စင်္ကာပူတွင် ဆောက်လုပ်ရေးအလုပ်သမားတစ်ဦးက ကမ္ဘာကျော် Marina Bay Sands ဟိုတယ်နှင့် အပန်းဖြေစခန်း၌ အိမ်သာ ရှာမတွေ့သောကြောင့် အပန်းဖြေစခန်းဝင်ပေါက်တွင် မစင်စွန့်ရာ စင်္ကာပူဒေါ်လာ ၄၀၀ ဒဏ်ရိုက်ခံရ

စင်္ကာပူတွင် ဆောက်လုပ်ရေးအလုပ်သမားတစ်ဦးက ကမ္ဘာကျော် Marina Bay Sands ဟိုတယ်နှင့် အပန်းဖြေစခန်း၌ အိမ်သာ ရှာမတွေ့သောကြောင့် အပန်းဖြေစခန်းဝင်ပေါက်တွင် မစင်စွန့်ရာ စင်္ကာပူဒေါ်လာ ၄၀၀ ဒဏ်ရိုက်ခံရ - Property Knowledge in Myanmar from iMyanmarHouse.com
10 Oct 2024 11:42 am တွင် တင်ခဲ့သည်
613 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

စင်္ကာပူတွင် အသက် ၃၇ နှစ်အရွယ် ဆောက်လုပ်ရေး အလုပ်သမားတစ်ဦးသည် ကမ္ဘာကျော် Marina Bay Sands (MBS) ဟိုတယ်နှင့် အပန်းဖြေစခန်းမှ The Shoppes ဈေးဝယ်စင်တာ ဝင်ပေါက်တွင် ပြီးခဲ့သောနှစ်အတွင်း မစင်စွန့်ခဲ့မှုဖြင့် စစ်ဆေးအရေးယူခံခဲ့ရသည်။

ထိုဆောက်လုပ်ရေးလုပ်သားအား ပြီးခဲ့သော စက်တင်ဘာလ ၁၉ ရက်က အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီး ဒဏ်ငွေ ဒေါ်လာ ၄၀၀ ပေးဆောင်စေရန် အမိန့်ချမှတ်ခဲ့သည်။

စင်္ကာပူတွင် ဆောက်လုပ်ရေးအလုပ်သမားအဖြစ် လာရောက်လုပ်ကိုင်နေသော အိန္ဒိယနိုင်ငံသား ရာမူး ချင်နရာဆာ (Ramu Chinnarasa) ကို စင်္ကာပူတရားရုံးက သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး (ပြည်သူ့ သန့်ရှင်းရေး) ဥပဒေအရ အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ရာမူး မစင်စွန့်နေသည့် ဓာတ်ပုံမှာ ပြီးခဲ့သောနှစ် အောက်တိုဘာလက Facebook တွင် ဂယက်ရိုက်ပျံ့နှံ့ခဲ့ပြီး ၂ ရက်တာအတွင်း Like ပေးသူ ၁၅၀၀ ကျော်၊ မှတ်ချက်ပြုမှု ၁၇၀၀ ကျော်နှင့် ပြန်လည်မျှဝေမှု ၄၇၀၀ ကျော် ရှိခဲ့သည်။

အစိုးရရှေ့နေတစ်ဦးဖြစ်သူ Adelle Tai က ပြောသည်မှာ အဆိုပါဖြစ်ရပ်မှာ ပြီးခဲ့သောနှစ် အောက်တိုဘာလ ၃၀ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

ထိုနေ့က ရာမူးသည် MBS တွင် အရက်ပြင်း ၃ လုံးသောက်ကာ ကာစီနိုဝိုင်းတစ်ခုတွင် လောင်းကစားခြင်း ပြုလုပ်ခဲ့သည်။

မနက် ၅ နာရီခန့်တွင် ကာစီနိုမှ ထွက်လာခဲ့ပြီးနောက် အိမ်သာရှာဖွေရာ ရှာမတွေ့ဘဲ အလွန်ဗိုက်နာလာခဲ့သည်။

