ဘရာဇီးနိုင်ငံမှ လူသူအခြေချခွင့် ပိတ်ပင်ထားသော မြွေကျွန်း ၊ စတုရန်း ၁ မီတာလျှင် မြွေတစ်ကောင်နှုန်း ရှိနေပြီး ကမ္ဘာ့အဆိပ်အပြင်းဆုံး ရှားပါးမြွေများဖြစ်ကာ မြွေကိုက်ခံရသူမှာ အသားများ အရည်ပျော်ကျ သည်အထိ အဆိပ်ပြင်း

ဘရာဇီးနိုင်ငံမှ လူသူအခြေချခွင့် ပိတ်ပင်ထားသော မြွေကျွန်း ၊ စတုရန်း ၁ မီတာလျှင် မြွေတစ်ကောင်နှုန်း ရှိနေပြီး ကမ္ဘာ့အဆိပ်အပြင်းဆုံး ရှားပါးမြွေများဖြစ်ကာ မြွေကိုက်ခံရသူမှာ အသားများ အရည်ပျော်ကျ သည်အထိ အဆိပ်ပြင်း - Property Knowledge in Myanmar from iMyanmarHouse.com
8 Oct 2024 1:56 pm တွင် တင်ခဲ့သည်
1185 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

ဘရာဇီးနိုင်ငံ၊ Sao Paolo မြို့၏ ကမ်းလွန် မိုင် ၂၀ ခန့်အကွာတွင် လူတို့၏ အသားများကိုပင် အရည်ပျော်ကျစေနိုင်သော အလွန်တရာ အဆိပ်ပြင်းထန်သည့် မြွေအကောင်ရေ ၄၀၀၀ ခန့်ရှိနေသော ကျွန်းတစ်ကျွန်းရှိသည်။

ကျွန်းအမည်မှာ အီဟာ ဒီ ကေမားဒါး ဂရန်ဒီ (Ilha de Queimada Grande) ဟုခေါ်ပြီး ရွှေရောင် ခေါင်းရှည်မြွေပွေးများရှိရာ ကျွန်း ဖြစ်သည်။

မြွေကျွန်းမှာ အန္တရာယ်ကြီးလှသောကြောင့် ဘရာဇီးအစိုးရက ထိုကျွန်းသို့ လူတို့လည်ပတ်ခွင့် ပိတ်ပင်ထားသည်။

ရှေးယခင်ကမူ ထိုကျွန်းသို့ ရူးမိုက်စွာ စွန့်စားလည်ပတ်ခဲ့သူ များစွာရှိသည်။

 

(ပုံတွင် တွေ့ရသည်မှာ Ilha da Queimada Grande ကျွန်းဖြစ်ပြီး ဘရာဇီးနိုင်ငံ၊ Sao Paolo မြို့၏ ကမ်းလွန် မိုင် ၂၀ အကွာတွင် တည်ရှိသည်။ လူတို့၏ အသားများကို အရည်ပျော်စေနိုင်သည်အထိ အဆိပ်ပြင်းလှသော ရွှေရောင်ခေါင်းရှည် မြွေပွေး ထောင်ပေါင်းများစွာ ကျက်စားနေထိုင်လျက်ရှိသောကြောင့် ဘရာဇီးအစိုးရက မြွေကျွန်းသို့ လူတို့ သွားရောက်လည်ပတ်ခွင့် ပိတ်ပင်ထားသည်)

 

သို့သော် ဘရာဇီးအာဏာပိုင်အဖွဲ့က သုတေသနအတွက် သိပ္ပံပညာရှင်အချို့ကို မြွေကျွန်းသို့ နှစ်စဉ် သွားရောက်ခွင့်ပေးထားသည်။

သြစတေးလျနိုင်ငံမှ မော်လီကျူးဇီဝဗေဒပညာရှင် ဒေါက်တာ ဘရိုင်ယန် ဖရိုင်း (Bryan Fry) နှင့်အဖွဲ့သည် ၂၀၁၉ ခုနှစ်အတွင်းက မြွေကျွန်းသို့ သွားရောက်လေ့လာခဲ့ဖူးသည်။

