အာဂျင်တီးနားနိုင်ငံ၊ မြို့တော် ဆန်ကာလိုဒီ ဘာရီလိုချီ ရဲ့တောင် စောင်းနံရံဘေးမှာ တမူထူးခြားတဲ့ ဒီဇိုင်းတည်ဆောက်ပုံနဲ့ ဆောက် လုပ်ထားတဲ့ နေအိမ်တစ်လုံးဖြစ်ပါတယ်။ Ribbon House လို့အမည် ပေးထားတဲ့ဒီအိမ်က မိသားစုတစ်စုစာအတွက် ပြီးပြည့်စုံတဲ့အနေ အထားရှိနေပါတယ်။ အရေအသွေးခြယ်သမှုတည်ငြိမ်ပြီးထောင့် ချိုးအကွေ့အဝိုက်များတဲ့ ဒီဇိုင်းတည်ဆောက်မှုကို မြို့တော်ရဲ့နာ မည်ကျော် ဒီဇိုင်းအဖွဲ့ G2 Estudio က တာဝန်ယူတည်ဆောက်ပေး ထားတာဖြစ်ပါတယ်။
အိမ်တစ်အိမ်လုံးရဲ့ အဓိကတည်ဆောက်မှုကုန်ကြမ်းအတွက် ဝါးနဲ့ အလှကျောက်တုံးများကို အသုံးပြုထားပါတယ်။ ပုံစံသဏ္ဍာန်အတိ အကျပုံဖော်လို့ မရတဲ့အိမ်ရဲ့မျက်နှာစာပုံဖော်မှုကို ကျောက်အချပ် ပြားများ၊ ဝါးပြားများနဲ့ အလှဆင်ပေးထားတယ်။ အတွင်းခန်းအနေ နဲ့အိမ်ရဲ့ ထောင့်ချိုးနေရာတိုင်းမှာ မှန်ချပ်တပ်ဆင်ပေးထားတဲ့အ ကန့်ငယ်ပြတင်းများစွာရှိပါတယ်။
ပြင်ညီကြမ်းပြင် အကျယ်အနည်းငယ်သာရှိ တဲ့ အိမ်ရဲ့ ကြမ်းခင်းမှာ အခန်းတစ်ခုစီမှတစ်ခုကို ကူးသွားတိုင်း လှေကားအထစ်ချိုးတစ်ခုကို ဖြတ်သွားရမှာဖြစ်ပါတယ်။ အိမ်ရဲ့အတွင်းပိုင်းအခန်းဖွဲ့စည်းမှုများ ဖြစ်တဲ့ ဧည့်ခန်း၊ အိပ်ခန်း၊ မီးဖိုခန်း၊ ရေချိုးခန်း၊ အိမ်သာ၊ စာကြည့် ခန်းတို့ကို ထောင့်ချိုး၊ ထောင့်ဖြတ်နေရာတွေမှာ ခေတ်မီဆန်းပြား တဲ့ ဒီဇိုင်းရေးဆွဲမှုတွေနဲ့ ဖွဲ့စည်းတည်ဆောက်ပေးထားပါတယ်။ အ သေးအဖွဲ့အခန်းငယ်များမှ အဓိကအခန်းဖွဲ့စည်းမှုအထိ အားလုံးကို ပြီးပြည့်စုံစွာ တည်ဆောက်ပေးထားတာပဲဖြစ်ပါတယ်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ဘာသာပြန်သည်။)