Rich Dad Poor Dad စာအုပ်ဖြင့် ကမ္ဘာကျော်ခဲ့သူ Robert Kiyosaki က ချမ်းသာချင်လျှင် ၂၄ နာရီလုံး ငွေကို အလုပ်လုပ်ခိုင်းထားရန်၊ အဖြုန်းလျှော့ရန်ပြောကြား

Rich Dad Poor Dad စာအုပ်ဖြင့် ကမ္ဘာကျော်ခဲ့သူ Robert Kiyosaki က ချမ်းသာချင်လျှင် ၂၄ နာရီလုံး ငွေကို အလုပ်လုပ်ခိုင်းထားရန်၊ အဖြုန်းလျှော့ရန်ပြောကြား - Property Knowledge in Myanmar from iMyanmarHouse.com
27 Sep 2024 10:43 am တွင် တင်ခဲ့သည်
1263 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ရောဘတ် ကိယို့ဆကျိ (Robert Kiyosaki) (မွေး-၁၉၄၇) သည် အမေရိကန်စီးပွားရေးလုပ်ငန်းရှင်၊ စာရေးဆရာတစ်ဦးဖြစ်ပြီး Rich Dad Poor Dad စာအုပ်ဖြင့် ကမ္ဘာကျော်ခဲ့သူ ဖြစ်သည်။

Rich Dad Poor Dad သည် ကမ္ဘာတဝန်းတွင် စာအုပ်ပေါင်း သန်း ၄၀ ကျော် ရောင်းချထားရပြီး ကမ္ဘာပေါ်တွင် လူတိုင်းသိသည့် အမည်နာမတစ်ခုဖြစ်လာသည်အထိ ပျံ့နှံ့ကျော်ကြားခဲ့သည်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၀၉ နိုင်ငံတွင် ဘာသာစကားပေါင်း ၅၁ မျိုးဖြင့် ဘာသာပြန်ဆို ထုတ်ဝေထားပြီး ဖြစ်ကာ မြန်မာဘာသာသို့လည်း ပြန်ဆိုထားပြီး ဖြစ်သည်။

မြန်မာနိုင်ငံတွင် အဆိုပါစာအုပ်ကို ဆင်းရဲဖေဖေ ချမ်းသာဖေဖေ (ညီညီနိုင်) ၊ ဖအေနှစ်ဦး သင်ပေးတဲ့ ဆင်းရဲနည်း ချမ်းသာနည်း (မြတ်ငြိမ်း)နှင့် ဆင်းရဲသောဖေဖေ ချမ်းသာသောဖေဖေ (ညီသစ်) ဟူ၍ မြန်မာပြန်ဆို ရေးသားထုတ်ဝေထားမှုများ ရှိသည်။

Robert Kiyosaki က သူ၏ အရောင်းရဆုံးစာအုပ် Rich Dad Poor Dad တွင် အသက်မွေးဝမ်းကျောင်း အလုပ်နှင့် စီးပွားရေး ၂ မျိုး၏ ခြားနားပုံကို မီးမောင်းထိုးပြထားပြီး ငွေအတွက် မပူပင်ရရန် (Financial Independence) ဆိုလျှင် ဓနရစ်ဘီး (asset column) ဆောက်တည်ရေး၏ အရေးပါပုံကိုလည်း ရေးသား ဖော်ပြထားသည်။

လူအများစုမှာ အလုပ်နှင့် စီးပွားရေးကို မသဲကွဲကြကြောင်း Kiyosaki က ရှင်းပြသည်။

ဥပမာ လူတစ်ယောက်ကို “ဘာအလုပ်လုပ်လဲ” ဟုမေးလျှင် “အလှပြင်တယ်” ဟု ဖြေမည်။

ထိုအခါ အလှပြင်ဆိုင်ကို ပိုင်သလားဟုမေးလျှင် “မပိုင်ပါဘူး။ အဲ့ဒီဆိုင်မှာ အလုပ်လုပ်တာ” ဟု ဖြေလေ့ရှိသည်။

