သိပ္ပံပညာရှင်တွေ အဖြေမရှာနိုင်သေးတဲ့ ဘူမိဗေဒ အံ့ဖွယ်တစ်ပါး (သို့မဟုတ်) တရုတ်ပြည်တွင် တောင်နံရံမှ ကျောက်ဥကြီးများ အမြဲထွက်လာနေသော အံ့ဖွယ်တောင်ကြီး တစ်လုံး၊ တစ်နှစ်လျှင် ကျောက်ကြက်ဥ အလုံး ၃၀ ထွက်ပြီး ဒေသခံတို့က ကောက်ယူကာ ကိုးကွယ်ကြ
သိပ္ပံပညာရှင်တွေ အဖြေမရှာနိုင်သေးတဲ့ ဘူမိဗေဒ အံ့ဖွယ်တစ်ပါး (သို့မဟုတ်) တရုတ်ပြည်တွင် တောင်နံရံမှ ကျောက်ဥကြီးများ အမြဲထွက်လာနေသော အံ့ဖွယ်တောင်ကြီး တစ်လုံး၊ တစ်နှစ်လျှင် ကျောက်ကြက်ဥ အလုံး ၃၀ ထွက်ပြီး ဒေသခံတို့က ကောက်ယူကာ ကိုးကွယ်ကြ - Property Knowledge in Myanmar from iMyanmarHouse.com
25 Sep 2024 10:37 am တွင် တင်ခဲ့သည်
922 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
တရုတ်ပြည်ရှိ ကျေးတောရွာငယ်လေးတစ်ခုမှာ ကမ္ဘာ့သတင်းမီဒီယာများတွင် ပျံ့နှံ့ကျော်ကြားနေသည်မှာ နှစ်အတန်ကြာခဲ့ပြီ။
ထိုရွာလေးရှိ တောင်ကမ်းပါးနံရံကြီးတစ်ခုမှာ ကျောက်ဥများ အမြဲမပြတ် အလိုအလျောက် ဆန်းကြယ်စွာ ထွက်ရှိနေသောကြောင့် ကမ္ဘာတဝန်း ဂယက်ရိုက်ကျော်ကြားနေခြင်း ဖြစ်သည်။
“ကြက်ဥ ဥသော တောင်ကမ်းပါး” ဟု လူသိများသည့် တောင်ကြီးမှာ တရုတ်ပြည် အရှေ့ပိုင်းတွင် တည်ရှိ သည်။
ထိုတောင်ရှိ တောင်ကမ်းပါးနံရံမှ အလေးချိန် ပေါင် ၆၆၀ ခန့်အထိရှိသော ကျောက်ဥကြီးများ အမြဲပုံမှန် ထွက်ရှိနေသည်ဟု ဒေသခံတို့က ပြောသည်။
တောင်ကမ်းပါးနံရံတွင်ရှိသော ကျောက်ဥကြီးများသည် နှစ်ပေါင်း ၃၀ ကြာလျှင် အောက်သို့ ပြုတ်ကျလာ လေ့ရှိသည်ဟု ဆိုသည်။
သိပ္ပံပညာရှင်များမှာ ယခုဖြစ်ရပ်ကို သိပ္ပံနည်းကျ အဖြေမရှာနိုင်ကြသေး။
(ယခုဓာတ်ပုံမှာ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလအတွင်းက ရိုက်ကူးခဲ့သည့် ဓာတ်ပုံဖြစ်ပြီး တရုတ်ပြည်ရှိ ကျောက်ဥကြီးများရှိနေသော တောင်နံရံဖြစ်သည်။)
(အံဖွယ်ဖြစ်ရပ်ကို တွေ့ရှိရသည့်နေရာမှာ တရုတ်ပြည် ကွေ့ကျိုးပြည်နယ်၊ ကူးလူးကျိုင်းကျေးရွာရှိ တောင်ကြီး တစ်ခုမှ ၆၆ ပေရှည်လျားကာ အမြင့် ပေ ၂၀ ရှိသော တောင်နံရံတွင်ဖြစ်ပြီး ယခုဓာတ်ပုံမှာ ၂၀၁၆ ခုနှစ်က ရိုက်ကူးခဲ့သော ဓာတ်ပုံ ဖြစ်သည်။)
အံ့ဖွယ်တောင် တည်ရှိသောနေရာမှာ ကွေ့ကျိုးပြည်နယ်၊ ကူးလူးကျိုင်း (Gulu Zhai) ကျေးရွာတွင်ဖြစ်ပြီး လူနည်းစု ရွှေလူမျိုးတို့က လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀ ခန့်ကတည်းက နေထိုင်ခဲ့ကြသောနေရာလည်း ဖြစ်သည်။
ကျောက်ဥများထွက်သောတောင်ကမ်းပါး (သို့မဟုတ်) တရုတ်ဘာသာအားဖြင့် ချန်ဒမ်ယာဟုခေါ်သော နေရာ အကြောင်း DW News သတင်းဌာနမှ ဖော်ပြခဲ့မှုအရ အလျား မီတာ ၂၀ (၆၆ ပေ) ၊ အမြင့် ၆ မီတာ (ပေ ၂၀) ရှိ တောင်နံရံဖြစ်ပြီး အမည်နာမ မရှိသော တောင်တစ်လုံးဖြစ်ကာ ကျေးရွာအတွင်းတွင် တည်ရှိသည်ဟု ဆိုသည်။
ကျောက်ဥကြီးတို့သည် တောင်နံရံတွင် ပေါ်ပေါက်လာပြီး နောက်ဆုံးတွင် မြေပေါ်သို့ ပြုတ်ကျလာလေ့ရှိ သည်ဟု ဆိုသည်။
