အင်္ဂလန်တွင် အာနိုး၊ အိုင်စတိုင်း၊ မဒမ်ကျူရီ၊ အင်္ဂလန်ဝန်ကြီးချုပ်တို့အပါအဝင် ကမ္ဘာကျော်ပုဂ္ဂိုလ်များ၊ ရုပ်ရှင်ဇာတ်ကောင်များကို စာခြောက်ရုပ်အဖြစ် ပုံဖော်ဖန်တီးကာ ပြသခဲ့သော စာခြောက်ရုပ်ပွဲတော်
အင်္ဂလန်တွင် အာနိုး၊ အိုင်စတိုင်း၊ မဒမ်ကျူရီ၊ အင်္ဂလန်ဝန်ကြီးချုပ်တို့အပါအဝင် ကမ္ဘာကျော်ပုဂ္ဂိုလ်များ၊ ရုပ်ရှင်ဇာတ်ကောင်များကို စာခြောက်ရုပ်အဖြစ် ပုံဖော်ဖန်တီးကာ ပြသခဲ့သော စာခြောက်ရုပ်ပွဲတော် - Property Knowledge in Myanmar from iMyanmarHouse.com
3 Oct 2024 11:01 am တွင် တင်ခဲ့သည်
826 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
အင်္ဂလန်နိုင်ငံ၊ ဝေါ်ဆက်စတာရှိုင်းယားခရိုင်၊ Belbroughton ကျေးရွာလေးတွင် ပြီးခဲ့သော စက်တင်ဘာ ၂၁ နှင့် ၂၂ ရက်နေ့များ၌ စာခြောက်ရုပ်ပွဲတော် ကျင်းပခဲ့သည်။
စာခြောက်ရုပ် ပြပွဲဟုဆိုနိုင်သလို စာခြောက်ရုပ်ပြိုင်ပွဲဟုလည်း ဆိုနိုင်သည်။
ထိုပွဲတွင် အကောင်းဆုံး စာခြောက်ရုပ် ပြုလုပ်နိုင်သူ ၃ ဦးကို ပထမ၊ ဒုတိယနှင့် တတိယဆုများ ပေးသည်။
Belbroughton ကျေးရွာသည် လန်ဒန်မြို့မှဆိုလျှင် ၁၀၆ မိုင် ဝေးကွာသည်။
ကလေးစာပေ စာရေးဆရာ Steve Haywood က ကျေးရွာဘုရားကျောင်း ရန်ပုံငွေအဖြစ် ၁၉၉၆ ခုနှစ်တွင် စတင်ကျင်းပခဲ့ခြင်း ဖြစ်သည်။
ထို စာခြောက်ရုပ်ပွဲတော်ကို ရွာသူရွာသားများ အလွန်သဘောကျသောကြောင့် ထိုနောက်ပိုင်း နှစ်စဉ်ကျင်းပ လာခဲ့သည်။
ယခုအခါ ထိုပွဲတော်ကို လာရောက်လည်ပတ်သူ ၃၀၀၀၀ ဝန်းကျင်ခန့်ရှိပြီး ဒေသတွင်း ပရဟိတ ကိစ္စရပ်များ အတွက် ရန်ပုံငွေများစွာ ရှာဖွေပေးသော ပွဲတော်ဖြစ်လာသည်အထိ စည်ကားလာခဲ့သည်။
ယခုနှစ် စာခြောက်ရုပ်ပွဲတော်တွင် ဗြိတိန်ဝန်ကြီးချုပ် ဆာ ခေးရ် စတာမာ (Sir Keir Starmer) ၏ ပုံသွင် စာခြောက်ရုပ် တစ်ခုလည်း ပြုလုပ်ထားပြီး စာခြောက်ရုပ်ကို ဝတ်ဆင်ပေးထားသည့် အင်္ကျီအိတ်ထဲတွင် လက်ဆောင်ရသော ပရီးမီးယားလိဂ် ဘောလုံးပွဲလက်မှတ်များလည်း ထည့်သွင်းကာ ထေ့ငေါ့ထားသည်။
ဝန်ကြီးချုပ် ဆာ ခေးရ် စတာမာသည် အခြားမည်သည့် ဗြိတိန်ဝန်ကြီးချုပ်ထက်မဆို အခမဲ့ရသော လက်ဆောင် များ၊ အကျိုးခံစားခွင့်များကို လက်ခံခဲ့သူဟု နာမည်ကြီးနေပြီး ၂၀၁၉ ခုနှစ် ၊ ဒီဇင်ဘာလနောက်ပိုင်း လက်ဆောင်ပစ္စည်းတန်ဖိုး ပေါင် ၁၀၀,၀၀၀ ခန့် လက်ခံခဲ့သည်ဟု ဆိုသည်။
(ဆာ ခေးရ် စတာမာပုံ စာခြောက်ရုပ်ကို လယ်ယာသုံးပစ္စည်းများဖြင့် ပြုလုပ်ထားပြီး အိတ်ထဲတွင် ပရီးမီးယားလိဂ် ဘောလုံးပွဲလက်မှတ်များ ထည့်ပေးထားသည်)
(Simon Cowell စာခြောက်ရုပ်တွင် သူ၏ လက်သုံးစကားဖြစ်သော I didn’t like it…I love it ဟူသော စကားများကို ကတ်ပြားဖြင့် ရိုက်နှိပ်ကာ ထောင်ကားသည်)
(အမေရိကန် ကန်းထရီးအဆိုတော် Dolly Parton ကို ပုံဖော်ထားသော စာခြောက်ရုပ်)
(ငါးမန်းပုံ စာခြောက်ရုပ်ကို ကလေးများ အံ့သြစွာ ငေးမောကြည့်ရှုနေပုံ)
(အမေရိကန်အာကာသယာဉ်မှူး နီးလ် အမ်းစထရောင်းပုံ စာခြောက်ရုပ်)
(dorothy-themed စာခြောက်ရုပ်)
(Fawlty Towers ရုပ်သံဇာတ်လမ်းတွဲမှ စားပွဲထိုး Manuel ရုပ်ပုံ စာခြောက်ရုပ်)
(မဒမ်ကျူရီ၊ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဝင်စတန်ချာချီနှင့် အဲလ်ဘတ် အိုင်စတိုင်းတို့ကို ပုံဖော်ထားသော စာခြောက်ရုပ်များ)
(ဟယ်ရီပေါ်တာဇာတ်ကားကို ရည်ညွှန်းသော စာခြောက်ရုပ်)
(Only Fools and Horses ရုပ်သံအစီအစဉ်ကို ပုံဖော်ထားသော စာခြောက်ရုပ်)
(Terminator ရုပ်ရှင်ထဲမှ ဇာတ်ကောင်အသွင် အာနိုးကို ပုံဖော်ထားသော စာခြောက်ရုပ်)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: It's Sir Scare Starmer! PM becomes scarecrow figure of fun made of tools after General election phrase with a pocket full of free football tickets (dailymail, belbroughtonscarecrow)
Photo Credit-dailymail
[Zawgyi]
စာခြောက်ရုပ်ပွဲတော်တွင် ဒေသခံတို့က ၎င်းတို့အနှစ်သက်ဆုံး ပေါ့ပ်ယဉ်ကျေးမှု အထင်ကရပုဂ္ဂိုလ်တို့၏ ရုပ်ပုံများ ပုံဖော်ကြသည်။
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
Golden City Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service