နေအိမ်မှာ ခြင်ကင်းစေမယ့် အိမ်တွင်းနည်းလမ်းများ

နေအိမ်မှာ ခြင်ကင်းစေမယ့် အိမ်တွင်းနည်းလမ်းများ - Property Knowledge in Myanmar from iMyanmarHouse.com
3 Oct 2024 2:59 pm တွင် တင်ခဲ့သည်
821 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

မြန်မာနိုင်ငံမှာ ခြင်မရှိတဲ့ အရပ်၊ ခြင်မရှိတဲ့ အိမ်ရယ်ဆိုတာ ခပ်ရှားရှားပါ။ ဒီတော့ နေရာတိုင်းမှာ တွေ့နိုင်တဲ့ ခြင်ကို ခြင်ဆေး မလိုဘဲ သဘာဝနည်းလေးတွေနဲ့ ခြင်ပြေးအောင် လုပ်နိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြပေးပါရစေ။ ကဲ ….. နေအိမ်မှာ ခြင်ကင်းစေမယ့် အိမ်တွင်းနည်းလမ်းများ ကို ကြည့်လိုက်ရအောင်နော်။

နေအိမ်မှာ ခြင်ကင်းစေမယ့် အိမ်တွင်းနည်းလမ်းများ

နေအိမ်မှာ ခြင်ပြေးစေဖို့ ခြင်ဆေး ထွန်းစရာ မလိုအောင်နေအိမ်မှာ ခြင်ကင်းစေမယ့် အိမ်တွင်းနည်းလမ်းများ ကတော့

ကြက်သွန်ဖြူ

ကြက်သွန်ဖြူရဲ့ အနံ့ ခပ်ပြင်းပြင်းက ခြင်တွေကို အဝေးပြေးစေဖို့ အကောင်းဆုံး အထောက်အကူ ပြုပေးပါတယ်။ ကြက်သွန်ဖြူကို ကြိတ်ခြေပြီး ရေနွေးဆူဆူထဲထည့်ပါ။ အအေးခံပြီး စပရေးဘူးထဲ ထည့်လို့ အိမ်ရဲ့ နေရာအနှံ့ကို ဖြန်းပေးရုံပါ။

လေးညှင်းပွင့် နဲ့ သံပရိုသီး

သံပရိုသီးကို ထက်ခြမ်းခြမ်းပြီး သံပရိုခြမ်းပေါ်မှာ လေးညှင်းပွင့်လေးတွေ စိုက်ထားပေးပါ။ လေးညှင်းပွင့် နဲ့ သံပရိုသီးတို့ရဲ့ ရနံ့ ပေါင်းစပ်မှုက ခြင်တွေကို ဝေးဝေးပြေးစေဖို့ အကောင်းဆုံး အထောက်အကူပြုနိုင်မှာပါ။

ပင်စိမ်း

ပင်စိမ်းက ဟင်းလျာတွေကိုတင် ရနံ့တိုးစေတာ မဟုတ်ဘဲ ခြင်တွေ ပြေးစေဖို့လည်း အကူအညီ ပေးနိုင်မှာပါ။ လတ်လတ်ဆတ်ဆတ် ပင်စိမ်းကို နေအိမ် အခန်းထဲမှာ ထားထားတာကလည်း ခြင်ပြေးစေမယ့် နည်းလမ်းကောင်းပါ။

 

 

 

Tea Tree Oil

ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတဲ့ အရေပြားမှာ Tea Tree Oil က အရေပြား ပြဿနာတွေကိုတင် ကင်းစေတာ မဟုတ်ဘဲ အရေပြားမှာ လိမ်းထားမယ်ဆိုရင်လည်း ခြင်မကိုက်အောင် ကာကွယ်ပေးနိုင်မှာပါ။ ခြင်ကိုက်ဖုတွေကို သက်သာစေဖို့အတွက်လည်း အသုံးပြုလို့ ရပါတယ်။

ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်ကို ဖြန်းပေးတာကလည်း သဘာဝ ခြင်ပြေးဆေးတစ်ခုပါ။ စပရေးဘူးထဲမှာ ထည့်လို့ နေအိမ်မှာ ဖြန်းပေးပါ။

တမာဆီ နဲ့ လာဗင်ဒါဆီ

တမာဆီ နဲ့ လာဗင်ဒါဆီကို ဆတူရောပြီး အရေပြားပေါ်မှာ လိမ်းပေးတာက အရေပြားကို ထိခိုက်မှု ကင်းပြီး ခြင်တွေကို အဝေးပြေးစေမှာပါ။

ပူစီနံ အဆီ

ပူစီနံရွက်က ရတဲ့ အဆီကို လိမ်းပေးတာ၊ အစိုဓာတ် ထိန်းစက်ထဲ ထည့်ပြီး ဖွင့်ပေးတာ၊ ရေနွေးနဲ့ ရောစပ်ပြီး ဖြန်ပေးတာကလည်း ခြင်ပြေးစေဖို့ ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။

Rosemary ရိုးတံ

Rosemary ရိုးတံကလည်း ခြင်ပြေးစေဖို့ အထိရောက်ဆုံး ကူညီပေးနိုင် ပါတယ်။ နေအိမ်ထဲမှာ မီးဖို သေးသေးလေးနဲ့ Rosemary ရိုးတံ ကို မီးရှို့ပေးရုံပါ။ ဒီအငွေ့က ခြင်တွေကို မောင်းထုတ်ပေးမှာပါ။

ကော်ဖီမှုန့်

နှပ်ကော်ဖီ လုပ်သောက်တဲ့ ကော်ဖီ အကြမ်းမှုန့်ကို ဖြူးပေးထားတာကလည်း ခြင်တွေကို အဝေးပြေးစေမှာပါ။ နေအိမ် အခန်းတွေထဲမှာ ကော်ဖီမှုန့်ကို ဖြူးထားပေးတာ၊ ရေဝပ်နိုင်တဲ့ နေရာတွေကို ကော်ဖီမှုန့် ဖြူးပေးတာက ခြင်တွေ ပြေးစေဖို့ရော ခြင်တွေ မပေါက်ဖွားစေဖို့ပါ အကောင်းဆုံး အထောက်အကူ ပြုပေးနိုင်မှာပါ။

ဒီနည်းလမ်းတွေမှာ တချို့က သိပ္ပံနည်းကျ ဆက်လက်လေ့လာမှုတွေ လုပ်စရာ လိုသေးပါတယ်။ ဒါပေမယ့် တချို့တွေမှာလည်း တကယ်ခြင်ပြေးတာကို တွေ့ရပါတယ်။ အန္တရာယ်နည်းတဲ့ နည်းလမ်းတွေ ဖြစ်တာကြောင့် စမ်းသပ်ကြည့်မယ်ဆိုလည်း အကျိုးမယုတ်ပါဘူး။

ဒီနည်းလမ်းတွေအပြင် ခြင်ကိုက်မခံရအောင် နေတာ၊ အိမ်နားပတ်ဝန်းကျင်မှာ ခြင်အောင်းနိုင်တဲ့နေရာတွေကို ရှင်းလင်းထားတာကလည်း ခြင်ကိုက်မခံရစေဖို့ အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။

ကဲ…. အိမ်သုံးပစ္စည်းလေးတွေ သုံးလို့ ကျန်းမာရေး ထိခိုက်မှု မရှိစေဘဲ ခြင်တွေကို အဝေးမောင်းထုတ်လိုက်ရအောင်လား…

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

 

[Zawgyi]