(ကျောက်ဥကြီးများက ကံကြမ္မာကောင်းများ ဆောင်ကြဉ်းပေးနိုင်သည်ဟု ရွာသားတို့က ယုံကြည်ကြ သည်။ ထို့ကြောင့် ကျောက်ဥများတွေ့လျှင် သယ်ဆောင်သွားကြကာ အိမ်တွင် ကိုးကွယ်ကြလေ့ရှိသည်။ ကူးလူးကျိုင်း ကျေးရွာတွင် စုစုပေါင်းကျောက်ဥ ၁၀၀ ခန့် ကောက်ယူကိုးကွယ်ထားကြသည်)
(ကျောက်ဥတို့၏ အချင်းမှာ ၁၁ ဒသမ ၈ လက်မမှ ၂၃ ဒသမ ၆ လက်မကြားရှိပြီး အလေးချိန် ပေါင် ၆၆၀ အထိ ရှိနိုင်သည်)
(နှစ် ၃၀ ကြာတိုင်း ကျောက်ဥကြီးတို့သည် တောင်နံရံမှ ပြုတ်ကျလာလေ့ရှိပြီး အခြားဥတစ်လုံး ထပ်မံ ပေါ်ပေါက်လာသည်)
QQ.com တွင် လွှင့်တင်ခဲ့သော ဗွီဒီယိုဖိုင်တစ်ခုအရ နှစ် ၃၀ ကြာလျှင် ကျောက်ဥကြီးများ မြေပေါ်သို့ ပြုတ်ကျလာကြောင်း ဖော်ပြသည်။
(ကျောက်ဥကြီးများမှာ အပြာရင့်ရောင်ရှိပြီး ဒိုင်နိုဆောဥများနှင့် ပုံစံတူသည်)
(ဘူမိဗေဒပညာရှင်များက သိပ္ပံနည်းကျ တရားဝင်ရှင်းပြမှုများ မလုပ်ဆောင်နိုင်ကြသေး)
ထိုနေရာသို့ ရောက်ရှိခဲ့သော စာနယ်ဇင်းသမားတို့၏ တွေ့ရှိချက်အရ အချို့သော ကျောက်ဥကြီးများမှာ စတင်ဖြစ်ပေါ်ကာစဖြစ်ပြီး အချို့သောဥကြီးများမှာမူ မြေပေါ်သို့ ပြုတ်ကျတော့မည့် အနေအထားရှိကြောင်း တွေ့ခဲ့ကြသည်။
ကူးလူးကျိုင်းရွာလေးတွင် အိမ်ထောင်စု ၁၀၀ ကျော်ရှိပြီး ကျောက်ဥများ အလုံး ၁၀၀ ကျော် ကောက်ယူ ထားကြပြီး ဖြစ်သည်။
ကျောက်ဥကြီးများသည် ကံကောင်းမှုများ ဆောင်ကြဉ်းပေးနိုင်သည့်အပြင် လက်ထပ်စ စုံတွဲများအတွက် သားယောက်ျားလေး ရရှိစေရန် မ,စ နိုင်ကြောင်း ယုံကြည်ကြသည်။
နှစ်ပေါင်းများစွာကာလအတွင်း တရုတ်ပြည်ရှိ ဘူမိဗေဒ ပညာရှင်တို့က ဖြစ်နိုင်ချေရှိသည့် ရှင်းပြချက်များ ပြုလုပ်ခဲ့သော်လည်း တရားဝင်ထုတ်ပြန်ကြေညာခြင်း မရှိခဲ့။
ဤကျောက်ဥများသည် Cambrian Period ဟုခေါ်သော ကမ္ဘာဦးကာလ၊ လွန်ခဲ့သော နှစ်သန်းပေါင်း ၅၀၀ ခန့်က ပင်လယ်ရေနက်အောက်တွင် ကယ်လ်စီယမ် ကာဗွန်နိတ် မော်လီကျူးတို့ဖြင့် ဖွဲ့စည်းဖြစ်ပေါ်လာသော အစိုင်အခဲများဖြစ်ကြောင်း ကွေ့ကျိုးပြည်နယ် ဘူမိဗေဒ၊ ဓာတ်သတ္တု စူးစမ်းလေ့လာရေးနှင့် ဖွံ့ဖြိုးရေးဗျူရိုမှ ဒေါက်တာ ဝမ်ရှန်းယန်က ရှင်းပြခဲ့ဖူးသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: China's egg producing mountain: A geological mystery (dailymail) Photo Credit-dailymail
[Zawgyi]
သိပ္ပံပညာရှင်တွေ အဖြေမရှာနိုင်သေးတဲ့ ဘူမိဗေဒ အံ့ဖွယ်တစ်ပါး (သို့မဟုတ်) တရုတ်ပြည်တွင် တောင်နံရံမှ ကျောက်ဥကြီးများ အမြဲထွက်လာနေသော အံ့ဖွယ်တောင်ကြီး တစ်လုံး၊ တစ်နှစ်လျှင် ကျောက်ကြက်ဥ အလုံး ၃၀ ထွက်ပြီး ဒေသခံတို့က ကောက်ယူကာ ကိုးကွယ်ကြ တရုတ်ပြည်ရှိ ကျေးတောရွာငယ်လေးတစ်ခုမှာ ကမ္ဘာ့သတင်းမီဒီယာများတွင် ပျံ့နှံ့ကျော်ကြားနေသည်မှာ နှစ်အတန်ကြာခဲ့ပြီ။
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
Golden City Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service