ထိုအချက်မှာ လူတို့က မိမိ၏ အသက်မွေးဝမ်းကျောင်းအလုပ်နှင့် စီးပွားရေးကို အဓိပ္ပာယ်ကောက်လွဲနေကြခြင်း ဖြစ်ကြောင်း Kiyosaki က ပြောသည်။

ငွေအတွက် မပူပင်ရရန်ဆိုလျှင် မိမိကိုယ်ပိုင်စီးပွားရေးကိုသာ အာရုံစိုက်ကြရန် Kiyosaki က အကြံပြုသည်။

ဆိုလိုသည်မှာ အလုပ်အကိုင်တစ်ခုမှရသော ငွေထက် ကိုယ်ပိုင် ဓနရစ်ဘီးတစ်ခု တည်ဆောက်ရေးကို အာရုံစိုက်သင့်ကြောင်း အကြံပြုခြင်း ဖြစ်သည်။

ဓနရစ်ဘီးဆီတွင် သင်၏ စီးပွားရေးက ဗဟိုပြုလည်ပတ်နေကြောင်း၊ ထိုအရာကို အားကောင်းလာစေရန် လုပ်ဆောင်ခြင်းမှာ ရေရှည်ဓနတည်ဆောက်မှုအတွက် သော့ချက်ဖြစ်ကြောင်း Kiyosaki က ပြောသည်။

“ဒီ ဓနရစ်ဘီးထဲကို ငွေဝင်လာပြီဆိုတာနဲ့ ဘယ်တော့မှ ပြန်ထွက်ခွင့်မပေးပါနဲ့” ဟု ၎င်းက ဆိုသည်။

ဓနရစ်ဘီးထဲသို့ ဝင်လာသော ငွေတစ်ကျပ်စီတိုင်းကို မိမိအတွက် အလုပ်လုပ်ပေးနေသည့် ဝန်ထမ်းတစ်ဦး သဖွယ် ရှုမြင်ရန် Kiyosaki က တိုက်တွန်းထားသည်။

“ငွေက ၂၄ နာရီလုံး အလုပ်လုပ်ပေးပါတယ်။ သူတို့က မျိုးဆက်တွေများစွာကြာသွားတဲ့အထိ အလုပ်လုပ်ပေး နိုင်ကြတယ်”

ချမ်းသာလိုသူတို့အနေဖြင့် ငွေဖြုန်းပစ္စည်း (Liabilities) နှင့် ရေရှည်တွင် တန်ဖိုးတက်မှု နည်းပါးသည့် အရာများထက် စီးပွားရေးလုပ်ငန်းများ (သို့မဟုတ်) ရင်းနှီးမြှုပ်နှံမှုများကဲ့သို့ asset များတွင်သာ အာရုံစိုက်ရန် Kiyosaki က တိုက်တွန်းသည်။

Kiyosaki က အကြံပြုသည်မှာ မိမိတို့ နေ့ဘက်လုပ်ကိုင်နေသည့်အလုပ်ကိုလည်း ဆက်လက်လုပ်ကိုင်ရင်း ဓနရစ်ဘီးကို အမြဲတည်ဆောက်နေရန် အကြံပေးသည်။

“asset တွေ ဝယ်ပါ။ ငွေဖြုန်းပစ္စည်းတွေ မဝယ်ပါနဲ့” ဟု Kiyosaki ကဆိုသည်။

အသုံးနည်းပါးခြင်း (low expense) ၊ အဖြုန်း လျှော့ခြင်း (reducing liabilities)၊ Asset များကို အာရုံစိုက်ခြင်းတို့အားဖြင့် ခိုင်မာသည့်ဓနအခြေခံကို တည်ဆောက်နိုင်ပြီး အချိန်ကြာလာသည်နှင့်အမျှ တိုးပွားလာမည်သည်။

ငွေလည်ပတ်မှု မြင့်တက်လာပါက luxury များဝယ်နိုင်ကြောင်း Kiyosaki က ပြောသည်။

သို့သော် သတိပြုစရာတစ်ခု ရှိသည်။

“လူချမ်းသာတွေက luxury တွေကို နောက်ဆုံးကျမှ ဝယ်ကြတယ်။ ဆင်းရဲသားနဲ့ လူလတ်တန်းစား တွေကတော့ luxury တွေကို အရင်ဆုံးဝယ်တယ်” ဟု Kiyosaki က ပြောသည်။

