ယေရှုခရစ်၏ အဆုံးအမအတိုင်း မိမိပိုင်ဆိုင်သမျှ အားလုံးရောင်းချကာ ဆင်းရဲသားများကို လှူဒါန်းခဲ့သော သြစတေးလျ ပန်းချီဆရာ

ယေရှုခရစ်၏ အဆုံးအမအတိုင်း မိမိပိုင်ဆိုင်သမျှ အားလုံးရောင်းချကာ ဆင်းရဲသားများကို လှူဒါန်းခဲ့သော သြစတေးလျ ပန်းချီဆရာ - Property Knowledge in Myanmar from iMyanmarHouse.com
15 Nov 2024 9:44 am တွင် တင်ခဲ့သည်
371 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

သမ္မာကျမ်းစာ မဿဲ ၁၉း၂၁ တွင် “ယေရှုကလည်း ..သင်သည် စုံလင်ခြင်းသို့ ရောက်လိုလျှင် သွားလော့။ ကိုယ့်ဥစ္စာများကို ရောင်း၍ ဆင်းရဲသောသူတို့အား ပေးလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ရလိမ့်မည်။ သို့ပြီးမှ ငါ့နောက်သို့ လိုက်လော့ဟု မိန့်တော်မူ၏” ဟု ဖော်ပြပါရှိသည်။

သြစတေးလျမှ ပန်းချီပညာရှင် အာရွန်မိုးရ် (Aaron Moore) သည် ပန်းချီပြပွဲတစ်ခု ကျင်းပခဲ့ကာ ထိုပွဲတွင် ပန်းချီကားများနှင့်အတူ ၎င်းပိုင်ဆိုင်သော ပစ္စည်းများအားလုံးကိုလည်း ပြသထားခဲ့ပြီး ဆင်းရဲသားများကို လှူဒါန်းရန်အတွက် လေလံတင်ရောင်းချခဲ့သည်။

ဆစ်ဒနီမြို့တောင်ပိုင်း Cronulla အရပ်တွင်နေထိုင်သူ အာရွန်မိုးရ်သည် ပိုင်ဆိုင်မှုအားလုံးကို ထိုသို့ ရောင်းချလှူဒါန်းခဲ့ချိန်က အသက် ၃၄ နှစ်အရွယ်သာ ရှိသေးသည်။

ဆင်းရဲမွဲတေမှုပြဿနာကို မည်သို့မည်ပုံကူညီဖြေရှင်းပေးကြမည်ဆိုသည်ကို အာရွန်က ၎င်းကိုယ်တိုင်နှင့် အခြားသူများအား စိန်ခေါ်မှုတစ်ရပ်ပြုလုပ်လိုခဲ့သည်။

အာရွန်က သူ၏ပြပွဲကို “သင်တို့တွင် ကင်းမဲ့နေသောအရာတစ်ခု” (One thing you lack) ဟု အမည်ပေးခဲ့သည်။

အာရွန်သည် ထိုပြပွဲတွင် ၎င်းပိုင်ဆိုင်သော မော်တော်ဆိုင်ကယ်၊ ရေလွှာလျှောစီးဘုတ်ပြားများ၊ အဝတ်အစားများအားလုံး၊ ဖခင်ကြီး ပေးထားသည့် လက်ပတ်နာရီတစ်လုံး၊ စုဆောင်းထားသော ဒင်္ဂါးပြားများနှင့် မိသားစုအမှတ်တရလက်ဆောင်ပစ္စည်းတစ်ခုတို့ အပါအဝင် ပိုင်ဆိုင်သမျှအားလုံးကို လေလံတင်ရောင်းချခဲ့သည်။

ထို့အပြင် ၎င်းစုဆောင်းထားငွေအားလုံးကိုလည်း လှူဒါန်းခဲ့သည်။

ပင်လယ်ပြင်၏ ရှုခင်းများကို တွေ့မြင်ရသည့် သူ၏အခန်းတွင် အဆိုပါပြပွဲနှင့် လေလံပွဲကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

သူ၏ ပိုင်ဆိုင်မှုအားလုံးကို လေလံတင်ရောင်းချခဲ့မှှုနှင့် ပတ်သက်ပြီး အာရွန်က ပြောပြသည်မှာ “သူစိမ်းတွေဟာ ကျွန်တော့်အိပ်ရာမော်ထိုင်ရင်း အိပ်ရာဘေးက အံဆွဲတွေကို ဖွင့်ပြီး မွှေကြပါတယ်။ အမျိုးသမီးတစ်ယောက်က ကျွန်တော့်ရဲ့ တက္ကသိုလ်ဘွဲ့လက်မှတ်ကို လေလံဆွဲတယ်။ အတူနေ အခန်းဖော်တစ်ယောက်က ကျွန်တော့် မုတ်ဆိတ်ရိတ်စက်ကို ငွေအနည်းငယ်ပေးပြီး ဝယ်တယ်။ အမျိုးသားတစ်ယောက် ကျွန်တော့်ဝတ်စုံကို ယူဝတ်ကြည့်တယ်။ တချို့လူတွေက ကျွန်တော် စားလက်စ မုန့်ဘူးတွေကို ယူကြည့်ကြတယ်။ တချို့တွေက သူတို့ ဝယ်ချင်တဲ့ ပန်းချီကားတွေကို လက်ညှိုးထိုးပြနေကြတယ်။ ကျွန်တော့်ရဲ့ ရာနဲ့ချီတဲ့ ဓာတ်ပုံတွေကို စားပွဲပေါ်မှာ ဖြန့်ချပေးထားပါတယ်။ လေလံပွဲလာတဲ့သူတွေက ဒီပုံတွေက်ိုလည်း စိတ်ဝင်တစား ကြည့်ကြ ပါတယ်။ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ကတော့ ကျွန်တော့်ရဲ့ အခွန်မှတ်တမ်းတွေနဲ့ စာရွက်စာတမ်းတွေကို လှန်လှောကြည့်တယ်။ ပြီးတော့ X-ray ပုံတစ်ခုကို ယူသွားပြီး အလင်းရောင်မှာ ထောင်ကြည့်ပါတယ်”

