စင်္ကာပူတွင် လစာကောင်းသော အလုပ်၊ တန်ဖိုးကြီးမော်တော်ကားတို့ရှိပြီး လူအများအိပ်မက်ကြသည့် ‘စင်္ကာပူအိပ်မက်’ ကို ရရှိခဲ့ကာ ဇနီးနှင့် ကလေး ၂ ဦးရှိသော်လည်း မပျော်ရွှင်သော စင်္ကာပူအမျိုးသား တစ်ဦးအကြောင်း

စင်္ကာပူတွင် လစာကောင်းသော အလုပ်၊ တန်ဖိုးကြီးမော်တော်ကားတို့ရှိပြီး လူအများအိပ်မက်ကြသည့် ‘စင်္ကာပူအိပ်မက်’ ကို ရရှိခဲ့ကာ ဇနီးနှင့် ကလေး ၂ ဦးရှိသော်လည်း မပျော်ရွှင်သော စင်္ကာပူအမျိုးသား တစ်ဦးအကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
24 Sep 2024 10:29 am တွင် တင်ခဲ့သည်
617 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

အမျိုးသားတစ်ဦးက သူ၏ အောင်မြင်နေသော သူငယ်ချင်းတစ်ဦး၏ အံ့ဖွယ်ဇာတ်ကြောင်းတစ်ခုကို လူမှုကွန်ရက်တွင် မျှဝေလာသည်။

သူ၏ သူငယ်ချင်းသည် လူအများစု လိုလားတပ်မက်နေသော စင်္ကာပူအိပ်မက်ကို လက်တွေ့ ရရှိထားသူ တစ်ဦးလည်း ဖြစ်၏။

r/askSingapore အမည်ရှိ Reddit လူမှုကွန်ရက် ဖိုရမ်တစ်ခုတွင် ထိုသူက မျှဝေပြောပြလာသည်မှာ သူ၏ သူငယ်ချင်းသည် ဘဝအောင်မြင်မှု မှတ်တိုင်များစွာ စိုက်ထူနိုင်ခဲ့ကြောင်း၊ အထင်ကရ တက္ကသိုလ်ကြီးတစ်ခုမှ ဘွဲ့ရခြင်း၊ စင်္ကာပူတွင် လစာမြင့်မားသော အလုပ်ရခြင်း၊ SUV ကားသစ်ကြီးတစ်စီး ဝယ်စီးနိုင်ခြင်း (စင်္ကာပူတွင် ကားပိုင်ဆိုင်ရေးမှာ မလွယ်ကူပါ)၊ မိသားစုဘဝတစ်ခု ပိုင်ဆိုင်ထားခြင်း အစရှိသည့် အောင်မြင်မှုများ ရရှိထားကြောင်း ပြောသည်။

ထိုသို့ ဘဝကို အဆင်ပြေချောမွေ့စွာ ဖြတ်သန်းနေရသော်လည်း သူ၏ သူငယ်ချင်းက မပျော်ရွှင်ကြောင်း ထုတ်ဖော်ပြောကြားလာသည်ဟု ဆိုသည်။

“ဒါတွေအားလုံးကို သာမန်လိုပဲ သူက ခံစားရတယ်လို့ ပြောပါတယ်။ လူလတ်တန်းစားဘဝက လာခဲ့သူတစ်ဦး။ ကျွန်တော်ဆိုရင်လည်း ဒီလိုတွေ ရရှိချင်တယ်၊ ပိုင်ဆိုင်ချင်တယ်။ လူတစ်ယောက်က အများကြီး ပြီးမြောက် အောင်မြင်အောင်ကြိုးစားနိုင်ခဲ့ပြီးရင် အဲဒါက ကြိုးစားခဲ့ရသူကို ပျော်ရွှင်မှု မပေးစွမ်းနိုင်ဘူးလားဆိုတာ ကျွန်တော်သိလိုစိတ် ပြင်းပြလာပါတယ်။”

စင်္ကာပူမှ Reddit လူမှုကွန်ရက်သုံးစွဲသူတို့က မှတ်ချက်ပြုသည်မှာ ၎င်း၏ သူငယ်ချင်းသည် လမ်းလျှောက် အပြေးလေ့ကျင့်စက်သဖွယ် ပျင်းရိငြီးငွေ့ဖွယ် အလုပ်တစ်ခုနှင့် ရင်ဆိုင်နေရခြင်းဖြစ်နိုင်ကြောင်း မှတ်ချက်ပြု ကြသည်။

