ဘာလီကျွန်းမှာ နှစ်စဉ်ကျင်းပတဲ့ အပျို၊ လူပျိုတို့သာ ပါဝင်ဆင်နွှဲရသော အနမ်းပွဲတော်

ဘာလီကျွန်းမှာ နှစ်စဉ်ကျင်းပတဲ့ အပျို၊ လူပျိုတို့သာ ပါဝင်ဆင်နွှဲရသော အနမ်းပွဲတော် - Property Knowledge in Myanmar from iMyanmarHouse.com
8 Nov 2024 11:12 am တွင် တင်ခဲ့သည်
926 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

ဘာလီကျွန်း အနမ်းပွဲတော် (သို့) ဒေသအခေါ် အိုမက် အိုမီဒန်ပွဲတော်သည် လူငယ်များအကြား ပွေ့ဖက် နမ်းရှုံ့ရသော ပွဲတော်ဖြစ်သည်။

နှစ်စဉ်ကျင်းပသောပွဲတော်ဖြစ်ပြီး ဆိတ်ငြိမ်ခြင်းနေ့အပြီးတွင် နှစ်သစ်ကို ကြိုဆိုရန် ကျင်းပခြင်းဖြစ်ကာ ကံကောင်းခြင်း၊ ကြီးပွားခြင်းတို့ရစေရေးအတွက် ကျင်းပသည့်ပွဲတော် ဖြစ်သည်။

မတ်လ ၁၁ ရက်တွင် ကျရောက်သော တိတ်ဆိတ်ခြင်းနေ့ (Nyepi) အပြီးတွင် ကျင်းပခြင်းဖြစ်သည်။

(မှတ်ချက်။ ။ တိတ်ဆိတ်ခြင်းနေ့တွင် ဘာလီကျွန်း၌ ၂၄ နာရီပတ်လုံး မီးထွန်းခြင်း၊ မီးမွှေးခြင်း၊ အလုပ်လုပ်ခြင်း၊ ခရီးသွားခြင်း၊ သီဆိုဖျော်ဖြေခြင်းများ ခွင့်မပြုချေ။ လေဆိပ်များလည်းပိတ်ထားပြီး ပြည်သူများမှာ နေအိမ်တွင်သာ နေထိုင်ကာ တရားမှတ်ခြင်း၊ ဆုတောင်းခြင်းများ ပြုလုပ်ကြသည်)

အိုမက် အိုမီဒန်ဟူသည်မှာ ဘာလီကျွန်းမှ စကားဖြစ်ပြီး ဆွဲငင်ခြင်းဟု အဓိပ္ပာယ်ရသည်။ အနမ်းပွဲတော် မည်သို့မည်ပုံစတင်ခဲ့သည်ကိုမူ မသိရချေ။

သို့သော် ကျင်းပခဲ့သည်မှာ မျိုးဆက်ပေါင်းများစွာ လက်ဆင့်ကမ်းကာ နှစ်ပရိစ္ဆေဒ ကြာမြင့်ခဲ့ပြီဖြစ်သည်။

အနမ်းပွဲတော် ကျင်းပသည့်နေရာမှာ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းပေါ် South Denpasar အရပ်၊ စီစီတန် ကျေးရွာတွင် ဖြစ်သည်။

အပျို၊ လူပျိုများသာ ပါဝင်ဆင်နွှဲရသည့်ပွဲတော်ဖြစ်ပြီး ပွဲတော်တွင် ပါဝင်ဆင်နွှဲသူများအားလုံး နှစ်သစ်တွင် ကျန်းမာကာ ပေါများကြွယ်ဝမှုတို့ရလာမည်ဟု ယုံကြည်ကြသည်။

 

(အိုမက် အိုမီဒန်အနမ်းပွဲတော်တွင် ဒေသခံတို့ ရာထောင်ချီကာ နှစ်စဉ်ပါဝင်ဆင်နွှဲလေ့ရှိသည်)

 

(တိတ်ဆိတ်ခြင်းနေ့အပြီး နောက်တစ်ရက်တွင် နှစ်သစ်ကို ကြိုဆိုသောအားဖြင့် အနမ်းပွဲတော်ကို ကျင်းပသည်)

 

(အနမ်းပွဲတော်တွင် ပါဝင်ဆင်နွှဲသူတို့အတွက် ကျန်းမာခြင်း၊ ချမ်းသာခြင်းများ ရရှိစေမည့်အပြင် ရွာကလေးကို ကံကြမ္မာဆိုးများမှ ကာကွယ်ပေးနိုင်မည်ဟု ယုံကြည်ကြသည်)

 

((အနမ်းပွဲတော်၏ ဒဏ္ဍာရီ))

