ပဋိညာဉ်စာချုပ်နှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ လိုက်ပါသည်။

ပဋိညာဉ်စာချုပ်နှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ လိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
21 Sep 2024 11:39 am တွင် တင်ခဲ့သည်
793 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

ရောင်းသူ ဝယ်သူ၊ ကတိပြုသူ ကတိရသူ၊ အငှားချထားသူ ငှားရမ်းသူများသည် စာချုပ်တစ်စောင်ချုပ်ဆိုလျှင် စေ့စပ်သေချာစွာ သဘောတူညီမှုပြုကာ လုပ်ငန်းအမျိုးအစားပေါ် မူတည်၍ နည်းလမ်းတကျ စာချုပ်ချုပ်ဆိုမှုပြုရန် လိုပါသည်။

ပဋိဉာဉ်၊ ဂရန်နှင့် အခြားနည်းတနည်းနည်းဖြင့် လွှဲပြောင်းခြင်းပြုနိုင်သော စာချုပ်စာတမ်းပါ အချက်အ လက်များအား ပဋိဉာဉ် ဥပဒေပုဒ်မ-၉၂ အရ ထင်ရှားစွာ သက်သေထင်ရှားပြပြီးဖြစ်လျှင် စာချုပ်ချုပ်ဆိုသူများ အချင်းချင်း၊ အကျိုးခံစားခွင့်ရှိသူများ အချင်းချင်း အဆိုပါပဋိဉာဉ်စာချုပ်ပါ အချက်အလက်အား ဆန့်ကျင်၍ ငြင်းဆိုခြင်း၊ပြောင်းလဲခြင်း၊ဖြည့်စွက်ခြင်း၊နှုတ်သိမ်းခြင်း မပြုနိုင်ပါ။ စာချုပ်ပါ အချက်အလက်များအား ဆန့် ကျင်ကာ နှုတ်သက်သေခံချက် တင်ပြ၍ မရနိုင်ပါ။

စာချုပ်ပါ အချက်အလက်များနှင့် မဆန့်ကျင်သည့် နှုတ်သက်သေခံချက်များကိုသာ စာချုပ်ချုပ်ဆိုသူများ မှသက်သေခံတင်ပြနိုင်သည်။စာချုပ်ပါ စည်းကမ်းချက်များနှင့် မဆန့်ကျင်သော အခြားသော စည်းကမ်းချက်များ အား နှုတ်ဖြင့် ကတိပြုခဲ့ခြင်း တည်ရှိပါက အဆိုပါစည်းကမ်းချက်များအား ထင်ရှားစွာ သက်သေပြသရမည်။

(ဒေါ်မြမေ နှင့် ဒေါ်ကျင်ယုံ၊ ၁၉၆၄၊ မြန်မာပြည်စီရင်ထုံး ၂၅၀) (ဦးပြူးပါ-၂နှင့် ဦးငွေထွန်းပါ-၂၊၁၉၇၅၊ မြန်မာပြည် စီရင်ထုံး-၄၉) စာချုပ်စာတမ်းဥပဒေအရ မဖြစ်မနေ မှတ်ပုံတင်ရန် သတ်မှတ်ထားသော စာချုပ်စာတမ်းများအား တည် ဆဲဥပဒေအရ မှတ်ပုံတင်ရှိပြီးမှသာ တရားရုံးတွင်သက်သေခံ တင်ပြနိုင်မည်ဖြစ်ပါသည်။

ပဋိဉာဉ်စာချုပ်တွင် အခြားသော ဓလေ့ထုံးတမ်းပါ အကြောင်းအရာများပါ ပူးတွဲထည့်သွင်း ချုပ်ဆိုကြပါက အဆိုပါ အယူအဆအကြောင်းအရာများကြောင့် လိုက်နာရမည့် အချက်အလက်များအား နှုတ်ဖြင့် သီးခြား သက်သေတင်ပြခွင့်ရှိပါသည်။ ပဋိဉာဉ်စာချုပ်ပါ အကြောင်းအရာများမှာ အစီအစဉ်တကျ တစ်ခုတစ်ခုနှင့် ဆက်စပ်မှုရှိသည်များကို ထင်ရှားစွာ နှုတ်သက်သေခံ တင်ပြနိုင်ပါသည်။

