ကမ္ဘာကျော် နိုင်အာဂရာ ရေတံခွန်ကြီးတွင် စုံတွဲတစ်တွဲ အမှတ်တရ ရိုက်ကူးခဲ့သော ဓာတ်ပုံ၏ နောက်ကွယ်မှ ဆို့နင့်ကြေကွဲဖွယ်ဖြစ်ရပ်

ကမ္ဘာကျော် နိုင်အာဂရာ ရေတံခွန်ကြီးတွင် စုံတွဲတစ်တွဲ အမှတ်တရ ရိုက်ကူးခဲ့သော ဓာတ်ပုံ၏ နောက်ကွယ်မှ ဆို့နင့်ကြေကွဲဖွယ်ဖြစ်ရပ် - Property Knowledge in Myanmar from iMyanmarHouse.com
6 Sep 2024 12:52 pm တွင် တင်ခဲ့သည်
767 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

အံ့မခန်း ခမ်းနားလှသော နိုင်အာဂရာ ရေတံခွန်ကြီးတွင် စုံတွဲတစ်တွဲ အမှတ်တရ ရိုက်ကူးခဲ့သည့် သာမန် ဓာတ်ပုံဟု ယူဆရသော ဓာတ်ပုံတစ်ပုံ လူမှုကွန်ရက်တွင် ပြန်လည်ပျံ့နှံ့လာနေသည်။

အတိအကျဆိုရလျှင် နိုင်အာဂရာ ရေတံခွန်ကြီးမှ Horseshoe Falls ဟုခေါ်သောနေရာတွင် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

ထိုဓာတ်ပုံထဲတွင် ကြေကွဲဖွယ်ရာ အမှတ်တရတစ်ခု ပါဝင်နေခြင်းကြောင့် ကမ္ဘာတဝန်းရှိ လူမှုကွန်ရက်သုံးစွဲသူ တို့၏ အာရုံစိုက်မှု ခံနေရသည်။

ထိုဓာတ်ပုံကို ရုတ်တရက် ကြည့်လျှင် ချစ်သူနှစ်ဦး ကြည်နူးဖွယ်ရာ အမှတ်တရ ဓာတ်ပုံတစ်ခုဟုသာ မှတ်ထင်ရ မည် ဖြစ်သည်။

သို့သော် ၎င်းတို့နှစ်ဦး၏ နောက်ဘက် ဓာတ်ပုံထဲတွင် ပါဝင်နေသော မိန်းကလေးတစ်ဦးမှာ စက္ကန့်ပိုင်းအတွင်း အဖြစ်ဆိုးနှင့် ကြုံရတော့မည်ကို အနီးဝန်းကျင်တွင် ရှိနေသူများ မသိခဲ့ကြ။

နိုင်အာဂရာ ရေတံခွန်သည် ကနေဒါတွင် ကမ္ဘာလှည့်ခရီးသည်များ အများဆုံးလာရောက်ကြသော နေရာများ၌ တစ်ခုအပါအဝင်ဖြစ်သည်။

အဆိုပါဓာတ်ပုံကို ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်က ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

ထိုနေ့ ထိုအချိန်တွင်ပင် ဂျပန်မှ ကျောင်းသူလေး အာယာနို တို့ကုမဆုမှာ အဖြစ်ဆိုးနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။

တို့ကုမဆုသည် ကနေဒါဘက်ခြမ်းရှိ နိုင်အာဂရာ ရေတံခွန်သို့ တိုရွန်တိုမြို့ Hansa Language Centre မှ အတန်းဖော်များနှင့်အတူ အလည်အပတ် လာခဲ့ခြင်း ဖြစ်သည်။

သူမ၏ သူငယ်ချင်းက အမှတ်တရ ဓာတ်ပုံရိုက်ရန် ပြင်ဆင်သောအခါ တို့ကုမဆုက သမားရိုးကျအတိုင်း မရိုက်ဘဲ စွန့်စားကြည့်ရန် ဆုံးဖြတ်ခဲ့သည်။

ရေတံခွန်ထိပ်ရှိ အတားအဆီး လက်ရန်းပေါ်တွင် တက်ထိုင်လိုက်သည်။ ထိုအနေအထားက ရင်သပ်ရှုမောဖွယ် ဓာတ်ပုံ ဖြစ်လိမ့်မည်ဟု သူမက ယူဆခဲ့သည်။

အနီးရှိ ကမ္ဘာလှည့် ခရီးသွားစင်တာမှ စောင့်ကြည့် ကင်မရာက မကြာမီ ဖြစ်ပွားတော့မည့် ကြေကွဲဖွယ် ဖြစ်ရပ်ကို ဗွီဒီယို ရိုက်ကူးထားကြောင်း တို့ကုမဆု သတိမထားမိခဲ့။