အခြားသော ပွဲတော်များနည်းတူ အိုမက် အိုမီဒန်တွင်လည်း ဒဏ္ဍာရီတစ်ခု ရှိနေသည်။

ရှေးအခါက South Denpasar အရပ်တွင် တိုင်းပြည်ငယ်တစ်ခုရှိခဲ့သည်ဟုဆိုသည်။

ဘုရင်ကြီးမှာ ကာလကြာရှည် နာမကျန်းဖြစ်နေခဲ့သည်။ တစ်ရက်တွင် နန်းတော်အနီး၌ ယောက်ျားလေး၊ မိန်းကလေးတို့အကြား လွန်ဆွဲပွဲ ဆော့ကစားနေကြသည့် အသံဗလံ ဆူဆူညံညံ ထွက်ပေါ်လာသည်။ နာမကျန်းဖြစ်နေသောဘုရင်ကြီးမှာ တစ်ရက်တွင် အသံဗလံများကြောင့် စိတ်အနှောင့်အယှက်ဖြစ်ကာ ထိုကစားပွဲကို ရပ်စေမည်ဟု ပြောဆိုရန် ကစားနေသည့်နေရာသို့ လာခဲ့၏။

သို့သော် ကစားပွဲအနီးသို့ ရောက်သောအခါ ဘုရင်ကြီး၏ နာမကျန်းဖြစ်နေမှု ယူပစ်သလို ပျောက်ကင်းသွား ခဲ့သည်ဟု ဆိုသည်။

ထိုအချိန်မှစတင်ပြီး ဘုရင်ကြီးက အိုမက်အိုမီဒန်ကို နှစ်စဉ်ကျင်းပစေခဲ့ကြောင်း ဒဏ္ဍာရီသဖွယ် ပြောဆိုကြသည်။

(ပါဝင်ဆင်နွှဲသော စုံတွဲတို့၏ ရာဂစိတ်ကို လျော့ပါးစေရန် ရွာဘုန်းတော်ကြီးတို့က ရေပုံးဖြင့် ရေလောင်းပေးကြသည်)

 

(အိုမက် အိုမီဒန်မှာ ဆွဲငင်ခြင်းဟု အဓိပ္ပာယ်ရပြီး လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ခန့်က စတင်ကျင်းပခဲ့သည်ဟု ယုံကြည်ရသည်)

 

(မည်သည့်အချိန်က မည်သည့်အတွက် စတင်ကျင်းပခဲ့သည်ကို အတိအကျမသိရချေ။ အနမ်းပွဲတော်တွင် နှစ်စဉ် လူဦးရေ ထောင်ချီကာ ပါဝင်ဆင်နွှဲလေ့ရှိသည်)

 

(အိုမက် အိုမီဒန်တွင် လူပျိုအပျိုများ ပါဝင်ဆင်နွှဲကြသည်)

 

အနမ်းပွဲတော် ကျင်းပပုံမှာ လူငယ်များကို အုပ်စု ၂ ခုခွဲလိုက်သည်။

တီရုနာ (ယောက်ျားလေးများ) နှင့် တာရုနီ (မိန်းကလေးများ) ဟူ၍ ဖြစ်သည်။

အနမ်းပွဲ မစမီတွင် ပါဝင်မည့်သူတိုင်း ဆုတောင်းမေတ္တာပို့မှုများ ပြုလုပ်ရသည်။

ထို့နောက် ၎င်းတို့အပေါ်ကို မြင့်မြတ်သော ရေစင်တော်များ ပက်ဖြန်းပေး၏။

ထိုအုပ်စုနှစ်စုသည် မျက်နှာချင်းဆိုင်ရပ်နေရပြီး ပီကလန် (ဒေသတွင်း လုံခြုံရေးအကြီးအကဲ) က ကြပ်မတ်ပေးသည်။

ယင်းနောက် အုပ်စုတစ်ခုစီမှ တစ်ဦးစီ ထွက်လာကာ ပွေ့ဖက် နမ်းရှုပ်ရမည်ဖြစ်သည်။

လူကြီးသူမတို့က ခရာမှုတ်လိုက်ချိန် (သို့မဟုတ်) ရေဖြင့် လောင်းလိုက်ချိန်တွင် ပွေ့ဖက်နမ်းနေကြမှု ရပ်ဆိုင်းရမည် ဖြစ်သည်။

အိုမက် အိုမီဒန်ပွဲတော်ကို ရှေးကျသောလူကြီးအချို့က ညစ်ညမ်းသည်ဟု ဝေဖန်သောကြောင့် တခါက ပွဲတော်ကျင်းပမှု ရပ်ဆိုင်းသွားသေးသည်။

သို့သော် ဤပွဲတော်မှာ ကျန်းမာချမ်းသာရေးကို ရည်စူးသော အထွတ်အမြတ်ပွဲတော်ဖြစ်သောကြောင့် ရိုးရာမပျက် ဆက်လက်ဆင်နွှဲခဲ့ကြသည်။

အိုမက် အိုမီဒန်တွင် လူတိုင်းပါဝင်ဆင်နွှဲခွင့်မရှိချေ။

အသက် ၁၇ မှ ၃၀ ကြား အိမ်ထောင်မရှိသူ၊ လူပျို အပျိုများသာ ပါဝင်ခွင့်ရှိသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Pucker up for luck! Balinese villagers lock lips while being doused with water at kissing festival to bring good health and prosperity (dailymail) Photo Credit-Daily Mail

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဟန်ဆောင်စာချုပ်များအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service