ဒေါက်တာ ဖရိုင်းသည် ရွှေရောင်ခေါင်းရှည်မြွေပွေး၏ အဆိပ်ဖြေဆေး ထုတ်လုပ်ရယူပြီးမှ မြွေကျွန်းသို့ သွားရောက်လေ့လာခဲ့ခြင်းလည်း ဖြစ်သည်။

ဒေါက်တာဖရိုင်းနှင့်အတူ 60 Minutes သတင်းဌာနမှ စာနယ်ဇင်းသမား Tara Brown နှင့် အဖွဲ့လည်း လိုက်ပါခဲ့သည်။

မြွေကျွန်းဟု အလွယ်ခေါ်ကြသော Ilha da Queimada Grande ကျွန်း၏ အကျယ်အဝန်းမှာ စတုရန်းပေ ၄ ဒသမ ၆ သန်း (၄၃၀၀၀၀ စတုရန်းမီတာ) ရှိသည်။

ရွှေရောင်ခေါင်းရှည် မြွေပွေးဟုခေါ်ကြသော Bothrops insularis ကို ကမ္ဘာပေါ်တွင် Ilha da Queimada Grande ကျွန်းတစ်ခုတည်းတွင်သာ တွေ့ရနိုင်သည်။

ရွှေရောင်မြွေပွေးတို့၏ ပျမ်းမျှ အလျားမှာ ၂၈ လက်မ (၇၀ စင်တီမီတာ) ဖြစ်သည်။

သို့သော် အရှည်ဆုံး ၄၈ လက်မ (၁၁၈ စင်တီမီတာ) အထိ ရှိကြသည်။

ရွှေရောင် မြွေပွေး၏ အဆိပ်မှာ အသားနှင့် တစ်သျှူးတို့ကို စားစေနိုင်သောကြောင့် မြွေပွေးမှာ အဆိပ်သင့်သွားသော သားကောင်တို့ကို အလွယ်တကူ မြိုနိုင်စေသည်။

သားကောင်တို့ကို သေစေသည်မှာ အာရုံကြောအဆိပ်ကြောင့် ဖြစ်သည်။

ရွှေရောင်မြွေပွေး၏ အဓိကအစာမှာ ငှက်များဖြစ်သည်။

အိမ်မြှောင်၊ ပုတ်သင်၊ ကင်းလိပ်ချော၊ ဖွတ်၊ ပုတတ်များအပြင် အခြားမြွေတို့ကိုလည်း စားသည်။

သားရိုင်းတိရ စ္ဆာန် မှောင်ခိုသမားတို့က မြွေကျွန်းသို့ လာကာ ရွှေရောင် ခေါင်းရှည် မြွေပွေးများ ဖမ်းဆီးခိုးယူကြသည်ဟု ယူဆရသည်။

မှောင်ခိုဈေးကွက်တွင် ရွှေရောင်မြွေပွေးတစ်ကောင်လျှင် ပေါင် ၁၇၅၀၀ (ကန်ဒေါ်လာ ၃၀၀၀၀) ခန့်အထိ ဈေးပေါက်နေသည်။

လူသိများသော သမိုင်းအယူအဆတစ်ခုမှာ လွန်ခဲ့သော နှစ်ပေါင်း ၁၁၀၀၀ ခန့်က ပင်လယ်ရေမျက်နှာပြင် မြင့်တက်ခဲ့မှုကြောင့် မြွေကျွန်းနှင့် ဘရာဇီးတို့ သီးခြားစီဖြစ်သွားကြသည်ဟူသော အယူအဆဖြစ်သည်။

ကျွန်းပေါ်ရှိ ရွှေရောင်မြွေပွေးများမှာ စားသောက်စရာ နည်းပါးပြီး ငှက်များသာ စားစရာ ရှိသည်။

 