“ကျွန်တော်ပိုင်ဆိုင်သမျှပစ္စည်းအားလုံးကို အချိန်တစ်ပတ်တာအတွင်း ရောင်းချခဲ့ပါတယ်။ ကျွန်တော့် ဘဏ်စာရင်းမှာရှိတဲ့ ငွေအားလုံးနဲ့ လေလံတင်ရောင်းချရသမျှငွေအားလုံးကို ပရဟိတအဖွဲ့ဆီ လှူဒါန်းခဲ့ပါတယ်။ တခြားသူတွေ ဆင်းရဲတွင်းက လွတ်စေဖို့အတွက် ကျွန်တော်ဟာ ငွေကြေးနဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်မှု သုည အခြေအနေကို ခံယူခဲ့ပါတယ်”

“ကျွန်တော့်ရဲ့ ပစ္စည်းပစ္စယတွေဖြစ်တဲ့ ဆိုင်ကယ်၊ လက်ပ်တော့၊ iPhone ၊ ရေလွှာလျှောစီးဘုတ်၊ ရေငုပ်ဝတ်စုံ၊ ပန်းချီကားတွေ အစရှိတာတွေကို ၇ ရက်တာအတွင်း လေလံတင်ခဲ့ပါတယ်။ ကြမ်းခင်းဈေး မထားပါဘူး။ တစ်ပြားကနေစပြီး ဈေးဖွင့် ဝယ်ယူခွင့် ပြုခဲ့ပါတယ်။ အားလုံးရောင်းထွက်ခဲ့ပါတယ်”

“အဝတ်အစားဟောင်းတွေ၊ စားပွဲခင်း အိပ်ရာခင်းတွေ၊ စုတ်ပြဲနေတဲ့စာအုပ်တွေကတော့ ရောင်းမထွက်ပါဘူး။ ဒါတွေကို ဒေသတွင်းက ကယ်တင်ခြင်းတပ်တော်(Salvation Army) ဆီ လှူဒါန်းခဲ့ပါတယ်”

“ပိုင်ဆိုင်သမျှအားလုံး ရောင်းချလိုက်ပြီးတဲ့နောက် အိပ်ရာမရှိတော့တာကြောင့် ကျွန်တော်ဟာ ရက်သတ္တပတ် အနည်းငယ်လောက် ကြမ်းပြင်ပေါ်မှာ အိပ်ခဲ့ပါတယ်။ မျက်နှာသုတ်ပုဝါကို စောင်ခြုံပြီး အိပ်ပါတယ်။ နှစ်သစ်ကူး ကာလ ပျော်ပွဲစားထွက်ခဲ့ချိန်မှာ မြေကြီးပေါ်မှာ အိပ်ခဲ့ပါတယ်။ ကျွန်တော့်အခန်းဖော်တစ်ယောက်က ကျွန်တော် ပြန်လာမယ့်အချိန်မှာ အိပ်ဖို့အတွက် သူ့မွေ့ယာကို ငှားပေးမယ်လို့ ပြောပါတယ်”

(ယေရှုခရစ်က ချမ်းသာကြွယ်ဝသော လူငယ်တစ်ဦးကို ပိုင်ဆိုင်မှုများအားလုံး ဆင်းရဲသားများအား လှူရန် ဟောကြားဆုံးမခဲ့သည်)

 

(အာရွန်၏ ပန်းချီကားများ)

 

(အာရွန်၏ အိပ်ခန်း)

 

(အာရွန်၏ ပန်းချီကားများ)

 

(အာရွန်၏ ပန်းချီကားများ)

 

(အိပ်ရာဘေးမှ စားပွဲ)

 

(အာရွန်၏ မော်တော်ဆိုင်ကယ်)

 

(အာရွန်က သူ၏ ကိုယ်ရေးကိုယ်တာဖိုင်များကို ဖိုင်တစ်ခုလျှင် ၁ ဒေါ်လာဖြင့် ရောင်းချခဲ့သည်)

 

(ကျောင်းစာအုပ်များနှင့် အာရွန်၏ ဘွဲ့လက်မှတ်များ)

(တကိုယ်ရည်သုံးပစ္စည်းများ)

 

(မီးဖိုဆောင်သုံးပစ္စည်းများ)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: One thing you lack (aaronmoore) Photo Credit-aaronmoore

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
Mingalar Market
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service