ထို့ကြောင့် ရာမူးက MBS ၏ ဝင်ပေါက်အနီး စားသောက်ဆိုင်တစ်ခု အပြင်ဘက်တွင် မနက် ၇း၀၁ အချိန်တွင် ဘောင်းဘီချွတ်လိုက်ကာ ဆောင့်ကြောင့်ထိုင်ပြီး ကြမ်းပြင်ပေါ်သို့ မစင်စွန့်ချခဲ့သည်။

ထို့နောက် ရာမူးသည် ထိုနေရာမှ ထွက်ခွာလာခဲ့ပြီး MBS ၏ အပြင်ဘက် ကျောက်ခုံတန်းတစ်ခုတွင် မနက် ၁၁ နာရီအချိန်အထိ အိပ်စက်ခဲ့ကာ ယင်းနောက်တွင် Kranji ရှိ သူ၏ အဆောင်သို့ ပြန်သွားခဲ့သည်။

အစိုးရရှေ့နေ Tai က ပြောပြသည်မှာ MBS ရှိ လုံခြုံရေးအရာရှိတစ်ဦးက ရာမူး မစင်စွန့်နေသည့် ဗွီဒီယိုဖိုင်ကို Facebook တွင် တွေ့ရှိပြီးနောက် ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

တရားရုံးအချက်အလက်များအရ ရာမူးသည် ပြီးခဲ့သောနှစ် အောက်တိုဘာလ ၃၁ ရက်တွင် စင်္ကာပူမှ ထွက်ခွာသွားခဲ့ပြီး နောက်ပိုင်းတွင် စင်္ကာပူသို့ ပြန်လာခဲ့သည်ဟု ဆိုသည်။

ယခုနှစ် ဇွန်လ ၄ ရက်တွင် ရာမူးက ၎င်းသွားရောက်ခဲ့ဖူးသော MBS ရှိ ကာစီနိုကိုပင် ထပ်မံသွားရောက်ခဲ့ရာ ၎င်းအား မှတ်မိသွားပြီး ရဲတပ်ဖွဲ့ထံ သတင်းပို့ခံခဲ့ရရာ ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ရာမူးက တရားရုံးတွင် သက်ညှာစွာ ဒဏ်ငွေချမှတ်ပါရန် တောင်းဆိုခဲ့သည်။

ရာမူး၏ တောင်းဆိုချက်အပေါ် ခရိုင်တရားသူကြီး Christopher Goh Eng Chiang က “ဒဏ်ငွေ အနည်းဆုံး ဖြစ်စေတဲ့နည်း ခင်ဗျားသိသလား။ ဒါမျိုး လုပ်ရပ်ကို လူပုံအလယ်မှာ မလုပ်နဲ့လေ” ဟု တုံ့ပြန်ခဲ့သည်။

“ခင်ဗျားအနေနဲ့ ဒီလိုတွေ ဖြစ်မလာအောင် အရက်တွေ အလွန်အကျွံ မသောက်ပါနဲ့။ ဒါမျိုး ထပ်ဖြစ်မယ်ဆိုရင် နောင်အခါ ဒဏ်ကြေးက ဒါထက်ပိုများလိမ့်မယ်ဆိုတာ သိစေချင်တယ်” ဟု တရားသူကြီးက ပြောသည်။

စင်္ကာပူတွင် အများပြည်သူမြင်ကွင်းနေရာ၌ မစင်စွန့်ပါက ပထမဆုံးအကြိမ် ကျူးလွန်သည့်အမှုဆိုလျှင် ဒဏ်ငွေ စင်္ကာပူဒေါ်လာ ၁၀၀၀ အထိ ချမှတ်နိုင်ပြီး ၎င်းစွန့်ခဲ့သည့်မစင် အများမြင်ကွင်းတွင် ရှိနေသည့် ရက်ကာလ အတိုင်းအတာအလိုက် တစ်ရက်လျှင် ဒေါ်လာ ၁၀၀ စီ ဒဏ်ငွေ ပေးဆောင်ရမည် ဖြစ်ကြောင်း ပြဌာန်းထား သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: S$400 fine for construction worker caught on camera defecating at MBS entrance (todayonline)

 