ပဋိဉာဉ်စာချုပ်တစ်စောင်အား လိမ်လည်၍ ခြောက်လန့်၍ ချုပ်ဆိုခြင်း ပဋိဉာဉ်ပြုပိုင်ခွင့် မရှိသူများမှ နည်းလမ်းမကျ ပဋိဉာဉ်ပြုခြင်း၊ ဥပဒေအကြောင်းခြင်းရာ မှားယွင်းခြင်းကြောင့် စာချုပ်မခိုင်လုံခြင်း၊ စာချုပ်တွင် အဖိုးစားနားနှင့် သဘောတူညီချက် မပါဝင်ခြင်းတို့ရှိပါက နစ်နာသူဘက်မှ အကြောင်းချင်းရာအား နှုတ်သက်သေခံချက်ဖြင့် ထင်ရှားစွာ သက်သေတင်ပြခြင်းပြုနိုင်ပါသည်။

ပဋိဉာဉ်စာချုပ်တစ်စောင်အား ပြုလုပ်ချုပ်ဆိုသူများမှာ စာချုပ်ပါ စည်းကမ်းချက်များနှင့် တာဝန်များ အား လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုပြီးဖြစ်လျှင် လိုက်နာရမည်ဖြစ်ပြီး နှုတ်သက်သေခံချက်တင်ပြကာ ငြင်းဆို ခွင့်မရှိကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ပဋိညာဥ္စာခ်ဳပ္ႏွင့္ စပ္လ်ဥ္း၍ လိုက္နာရမည့္ အခ်က္အလက္မ်ား ဥပေဒဗဟုသုတအေနျဖင့္ ေရးသားေဖာ္ျပ လိုက္ပါသည္။

ေရာင္းသူ ဝယ္သူ၊ ကတိျပဳသူ ကတိရသူ၊ အငွားခ်ထားသူ ငွားရမ္းသူမ်ားသည္ စာခ်ဳပ္တစ္ေစာင္ခ်ဳပ္ဆိုလွ်င္ ေစ့စပ္ေသခ်ာစြာ သေဘာတူညီမႈျပဳကာ လုပ္ငန္းအမ်ိဳးအစားေပၚ မူတည္၍ နည္းလမ္းတက် စာခ်ဳပ္ခ်ဳပ္ဆိုမႈျပဳရန္ လိုပါသည္။

ပဋိဉာဥ္၊ ဂရန္ႏွင့္ အျခားနည္းတနည္းနည္းျဖင့္ လႊဲေျပာင္းျခင္းျပဳႏိုင္ေသာ စာခ်ဳပ္စာတမ္းပါ အခ်က္အ လက္မ်ားအား ပဋိဉာဥ္ ဥပေဒပုဒ္မ-၉၂ အရ ထင္႐ွားစြာ သက္ေသထင္႐ွားျပၿပီးျဖစ္လွ်င္ စာခ်ဳပ္ခ်ဳပ္ဆိုသူမ်ား အခ်င္းခ်င္း၊ အက်ိဳးခံစားခြင့္႐ွိသူမ်ား အခ်င္းခ်င္း အဆိုပါပဋိဉာဥ္စာခ်ဳပ္ပါ အခ်က္အလက္အား ဆန္႔က်င္၍ ျငင္းဆိုျခင္း၊ေျပာင္းလဲျခင္း၊ျဖည့္စြက္ျခင္း၊ႏႈတ္သိမ္းျခင္း မျပဳႏိုင္ပါ။ စာခ်ဳပ္ပါ အခ်က္အလက္မ်ားအား ဆန္႔ က်င္ကာ ႏႈတ္သက္ေသခံခ်က္ တင္ျပ၍ မရႏိုင္ပါ။

စာခ်ဳပ္ပါ အခ်က္အလက္မ်ားႏွင့္ မဆန္႔က်င္သည့္ ႏႈတ္သက္ေသခံခ်က္မ်ားကိုသာ စာခ်ဳပ္ခ်ဳပ္ဆိုသူမ်ား မွသက္ေသခံတင္ျပႏိုင္သည္။စာခ်ဳပ္ပါ စည္းကမ္းခ်က္မ်ားႏွင့္ မဆန္႔က်င္ေသာ အျခားေသာ စည္းကမ္းခ်က္မ်ား အား ႏႈတ္ျဖင့္ ကတိျပဳခဲ့ျခင္း တည္႐ွိပါက အဆိုပါစည္းကမ္းခ်က္မ်ားအား ထင္႐ွားစြာ သက္ေသျပသရမည္။