လမ်းလျှောက်အပြေးလေ့ကျင့်စက်တွင် လေ့ကျင့်သူတစ်ဦးသည် သတ်မှတ်ထားသော ပန်းတိုင်သို့ ရောက်ရှိခဲ့လျှင်လည်း ပန်းတိုင်နှင့် ရည်မှန်းချက်ကို ထပ်မံတိုးမြှင့် လေ့ကျင့်ကြရာ မဆုံးနိုင်သော ခရီးတစ်ခု ဖြစ်နေသည်။

ထို့ကြောင့် ၎င်းတို့အနေဖြင့် သတ်မှတ်ပန်းတိုင်သို့ ရောက်ရှိပါကလည်း စိတ်ကျေနပ်မှုကို ကြာရှည်ခံစားနိုင်မှု မရှိဘဲ ပိုမိုမြင့်မားသော ပန်းတိုင်ကို ချက်ချင်းစတင်လျှောက်လှမ်းရပြန်သည်။

Reddit လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက “လစာနဲ့ ပတ်သက်ရင်လည်း ဒီသဘောမျိုးပဲ။ ကိုယ်က လစာ ၁၈၀၀ ရတယ်ဆိုရင် ၃၆၀၀ (၅၀ ရာခိုင်နှုန်း increment) ရဖို့ ရည်မှန်းလာကြတယ်။ အဲဒီနောက် ၄၀၀၀ လိုချင်ပြန်ရော။ ဒါ့ထက် ပိုပို မြင့်မားလာတယ်။ ဘယ်လောက်ရမှ စိတ်ကျေနပ်ပြီး ပျော်ရွှင်နိုင်မှာလဲ” ဟု မှတ်ချက်ပြုသည်။

ဒုတိယတစ်ဦးကလည်း “ပျော်ရွှင်မှုကို နောက်ထပ်ပန်းတိုင်ဆီ ရွှေ့ထားလိုက်မယ်ဆိုရင် ခင်ဗျားတို့အနေနဲ့ တသက်လုံး ဘယ်တော့မှ ပျော်ရွှင်မှုကို ရမှာမဟုတ်ပါဘူး။ အခုဖြစ်ရပ်မှာ ခင်ဗျားရဲ့ သူငယ်ချင်းဆီကနေ ရတဲ့သင်ခန်းစာကတော့ အခုအောင်မြင်မှုမှာ အခုပျော်တတ်ဖို့ လိုပါတယ်” ဟု ဆိုသည်။

အချို့သူတို့ကမူ ပို့စ်ရေးသားသူ၏ သူငယ်ချင်း အဘယ်ကြောင့် ယခုကဲ့သို့ ခံစားနေရကြောင်း အခြားရှင်းပြချက် များ မှတ်ချက်ပေးကြသည်။

တစ်ဦးက မှတ်ချက်ပြုသည်မှာ “သူက စိတ်ထားမြင့်မြတ်တဲ့သူတစ်ယောက်ဖြစ်နိုင်တယ်။ သူ့ရဲ့ အောင်မြင်မှု တွေကို ကြွားလုံးမထုတ်ဘဲ မှေးမှိန်ပစ်တတ်တဲ့သူမျိုးပေါ့။ ပျော်ရွှင်မှုကို အောင်မြင်မှုတွေနဲ့ သွားပြီး ပေတံတိုင်း လို့ မရဘူးလို့ ပြောချင်ပါတယ်။ ဒါပေမယ့် ဒါကလည်း သူ့ရဲ့ တမျိုးတဖုံ ကြွားလုံးထုတ်မှုမျိုး ဖြစ်နိုင်တာပါပဲ” ဟု ဆိုသည်။

အခြားတစ်ဦးက မှတ်ချက်ပေးသည်မှာမူ “သူ့ရဲ့အလုပ်က စိတ်ဖိစီးမှုများလို့ မပျော်ရွှင်တာ ဖြစ်နိုင်ပါတယ်။ သူက ပိုပြီးမြင့်မားတဲ့နေရာရောက်ဖို့ ကြိုးစားနေပြီး တစ်ခုခုအောင်မြင်မှုရရင် နောက်တစ်ခုအတွက် ဆက်ပြီး ကြိုးစားနေတတ်တာ ဖြစ်နိုင်တယ်” ဟု မှတ်ချက်ပြုသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Man achieves the “Singaporean dream” with high-paying job, expensive car, has a wife and two kids, yet “doesn’t feel happy” (theindependent)

 

[Zawgyi]