Kiyosaki ပြောသော သတင်းစကားမှာ ရှင်းသည်။

မိမိအတွက် ခိုင်မာသည့် asset အခြေခံများ တည်ဆောက်ကာ ငွေကို အလုပ်လုပ်ခိုင်းထားလျှင် ငွေအတွက် မပူပင်ရမှု (Financial Independence) မှ ကျွဲကူးရေပါအဖြစ် လိုက်ပါလာမည်ဟု ဆိုသည်။

(ဆက်စပ်သတင်း)

တစ်နာရီ ၉ ဒေါ်လာသာရသည့် ပန်းစိုက်အလုပ်သမားဘဝ၊ တံခါးစောင့် ဘဝ၊ သူငယ်ချင်းတစ်ဦး၏ နေအိမ်နောက်ဘက် ကားနောက်တွဲတစ်ခုကို တစ်ပတ်လျှင် ဒေါ်လာ ၁၀၀ ဖြင့် ငှားရမ်းနေထိုင်ရသည့်ဘဝမှ Rich Dad Poor Dad စာအုပ်ဖတ်ရှုပြီးနောက် အသက် ၃၀ မတိုင်မီ အိမ်ခြံမြေများ ဝယ်ယူအငှားချသည့် လုပ်ငန်းဖြင့် သန်းကြွယ်သူဌေးဖြစ်လာသူ

https://www.imyanmarhouse.com/news/read/867231

 

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Robert Kiyosaki, 'Rich Dad Poor Dad,' Says If You Want To Be Rich, Mind Your Business And Let Your Money Work 24 Hours A Day (finance)

 

 

[Zawgyi]

Rich Dad Poor Dad စာအုပ္ျဖင့္ ကမၻာေက်ာ္ခဲ့သူ Robert Kiyosaki က ခ်မ္းသာခ်င္လွ်င္ ၂၄ နာရီလံုး ေငြကို အလုပ္လုပ္ခိုင္းထားရန္၊ အျဖဳန္းေလွ်ာ့ရန္ေျပာၾကား

ေရာဘတ္ ကိယို႔ဆက်ိ (Robert Kiyosaki) (ေမြး-၁၉၄၇) သည္ အေမရိကန္စီးပြားေရးလုပ္ငန္းရွင္၊ စာေရးဆရာတစ္ဦးျဖစ္ျပီး Rich Dad Poor Dad စာအုပ္ျဖင့္ ကမၻာေက်ာ္ခဲ့သူ ျဖစ္သည္။

Rich Dad Poor Dad သည္ ကမၻာတဝန္းတြင္ စာအုပ္ေပါင္း သန္း ၄၀ ေက်ာ္ ေရာင္းခ်ထားရျပီး ကမၻာေပၚတြင္ လူတိုင္းသိသည့္ အမည္နာမတစ္ခုျဖစ္လာသည္အထိ ပ်ံ႕ႏွံ႔ေက်ာ္ၾကားခဲ့သည္။

ကမၻာ့ႏိုင္ငံေပါင္း ၁၀၉ ႏိုင္ငံတြင္ ဘာသာစကားေပါင္း ၅၁ မ်ဳိးျဖင့္ ဘာသာျပန္ဆို ထုတ္ေဝထားျပီး ျဖစ္ကာ ျမန္မာဘာသာသို႔လည္း ျပန္ဆိုထားျပီး ျဖစ္သည္။

ျမန္မာႏိုင္ငံတြင္ အဆိုပါစာအုပ္ကို ဆင္းရဲေဖေဖ ခ်မ္းသာေဖေဖ (ညီညီႏိုင္) ၊ ဖေအႏွစ္ဦး သင္ေပးတဲ့ ဆင္းရဲနည္း ခ်မ္းသာနည္း (ျမတ္ျငိမ္း)ႏွင့္ ဆင္းရဲေသာေဖေဖ ခ်မ္းသာေသာေဖေဖ (ညီသစ္) ဟူ၍ ျမန္မာျပန္ဆို ေရးသားထုတ္ေဝထားမႈမ်ား ရွိသည္။

