ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များစာရင်းတွင် နဝမမြောက်နေရာ၌ ရပ်တည်ခဲ့သော ဘီလျံနာသူဌေးကြီး လယ်ရီ အယ်လစ်ဆင်က Jeff Bezos ကို ဖြတ်ကျော်ကာ ကမ္ဘာ့ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာ
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များစာရင်းတွင် နဝမမြောက်နေရာ၌ ရပ်တည်ခဲ့သော ဘီလျံနာသူဌေးကြီး လယ်ရီ အယ်လစ်ဆင်က Jeff Bezos ကို ဖြတ်ကျော်ကာ ကမ္ဘာ့ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာ - Property Knowledge in Myanmar from iMyanmarHouse.com
23 Sep 2024 10:43 am တွင် တင်ခဲ့သည်
1509 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
(လယ်ရီ အယ်လစ်ဆင် ဘယ်သူလဲ)
လယ်ရီ အယ်လစ်ဆင် (Larry Ellison) (မွေး ၁၉၄၄) သည် အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ဆော့ဖ်ဝဲအဓိက ထုတ်လုပ်သည့် Oracle ကော်ပိုရေးရှင်းကို ပူးတွဲတည်ထောင်သူ၊ CEO ဖြစ်သည်။
၂၀၂၄ ခုနှစ်၊ ဇွန်လအချက်အလက်များအရ အယ်လစ်ဆင်၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၆၇ ဒသမ ၁ ဘီလီယံဖြစ်ပြီး ပြီးခဲ့သော သြဂုတ်လတွင် ကမ္ဘာ့နဝမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်ခဲ့ပြီး ယခုအခါ ကမ္ဘာ့ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်။
((ရှယ်ယာဈေး မြင့်တက်မှု))
အယ်လစ်ဆင်၏ Oracle မှာ ပြီးခဲ့သော တနင်္လာနေ့တွင် ၅ ဒသမ ၁ ရာခိုင်နှုန်း ရှယ်ယာဈေးမြင့်တက်ခဲ့ပြီး ဥက္ကဌဖြစ်သူ လယ်ရီ အယ်လစ်ဆင်အား ကမ္ဘာ့ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာစေခဲ့သည်။
အယ်လစ်ဆင်သည် Amazon တည်ထောင်သူ ဂျက်ဘေးဇော့စ်ကို ဖြတ်ကျော်ကာ ယခင်က နံပါတ် ၉ နေရာတွင် ရှိခဲ့ရာမှ ယခုအခါ နံပါတ် ၂ နေရာအထိ ခုန်ကျော်ရောက်ရှိလာခြင်းလည်း ဖြစ်သည်။
သောကြာနေ့ ရှယ်ယာဈေးကွက်ပိတ်သိမ်းချိန်တွင် အယ်လစ်ဆင်၏ ကြွယ်ဝမှု ကန်ဒေါ်လာ ၈ ဒသမ ၁ ဘီလီယံ မြင့်တက်ခဲ့ပြီး သူ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၂၀၆ ဘီလီယံအထိ ရှိလာခဲ့ကြောင်း Forbes မဂ္ဂဇင်းကြီး၏ အချိန်နှင့်တပြေးညီ ဘီလျံနာစာရင်းတွင် ဖော်ပြသည်။
ဂျက်ဘေးဇော့စ်သည် ကမ္ဘာ့ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်နေရာတွင် ၂၀၁၆ ခုနှစ်ကတည်းက ဝင်ချည် ထွက်ချည် ဖြစ်နေခဲ့သည်။
ဂျက်ဘေးဇော့စ်၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၂၀၃ ဘီလီယံ ဖြစ်သည်။ Tesla ၏ စီအီးအို Elon Musk မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၂၅၁ ဘီလီယံဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေသည်။
Oracle ကုမ္ပဏီက ပြီးခဲ့သော ရက်သတ္တပတ်အတွင်း ဝင်ငွေစာရင်းကို ထုတ်ပြန်ခဲ့ရာ အများမျှော်လင့်ထား သည်ထက် များပြားနေသောကြောင့် ရှယ်ယာဈေးများ မြင့်တက်သွားခြင်း ဖြစ်သည်။
ထိုသို့ ရှယ်ယာဈေးများ မြင့်တက်မှုကြောင့် အယ်လစ်ဆင်သည် ပြီးခဲ့သော သောကြာနေ့က ဂျက်ဘေးဇော့စ်ကို ဖြတ်ကျော်က ကမ္ဘာ့ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်နေရာသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
သြဂုတ်လအတွင်း Oracle ၏ ရှယ်ယာဈေးမှာ ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။
ထိုအခြေအနေမှာ Oracle အတွက် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလနောက်ပိုင်း အကောင်းဆုံး လတစ်လ ဖြစ်ခဲ့သည်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် Oracle ၏ ရှယ်ယာဈေးမှာ ၂၈ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ဖူးသည်။
AI နည်းပညာ ထွန်းကားလာမှုတွင် ကုမ္ပဏီ၏ အခန်းကဏ္ဍကြောင့် ရှယ်ယာဈေးများ ဈေးကောင်းလာခြင်း လည်း ဖြစ်သည်။
အယ်လစ်ဆင်က ကုမ္ပဏီအနေဖြင့် generative AI နည်းပညာအတွက် Demand မြင့်တက်လာနေမှုကြောင့် data center များ တည်ထောင်ရန် ကြိုးစားနေကြောင်း ပြီးခဲ့သော ရက်သတ္တပတ်က ပြောကြားခဲ့သည်။
(မှတ်ချက်။ မကြာမီရက်ပိုင်းက ဂျက်ဘေးဇော့စ်မှာ ဒုတိယနေရာသို့ ပြန်လည်ရောက်ရှိခဲ့သည်)
(ဆက်စပ်သတင်း)
ဘီလျံနာသူဌေးကြီး လယ်ရီ အယ်လစ်ဆင်က ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဒေါ်လာ သန်း ၃၀၀ ဈေးခေါ်ထားသော အပန်းဖြေစခန်းကြီးကို ဝယ်ယူ
https://www.imyanmarhouse.com/news/read/1120995
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ် (၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Larry Ellison becomes world’s second-richest man, dethroning Jeff Bezos as Oracle stock surges (cnbc)
[Zawgyi]
(ဆက်စပ်သတင်း)
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
Mingalar Market
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service