Jeff Bezos က မနက်ပိုင်းတွင် ဖုန်းမသုံးရသည့် စည်းမျဉ်းချမှတ်ထားကြောင်း ၎င်းနှင့်စေ့စပ်ထားသော အမျိုးသမီး လော်ရန် ဆန်းချက်ဇ်က ပြောကြား

Jeff Bezos က မနက်ပိုင်းတွင် ဖုန်းမသုံးရသည့် စည်းမျဉ်းချမှတ်ထားကြောင်း ၎င်းနှင့်စေ့စပ်ထားသော အမျိုးသမီး လော်ရန် ဆန်းချက်ဇ်က ပြောကြား - Property Knowledge in Myanmar from iMyanmarHouse.com
12 Sep 2024 11:27 am တွင် တင်ခဲ့သည်
522 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

ဂျက်ဘေးဇော့စ်က မနက်ခင်းများကို နည်းမှန်လမ်းမှန် စတင်ဖြတ်သန်းနိုင်ရေးအတွက် စည်းမျဉ်းတစ်ခု ချမှတ်ထားကြောင်း ၎င်းနှင့်စေ့စပ်ထားသောအမျိုးသမီး လော်ရန် ဆန်းချက်ဇ်က ထုတ်ဖော်ပြောပြလာသည်။

“တနေ့တာရဲ့ ကျွန်မအကြိုက်ဆုံးအချိန်ကတော့ မနက်ခင်းပါ” ဟု အသက် ၅၄ နှစ်အရွယ်ရှိ လော်ရန်ဆန်းချက်ဇ်က People မဂ္ဂဇင်းနှင့် မကြာသေးမီက တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောသည်။

မနက်ခင်းတွင် မိမိနှင့် ဂျက်ဘေးဇော့စ်အတွက် ကော်ဖီဖျော်ကြောင်း လော်ရန်ဆန်းချက်ဇ်က ပြောသည်။

ထို့နောက် စကားစမြည်ပြောရင်းဖြင့်သာ တိမ်းမူးဖွယ် မနက်ခင်းကို ဖြတ်သန်းကြကြောင်း ဆန်းချက်ဇ်က ပြောပြသည်။

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့သည် ပြီးခဲ့သောနှစ် မေလအတွင်းက စေ့စပ်ခဲ့ကြခြင်း ဖြစ်သည်။

“အဲဒီအချိန်မှာ ကလေးတွေ အိပ်ရာမထကြသေးဘူး။ ကျွန်မတို့ အဲဒီအချိန်မှာ ဖုန်းမသုံးကြဘူး။ အဲဒါ စည်းမျဉ်းတစ်ခုပဲ” ဟု ဆန်းချက်ဇ်က ပြောသည်။

ဂျက်ဘေးဇော့စ်တို့ မိသားစုမှာ ပေါင်းစပ်မိသားစု ဖြစ်သည်။

ဆန်းချက်ဇ်တွင် ချစ်သူဟောင်း တိုနီ ဂွန်ဇာလက်နှင့်ရသော ကလေးတစ်ဦး၊ ခင်ပွန်းဟောင်း ပက်ထရစ် ဝှိုက်ဆဲလ်နှင့်ရသော ကလေး ၂ ဦးတို့ ပါလာပြီး ဂျက်ဘေးဇော့စ်တွင်လည်း ဇနီးဟောင်း မက်ကင်ဇီ စကော့နှင့်ရသော သားသမီး ၄ ဦးရှိသည်။

မည်သည့်ကလေးများက ဂျက်ဘေးဇော့စ်တို့ စုံတွဲနှင့်အတူနေထိုင်သည်ကိုမူ မသိရချေ။

လော်ရန်ဆန်းချက်ဇ်သည် ယခင်က သတင်းတင်ဆက်သူတစ်ဦးဖြစ်သည်။ ဆန်းချက်ဇ်က အကြောင်းရှိမှသာ ဖုန်းသုံးကြောင်း ပြောသည်။

“အဲဒီစည်းမျဉ်းက ဘေးဇော့စ် ချမှတ်တာပါ။ ကျွန်မ မဟုတ်ပါဘူး။ မနက်ခင်းတွေဟာ တတ်နိုင်သမျှ ကျွန်မတို့အတွက်သာ ဖြစ်ပါတယ်” ဟု ဆန်းချက်ဇ်က ဆက်လက်ပြောပြသည်။

