေထိုင်ကြောင်း တွေ့ရှိပါက တိုက်ခန်းကို အပြီးအပိုင်ပြန်လည်သိမ်းယူသည်အထိ အရေးယူ ဆောင်ရွက်သွားရန် ဇန်န၀ါရီ ၂၂ ရက်တွင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက အသိပေးချက် ထုတ်ပြန်သည်။
‘‘ရတဲ့သူက မနေဘဲနဲ့ ပြန် ရောင်းပြီး တခြားသူတွေနေမယ့် အသံတွေကြားနေရလို့ အသိပေး တာပါ’’ဟု မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီ တွဲ ဖက်အတွင်းရေးမှူး ဦးသက်နိုင် ထွန်းကပြောသည်။ မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာတွင် အခန်း ပေါင်း ၁,၃၄၄ ခန်းပါဝင်ပြီး ရောင်းမှားဝယ်မှားဖြစ်သူများအတွက် ၃၈၄ ခန်းရောင်းချပေးရန် စီစဉ်ခဲ့ သည်။ သို့သော်ရောင်းမှားဝယ် မှားဖြစ်သူများအနက် ၃၄၉ ခန်း သာ ၀ယ်ယူခဲ့ကြောင်း အဆောက် အအုံနှင့် ကုန်ရုံဌာနမှူး ဦးတင့် လွင်ကပြောသည်။
ကျန်သည့် အခန်းပေါင်း တစ်ထောင်နီးပါးကို မန္တလေး ခရိုင်အတွင်း နေထိုင်သည့် သက် ပြည့်၊ နှစ်ပြည့် အငြိမ်းစားဝန် ထမ်းများ၊ ၀န်ထမ်းလုပ်သက် ၂၅ နှစ်အထက် တာဝန်ထမ်းဆောင် ဆဲ ၀န်ထမ်းများ၊ တိုင်းပြည်အ တွက် အသက်စွန့်လွှတ်ခဲ့ရသူများ ၏ မိသားစုဝင်များနှင့် ကိုယ်အင်္ဂါစွန့်ခဲ့ရသူများအစရှိသည့် အစိုးရ ၀န်ထမ်းများအား ရောင်းချပေး ရန် လျှောက်လွှာများခေါ်ယူနေ သည်။
Credit: 7 day daily