(ပုံတွင် တွေ့ရသည်မှာ ရွှေရောင်ခေါင်းရှည် မြွေပွေးဖြစ်ပြီး ကမ္ဘာပေါ်တွင် မြွေကျွန်းတစ်ခုတည်း၌သာ တွေ့ရသည်။ ပုံတွင် တွေ့ရသူမှာ Sao Paulo တက္ကသိုလ်မှ သုတေသီ Marcio Martins ဖြစ်ပြီး ၎င်း၏ရှေ့တွင် မြွေပွေးတစ်ကောင်ကို ထိန်းချုပ်ထားရင်း အခြားတစ်ကောင်အား ကြည့်နေပုံ တွေ့ရသည်။ ယခင်က မြွေကျွန်းသို့ ငါးဖမ်းရင်း ရောက်ရှိသွားသော တံငါသည်များစွာမှာ ရွှေရောင်မြွေပွေးအကိုက်ခံရကာ သေဆုံးခဲ့ကြသည်)

 

(Ilha da Queimada Grande ကျွန်းကို မြွေကျွန်းဟု အလွယ်ခေါ်ကြသည်။ Sao Paolo မြို့ ကမ်းလွန် မိုင် ၂၀ အကွာတွင် တည်ရှိပြီး အကျယ်အဝန်း စတုရန်းပေ ၄ ဒသမ ၆ သန်း (၄၃၀,၀၀၀ စတုရန်းမီတာ) ရှိသည်။

 

(မြွေကျွန်းသည် လွန်ခဲ့သော နှစ်ပေါင်း ၁၁၀၀၀ ခန့်က ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုကြောင့် ဘရာဇီးနှင့် သီးခြားစီ ကွဲထွက်သွားသည်ဟု ယူဆကြသည်။ ရွှေရောင်မြွေပွေးတို့မှာ ငှက်တို့ကို ဖမ်းဆီး စားသောက်ကြသည်။ မြွေကျွန်းသို့ လူတို့သွားလာလည်ပတ်ကြခြင်းမရှိ။ သိပ္ပံပညာရှင် အနည်းငယ်၊ သားရိုင်း တိရ စ္ဆာန် ခိုးယူသူများနှင့် ဘရာဇီးရေတပ်တို့သာ ရံဖန်ရံခါ အရောက်အပေါက် ရှိသည်)

 

Ilha da Queimada Grande ဟူသော စကားမှာ ခုတ်ထွင်မီးရှို့ဟု အဓိပ္ပာယ်ရသည်။ ယခင်က မြွေကျွန်းတွင် ငှက်ပျောစိုက်ခင်း တည်ထောင်ရန် ရည်ရွယ်ချက်ဖြင့် ခုတ်ထွင်ရှင်းလင်းမှုများ ပြုလုပ်ရန် ကြိုးစားခဲ့ဖူးသော်လည်း အဆိပ်ပြင်းသော မြွေများကြောင့် အထမမြောက်ခဲ့။

ပြီးခဲ့သော ၁၅ နှစ်တာ ကာလအတွင်း မြွေကျွန်းရှိ ရွှေရောင်မြွေပွေး ကောင်ရေပမာဏမှာ ၁၅ ရာခိုင်နှုန်းခန့် ကျဆင်းသွားသည်။

သစ်ပင်များခုတ်ထွင်ရှင်းလင်းမှုနှင့် ရောဂါဘယတို့ကြောင့် ဖြစ်သည်။

နိုင်ငံတကာ သဘာဝ ထိန်းသိမ်းကာကွယ်ရေးသမဂ္ဂက ရွှေရောင်မြွေပွေးတို့ကို မျိုးတုန်းပျောက်ကွယ်မည့် အန္တရာယ်အလွန်မြင့်မားနေသော မျိုးစိတ်အဖြစ် သတ်မှတ်ထားသည်။

အကောင်ရေ ကျဆင်းသွားသည်ဆိုသော်လည်း ရွှေရောင်မြွေပွေး အကောင်ရေ ထောင်နှင့်ချီကာ ရှိနေဆဲဖြစ်ကာ အပန်းဖြေခရီးသွားရန် မစဉ်းစားသင့်သော နေရာဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Snake Island has approximately 1 snake per square meter (animals.howstuffworks)

 

[Zawgyi]

