ကွန်ဒိုမီနီယံ ဥပဒေထွက်ရှိလျှင် ပြည်ပရင်းနှီးမြှုပ်နှံသူများ အလုံးအရင်းဖြင့် ဝင်နိုင် - Property News in Myanmar from iMyanmarHouse.com
1577 Views

ကွန်ဒိုမီနီယံ ဥပဒေထွက်ရှိလျှင် ပြည်ပရင်းနှီးမြှုပ်နှံသူများ အလုံးအရင်းဖြင့် ဝင်နိုင်

ပြည်ပ ဆောက်လုပ်ရေးကုမ္ပဏီ များ၊ အိမ်ခြံမြေဝန်ဆောင်မှုကုမ္ပဏီ များအနေဖြင့် မြန်မာနိုင်ငံသို့ ဝင် ရောက် ရင်းနှီးမြှုပ်နှံရေးအတွက် ကွန်ဒိုမီနီယံဥပဒေ ပေါ်ထွက်လာ မည့်အချိန်ကို စောင့်ဆိုင်းနေပြီး ရင်းနှီးမြှုပ်နှံရန်လည်း အသင့်ပြင် ဆင်ထားပြီးဖြစ်ကြောင်း နိုင်ငံတကာ ဥပဒေရေးရာအကြံပေးနှင့် ဖွံ့ဖြိုးရေး စီမံကိန်းများကို ရေးဆွဲပေးနေသည့် VDB Loi ကုမ္ပဏီမှ Mr.Edwin Vanderbruggen က ပြောသည်။ မြန်မာနိုင်ငံ အိမ်ခြံမြေနှင့် ဆောက် လုပ်ရေးလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲ ကို အောက်တိုဘာလ ၂၄ ရက်၌ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ် တွင် ကျင်းပခဲ့ရာ ဆွေးနွေးပွဲအပြီး စာနယ်ဇင်းရှင်းလင်းပွဲ၌ မြန်မာအိမ်ခြံ မြေနယ်ပယ်နှင့် ဆောက်လုပ်ရေး လုပ်ငန်းများတွင် ကြုံတွေ့ရလျက်ရှိ သော အခက်အခဲများ၊ စိန်ခေါ်မှုများ နှင့်ပတ်သက်၍ ပြောရာ၌ ယင်းကဲ့သို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

အမျိုးသားလွှတ်တော်၌ ဦးစား ပေးအဖြစ် တင်သွင်းဆွေးနွေးနေ သည့် ကွန်ဒိုမီနီယံဥပဒေကို လွှတ် တော်များက အတည်ပြုပြီး ဥပဒေ ထွက်ရှိလာပါက တောင်ကိုရီးယား၊ ဟောင်ကောင်၊ တရုတ်နှင့် စင်ကာပူ နိုင်ငံတို့မှ ဆောက်လုပ်ရေးကုမ္ပဏီ များနှင့် မြန်မာအိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများအနေ ဖြင့် မြန်မာ အိမ်ခြံမြေလုပ်ငန်းဈေး ကွက်အတွင်း ဝင်ရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရန် ဆန္ဒရှိကြောင်း၊ ဤသို့ ဆန္ဒရှိသည်မှာ နိုင်ငံတကာ ဆက်ဆံ ရေး တိုးမြင့်လာသည့် မြန်မာနိုင်ငံ၏ ပုံရိပ်ကောင်းအရ ပြည်တွင်းသို့ ဝင်ရောက်လာမည့် နိုင်ငံခြားသားတို့ အတွက် အိမ်ခြံမြေလိုအပ်ချက် များပြားလာမည့်အပြင် ပြည်တွင်း လူနေမှု တိုးမြင့် သိပ်သည်းလာမှု ကြောင့် မြို့ပြအိမ်ခန်း လိုအပ်ချက် မြင့်တက်လာသည့် အနေအထား ကြောင့် ယင်းသို့ အိမ်ခြံမြေဈေးကွက် အတွင်း ဝင်ရောက်လုပ်ကိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်နေခြင်းဖြစ် ကြောင်း ၄င်းတို့ ကောက်ခံရရှိထား သည့် စစ်တမ်းများအရ သိရသည်။ ”ကွန်ဒိုမီနီယံ ဥပဒေသာ ထွက် လာမယ်ဆိုရင် ရင်းနှီးမြှုပ်နှံသူတွေ အများကြီးလာပြီးလုပ်ဖို့ရှိတယ်။ နိုင်ငံ တကာ ကုမ္ပဏီတွေကလည်း ဒေသ တွင်းတစ်လျှောက်က နေရာစုံမှာ Property တွေ ဝယ်ပြီး ရင်းနှီးမြှုပ်နှံ လေ့ရှိတယ်။ ဒါကြောင့် ဥပဒေထွက် လာတာနဲ့ လာပြီး လုပ်မယ့်ကုမ္ပဏီ တွေ အများကြီးရှိတယ်”ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။