အသက် ၂၀ အရွယ် ဂျပန်မိန်းကလေးသည် လက်ရန်းပေါ်တွင် ခြေထောက်တစ်ဖက်တစ်ချက်စီချကာ လက်ထဲတွင် ထီးတစ်ချောင်း ကိုင်ထားရင်း ရေတံခွန်ဆီသို့ ငုံ့ကြည့်နေခဲ့သည်။

ထို့နောက် လက်ရန်းကို ပြန်ကျော် တက်ရန် ကြိုးစားလိုက်ချိန်တွင် ဟန်ချက်ပျက်ကာ Horseshoe Falls ရေတံခွန်ထဲသို့ ပြုတ်ကျသွားခဲ့ပြီး ရေအောက်တွင် ပျောက်ကွယ်သွားသည်။

နောက် ၄ ရက်အကြာတွင် တို့ကုမဆု၏ အလောင်းကို အမေရိကန်ပြည် နယူးယောက်ပြည်နယ်မှ နိုင်အာဂရာမြစ် အောက်ဘက်၌ မျောပါနေသည်ကို မနက် ၁၀ နာရီခန့်တွင် တွေ့ရှိခဲ့သည်။

Niagara Parks ရဲတပ်ဖွဲ့အကြီးအကဲ Doug Kane က အဆိုပါ ကြေကွဲဖွယ်သတင်းကို အတည်ပြုခဲ့သည်။

“ပြည်နယ်ပန်းခြံရဲတပ်ဖွဲ့က သတင်းအချက်အလက်တွေ ကျွန်တော်တို့ရရှိပါတယ်။ တွေ့ရှိတဲ့အလောင်းဟာ မြစ်ထဲကို ပြုတ်ကျခဲ့တဲ့ ကျောင်းသူဖြစ်တယ်ဆိုတာ အတည်ပြုထားပါတယ်” ဟု ၎င်းက ပြောသည်။

နိုင်အာဂရာ ရေတံခွန်ကြီးသည် သဘာဝတရား၏ ကြီးမားသောလက်ဆောင်တစ်ခုဖြစ်သော်လည်း စွန့်စားမှုများ ဖြင့် စမ်းသပ်မကြည့်သင့်ကြောင်း ပြသနေသည့် သင်ခန်းစာတစ်ခုလည်း ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Tragic Tale Unveiled: The Disturbing Story Behind a Photo of a Couple at Niagara Falls (niagaraaction)

 

 

[Zawgyi]

ကမၻာေက်ာ္ ႏိုင္အာဂရာ ေရတံခြန္ၾကီးတြင္ စံုတြဲတစ္တြဲ အမွတ္တရ ရိုက္ကူးခဲ့ေသာ ဓာတ္ပံု၏ ေနာက္ကြယ္မွ ဆို႔နင့္ေၾကကြဲဖြယ္ျဖစ္ရပ္

အံ့မခန္း ခမ္းနားလွေသာ ႏိုင္အာဂရာ ေရတံခြန္ၾကီးတြင္ စံုတြဲတစ္တြဲ အမွတ္တရ ရုိက္ကူးခဲ့သည့္ သာမန္ ဓာတ္ပုံဟု ယူဆရေသာ ဓာတ္ပံုတစ္ပံု လူမႈကြန္ရက္တြင္ ျပန္လည္ပ်ံ႕ႏွံ႔လာေနသည္။

အတိအက်ဆိုရလွ်င္ ႏိုင္အာဂရာ ေရတံခြန္ၾကီးမွ Horseshoe Falls ဟုေခၚေသာေနရာတြင္ ရိုက္ကူးခဲ့ျခင္း ျဖစ္သည္။

ထိုဓာတ္ပံုထဲတြင္ ေၾကကြဲဖြယ္ရာ အမွတ္တရတစ္ခု ပါဝင္ေနျခင္းေၾကာင့္ ကမၻာတဝန္းရွိ လူမႈကြန္ရက္သံုးစြဲသူ တို႔၏ အာရံုစိုက္မႈ ခံေနရသည္။

ထိုဓာတ္ပံုကို ရုတ္တရက္ ၾကည့္လွ်င္ ခ်စ္သူႏွစ္ဦး ၾကည္ႏူးဖြယ္ရာ အမွတ္တရ ဓာတ္ပံုတစ္ခုဟုသာ မွတ္ထင္ရ မည္ ျဖစ္သည္။

သို႔ေသာ္ ၎တို႔ႏွစ္ဦး၏ ေနာက္ဘက္ ဓာတ္ပံုထဲတြင္ ပါဝင္ေနေသာ မိန္းကေလးတစ္ဦးမွာ စကၠန္႔ပိုင္းအတြင္း အျဖစ္ဆိုးႏွင့္ ၾကံဳရေတာ့မည္ကို အနီးဝန္းက်င္တြင္ ရွိေနသူမ်ား မသိခဲ့ၾက။

ႏိုင္အာဂရာ ေရတံခြန္သည္ ကေနဒါတြင္ ကမၻာလွည့္ခရီးသည္မ်ား အမ်ားဆံုးလာေရာက္ၾကေသာ ေနရာမ်ား၌ တစ္ခုအပါအဝင္ျဖစ္သည္။