ဘရာဇီးႏိုင္ငံမွ လူသူအေျခခ်ခြင့္ ပိတ္ပင္ထားေသာ ေျမြကၽြန္း ၊ စတုရန္း ၁ မီတာလွ်င္ ေျမြတစ္ေကာင္ႏႈန္း ရွိေနျပီး ကမၻာ့အဆိပ္အျပင္းဆံုး ရွားပါးေျမြမ်ားျဖစ္ကာ ေျမြကိုက္ခံရသူမွာ အသားမ်ား အရည္ေပ်ာ္က် သည္အထိ အဆိပ္ျပင္း

ဘရာဇီးႏိုင္ငံ၊ Sao Paolo ျမိဳ႕၏ ကမ္းလြန္ မိုင္ ၂၀ ခန္႔အကြာတြင္ လူတို႔၏ အသားမ်ားကိုပင္ အရည္ေပ်ာ္က်ေစႏိုင္ေသာ အလြန္တရာ အဆိပ္ျပင္းထန္သည့္ ေျမြအေကာင္ေရ ၄၀၀၀ ခန္႔ရွိေနေသာ ကၽြန္းတစ္ကၽြန္းရွိသည္။

ကၽြန္းအမည္မွာ အီဟာ ဒီ ေကမားဒါး ဂရန္ဒီ (Ilha de Queimada Grande) ဟုေခၚျပီး ေရႊေရာင္ ေခါင္းရွည္ေျမြေပြးမ်ားရွိရာ ကၽြန္း ျဖစ္သည္။

ေျမြကၽြန္းမွာ အႏၱရာယ္ၾကီးလွေသာေၾကာင့္ ဘရာဇီးအစိုးရက ထိုကၽြန္းသို႔ လူတို႔လည္ပတ္ခြင့္ ပိတ္ပင္ထားသည္။

ေရွးယခင္ကမူ ထိုကၽြန္းသို႔ ရူးမိုက္စြာ စြန္႔စားလည္ပတ္ခဲ့သူ မ်ားစြာရွိသည္။

(ပံုတြင္ ေတြ႔ရသည္မွာ Ilha da Queimada Grande ကၽြန္းျဖစ္ျပီး ဘရာဇီးႏိုင္ငံ၊ Sao Paolo ျမိဳ႕၏ ကမ္းလြန္ မိုင္ ၂၀ အကြာတြင္ တည္ရွိသည္။ လူတို႔၏ အသားမ်ားကို အရည္ေပ်ာ္ေစႏိုင္သည္အထိ အဆိပ္ျပင္းလွေသာ ေရႊေရာင္ေခါင္းရွည္ ေျမြေပြး ေထာင္ေပါင္းမ်ားစြာ က်က္စားေနထိုင္လ်က္ရွိေသာေၾကာင့္ ဘရာဇီးအစိုးရက ေျမြကၽြန္းသို႔ လူတို႔ သြားေရာက္လည္ပတ္ခြင့္ ပိတ္ပင္ထားသည္)

သို႔ေသာ္ ဘရာဇီးအာဏာပိုင္အဖြဲ႔က သုေတသနအတြက္ သိပၸံပညာရွင္အခ်ဳိ႕ကို ေျမြကၽြန္းသို႔ ႏွစ္စဥ္ သြားေရာက္ခြင့္ေပးထားသည္။

ၾသစေတးလ်ႏိုင္ငံမွ ေမာ္လီက်ဴးဇီဝေဗဒပညာရွင္ ေဒါက္တာ ဘရိုင္ယန္ ဖရိုင္း (Bryan Fry) ႏွင့္အဖြဲ႔သည္ ၂၀၁၉ ခုႏွစ္အတြင္းက ေျမြကၽြန္းသို႔ သြားေရာက္ေလ့လာခဲ့ဖူးသည္။

ေဒါက္တာ ဖရိုင္းသည္ ေရႊေရာင္ေခါင္းရွည္ေျမြေပြး၏ အဆိပ္ေျဖေဆး ထုတ္လုပ္ရယူျပီးမွ ေျမြကၽြန္းသို႔ သြားေရာက္ေလ့လာခဲ့ျခင္းလည္း ျဖစ္သည္။

