TikTok ၏ မိခင်ကုမ္ပဏီ ByteDance ကို ပူးတွဲတည်ထောင်သူ ကျန်းယိမင်က အဖျော်ယမကာ သူဌေးကြီး ကျုံရှန်းရှန်းကို ဖြတ်ကျော်ကာ တရုတ်ပြည်၏ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာ
TikTok ၏ မိခင်ကုမ္ပဏီ ByteDance ကို ပူးတွဲတည်ထောင်သူ ကျန်းယိမင်က အဖျော်ယမကာ သူဌေးကြီး ကျုံရှန်းရှန်းကို ဖြတ်ကျော်ကာ တရုတ်ပြည်၏ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာ - Property Knowledge in Myanmar from iMyanmarHouse.com
20 Sep 2024 12:05 pm တွင် တင်ခဲ့သည်
797 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ဇာနည်ကျော်
[Unicode]
TikTok ၏ မိခင်ကုမ္ပဏီ ByteDance ကို ပူးတွဲတည်ထောင်သူ ကျန်းယိမင် (Zhang Yiming) သည် အဖျော်ယမကာ ထိပ်သီးကုမ္ပဏီကြီး Nongfu Spring ၏ ဥက္ကဌဖြစ်သူ သူဌေးကြီး ကျုံရှန်းရှန်း (Zhong Shanshan) ကို ဖြတ်ကျော်ကာ တရုတ်ပြည်၏ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်။ အသက် ၄၀ အရွယ်သာရှိသေးသော ကျန်းယိမင်သည် ကြွယ်ဝမှု ကန်ဒေါ်လာ ၄၅ ဒသမ ၆ ဘီလီယံဖြင့် ကျုံရှန်းရှန်း (ကြွယ်ဝမှု ကန်ဒေါ်လာ ၄၃ ဒသမ ၃ ဘီလီယံ) ကို ဖြတ်ကျော်ကာ ထိပ်ဆုံးနေရာသို့ ရောက်လာခြင်း ဖြစ်သည်။
ကျန်းယိမင်သည် ၂၀၂၁ ခုနှစ် အစောပိုင်းတွင် စီအီးအိုနေရာမှ နှုတ်ထွက်ခဲ့ပြီး ထိုနှစ်အတွင်းတွင်ပင် ByteDance ၏ ဥက္ကဌအဖြစ်မှလည်း ဆင်းပေးခဲ့သည်။
ကုမ္ပဏီ၏ နေ့စဉ်လုပ်ငန်းလည်ပတ်မှုတွင် ကျန်းယိမင် ပါဝင်ခြင်း မရှိတော့သော်လည်း ByteDance တွင် ၎င်းပိုင်ဆိုင်ထားသည့် များပြားလှသော ရှယ်ယာများကြောင့် သူ၏ကြွယ်ဝမှုမှာ ဆက်လက်မြင့်တက်လျက် ရှိနေသည်။
ဈေးကွက်သုတေသီတို့၏ ပြောကြားချက်များအရ ByteDance ၏ ဈေးကွက်တန်ဖိုးမှာ ကန်ဒေါ်လာ ၂၁၇ ဘီလီယံရှိသည်ဟု ဆိုသည်။
ByteDance သည် ၂၀၂၁ ခုနှစ်အတွင်းက ကုမ္ပဏီ၏ ဈေးကွက်တန်ကြေး ကန်ဒေါ်လာ ၄၀၀ ဘီလီယံအထိ အထွတ်အထိပ်ရောက်ခဲ့ပြီး နောက်ပိုင်းတွင် ပထဝီနိုင်ငံရေးတင်းမာမှုများ၊ နည်းပညာလုပ်ငန်းနယ်ပယ် ကျဆင်းမှုများကြောင့် ဈေးကွက်တန်ကြေးကျဆင်းသွားသည်ဆိုသည့်တိုင် ကျန်းယိမင်၏ ကြွယ်ဝမှုမှာ ယခုအခါ ကျုံရှန်းရှန်းကို ဖြတ်ကျော်သွားခဲ့ပြီ ဖြစ်သည်။
အသက် ၆၉ နှစ်အရွယ်ရှိ ကျုံရှန်းရှန်းသည် တရုတ်ပြည်၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ၃ နှစ်ဆက်တိုက် ရပ်တည်ခဲ့သည်။
ကျုံရှန်းရှန်းသည် ကုမ္ပဏီ၏ အဓိကလုပ်ငန်းဖြစ်သော ရေသန့်ဘူးလုပ်ငန်းကို ချဲ့ထွင်ရေးတွင် စိန်ခေါ်မှုများစွာ ရင်ဆိုင်ခဲ့ရသည်။
သြဂုတ်လ ၂၈ ရက်တွင် ကုမ္ပဏီ၏ ၂၀၂၄ ခုနှစ် အမြတ်အစွန်းကြားဖြတ်အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ဟောင်ကောင်စတော့အိတ်ချိန်းတွင် ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်း ၇ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။
ဈေးကွက်ယှဉ်ပြိုင်မှု ပြင်းထန်ခြင်းနှင့် Public Relation ဆိုးရွားခဲ့မှု အခြေအနေများအကြား ရေသန့်ဘူး ရောင်းအား ၁၈ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းသွားသောကြောင့် ကျုံရှန်းရှန်း၏ ကြွယ်ဝမှု ကန်ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံ ကျဆင်းသွားခဲ့သည်။
Nongfu Spring ၏ လက်ရှိ ရှယ်ယာဈေးနှုန်းမှာ ၂၀၂၀ ပြည့်နှစ်တွင် အများပိုင်ကုမ္ပဏီလုပ်ခဲ့ပြီးနောက်ပိုင်း ကတည်းက အနိမ့်ဆုံးဈေးနှုန်းဖြစ်နေသည်။
ယခုနှစ် သြဂုတ်လအတွင်းက အွန်လိုင်းကူးသန်းရောင်းဝယ်ရေး ထိပ်သီး PDD Holdings တည်ထောင်သူ ကိုလင်းဟွမ်က ကျုံရှန်းရှန်းကို ဖြတ်ကျော်ကာ တရုတ်ပြည်၏ အချမ်းသာဆုံးပုဂ္ဂိုလ် ခေတ္တဖြစ်လာခဲ့သေးသည်။
သို့သော် PDD ၏ အမြတ်အစွန်းတိုးတက်မှု ပိုမိုနှေးကွေးလာမည်ဟူသော ခန့်မှန်းချက်များထွက်ပေါ်လာ ပြီးနောက် PDD ၏ ရှယ်ယာဈေး ၃၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ရာ ကိုလင်းဟွမ်၏ တရုတ်ပြည်အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် ရပ်တည်နိုင်မှုမှာ သက်တမ်းတိုတောင်းခဲ့သည်။
(မှတ်ချက် ။ နောက်ဆုံးသတင်းများအရ Tencent တည်ထောင်သူ Pony Ma မှာ တရုတ်ပြည်၏ အချမ်းသာဆုံး ပုဂ္ဂိုလ်နေရာကို ပြန်လည်ရယူသွားကြောင်း သိရသည်)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: ByteDance Cofounder Zhang Yiming Becomes China’s Richest, Surpassing Beverage Tycoon Zhong Shanshan (ceoworld)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဟန်ဆောင်စာချုပ်များအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
THADAR CONDOMINIUM
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service