(ေဒၚျမေမ ႏွင့္ ေဒၚက်င္ယုံ၊ ၁၉၆၄၊ ျမန္မာျပည္စီရင္ထုံး ၂၅၀) (ဦးျပဴးပါ-၂ႏွင့္ ဦးေငြထြန္းပါ-၂၊၁၉၇၅၊ ျမန္မာျပည္ စီရင္ထုံး-၄၉) စာခ်ဳပ္စာတမ္းဥပေဒအရ မျဖစ္မေန မွတ္ပုံတင္ရန္ သတ္မွတ္ထားေသာ စာခ်ဳပ္စာတမ္းမ်ားအား တည္ ဆဲဥပေဒအရ မွတ္ပုံတင္႐ွိၿပီးမွသာ တရား႐ုံးတြင္သက္ေသခံ တင္ျပႏိုင္မည္ျဖစ္ပါသည္။

ပဋိဉာဥ္စာခ်ဳပ္တြင္ အျခားေသာ ဓေလ့ထုံးတမ္းပါ အေၾကာင္းအရာမ်ားပါ ပူးတြဲထည့္သြင္း ခ်ဳပ္ဆိုၾကပါက အဆိုပါ အယူအဆအေၾကာင္းအရာမ်ားေၾကာင့္ လိုက္နာရမည့္ အခ်က္အလက္မ်ားအား ႏႈတ္ျဖင့္ သီးျခား သက္ေသတင္ျပခြင့္႐ွိပါသည္။ ပဋိဉာဥ္စာခ်ဳပ္ပါ အေၾကာင္းအရာမ်ားမွာ အစီအစဥ္တက် တစ္ခုတစ္ခုႏွင့္ ဆက္စပ္မႈ႐ွိသည္မ်ားကို ထင္႐ွားစြာ ႏႈတ္သက္ေသခံ တင္ျပႏိုင္ပါသည္။

ပဋိဉာဥ္စာခ်ဳပ္တစ္ေစာင္အား လိမ္လည္၍ ေျခာက္လန္႔၍ ခ်ဳပ္ဆိုျခင္း ပဋိဉာဥ္ျပဳပိုင္ခြင့္ မ႐ွိသူမ်ားမွ နည္းလမ္းမက် ပဋိဉာဥ္ျပဳျခင္း၊ ဥပေဒအေၾကာင္းျခင္းရာ မွားယြင္းျခင္းေၾကာင့္ စာခ်ဳပ္မခိုင္လုံျခင္း၊ စာခ်ဳပ္တြင္ အဖိုးစားနားႏွင့္ သေဘာတူညီခ်က္ မပါဝင္ျခင္းတို႔႐ွိပါက နစ္နာသူဘက္မွ အေၾကာင္းခ်င္းရာအား ႏႈတ္သက္ေသခံခ်က္ျဖင့္ ထင္႐ွားစြာ သက္ေသတင္ျပျခင္းျပဳႏိုင္ပါသည္။

ပဋိဉာဥ္စာခ်ဳပ္တစ္ေစာင္အား ျပဳလုပ္ခ်ဳပ္ဆိုသူမ်ားမွာ စာခ်ဳပ္ပါ စည္းကမ္းခ်က္မ်ားႏွင့္ တာဝန္မ်ား အား လက္မွတ္ေရးထိုး စာခ်ဳပ္ခ်ဳပ္ဆိုၿပီးျဖစ္လွ်င္ လိုက္နာရမည္ျဖစ္ၿပီး ႏႈတ္သက္ေသခံခ်က္တင္ျပကာ ျငင္းဆို ခြင့္မ႐ွိေၾကာင္း ဥပေဒဗဟုသုတအေနျဖင့္ ေရးသားေဖာ္ျပေပးလိုက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

 

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဟန်ဆောင်စာချုပ်များအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service