ေဒါက္တာဖရိုင္းႏွင့္အတူ 60 Minutes သတင္းဌာနမွ စာနယ္ဇင္းသမား Tara Brown ႏွင့္ အဖြဲ႔လည္း လိုက္ပါခဲ့သည္။

ေျမြကၽြန္းဟု အလြယ္ေခၚၾကေသာ Ilha da Queimada Grande ကၽြန္း၏ အက်ယ္အဝန္းမွာ စတုရန္းေပ ၄ ဒသမ ၆ သန္း (၄၃၀၀၀၀ စတုရန္းမီတာ) ရွိသည္။

ေရႊေရာင္ေခါင္းရွည္ ေျမြေပြးဟုေခၚၾကေသာ Bothrops insularis ကို ကမၻာေပၚတြင္ Ilha da Queimada Grande ကၽြန္းတစ္ခုတည္းတြင္သာ ေတြ႔ရႏိုင္သည္။

ေရႊေရာင္ေျမြေပြးတို႔၏ ပ်မ္းမွ် အလ်ားမွာ ၂၈ လက္မ (၇၀ စင္တီမီတာ) ျဖစ္သည္။

သို႔ေသာ္ အရွည္ဆံုး ၄၈ လက္မ (၁၁၈ စင္တီမီတာ) အထိ ရွိၾကသည္။

ေရႊေရာင္ ေျမြေပြး၏ အဆိပ္မွာ အသားႏွင့္ တစ္သွ်ဴးတို႔ကို စားေစႏိုင္ေသာေၾကာင့္ ေျမြေပြးမွာ အဆိပ္သင့္သြားေသာ သားေကာင္တို႔ကို အလြယ္တကူ ျမိဳႏိုင္ေစသည္။

သားေကာင္တို႔ကို ေသေစသည္မွာ အာရံုေၾကာအဆိပ္ေၾကာင့္ ျဖစ္သည္။

ေရႊေရာင္ေျမြေပြး၏ အဓိကအစာမွာ ငွက္မ်ားျဖစ္သည္။

အိမ္ေျမွာင္၊ ပုတ္သင္၊ ကင္းလိပ္ေခ်ာ၊ ဖြတ္၊ ပုတတ္မ်ားအျပင္ အျခားေျမြတို႔ကိုလည္း စားသည္။

သားရိုင္းတိရ စၦာန္ ေမွာင္ခိုသမားတို႔က ေျမြကၽြန္းသို႔ လာကာ ေရႊေရာင္ ေခါင္းရွည္ ေျမြေပြးမ်ား ဖမ္းဆီးခိုးယူၾကသည္ဟု ယူဆရသည္။

ေမွာင္ခိုေစ်းကြက္တြင္ ေရႊေရာင္ေျမြေပြးတစ္ေကာင္လွ်င္ ေပါင္ ၁၇၅၀၀ (ကန္ေဒၚလာ ၃၀၀၀၀) ခန္႔အထိ ေစ်းေပါက္ေနသည္။

လူသိမ်ားေသာ သမိုင္းအယူအဆတစ္ခုမွာ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၁၁၀၀၀ ခန္႔က ပင္လယ္ေရမ်က္ႏွာျပင္ ျမင့္တက္ခဲ့မႈေၾကာင့္ ေျမြကၽြန္းႏွင့္ ဘရာဇီးတို႔ သီးျခားစီျဖစ္သြားၾကသည္ဟူေသာ အယူအဆျဖစ္သည္။

ကၽြန္းေပၚရွိ ေရႊေရာင္ေျမြေပြးမ်ားမွာ စားေသာက္စရာ နည္းပါးျပီး ငွက္မ်ားသာ စားစရာ ရွိသည္။