စကၤာပူတြင္ လစာေကာင္းေသာ အလုပ္၊ တန္ဖုိိးၾကီးေမာ္ေတာ္ကားတုိ႔ရွိျပီး လူအမ်ားအိပ္မက္ၾကသည့္ ‘စကၤာပူအိပ္မက္’ ကို ရရွိခဲ့ကာ ဇနီးႏွင့္ ကေလး ၂ ဦးရွိေသာ္လည္း မေပ်ာ္ရႊင္ေသာ စကၤာပူအမ်ဳိးသား တစ္ဦးအေၾကာင္း

အမ်ဳိးသားတစ္ဦးက သူ၏ ေအာင္ျမင္ေနေသာ သူငယ္ခ်င္းတစ္ဦး၏ အံ့ဖြယ္ဇာတ္ေၾကာင္းတစ္ခုကို လူမႈကြန္ရက္တြင္ မွ်ေဝလာသည္။

သူ၏ သူငယ္ခ်င္းသည္ လူအမ်ားစု လိုလားတပ္မက္ေနေသာ စကၤာပူအိပ္မက္ကို လက္ေတြ႔ ရရွိထားသူ တစ္ဦးလည္း ျဖစ္၏။

r/askSingapore အမည္ရွိ Reddit လူမႈကြန္ရက္ ဖိုရမ္တစ္ခုတြင္ ထိုသူက မွ်ေဝေျပာျပလာသည္မွာ သူ၏ သူငယ္ခ်င္းသည္ ဘဝေအာင္ျမင္မႈ မွတ္တိုင္မ်ားစြာ စိုက္ထူႏိုင္ခဲ့ေၾကာင္း၊ အထင္ကရ တကၠသုိလ္ၾကီးတစ္ခုမွ ဘြဲ႔ရျခင္း၊ စကၤာပူတြင္ လစာျမင့္မားေသာ အလုပ္ရျခင္း၊ SUV ကားသစ္ၾကီးတစ္စီး ဝယ္စီးႏိုင္ျခင္း (စကၤာပူတြင္ ကားပိုင္ဆိုင္ေရးမွာ မလြယ္ကူပါ)၊ မိသားစုဘဝတစ္ခု ပိုင္ဆိုင္ထားျခင္း အစရွိသည့္ ေအာင္ျမင္မႈမ်ား ရရွိထားေၾကာင္း ေျပာသည္။

ထိုသို႔ ဘဝကို အဆင္ေျပေခ်ာေမြ႔စြာ ျဖတ္သန္းေနရေသာ္လည္း သူ၏ သူငယ္ခ်င္းက မေပ်ာ္ရႊင္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားလာသည္ဟု ဆိုသည္။ “ဒါေတြအားလံုးကို သာမန္လိုပဲ သူက ခံစားရတယ္လို႔ ေျပာပါတယ္။ လူလတ္တန္းစားဘဝက လာခဲ့သူတစ္ဦး။ ကၽြန္ေတာ္ဆိုရင္လည္း ဒီလိုေတြ ရရွိခ်င္တယ္၊ ပိုင္ဆိုင္ခ်င္တယ္။ လူတစ္ေယာက္က အမ်ားၾကီး ျပီးေျမာက္ ေအာင္ျမင္ေအာင္ၾကိဳးစားႏိုင္ခဲ့ျပီးရင္ အဲဒါက ၾကိဳးစားခဲ့ရသူကို ေပ်ာ္ရႊင္မႈ မေပးစြမ္းႏိုင္ဘူးလားဆိုတာ ကၽြန္ေတာ္သိလိုစိတ္ ျပင္းျပလာပါတယ္။”

စကၤာပူမွ Reddit လူမႈကြန္ရက္သံုးစြဲသူတို႔က မွတ္ခ်က္ျပဳသည္မွာ ၎၏ သူငယ္ခ်င္းသည္ လမ္းေလွ်ာက္ အေျပးေလ့က်င့္စက္သဖြယ္ ပ်င္းရိျငီးေငြ႔ဖြယ္ အလုပ္တစ္ခုႏွင့္ ရင္ဆိုင္ေနရျခင္းျဖစ္ႏိုင္ေၾကာင္း မွတ္ခ်က္ျပဳ ၾကသည္။

လမ္းေလွ်ာက္အေျပးေလ့က်င့္စက္တြင္ ေလ့က်င့္သူတစ္ဦးသည္ သတ္မွတ္ထားေသာ ပန္းတိုင္သို႔ ေရာက္ရွိခဲ့လွ်င္လည္း ပန္းတိုင္ႏွင့္ ရည္မွန္းခ်က္ကို ထပ္မံတိုးျမွင့္ ေလ့က်င့္ၾကရာ မဆံုးႏိုင္ေသာ ခရီးတစ္ခု ျဖစ္ေနသည္။