ေနအိမ္မွာ ျခင္ကင္းေစမယ့္ အိမ္တြင္းနည္းလမ္းမ်ား

ျမန္မာႏိုင္ငံမွာ ျခင္မ႐ွိတဲ့ အရပ္၊ ျခင္မ႐ွိတဲ့ အိမ္ရယ္ဆိုတာ ခပ္႐ွား႐ွားပါ။ ဒီေတာ့ ေနရာတိုင္းမွာ ေတြ႕ႏိုင္တဲ့ ျခင္ကို ျခင္ေဆး မလိုဘဲ သဘာဝနည္းေလးေတြနဲ႔ ျခင္ေျပးေအာင္ လုပ္ႏိုင္မယ့္ နည္းလမ္းေလးေတြကို ေျပာျပေပးပါရေစ။ ကဲ ….. ေနအိမ္မွာ ျခင္ကင္းေစမယ့္ အိမ္တြင္းနည္းလမ္းမ်ား ကို ၾကည့္လိုက္ရေအာင္ေနာ္။

ေနအိမ္မွာ ျခင္ကင္းေစမယ့္ အိမ္တြင္းနည္းလမ္းမ်ား

ေနအိမ္မွာ ျခင္ေျပးေစဖို႔ ျခင္ေဆး ထြန္းစရာ မလိုေအာင္ေနအိမ္မွာ ျခင္ကင္းေစမယ့္ အိမ္တြင္းနည္းလမ္းမ်ား ကေတာ့

ၾကက္သြန္ျဖဴ

ၾကက္သြန္ျဖဴရဲ႕ အနံ႔ ခပ္ျပင္းျပင္းက ျခင္ေတြကို အေဝးေျပးေစဖို႔ အေကာင္းဆုံး အေထာက္အကူ ျပဳေပးပါတယ္။ ၾကက္သြန္ျဖဴကို ႀကိတ္ေျခၿပီး ေရေႏြးဆူဆူထဲထည့္ပါ။ အေအးခံၿပီး စပေရးဘူးထဲ ထည့္လို႔ အိမ္ရဲ႕ ေနရာအႏွံ႔ကို ျဖန္းေပး႐ုံပါ။

ေလးညႇင္းပြင့္ နဲ႔ သံပ႐ိုသီး

သံပ႐ိုသီးကို ထက္ျခမ္းျခမ္းၿပီး သံပ႐ိုျခမ္းေပၚမွာ ေလးညႇင္းပြင့္ေလးေတြ စိုက္ထားေပးပါ။ ေလးညႇင္းပြင့္ နဲ႔ သံပ႐ိုသီးတို႔ရဲ႕ ရနံ႔ ေပါင္းစပ္မႈက ျခင္ေတြကို ေဝးေဝးေျပးေစဖို႔ အေကာင္းဆုံး အေထာက္အကူျပဳႏိုင္မွာပါ။

ပင္စိမ္း

ပင္စိမ္းက ဟင္းလ်ာေတြကိုတင္ ရနံ႔တိုးေစတာ မဟုတ္ဘဲ ျခင္ေတြ ေျပးေစဖို႔လည္း အကူအညီ ေပးႏိုင္မွာပါ။ လတ္လတ္ဆတ္ဆတ္ ပင္စိမ္းကို ေနအိမ္ အခန္းထဲမွာ ထားထားတာကလည္း ျခင္ေျပးေစမယ့္ နည္းလမ္းေကာင္းပါ။

Tea Tree Oil

ဓာတ္တိုးဆန္႔က်င္ အာနိသင္ ႂကြယ္ဝတဲ့ အေရျပားမွာ Tea Tree Oil က အေရျပား ျပႆနာေတြကိုတင္ ကင္းေစတာ မဟုတ္ဘဲ အေရျပားမွာ လိမ္းထားမယ္ဆိုရင္လည္း ျခင္မကိုက္ေအာင္ ကာကြယ္ေပးႏိုင္မွာပါ။ ျခင္ကိုက္ဖုေတြကို သက္သာေစဖို႔အတြက္လည္း အသုံးျပဳလို႔ ရပါတယ္။

ပန္းသီး႐ွာလကာရည္

ပန္းသီး႐ွာလကာရည္ကို ျဖန္းေပးတာကလည္း သဘာဝ ျခင္ေျပးေဆးတစ္ခုပါ။ စပေရးဘူးထဲမွာ ထည့္လို႔ ေနအိမ္မွာ ျဖန္းေပးပါ။

