မန္တလေးတိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်များတွင် စက် မှုဇုန်လုပ်ငန်းလုပ်ကိုင်ခြင်းမရှိ သည့်မြေကွက်သုံးထောင်ကျော်ရှိ ပြီး ယင်းတို့အနက် မြေကွက် ၁၀၀ ကျော်ကသာ လုပ်ငန်းအစီအစဉ် လာရောက်တင်ပြမှုရှိကြောင်း သတင်းရရှိသည်။
လုပ်ငန်းအစီအစဉ်တင်ပြမှု မရှိသည့် စက်မှုဇုန်မြေကွက်လွတ် များအနေဖြင့် ကြိုတင်ကြေညာ ထားသည့်အတိုင်း နိုင်ငံတော်သို့ ပြန်လည်အပ်နှံရမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးကျော်မြင့်ကပြောသည်။
‘‘ရက်ကတော့ ထပ်မတိုး တော့ဘူး။ မြေကွက်လွတ် ၃,၆၀၀လောက်မှာ ရာဂဏန်းပဲ လုပ်ငန်းအစီအစဉ်လာတင်ပြတာ ဆိုတော့ ဘာမှမပြောပလောက် ဘူး’’ဟု ဦးကျော်မြင့်ကပြောသည်။
စက်မှုလုပ်ငန်းလုပ်ကိုင်ခြင်း မရှိဘဲ စက်မှုဇုန်များတွင် မြေ ကွက်ရယူထားသူများအနေဖြင့် မည်သည့်စက်မှုလုပ်ငန်းလုပ်ကိုင် မည်ဆိုသည့်လုပ်ငန်းအစီအစဉ် ကို ဇန်နဝါရီ ၁၅ ရက် နောက်ဆုံးထားကာ စက်မှုဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအစိုး ရအဖွဲ့သို့တင်ပြရမည်ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့က ၂၀၁၄ နှစ်ကုန်ပိုင်းတွင် ကြေညာချက်ထုတ်ပြန် ထားသည်။
သို့သော် ဇန်နဝါရီ ၁၄ ရက် အထိ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ လုပ်ငန်းမလုပ်သော စက်မှုဇုန်မြေကွက် သုံးထောင် ကျော်တွင် မြေကွက်တစ်ရာကျော် ကသာ လုပ်ငန်းအစီအစဉ်လာ ရောက်တင်ပြသည်ဟု စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီး ဌာန မန္တလေးတိုင်းဦးစီးမှူး ဦးဝင်းဦးကပြောသည်။
‘‘အခုထိတော့ လာတင်နေ တဲ့သူတွေရှိသေးတယ်။ လုပ်ငန်း မလုပ်ရင် နိုင်ငံတော်ကိုပြန်အပ် ရမယ်ဆိုပြီးတော့ ကြေညာချက် ထဲမှာပါတာပဲ။ ဒီမှာဘယ်လိုလုပ် မယ်ဆိုတာတော့ ကော်မတီက အစည်းဝေးထိုင်ပြီး အားလုံး သဘောထားနဲ့ဆက်လုပ်မယ်’’ဟု ဦးဝင်းဦးက ဇန်နဝါရီ ၁၄ ရက် ညနေကပြောသည်။
မန္တလေးတိုင်းဒေသကြီး အတွင်း စက်မှုဇုန်များတွင် လုပ် ငန်းမလုပ်ဘဲ မြေကွက်ရယူထား သူအများစုမှာ အစိုးရအာဏာပိုင် တို့၏ မိသားစဝင်များနှင့် ၎င်းတို့ နှင့် နီးစပ်သူများဖြစ်ကြောင်း ဒေသခံစက်မှုလုပ်ငန်းရှင်များက ပြောသည်။ ထို့ပြင် စက်မှုလုပ်ငန်း လုပ်ကိုင်ခဲ့သော်လည်း အောင် မြင်မှုမရ၍ လုပ်ငန်းရပ်သွားသူတို့ ၏ မြေကွက်များလည်း မန္တလေး စက်မှုဇုန်တွင်ရှိနေသည်ဟုဆို သည်။
မန္တလေးတိုင်းဒေသကြီး တွင်း မန္တလေး၊ မြင်းခြံနှင့် မိတ္ထီလာစက်မှုဇုန်များရှိပြီး ယင်းစက်မှုဇုန် သုံးခုတွင် စက်မှုလုပ်ငန်းလုပ်ကိုင် ခြင်းမရှိသည့် မြေကွက်လွတ်သုံး ထောင်ကျော်ရှိနေသည်ဟု တိုင်း အစိုးရအဖွဲ့ကထုတ်ပြန်ထားပြီး လုပ်ငန်းအစီအစဉ် တင်ပြမှုမရှိ သည့်မြေကွက်များကို ထွေအုပ်၊ အိုးအိမ်၊ စည်ပင်၊ စက်မှုကြီး ကြပ်၊ ဇုန်ကော်မတီ စသည့်ဌာန ဆိုင်ရာများပါဝင်သည့် စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ၏ ဆုံးဖြတ် ချက်ဖြင့် ဆက်လက်လုပ်ကိုင် မည်ဟုဆိုသည်။
Credit: 7day daily