ကွန်ဒိုမီနီယံ ဥပဒေထွက်ရှိလျှင် ပြည်ပရင်းနှီးမြှုပ်နှံသူများ အလုံးအရင်းဖြင့် ဝင်နိုင်

ကွန်ဒိုမီနီယံ ဥပဒေထွက်ရှိလျှင် ပြည်ပရင်းနှီးမြှုပ်နှံသူများ အလုံးအရင်းဖြင့် ဝင်နိုင် - Property News in Myanmar from iMyanmarHouse.com
22 Nov 2014 12:01 pm တွင် တင်ခဲ့သည်
1571 ကြိမ် ကြည့်ရှု့ပြီး
ပြည်ပ ဆောက်လုပ်ရေးကုမ္ပဏီ များ၊ အိမ်ခြံမြေဝန်ဆောင်မှုကုမ္ပဏီ များအနေဖြင့် မြန်မာနိုင်ငံသို့ ဝင် ရောက် ရင်းနှီးမြှုပ်နှံရေးအတွက် ကွန်ဒိုမီနီယံဥပဒေ ပေါ်ထွက်လာ မည့်အချိန်ကို စောင့်ဆိုင်းနေပြီး ရင်းနှီးမြှုပ်နှံရန်လည်း အသင့်ပြင် ဆင်ထားပြီးဖြစ်ကြောင်း နိုင်ငံတကာ ဥပဒေရေးရာအကြံပေးနှင့် ဖွံ့ဖြိုးရေး စီမံကိန်းများကို ရေးဆွဲပေးနေသည့် VDB Loi ကုမ္ပဏီမှ Mr.Edwin Vanderbruggen က ပြောသည်။ မြန်မာနိုင်ငံ အိမ်ခြံမြေနှင့် ဆောက် လုပ်ရေးလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲ ကို အောက်တိုဘာလ ၂၄ ရက်၌ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ် တွင် ကျင်းပခဲ့ရာ ဆွေးနွေးပွဲအပြီး စာနယ်ဇင်းရှင်းလင်းပွဲ၌ မြန်မာအိမ်ခြံ မြေနယ်ပယ်နှင့် ဆောက်လုပ်ရေး လုပ်ငန်းများတွင် ကြုံတွေ့ရလျက်ရှိ သော အခက်အခဲများ၊ စိန်ခေါ်မှုများ နှင့်ပတ်သက်၍ ပြောရာ၌ ယင်းကဲ့သို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

အမျိုးသားလွှတ်တော်၌ ဦးစား ပေးအဖြစ် တင်သွင်းဆွေးနွေးနေ သည့် ကွန်ဒိုမီနီယံဥပဒေကို လွှတ် တော်များက အတည်ပြုပြီး ဥပဒေ ထွက်ရှိလာပါက တောင်ကိုရီးယား၊ ဟောင်ကောင်၊ တရုတ်နှင့် စင်ကာပူ နိုင်ငံတို့မှ ဆောက်လုပ်ရေးကုမ္ပဏီ များနှင့် မြန်မာအိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများအနေ ဖြင့် မြန်မာ အိမ်ခြံမြေလုပ်ငန်းဈေး ကွက်အတွင်း ဝင်ရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရန် ဆန္ဒရှိကြောင်း၊ ဤသို့ ဆန္ဒရှိသည်မှာ နိုင်ငံတကာ ဆက်ဆံ ရေး တိုးမြင့်လာသည့် မြန်မာနိုင်ငံ၏ ပုံရိပ်ကောင်းအရ ပြည်တွင်းသို့ ဝင်ရောက်လာမည့် နိုင်ငံခြားသားတို့ အတွက် အိမ်ခြံမြေလိုအပ်ချက် များပြားလာမည့်အပြင် ပြည်တွင်း လူနေမှု တိုးမြင့် သိပ်သည်းလာမှု ကြောင့် မြို့ပြအိမ်ခန်း လိုအပ်ချက် မြင့်တက်လာသည့် အနေအထား ကြောင့် ယင်းသို့ အိမ်ခြံမြေဈေးကွက် အတွင်း ဝင်ရောက်လုပ်ကိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်နေခြင်းဖြစ် ကြောင်း ၄င်းတို့ ကောက်ခံရရှိထား သည့် စစ်တမ်းများအရ သိရသည်။ ”ကွန်ဒိုမီနီယံ ဥပဒေသာ ထွက် လာမယ်ဆိုရင် ရင်းနှီးမြှုပ်နှံသူတွေ အများကြီးလာပြီးလုပ်ဖို့ရှိတယ်။ နိုင်ငံ တကာ ကုမ္ပဏီတွေကလည်း ဒေသ တွင်းတစ်လျှောက်က နေရာစုံမှာ Property တွေ ဝယ်ပြီး ရင်းနှီးမြှုပ်နှံ လေ့ရှိတယ်။ ဒါကြောင့် ဥပဒေထွက် လာတာနဲ့ လာပြီး လုပ်မယ့်ကုမ္ပဏီ တွေ အများကြီးရှိတယ်”ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။