တမာဆီ နဲ႔ လာဗင္ဒါဆီ

တမာဆီ နဲ႔ လာဗင္ဒါဆီကို ဆတူေရာၿပီး အေရျပားေပၚမွာ လိမ္းေပးတာက အေရျပားကို ထိခိုက္မႈ ကင္းၿပီး ျခင္ေတြကို အေဝးေျပးေစမွာပါ။

ပူစီနံ အဆီ

ပူစီနံ႐ြက္က ရတဲ့ အဆီကို လိမ္းေပးတာ၊ အစိုဓာတ္ ထိန္းစက္ထဲ ထည့္ၿပီး ဖြင့္ေပးတာ၊ ေရေႏြးနဲ႔ ေရာစပ္ၿပီး ျဖန္ေပးတာကလည္း ျခင္ေျပးေစဖို႔ ထိေရာက္တဲ့ နည္းလမ္းတစ္ခုပါ။

Rosemary ႐ိုးတံ

Rosemary ႐ိုးတံကလည္း ျခင္ေျပးေစဖို႔ အထိေရာက္ဆုံး ကူညီေပးႏိုင္ ပါတယ္။ ေနအိမ္ထဲမွာ မီးဖို ေသးေသးေလးနဲ႔ Rosemary ႐ိုးတံ ကို မီး႐ိႈ႕ေပး႐ုံပါ။ ဒီအေငြ႕က ျခင္ေတြကို ေမာင္းထုတ္ေပးမွာပါ။

ေကာ္ဖီမႈန္႔

ႏွပ္ေကာ္ဖီ လုပ္ေသာက္တဲ့ ေကာ္ဖီ အၾကမ္းမႈန္႔ကို ျဖဴးေပးထားတာကလည္း ျခင္ေတြကို အေဝးေျပးေစမွာပါ။ ေနအိမ္ အခန္းေတြထဲမွာ ေကာ္ဖီမႈန္႔ကို ျဖဴးထားေပးတာ၊ ေရဝပ္ႏိုင္တဲ့ ေနရာေတြကို ေကာ္ဖီမႈန္႔ ျဖဴးေပးတာက ျခင္ေတြ ေျပးေစဖို႔ေရာ ျခင္ေတြ မေပါက္ဖြားေစဖို႔ပါ အေကာင္းဆုံး အေထာက္အကူ ျပဳေပးႏိုင္မွာပါ။

ဒီနည္းလမ္းေတြမွာ တခ်ိဳ႕က သိပၸံနည္းက် ဆက္လက္ေလ့လာမႈေတြ လုပ္စရာ လိုေသးပါတယ္။ ဒါေပမယ့္ တခ်ိဳ႕ေတြမွာလည္း တကယ္ျခင္ေျပးတာကို ေတြ႕ရပါတယ္။ အႏၲရာယ္နည္းတဲ့ နည္းလမ္းေတြ ျဖစ္တာေၾကာင့္ စမ္းသပ္ၾကည့္မယ္ဆိုလည္း အက်ိဳးမယုတ္ပါဘူး။

ဒီနည္းလမ္းေတြအျပင္ ျခင္ကိုက္မခံရေအာင္ ေနတာ၊ အိမ္နားပတ္ဝန္းက်င္မွာ ျခင္ေအာင္းႏိုင္တဲ့ေနရာေတြကို ႐ွင္းလင္းထားတာကလည္း ျခင္ကိုက္မခံရေစဖို႔ အေကာင္းဆုံး ကာကြယ္ေပးႏိုင္ပါတယ္။

ကဲ…. အိမ္သုံးပစၥည္းေလးေတြ သုံးလို႔ က်န္းမာေရး ထိခိုက္မႈ မ႐ွိေစဘဲ ျခင္ေတြကို အေဝးေမာင္းထုတ္လိုက္ရေအာင္လား…

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဟန်ဆောင်စာချုပ်များအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service