အဆိုပါဓာတ္ပံုကုိ ၂၀၁၁ ခုႏွစ္၊ ၾသဂုတ္လ ၁၄ ရက္က ရိုက္ကူးခဲ့ျခင္း ျဖစ္သည္။

ထိုေန႔ ထိုအခ်ိန္တြင္ပင္ ဂ်ပန္မွ ေက်ာင္းသူေလး အာယာႏို တို႔ကုမဆုမွာ အျဖစ္ဆိုးႏွင့္ ရင္ဆိုင္ခဲ့ရျခင္း ျဖစ္သည္။

တို႔ကုမဆုသည္ ကေနဒါဘက္ျခမ္းရွိ ႏိုင္အာဂရာ ေရတံခြန္သုိ႔ တိုရြန္တိုျမဳိ႕ Hansa Language Centre မွ အတန္းေဖာ္မ်ားႏွင့္အတူ အလည္အပတ္ လာခဲ့ျခင္း ျဖစ္သည္။

သူမ၏ သူငယ္ခ်င္းက အမွတ္တရ ဓာတ္ပံုရိုက္ရန္ ျပင္ဆင္ေသာအခါ တုိ႔ကုမဆုက သမားရိုးက်အတိုင္း မရိုက္ဘဲ စြန္႔စားၾကည့္ရန္ ဆံုးျဖတ္ခဲ့သည္။

ေရတံခြန္ထိပ္ရွိ အတားအဆီး လက္ရန္းေပၚတြင္ တက္ထိုင္လိုက္သည္။ ထိုအေနအထားက ရင္သပ္ရႈေမာဖြယ္ ဓာတ္ပံု ျဖစ္လိမ့္မည္ဟု သူမက ယူဆခဲ့သည္။

အနီးရွိ ကမၻာလွည့္ ခရီးသြားစင္တာမွ ေစာင့္ၾကည့္ ကင္မရာက မၾကာမီ ျဖစ္ပြားေတာ့မည့္ ေၾကကြဲဖြယ္ ျဖစ္ရပ္ကို ဗီြဒီယို ရိုက္ကူးထားေၾကာင္း တို႔ကုမဆု သတိမထားမိခဲ့။

အသက္ ၂၀ အရြယ္ ဂ်ပန္မိန္းကေလးသည္ လက္ရန္းေပၚတြင္ ေျခေထာက္တစ္ဖက္တစ္ခ်က္စီခ်ကာ လက္ထဲတြင္ ထီးတစ္ေခ်ာင္း ကိုင္ထားရင္း ေရတံခြန္ဆီသို႔ ငံု႔ၾကည့္ေနခဲ့သည္။

ထို႔ေနာက္ လက္ရန္းကို ျပန္ေက်ာ္ တက္ရန္ ၾကိဳးစားလိုက္ခ်ိန္တြင္ ဟန္ခ်က္ပ်က္ကာ Horseshoe Falls ေရတံခြန္ထဲသို႔ ျပဳတ္က်သြားခဲ့ျပီး ေရေအာက္တြင္ ေပ်ာက္ကြယ္သြားသည္။

ေနာက္ ၄ ရက္အၾကာတြင္ တို႔ကုမဆု၏ အေလာင္းကို အေမရိကန္ျပည္ နယူးေယာက္ျပည္နယ္မွ ႏိုင္အာဂရာျမစ္ ေအာက္ဘက္၌ ေမ်ာပါေနသည္ကို မနက္ ၁၀ နာရီခန္႔တြင္ ေတြ႔ရွိခဲ့သည္။

Niagara Parks ရဲတပ္ဖြဲ႔အၾကီးအကဲ Doug Kane က အဆုိပါ ေၾကကြဲဖြယ္သတင္းကို အတည္ျပဳခဲ့သည္။

“ျပည္နယ္ပန္းျခံရဲတပ္ဖြဲ႔က သတင္းအခ်က္အလက္ေတြ ကၽြန္ေတာ္တို႔ရရွိပါတယ္။ ေတြ႔ရွိတဲ့အေလာင္းဟာ ျမစ္ထဲကို ျပဳတ္က်ခဲ့တဲ့ ေက်ာင္းသူျဖစ္တယ္ဆိုတာ အတည္ျပဳထားပါတယ္” ဟု ၎က ေျပာသည္။

ႏိုင္အာဂရာ ေရတံခြန္ၾကီးသည္ သဘာဝတရား၏ ၾကီးမားေသာလက္ေဆာင္တစ္ခုျဖစ္ေသာ္လည္း စြန္႔စားမႈမ်ား ျဖင့္ စမ္းသပ္မၾကည့္သင့္ေၾကာင္း ျပသေနသည့္ သင္ခန္းစာတစ္ခုလည္း ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Tragic Tale Unveiled: The Disturbing Story Behind a Photo of a Couple at Niagara Falls (niagaraaction)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဟန်ဆောင်စာချုပ်များအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service