Robert Kiyosaki က သူ၏ အေရာင္းရဆံုးစာအုပ္ Rich Dad Poor Dad တြင္ အသက္ေမြးဝမ္းေက်ာင္း အလုပ္ႏွင့္ စီးပြားေရး ၂ မ်ဳိး၏ ျခားနားပံုကို မီးေမာင္းထုိးျပထားျပီး ေငြအတြက္ မပူပင္ရရန္ (Financial Independence) ဆိုလွ်င္ ဓနရစ္ဘီး (asset column) ေဆာက္တည္ေရး၏ အေရးပါပံုကိုလည္း ေရးသား ေဖာ္ျပထားသည္။

လူအမ်ားစုမွာ အလုပ္ႏွင့္ စီးပြားေရးကို မသဲကြဲၾကေၾကာင္း Kiyosaki က ရွင္းျပသည္။

ဥပမာ လူတစ္ေယာက္ကို “ဘာအလုပ္လုပ္လဲ” ဟုေမးလွ်င္ “အလွျပင္တယ္” ဟု ေျဖမည္။

ထိုအခါ အလွျပင္ဆိုင္ကို ပိုင္သလားဟုေမးလွ်င္ “မပိုင္ပါဘူး။ အဲ့ဒီဆိုင္မွာ အလုပ္လုပ္တာ” ဟု ေျဖေလ့ရွိသည္။

ထိုအခ်က္မွာ လူတို႔က မိမိ၏ အသက္ေမြးဝမ္းေက်ာင္းအလုပ္ႏွင့္ စီးပြားေရးကို အဓိပၸာယ္ေကာက္လြဲေနၾကျခင္း ျဖစ္ေၾကာင္း Kiyosaki က ေျပာသည္။

ေငြအတြက္ မပူပင္ရရန္ဆိုလွ်င္ မိမိကိုယ္ပိုင္စီးပြားေရးကိုသာ အာရံုစိုက္ၾကရန္ Kiyosaki က အၾကံျပဳသည္။

ဆိုလိုသည္မွာ အလုပ္အကိုင္တစ္ခုမွရေသာ ေငြထက္ ကိုယ္ပိုင္ ဓနရစ္ဘီးတစ္ခု တည္ေဆာက္ေရးကို အာရံုစိုက္သင့္ေၾကာင္း အၾကံျပဳျခင္း ျဖစ္သည္။

ဓနရစ္ဘီးဆီတြင္ သင္၏ စီးပြားေရးက ဗဟိုျပဳလည္ပတ္ေနေၾကာင္း၊ ထိုအရာကို အားေကာင္းလာေစရန္ လုပ္ေဆာင္ျခင္းမွာ ေရရွည္ဓနတည္ေဆာက္မႈအတြက္ ေသာ့ခ်က္ျဖစ္ေၾကာင္း Kiyosaki က ေျပာသည္။

“ဒီ ဓနရစ္ဘီးထဲကို ေငြဝင္လာျပီဆိုတာနဲ႔ ဘယ္ေတာ့မွ ျပန္ထြက္ခြင့္မေပးပါနဲ႔” ဟု ၎က ဆိုသည္။

ဓနရစ္ဘီးထဲသို႔ ဝင္လာေသာ ေငြတစ္က်ပ္စီတိုင္းကို မိမိအတြက္ အလုပ္လုပ္ေပးေနသည့္ ဝန္ထမ္းတစ္ဦး သဖြယ္ ရႈျမင္ရန္ Kiyosaki က တိုက္တြန္းထားသည္။

“ေငြက ၂၄ နာရီလံုး အလုပ္လုပ္ေပးပါတယ္။ သူတုိ႔က မ်ဳိးဆက္ေတြမ်ားစြာၾကာသြားတဲ့အထိ အလုပ္လုပ္ေပး ႏိုင္ၾကတယ္”