စကၤာပူတြင္ ေဆာက္လုပ္ေရးအလုပ္သမားတစ္ဦးက ကမၻာေက်ာ္ Marina Bay Sands ဟိုတယ္ႏွင့္ အပန္းေျဖစခန္း၌ အိမ္သာ ရွာမေတြ႔ေသာေၾကာင့္ အပန္းေျဖစခန္းဝင္ေပါက္တြင္ မစင္စြန႔္ရာ စကၤာပူေဒၚလာ ၄၀၀ ဒဏ္ရိုက္ခံရ

စကၤာပူတြင္ အသက္ ၃၇ ႏွစ္အရြယ္ ေဆာက္လုပ္ေရး အလုပ္သမားတစ္ဦးသည္ ကမၻာေက်ာ္ Marina Bay Sands (MBS) ဟိုတယ္ႏွင့္ အပန္းေျဖစခန္းမွ The Shoppes ေစ်းဝယ္စင္တာ ဝင္ေပါက္တြင္ ျပီးခဲ့ေသာႏွစ္အတြင္း မစင္စြန္႔ခဲ့မႈျဖင့္ စစ္ေဆးအေရးယူခံခဲ့ရသည္။

ထိုေဆာက္လုပ္ေရးလုပ္သားအား ျပီးခဲ့ေသာ စက္တင္ဘာလ ၁၉ ရက္က အျပစ္ရွိေၾကာင္း ဆံုးျဖတ္ခဲ့ျပီး ဒဏ္ေငြ ေဒၚလာ ၄၀၀ ေပးေဆာင္ေစရန္ အမိန္႔ခ်မွတ္ခဲ့သည္။

စကၤာပူတြင္ ေဆာက္လုပ္ေရးအလုပ္သမားအျဖစ္ လာေရာက္လုပ္ကိုင္ေနေသာ အိႏိၵယႏိုင္ငံသား ရာမူး ခ်င္နရာဆာ (Ramu Chinnarasa) ကို စကၤာပူတရားရံုးက သဘာဝ ပတ္ဝန္းက်င္ဆိုင္ရာ ျပည္သူ႔က်န္းမာေရး (ျပည္သူ႔ သန္႔ရွင္းေရး) ဥပေဒအရ အျပစ္ရွိေၾကာင္း စစ္ေဆးေတြ႔ရွိခဲ့သည္။

ရာမူး မစင္စြန္႔ေနသည့္ ဓာတ္ပံုမွာ ျပီးခဲ့ေသာႏွစ္ ေအာက္တိုဘာလက Facebook တြင္ ဂယက္ရိုက္ပ်ံ႕ႏွံ႔ခဲ့ျပီး ၂ ရက္တာအတြင္း Like ေပးသူ ၁၅၀၀ ေက်ာ္၊ မွတ္ခ်က္ျပဳမႈ ၁၇၀၀ ေက်ာ္ႏွင့္ ျပန္လည္မွ်ေဝမႈ ၄၇၀၀ ေက်ာ္ ရွိခဲ့သည္။

အစိုးရေရွ႕ေနတစ္ဦးျဖစ္သူ Adelle Tai က ေျပာသည္မွာ အဆိုပါျဖစ္ရပ္မွာ ျပီးခဲ့ေသာႏွစ္ ေအာက္တိုဘာလ ၃၀ ရက္က ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ေျပာသည္။

ထိုေန႔က ရာမူးသည္ MBS တြင္ အရက္ျပင္း ၃ လံုးေသာက္ကာ ကာစီႏိုဝိုင္းတစ္ခုတြင္ ေလာင္းကစားျခင္း ျပဳလုပ္ခဲ့သည္။

မနက္ ၅ နာရီခန္႔တြင္ ကာစီႏိုမွ ထြက္လာခဲ့ျပီးေနာက္ အိမ္သာရွာေဖြရာ ရွာမေတြ႔ဘဲ အလြန္ဗိုက္နာလာခဲ့သည္။

ထို႔ေၾကာင့္ ရာမူးက MBS ၏ ဝင္ေပါက္အနီး စားေသာက္ဆိုင္တစ္ခု အျပင္ဘက္တြင္ မနက္ ၇း၀၁ အခ်ိန္တြင္ ေဘာင္းဘီခၽြတ္လိုက္ကာ ေဆာင့္ေၾကာင့္ထိုင္ျပီး ၾကမ္းျပင္ေပၚသို႔ မစင္စြန္႔ခ်ခဲ့သည္။