ပြည်ပဆောက်လုပ်ရေး လုပ် ငန်းရှင်များ ပြည်တွင်းဈေးကွက်သို့ ဝင်ရောက်လုပ်ကိုင်ရေးတွင် အဓိက တွေ့ကြုံရသည့် စိန်ခေါ်မှုမှာ မြေဈေး ကစားခြင်းကြောင့် မြေဈေးနှုန်း ကြီးမြင့်သည့် ပြဿနာ ဖြစ်နေပြီး ထိုသို့ မြေဈေးနှုန်း ကြီးမြင့်ခြင်းမှာ မြေဈေးကစားကာ အမြတ်အစွန်း ပိုမို ရရှိအောင် ဆောင်ရွက်လုပ်ကိုင်နေ သူများကြောင့်ဖြစ်သည်။၊ ထိုကဲ့သို့ မြေဈေးကစားသည့် ပြဿနာများ ကြောင့် ပြည်ပမှ လာရောက်ရင်းနှီး မြှုပ်နှံ လုပ်ကိုင်လိုသူများအတွက် လက်တွေ့လုပ်ကိုင်ရန် အခက်အခဲ ကြုံတွေ့နေရသည့်အပြင် ကွန်ဒိုမီနီယံ ဥပဒေ ပေါ်ထွက်လာခြင်း မရှိသေး သည့်အခြေအနေကြောင့်လည်း ဈေး ကွက်အတွင်း လက်တွေ့ရင်းနှီးမြှုပ်နှံ ခြင်း မပြုနိုင်သေးဘဲ စောင့်ကြည့်နေ ဆဲ အနေအထား၌သာ ရှိနေရခြင်း ဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံသည် ဖွံ့ဖြိုး ရန် အားယူနေဆဲ နိုင်ငံတစ်ခု ဖြစ် သည့်အားလျော်စွာ ပြည်ပရင်းနှီးမြှုပ် နှံသူများကို ဆွဲဆောင်ပြီး ပြည်တွင်း တွင် စီးပွားရေးဈေးကွက်များ ဖော် ဆောင်နိုင်ရေးအတွက် အားသွန် ကြိုးပမ်းရမည့် အခြေအနေဖြစ်သည့် အလျောက် ခေတ်နှင့်မလျော်ညီ တော့သည့် ဥပဒေများကို ဖျက်သိမ်း ခြင်း၊ ခေတ်နှင့်လျော်ညီစွာ အသစ် ပြန်လည်ရေးဆွဲခြင်းတို့ မဖြစ်မနေ လုပ်ကိုင်ရန် လိုအပ်လျက်ရှိကြောင်း၊ အိမ်ခြံမြေ၊ ကွန်ဒို၊ တိုက်ခန်းများ ဆောက်လုပ်ခြင်း၊ ရောင်းဝယ်ငှားရမ်း ခြင်း စသည်တို့နှင့်ပတ်သက်၍ ဥပဒေ များပြဋ္ဌာန်းကာ လွတ်လပ်စွာ လုပ် ဆောင်ခွင့်ပြုခြင်းဖြင့် ပြည်တွင်းစီးပွား ရေး ခိုင်မာတောင့်တင်းလာစေမည် ဖြစ်ကြောင်း ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များထံမှ သိရသည်။

”ဥပဒေ၊ နည်းဥပဒေနဲ့ ပတ်သက် လို့ အခုဆိုရင် ကွန်ဒိုဥပဒေတွေ လည်း ထွက်တော့မယ်။ နိုင်ငံခြားက လာပြီး ဟိုတယ်တွေ၊ အဆောက် အအုံတွေ လာဆောက်မယ်ဆိုရင် ဘယ်လိုProcess တွေ၊Law တွေ နဲ့ လုပ်ရမလဲဆိုတာ အတိအကျ ပြဋ္ဌာန်းပေးဖို့ လိုအပ်တယ်။ အခုက တိုက်ခန်းတွေ၊ ကွန်ဒိုတွေ ရောင်း ဝယ်ငှားရမ်းရာမှာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေနဲ့ပဲ အလုပ်လုပ်နေကြလို့ မလိုလားအပ် တဲ့ ပြဿနာတွေ အများကြီးဖြစ်နေ ကြတာ။ ဒါ ဥပဒေတွေမရှိလို့ ဖြစ် တယ်” ဟု မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြော သည်။


Credit: the trade times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service