ခ်မ္းသာလိုသူတို႔အေနျဖင့္ ေငြျဖဳန္းပစၥည္း (Liabilities) ႏွင့္ ေရရွည္တြင္ တန္ဖိုးတက္မႈ နည္းပါးသည့္ အရာမ်ားထက္ စီးပြားေရးလုပ္ငန္းမ်ား (သို႔မဟုတ္) ရင္းႏွီးျမွဳပ္ႏွံမႈမ်ားကဲ့သို႔ asset မ်ားတြင္သာ အာရံုစိုက္ရန္ Kiyosaki က တိုက္တြန္းသည္။

Kiyosaki က အၾကံျပဳသည္မွာ မိမိတို႔ ေန႔ဘက္လုပ္ကိုင္ေနသည့္အလုပ္ကိုလည္း ဆက္လက္လုပ္ကိုင္ရင္း ဓနရစ္ဘီးကို အျမဲတည္ေဆာက္ေနရန္ အၾကံေပးသည္။

“asset ေတြ ဝယ္ပါ။ ေငြျဖဳန္းပစၥည္းေတြ မဝယ္ပါနဲ႔” ဟု Kiyosaki ကဆိုသည္။

အသံုးနည္းပါးျခင္း (low expense) ၊ အျဖဳန္း ေလွ်ာ့ျခင္း (reducing liabilities)၊ Asset မ်ားကို အာရံုစိုက္ျခင္းတို႔အားျဖင့္ ခိုင္မာသည့္ဓနအေျခခံကို တည္ေဆာက္ႏုိင္ျပီး အခ်ိန္ၾကာလာသည္ႏွင့္အမွ် တိုးပြားလာမည္သည္။

ေငြလည္ပတ္မႈ ျမင့္တက္လာပါက luxury မ်ားဝယ္ႏိုင္ေၾကာင္း Kiyosaki က ေျပာသည္။

သို႔ေသာ္ သတိျပဳစရာတစ္ခု ရွိသည္။

“လူခ်မ္းသာေတြက luxury ေတြကို ေနာက္ဆံုးက်မွ ဝယ္ၾကတယ္။ ဆင္းရဲသားနဲ႔ လူလတ္တန္းစား ေတြကေတာ့ luxury ေတြကို အရင္ဆံုးဝယ္တယ္” ဟု Kiyosaki က ေျပာသည္။

Kiyosaki ေျပာေသာ သတင္းစကားမွာ ရွင္းသည္။

မိမိအတြက္ ခိုင္မာသည့္ asset အေျခခံမ်ား တည္ေဆာက္ကာ ေငြကို အလုပ္လုပ္ခိုင္းထားလွ်င္ ေငြအတြက္ မပူပင္ရမႈ (Financial Independence) မွ ကၽြဲကူးေရပါအျဖစ္ လိုက္ပါလာမည္ဟု ဆိုသည္။

(ဆက္စပ္သတင္း)

တစ္နာရီ ၉ ေဒၚလာသာရသည့္ ပန္းစိုက္အလုပ္သမားဘဝ၊ တံခါးေစာင့္ ဘဝ၊ သူငယ္ခ်င္းတစ္ဦး၏ ေနအိမ္ေနာက္ဘက္ ကားေနာက္တြဲတစ္ခုကို တစ္ပတ္လွ်င္ ေဒၚလာ ၁၀၀ ျဖင့္ ငွားရမ္းေနထိုင္ရသည့္ဘဝမွ Rich Dad Poor Dad စာအုပ္ဖတ္ရႈျပီးေနာက္ အသက္ ၃၀ မတိုင္မီ အိမ္ျခံေျမမ်ား ဝယ္ယူအငွားခ်သည့္ လုပ္ငန္းျဖင့္ သန္းၾကြယ္သူေဌးျဖစ္လာသူ

https://www.imyanmarhouse.com/news/read/867231

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစ႐ွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္႐ွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Robert Kiyosaki, 'Rich Dad Poor Dad,' Says If You Want To Be Rich, Mind Your Business And Let Your Money Work 24 Hours A Day (finance)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service