ဂျက်ဘေးဇော့စ်က ၂၀၁၈ ခုနှစ်အတွင်း Economic Club of Washington တွင် ပြောကြားခဲ့သည်မှာ မနက်ခင်းများတွင် သတင်းစာဖတ်ခြင်း၊ ကော်ဖီသောက်ခြင်း၊ ကလေးများနှင့်အတူ မနက်စာစားခြင်းတို့ဖြင့် ဖြတ်သန်းလေ့ရှိကြောင်း ပြောသည်။

ထိုအချိန်ကာလကို “ဖြေးဖြေးမှန်မှန် ခုတ်မောင်းသောကာလ” (puttering time) ဟု ဂျက်ဘေးဇော့စ်က အမည်ပေးထားပြီး နံနက်ခင်းတိုင်းတွင် ထိုသို့ဖြတ်သန်းခြင်းအားဖြင့် မိမိအတွက် ခွန်အားရစေသည့်အပြင် ဆုံးဖြတ်ချက် ချမှတ်မှုများကို တိုးတက်လာစေကြောင်း ၎င်းက ပြောသည်။

Lex Fridman ၏ ဒီဇင်ဘာလအတွင်းက Podcast တွင် ဂျက်ဘေးဇော့စ်က Putter ဟူသည်မှာ ဖြေးညင်းစွာ ရွေ့လျားခြင်းဟု အဓိပ္ပာယ်ဖွင့်ပြခဲ့သည်။

“ကျွန်တော်က ခင်ဗျားတို့ ထင်သလောက် အများကြီးမလုပ်နိုင်ပါဘူး” ဟု ကမ္ဘာ့ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်က ရယ်မောရင်း ပြောသည်။

“မနက်အစောပိုင်း ပထမဆုံးနာရီတွေမှာ ကျွန်တော် ဖြေးဖြေးချင်းပဲ လှုပ်ရှားပါတယ်။ ကျွန်တော် အိပ်ရာ စောစောထတယ်။ ပြီးတော့ တနေ့တာအချိန်အများစုမှာ လေ့ကျင့်ခန်းလုပ်ပါတယ်”

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Lauren Sánchez says Jeff Bezos has a no-phone rule in the morning (businessinsider)

 

[Zawgyi]

Jeff Bezos က မနက္ပိုင္းတြင္ ဖုန္းမသံုးရသည့္ စည္းမ်ဥ္းခ်မွတ္ထားေၾကာင္း ၎ႏွင့္ေစ့စပ္ထားေသာ အမ်ဳိးသမီး ေလာ္ရန္ ဆန္းခ်က္ဇ္က ေျပာၾကား

ဂ်က္ေဘးေဇာ့စ္က မနက္ခင္းမ်ားကို နည္းမွန္လမ္းမွန္ စတင္ျဖတ္သန္းႏိုင္ေရးအတြက္ စည္းမ်ဥ္းတစ္ခု ခ်မွတ္ထားေၾကာင္း ၎ႏွင့္ေစ့စပ္ထားေသာအမ်ဳိးသမီး ေလာ္ရန္ ဆန္းခ်က္ဇ္က ထုတ္ေဖာ္ေျပာျပလာသည္။

“တေန႔တာရဲ႕ ကၽြန္မအၾကိဳက္ဆံုးအခ်ိန္ကေတာ့ မနက္ခင္းပါ” ဟု အသက္ ၅၄ ႏွစ္အရြယ္ရွိ ေလာ္ရန္ဆန္းခ်က္ဇ္က People မဂၢဇင္းႏွင့္ မၾကာေသးမီက ေတြ႔ဆံုေမးျမန္းခန္းတစ္ခုတြင္ ေျပာသည္။

မနက္ခင္းတြင္ မိမိႏွင့္ ဂ်က္ေဘးေဇာ့စ္အတြက္ ေကာ္ဖီေဖ်ာ္ေၾကာင္း ေလာ္ရန္ဆန္းခ်က္ဇ္က ေျပာသည္။

ထို႔ေနာက္ စကားစျမည္ေျပာရင္းျဖင့္သာ တိမ္းမူးဖြယ္ မနက္ခင္းကို ျဖတ္သန္းၾကေၾကာင္း ဆန္းခ်က္ဇ္က ေျပာျပသည္။

ဂ်က္ေဘးေဇာ့စ္ႏွင့္ ေလာ္ရန္ဆန္းခ်က္ဇ္တို႔သည္ ျပီးခဲ့ေသာႏွစ္ ေမလအတြင္းက ေစ့စပ္ခဲ့ၾကျခင္း ျဖစ္သည္။