ထို႔ေနာက္ ရာမူးသည္ ထိုေနရာမွ ထြက္ခြာလာခဲ့ျပီး MBS ၏ အျပင္ဘက္ ေက်ာက္ခံုတန္းတစ္ခုတြင္ မနက္ ၁၁ နာရီအခ်ိန္အထိ အိပ္စက္ခဲ့ကာ ယင္းေနာက္တြင္ Kranji ရွိ သူ၏ အေဆာင္သို႔ ျပန္သြားခဲ့သည္။

အစိုးရေရွ႕ေန Tai က ေျပာျပသည္မွာ MBS ရွိ လံုျခံဳေရးအရာရွိတစ္ဦးက ရာမူး မစင္စြန္႔ေနသည့္ ဗြီဒီယိုဖိုင္ကို Facebook တြင္ ေတြ႔ရွိျပီးေနာက္ ရဲတပ္ဖြဲ႔ထံ တိုင္ၾကားခဲ့ျခင္းျဖစ္သည္ဟု ေျပာသည္။

တရားရံုးအခ်က္အလက္မ်ားအရ ရာမူးသည္ ျပီးခဲ့ေသာႏွစ္ ေအာက္တိုဘာလ ၃၁ ရက္တြင္ စကၤာပူမွ ထြက္ခြာသြားခဲ့ျပီး ေနာက္ပိုင္းတြင္ စကၤာပူသို႔ ျပန္လာခဲ့သည္ဟု ဆိုသည္။

ယခုႏွစ္ ဇြန္လ ၄ ရက္တြင္ ရာမူးက ၎သြားေရာက္ခဲ့ဖူးေသာ MBS ရွိ ကာစီႏိုကိုပင္ ထပ္မံသြားေရာက္ခဲ့ရာ ၎အား မွတ္မိသြားျပီး ရဲတပ္ဖြဲ႔ထံ သတင္းပို႔ခံခဲ့ရရာ ဖမ္းဆီးခံရျခင္း ျဖစ္သည္။

ရာမူးက တရားရံုးတြင္ သက္ညွာစြာ ဒဏ္ေငြခ်မွတ္ပါရန္ ေတာင္းဆိုခဲ့သည္။

ရာမူး၏ ေတာင္းဆိုခ်က္အေပၚ ခရိုင္တရားသူၾကီး Christopher Goh Eng Chiang က “ဒဏ္ေငြ အနည္းဆံုး ျဖစ္ေစတဲ့နည္း ခင္ဗ်ားသိသလား။ ဒါမ်ဳိး လုပ္ရပ္ကို လူပံုအလယ္မွာ မလုပ္နဲ႔ေလ” ဟု တံု႔ျပန္ခဲ့သည္။

“ခင္ဗ်ားအေနနဲ႔ ဒီလိုေတြ ျဖစ္မလာေအာင္ အရက္ေတြ အလြန္အကၽြံ မေသာက္ပါနဲ႔။ ဒါမ်ိဳး ထပ္ျဖစ္မယ္ဆိုရင္ ေနာင္အခါ ဒဏ္ေၾကးက ဒါထက္ပိုမ်ားလိမ့္မယ္ဆိုတာ သိေစခ်င္တယ္” ဟု တရားသူၾကီးက ေျပာသည္။

စကၤာပူတြင္ အမ်ားျပည္သူျမင္ကြင္းေနရာ၌ မစင္စြန္႔ပါက ပထမဆံုးအၾကိမ္ က်ဴးလြန္သည့္အမႈဆိုလွ်င္ ဒဏ္ေငြ စကၤာပူေဒၚလာ ၁၀၀၀ အထိ ခ်မွတ္ႏိုင္ျပီး ၎စြန္႔ခဲ့သည့္မစင္ အမ်ားျမင္ကြင္းတြင္ ရွိေနသည့္ ရက္ကာလ အတိုင္းအတာအလိုက္ တစ္ရက္လွ်င္ ေဒၚလာ ၁၀၀ စီ ဒဏ္ေငြ ေပးေဆာင္ရမည္ ျဖစ္ေၾကာင္း ျပဌာန္းထား သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: S$400 fine for construction worker caught on camera defecating at MBS entrance (todayonline)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
Magical World
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service