(ပံုတြင္ ေတြ႔ရသည္မွာ ေရႊေရာင္ေခါင္းရွည္ ေျမြေပြးျဖစ္ျပီး ကမၻာေပၚတြင္ ေျမြကၽြန္းတစ္ခုတည္း၌သာ ေတြ႔ရသည္။ ပံုတြင္ ေတြ႔ရသူမွာ Sao Paulo တကၠသိုလ္မွ သုေတသီ Marcio Martins ျဖစ္ျပီး ၎၏ေရွ႕တြင္ ေျမြေပြးတစ္ေကာင္ကို ထိန္းခ်ဳပ္ထားရင္း အျခားတစ္ေကာင္အား ၾကည့္ေနပံု ေတြ႔ရသည္။ ယခင္က ေျမြကၽြန္းသို႔ ငါးဖမ္းရင္း ေရာက္ရွိသြားေသာ တံငါသည္မ်ားစြာမွာ ေရႊေရာင္ေျမြေပြးအကိုက္ခံရကာ ေသဆံုးခဲ့ၾကသည္) (Ilha da Queimada Grande ကၽြန္းကို ေျမြကၽြန္းဟု အလြယ္ေခၚၾကသည္။ Sao Paolo ျမိဳ႕ ကမ္းလြန္ မိုင္ ၂၀ အကြာတြင္ တည္ရွိျပီး အက်ယ္အဝန္း စတုရန္းေပ ၄ ဒသမ ၆ သန္း (၄၃၀,၀၀၀ စတုရန္းမီတာ) ရွိသည္။

(ေျမြကၽြန္းသည္ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၁၁၀၀၀ ခန္႔က ပင္လယ္ေရမ်က္ႏွာျပင္ ျမင့္တက္မႈေၾကာင့္ ဘရာဇီးႏွင့္ သီးျခားစီ ကြဲထြက္သြားသည္ဟု ယူဆၾကသည္။ ေရႊေရာင္ေျမြေပြးတို႔မွာ ငွက္တို႔ကို ဖမ္းဆီး စားေသာက္ၾကသည္။ ေျမြကၽြန္းသို႔ လူတို႔သြားလာလည္ပတ္ၾကျခင္းမရွိ။ သိပၸံပညာရွင္ အနည္းငယ္၊ သားရိုင္း တိရ စၦာန္ ခိုးယူသူမ်ားႏွင့္ ဘရာဇီးေရတပ္တုိ႔သာ ရံဖန္ရံခါ အေရာက္အေပါက္ ရွိသည္)

Ilha da Queimada Grande ဟူေသာ စကားမွာ ခုတ္ထြင္မီးရႈိ႕ဟု အဓိပၸာယ္ရသည္။ ယခင္က ေျမြကၽြန္းတြင္ ငွက္ေပ်ာစိုက္ခင္း တည္ေထာင္ရန္ ရည္ရြယ္ခ်က္ျဖင့္ ခုတ္ထြင္ရွင္းလင္းမႈမ်ား ျပဳလုပ္ရန္ ၾကိဳးစားခဲ့ဖူးေသာ္လည္း အဆိပ္ျပင္းေသာ ေျမြမ်ားေၾကာင့္ အထမေျမာက္ခဲ့။

ျပီးခဲ့ေသာ ၁၅ ႏွစ္တာ ကာလအတြင္း ေျမြကၽြန္းရွိ ေရႊေရာင္ေျမြေပြး ေကာင္ေရပမာဏမွာ ၁၅ ရာခိုင္ႏႈန္းခန္႔ က်ဆင္းသြားသည္။

သစ္ပင္မ်ားခုတ္ထြင္ရွင္းလင္းမႈႏွင့္ ေရာဂါဘယတို႔ေၾကာင့္ ျဖစ္သည္။

ႏိုင္ငံတကာ သဘာဝ ထိန္းသိမ္းကာကြယ္ေရးသမဂၢက ေရႊေရာင္ေျမြေပြးတို႔ကို မ်ဳိးတုန္းေပ်ာက္ကြယ္မည့္ အႏၱရာယ္အလြန္ျမင့္မားေနေသာ မ်ဳိးစိတ္အျဖစ္ သတ္မွတ္ထားသည္။

အေကာင္ေရ က်ဆင္းသြားသည္ဆိုေသာ္လည္း ေရႊေရာင္ေျမြေပြး အေကာင္ေရ ေထာင္ႏွင့္ခ်ီကာ ရွိေနဆဲျဖစ္ကာ အပန္းေျဖခရီးသြားရန္ မစဥ္းစားသင့္ေသာ ေနရာျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Snake Island has approximately 1 snake per square meter (animals.howstuffworks)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service