“အဲဒီအခ်ိန္မွာ ကေလးေတြ အိပ္ရာမထၾကေသးဘူး။ ကၽြန္မတုိ႔ အဲဒီအခ်ိန္မွာ ဖုန္းမသံုးၾကဘူး။ အဲဒါ စည္းမ်ဥ္းတစ္ခုပဲ” ဟု ဆန္းခ်က္ဇ္က ေျပာသည္။

ဂ်က္ေဘးေဇာ့စ္တို႔ မိသားစုမွာ ေပါင္းစပ္မိသားစု ျဖစ္သည္။

ဆန္းခ်က္ဇ္တြင္ ခ်စ္သူေဟာင္း တိုနီ ဂြန္ဇာလက္ႏွင့္ရေသာ ကေလးတစ္ဦး၊ ခင္ပြန္းေဟာင္း ပက္ထရစ္ ဝိႈက္ဆဲလ္ႏွင့္ရေသာ ကေလး ၂ ဦးတို႔ ပါလာျပီး ဂ်က္ေဘးေဇာ့စ္တြင္လည္း ဇနီးေဟာင္း မက္ကင္ဇီ စေကာ့ႏွင့္ရေသာ သားသမီး ၄ ဦးရွိသည္။

မည္သည့္ကေလးမ်ားက ဂ်က္ေဘးေဇာ့စ္တို႔ စံုတြဲႏွင့္အတူေနထိုင္သည္ကိုမူ မသိရေခ်။

ေလာ္ရန္ဆန္းခ်က္ဇ္သည္ ယခင္က သတင္းတင္ဆက္သူတစ္ဦးျဖစ္သည္။ ဆန္းခ်က္ဇ္က အေၾကာင္းရွိမွသာ ဖုန္းသုံးေၾကာင္း ေျပာသည္။

“အဲဒီစည္းမ်ဥ္းက ေဘးေဇာ့စ္ ခ်မွတ္တာပါ။ ကၽြန္မ မဟုတ္ပါဘူး။ မနက္ခင္းေတြဟာ တတ္ႏိုင္သမွ် ကၽြန္မတို႔အတြက္သာ ျဖစ္ပါတယ္” ဟု ဆန္းခ်က္ဇ္က ဆက္လက္ေျပာျပသည္။

ဂ်က္ေဘးေဇာ့စ္က ၂၀၁၈ ခုႏွစ္အတြင္း Economic Club of Washington တြင္ ေျပာၾကားခဲ့သည္မွာ မနက္ခင္းမ်ားတြင္ သတင္းစာဖတ္ျခင္း၊ ေကာ္ဖီေသာက္ျခင္း၊ ကေလးမ်ားႏွင့္အတူ မနက္စာစားျခင္းတို႔ျဖင့္ ျဖတ္သန္းေလ့ရွိေၾကာင္း ေျပာသည္။

ထိုအခ်ိန္ကာလကို “ေျဖးေျဖးမွန္မွန္ ခုတ္ေမာင္းေသာကာလ” (puttering time) ဟု ဂ်က္ေဘးေဇာ့စ္က အမည္ေပးထားျပီး နံနက္ခင္းတိုင္းတြင္ ထိုသို႔ျဖတ္သန္းျခင္းအားျဖင့္ မိမိအတြက္ ခြန္အားရေစသည့္အျပင္ ဆံုးျဖတ္ခ်က္ ခ်မွတ္မႈမ်ားကို တိုးတက္လာေစေၾကာင္း ၎က ေျပာသည္။

Lex Fridman ၏ ဒီဇင္ဘာလအတြင္းက Podcast တြင္ ဂ်က္ေဘးေဇာ့စ္က Putter ဟူသည္မွာ ေျဖးညင္းစြာ ေရြ႕လ်ားျခင္းဟု အဓိပၸာယ္ဖြင့္ျပခဲ့သည္။ “ကၽြန္ေတာ္က ခင္ဗ်ားတို႔ ထင္သေလာက္ အမ်ားၾကီးမလုပ္ႏိုင္ပါဘူး” ဟု ကမၻာ့ဒုတိယအခ်မ္းသာဆံုးပုဂၢိဳလ္က ရယ္ေမာရင္း ေျပာသည္။

“မနက္အေစာပိုင္း ပထမဆံုးနာရီေတြမွာ ကၽြန္ေတာ္ ေျဖးေျဖးခ်င္းပဲ လႈပ္ရွားပါတယ္။ ကၽြန္ေတာ္ အိပ္ရာ ေစာေစာထတယ္။ ျပီးေတာ့ တေန႔တာအခ်ိန္အမ်ားစုမွာ ေလ့က်င့္ခန္းလုပ္ပါတယ္”

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Lauren Sánchez says Jeff Bezos has a no-phone rule in the morning (businessinsider)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service