ပြည်ပဆောက်လုပ်ရေး လုပ် ငန်းရှင်များ ပြည်တွင်းဈေးကွက်သို့ ဝင်ရောက်လုပ်ကိုင်ရေးတွင် အဓိက တွေ့ကြုံရသည့် စိန်ခေါ်မှုမှာ မြေဈေး ကစားခြင်းကြောင့် မြေဈေးနှုန်း ကြီးမြင့်သည့် ပြဿနာ ဖြစ်နေပြီး ထိုသို့ မြေဈေးနှုန်း ကြီးမြင့်ခြင်းမှာ မြေဈေးကစားကာ အမြတ်အစွန်း ပိုမို ရရှိအောင် ဆောင်ရွက်လုပ်ကိုင်နေ သူများကြောင့်ဖြစ်သည်။၊ ထိုကဲ့သို့ မြေဈေးကစားသည့် ပြဿနာများ ကြောင့် ပြည်ပမှ လာရောက်ရင်းနှီး မြှုပ်နှံ လုပ်ကိုင်လိုသူများအတွက် လက်တွေ့လုပ်ကိုင်ရန် အခက်အခဲ ကြုံတွေ့နေရသည့်အပြင် ကွန်ဒိုမီနီယံ ဥပဒေ ပေါ်ထွက်လာခြင်း မရှိသေး သည့်အခြေအနေကြောင့်လည်း ဈေး ကွက်အတွင်း လက်တွေ့ရင်းနှီးမြှုပ်နှံ ခြင်း မပြုနိုင်သေးဘဲ စောင့်ကြည့်နေ ဆဲ အနေအထား၌သာ ရှိနေရခြင်း ဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံသည် ဖွံ့ဖြိုး ရန် အားယူနေဆဲ နိုင်ငံတစ်ခု ဖြစ် သည့်အားလျော်စွာ ပြည်ပရင်းနှီးမြှုပ် နှံသူများကို ဆွဲဆောင်ပြီး ပြည်တွင်း တွင် စီးပွားရေးဈေးကွက်များ ဖော် ဆောင်နိုင်ရေးအတွက် အားသွန် ကြိုးပမ်းရမည့် အခြေအနေဖြစ်သည့် အလျောက် ခေတ်နှင့်မလျော်ညီ တော့သည့် ဥပဒေများကို ဖျက်သိမ်း ခြင်း၊ ခေတ်နှင့်လျော်ညီစွာ အသစ် ပြန်လည်ရေးဆွဲခြင်းတို့ မဖြစ်မနေ လုပ်ကိုင်ရန် လိုအပ်လျက်ရှိကြောင်း၊ အိမ်ခြံမြေ၊ ကွန်ဒို၊ တိုက်ခန်းများ ဆောက်လုပ်ခြင်း၊ ရောင်းဝယ်ငှားရမ်း ခြင်း စသည်တို့နှင့်ပတ်သက်၍ ဥပဒေ များပြဋ္ဌာန်းကာ လွတ်လပ်စွာ လုပ် ဆောင်ခွင့်ပြုခြင်းဖြင့် ပြည်တွင်းစီးပွား ရေး ခိုင်မာတောင့်တင်းလာစေမည် ဖြစ်ကြောင်း ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များထံမှ သိရသည်။

”ဥပဒေ၊ နည်းဥပဒေနဲ့ ပတ်သက် လို့ အခုဆိုရင် ကွန်ဒိုဥပဒေတွေ လည်း ထွက်တော့မယ်။ နိုင်ငံခြားက လာပြီး ဟိုတယ်တွေ၊ အဆောက် အအုံတွေ လာဆောက်မယ်ဆိုရင် ဘယ်လိုProcess တွေ၊Law တွေ နဲ့ လုပ်ရမလဲဆိုတာ အတိအကျ ပြဋ္ဌာန်းပေးဖို့ လိုအပ်တယ်။ အခုက တိုက်ခန်းတွေ၊ ကွန်ဒိုတွေ ရောင်း ဝယ်ငှားရမ်းရာမှာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေနဲ့ပဲ အလုပ်လုပ်နေကြလို့ မလိုလားအပ် တဲ့ ပြဿနာတွေ အများကြီးဖြစ်နေ ကြတာ။ ဒါ ဥပဒေတွေမရှိလို့ ဖြစ် တယ်” ဟု မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြော သည်။


Credit: the trade times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Magical World Apartment
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service