ထို႔ေၾကာင့္ ၎တို႔အေနျဖင့္ သတ္မွတ္ပန္းတိုင္သို႔ ေရာက္ရွိပါကလည္း စိတ္ေက်နပ္မႈကို ၾကာရွည္ခံစားႏိုင္မႈ မရွိဘဲ ပိုမိုျမင့္မားေသာ ပန္းတိုင္ကို ခ်က္ခ်င္းစတင္ေလွ်ာက္လွမ္းရျပန္သည္။

Reddit လူမႈကြန္ရက္သံုးစြဲသူတစ္ဦးက “လစာနဲ႔ ပတ္သက္ရင္လည္း ဒီသေဘာမ်ဳိးပဲ။ ကိုယ္က လစာ ၁၈၀၀ ရတယ္ဆိုရင္ ၃၆၀၀ (၅၀ ရာခုိင္ႏႈန္း increment) ရဖို႔ ရည္မွန္းလာၾကတယ္။ အဲဒီေနာက္ ၄၀၀၀ လိုခ်င္ျပန္ေရာ။ ဒါ့ထက္ ပိုပို ျမင့္မားလာတယ္။ ဘယ္ေလာက္ရမွ စိတ္ေက်နပ္ျပီး ေပ်ာ္ရႊင္ႏိုင္မွာလဲ” ဟု မွတ္ခ်က္ျပဳသည္။

ဒုတိယတစ္ဦးကလည္း “ေပ်ာ္ရႊင္မႈကို ေနာက္ထပ္ပန္းတိုင္ဆီ ေရႊ႕ထားလိုက္မယ္ဆိုရင္ ခင္ဗ်ားတို႔အေနနဲ႔ တသက္လံုး ဘယ္ေတာ့မွ ေပ်ာ္ရႊင္မႈကို ရမွာမဟုတ္ပါဘူး။ အခုျဖစ္ရပ္မွာ ခင္ဗ်ားရဲ႕ သူငယ္ခ်င္းဆီကေန ရတဲ့သင္ခန္းစာကေတာ့ အခုေအာင္ျမင္မႈမွာ အခုေပ်ာ္တတ္ဖို႔ လိုပါတယ္” ဟု ဆိုသည္။

အခ်ဳိ႕သူတို႔ကမူ ပို႔စ္ေရးသားသူ၏ သူငယ္ခ်င္း အဘယ္ေၾကာင့္ ယခုကဲ့သို႔ ခံစားေနရေၾကာင္း အျခားရွင္းျပခ်က္ မ်ား မွတ္ခ်က္ေပးၾကသည္။

တစ္ဦးက မွတ္ခ်က္ျပဳသည္မွာ “သူက စိတ္ထားျမင့္ျမတ္တဲ့သူတစ္ေယာက္ျဖစ္ႏိုင္တယ္။ သူ႔ရဲ႕ ေအာင္ျမင္မႈ ေတြကို ၾကြားလံုးမထုတ္ဘဲ ေမွးမိွန္ပစ္တတ္တဲ့သူမ်ဳိးေပါ့။ ေပ်ာ္ရႊင္မႈကို ေအာင္ျမင္မႈေတြနဲ႔ သြားျပီး ေပတံတိုင္း လို႔ မရဘူးလို႔ ေျပာခ်င္ပါတယ္။ ဒါေပမယ့္ ဒါကလည္း သူ႔ရဲ႕ တမ်ဳိးတဖံု ၾကြားလံုးထုတ္မႈမ်ဳိး ျဖစ္ႏိုင္တာပါပဲ” ဟု ဆိုသည္။

အျခားတစ္ဦးက မွတ္ခ်က္ေပးသည္မွာမူ “သူ႔ရဲ႕အလုပ္က စိတ္ဖိစီးမႈမ်ားလို႔ မေပ်ာ္ရႊင္တာ ျဖစ္ႏိုင္ပါတယ္။ သူက ပိုျပီးျမင့္မားတဲ့ေနရာေရာက္ဖို႔ ၾကိဳးစားေနျပီး တစ္ခုခုေအာင္ျမင္မႈရရင္ ေနာက္တစ္ခုအတြက္ ဆက္ျပီး ၾကိဳးစားေနတတ္တာ ျဖစ္ႏိုင္တယ္” ဟု မွတ္ခ်က္ျပဳသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Man achieves the “Singaporean dream” with high-paying job, expensive car, has a wife and two kids, yet “doesn’t feel happy” (theindependent)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဟန်ဆောင်စာချုပ်များအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service