အင်္ဂလန်တွင် ဇနီးမောင်နှံနှစ်ဦး ၂၆ နှစ်အချိန်ယူ စိုက်ပျိုးမွမ်းမံခဲ့ရတဲ့ ပန်းအိမ်လေး

အင်္ဂလန်တွင် ဇနီးမောင်နှံနှစ်ဦး ၂၆ နှစ်အချိန်ယူ စိုက်ပျိုးမွမ်းမံခဲ့ရတဲ့ ပန်းအိမ်လေး - Property Knowledge in Myanmar from iMyanmarHouse.com
26 Nov 2024 11:32 am တွင် တင်ခဲ့သည်
439 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

အင်္ဂလန်တွင် ဇနီးမောင်နှံနှစ်ဦး ၂၆ နှစ်အချိန်ယူ စိုက်ပျိုးမွမ်းမံခဲ့ရတဲ့ ပန်းအိမ်လေး

ရောင်စုံပန်းမျိုးစုံ ဝေဆာပွင့်ဖူးနေသော ပန်းအိမ်ကလေးဖြစ်လာစေရန် ဇနီးမောင်နှံ ၂ ဦးမှာ ၂၆ နှစ်တာလုံး စိုက်ပျိုးမွမ်းမံအလှဆင်ခဲ့ရသည်။

ရော်ဘင် စထရိန်းနှင့် အန်းတို့ ဇနီးမောင်နှံသည် အားလပ်ချိန်ရတိုင်း စက္ခုပသာဒကို ဖမ်းစားနိုင်သော နေအိမ်ပန်းဥယျာဉ်လေးထဲတွင် ပန်းများစိုက်ပျိုးရင်း အချိန်ကုန်လွန်လေ့ရှိသည်။

ပန်းများဝေဆာသောအိမ်လေးဖြစ်လာစေရန် ဆယ်စုနှစ် ၃ ခုနီးပါး ကြိုးစားခဲ့ပြီး ယနေ့တိုင် ပန်းမျိုးစိတ်သစ်များ ထပ်မံ စိုက်ပျိုးနေဆဲဖြစ်ကြောင်း ၎င်းတို့ ဇနီးမောင်နှံက ပြောသည်။

၎င်းတို့စုံတွဲသည် နှစ်စဉ် မျိုးစေ့နှင့် ပျိုးပင်များအတွက် ဒေါ်လာ ရာပေါင်းများစွာ သုံးစွဲဝယ်ယူကြသည်။

ထို့နောက် ပျိုးအိမ်ထဲတွင် ဦးစွာပျိုးထောင်ကာ ဇွန်လလယ်ပိုင်းတွင် ရွှေ့ပြောင်းစိုက်ပျိုးသည်။

(ဓာတ်ပုံ-North News and Picture Limited)

အသက် ၆၅ နှစ်အရွယ်ရှိ ဇနီးဖြစ်သူ မစ္စ စထရိန်းက “ကျွန်မတို့ ယော့ခ်မြို့မှာ ရှိနေတုန်း တစ်ရက်မှာ အရမ်းလှတဲ့ တွဲလောင်းဆွဲ ပန်းခြင်းတွေကို တွေ့ခဲ့ပါတယ်။ ဒါကိုတွေ့ပြီးတဲ့နောက် ကျွန်မတို့လည်း ကိုယ်တိုင် ဖန်တီးဖို့ စိတ်ကူးရခဲ့ပါတယ်။” ဟု ပြောသည်။

“အဲဒီနောက်ပိုင်းကတည်းက ကျွန်မတို့ ပန်းတွေ တောက်လျှောက်စိုက်ပျိုးနေခဲ့ပါတယ်”

အင်္ဂလန်နိုင်ငံ၊ မြောက်ယော့ခ်ရှိုင်းယားခရိုင်၊ Coniston Cold ရွာကလေးတွင် နေထိုင်သော ရော်ဘင် စထရိန်းတို့ ဇနီးမောင်နှံ၏ ရောင်စုံပန်းအိမ်လေးကို ကားမောင်းဖြတ်သွားသူတိုင်း ရင်သပ်ရှုမော ငေးကြည့်ရသည်။

(ဓာတ်ပုံ-North News and Picture Limited) 

 

(ဓာတ်ပုံ-North News and Picture Limited)

 

(ဓာတ်ပုံ-North News and Picture Limited)

အမျိုးသမီးတစ်ဦးဆိုလျှင် ရော်ဘင်တို့ ဇနီးမောင်နှံထံ ပန်းအိမ်လေး၏ အလှကို တန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် ခရစ္စမတ်သို့ရောက်တိုင်း gift voucher တစ်ခု ပို့ပေးလေ့ရှိသည်။

“သိပ်ကို ကြီးကျယ်ခမ်းနားတယ်လို့ လူတွေက ယူဆကြတယ်။ ကျွန်မတို့နဲ့ တခါမှ မတွေ့ဖူးတဲ့သူတွေဆီကတောင် လက်ဆောင်တွေရပါတယ်” ဟု မစ္စ စထရိန်းက ပြောသည်။

မစ္စ စထရိန်းသည် Tree Tops Forestry တွင် အလုပ်လုပ်ကိုင်သူဖြစ်ပြီး ရုံးပိတ်ရက်များနှင့် ညနေတိုင်း ပန်းဥယျာဉ်ထဲတွင် အချိန်ကုန်သည်။

(မှတ်ချက်။ Tree Tops Forestry သည် အင်္ဂလန်နိုင်ငံ ယော့ခ်ရှိုင်းယား ဒေးလ်စ် အမျိုးသားဥယျာဉ်အနီးတွင် အခြေစိုက်သည့် ကုမ္ပဏီဖြစ်ပြီး သစ်ပင်များတွင် အကိုင်းများ လေဝင်လေထွက်ကောင်းစေရန် ချိုင်ပေးခြင်း၊ ခုတ်လှဲပေးခြင်း၊ သစ်ငုတ်တိုများ ဖယ်ရှားပေးခြင်း အစရှိသည့် အပင်နှင့်ပတ်သက်သည့် ဝန်ဆောင်မှု အမျိုးမျိုးပေးသော ကုမ္ပဏီ ဖြစ်သည်။)

(ဓာတ်ပုံ-North News and Picture Limited)

“ဒီပန်းဥယျာဉ်အတွက် ငွေဘယ်လောက်ကုန်ခဲ့ပြီလဲဆိုတာ ကျွန်မတွေးမကြည့်ရဲပါဘူး။ ထပ်ထပ်ပြီးလည်း ထည့်နေရတုန်းပါပဲ”

“ဒါပေမယ့် အကုန်ခံရကျိုးနပ်ပါတယ်။ ကျွန်မတို့နှစ်ယောက်လုံး ကိုယ်ဖန်တီးခဲ့တဲ့အရာအပေါ် ကျေနပ်ဝမ်းမြောက်ပါတယ်”

ပန်းဥယျာဉ်ထဲတွင် ရေပေးစနစ်ထည့်သွင်းထားသောကြောင့် များပြားလှသော ပန်းပင်များကို ရေလောင်းရန်အတွက် စိတ်ပူစရာမလိုချေ။

အလိုအလျောက်စနစ်ဖြင့် ရေပေးထားသောကြောင့် ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Blooming beautiful: Couple spend every evening and weekend for TWENTY-SIX YEARS covering their house in flowers (dailymail)

Photo Credit- North News and Picture Limited

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဟန်ဆောင်စာချုပ်များအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service