Jeff Bezos က လုပ်ငန်းအောင်မြင်ရန်အတွက် စိတ်ပျက်ဖွယ်ကောင်းသူများကို အလုပ်ခန့်ထားရန် အရေးကြီးကြောင်း ပြောကြား
Jeff Bezos က လုပ်ငန်းအောင်မြင်ရန်အတွက် စိတ်ပျက်ဖွယ်ကောင်းသူများကို အလုပ်ခန့်ထားရန် အရေးကြီးကြောင်း ပြောကြား - Property Knowledge in Myanmar from iMyanmarHouse.com
5 Sep 2024 12:27 pm တွင် တင်ခဲ့သည်
556 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by နှင်းအိခင်
[Unicode]
အလုပ်ရှင်တို့သည် စိတ်ပျက်ဖွယ်ကောင်းသူများကို မည်သည့်အကြောင်းကြောင့်ဖြစ်စေ အလုပ်မခန့်ဘဲ ရှောင်ရှားကြမည်ဟု သင့်အနေဖြင့် တွေးထင်ဖွယ်ရှိသည်။
သို့သော် အလွန်အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်ဖြစ်သူ ဂျက်ဘေးဇော့စ် (Jeff Bezos) ကမူ စိတ်ပျက်ဖွယ်ကောင်းသူများမှာ လုပ်ငန်းအောင်မြင်ရေးသော့ချက်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း ယုံကြည်ထားသည်။
၂၀၁၉ ခုနှစ်အတွင်းက ဆွေးနွေးပြောကြားမှုတစ်ခုတွင် Amazon တည်ထောင်သူ ဂျက်ဘေးဇော့စ်က ၎င်းလိုချင်သည့် ဝန်ထမ်းများ၏ အရည်အချင်းအကြောင်း ထည့်သွင်းဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ထိုစဉ်က ဆွေးနွေးပြောဆိုမှုတွင် ဂျက်ဘေးဇော့စ်က လုပ်ငန်းရှင်များအနေဖြင့် ဝန်ထမ်းများကို ရာထူးတိုးပေးရာတွင် (သို့မဟုတ်) အလုပ်ခန့်ထားရန် စဉ်းစားရာတွင် မိမိကိုယ်ကို မေးကြည့်သင့်သည့် မေးခွန်းတချို့ ပြောပြခဲ့သည်။
“ဒီလူဟာ ဆန်းသစ်တီထွင်ရတာ ကြိုက်တဲ့သူလား” ….. “သူ့မှာ ဆန်းသစ်တီထွင်တတ်တဲ့ဉာဉ် နည်းနည်းလောက်ရှိလား” ဟူသော မေးခွန်းများ ဖြစ်သည်။
အလုပ်လျှောက်ထားလာသောသူများတွင် ပါသည့် လူတော်များသည် စိတ်ပျက်ဖွယ်ကောင်းသူများ ဖြစ်နေနိုင်ကြောင်း ဂျက်ဘေးဇော့စ်က ပြောသည်။
“သူတို့တွေဟာ နည်းနည်းလေး အစွန်းရောက်တာ၊ ပုန်ကန်ချင်စိတ် နည်းနည်းရှိတတ်တာမျိုး ရှိနိုင်ပါတယ်။ သူတို့တဲ့ လက်တွဲအလုပ်လုပ်ဖို့ အမြဲတမ်းတော့ မလွယ်ကူတဲ့သူတွေပါ” ဟု ဂျက်ဘေးဇော့စ်က ရှင်းပြသည်။
မိမိ၏ ကုမ္ပဏီတွင် ပုန်ကန်စိတ်ရှိသူတစ်ဦးကို ခန့်ထားရေးမှာ အတွေးဖြင့်ပင် ချွေးပြန်သည်ဆိုပါက မိမိအကြံအတိုင်း လုပ်ဆောင်ရန် ဂျက်ဘေးဇော့စ်က ပြောသည်။
ထိုသူတို့မှာ လူဆိုးများ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သင့်ကုမ္ပဏီအတွက် သင်လိုချင်နေသူ အမျိုးအစားဖြစ်ကြောင်း၊ ထိုသို့သောသူမျိုးကို ထိုက်သင့်သလို အလုပ်ခန့်ထားသင့်ကြောင်း ဂျက်ဘေးဇော့စ်က အခိုင်အမာ ပြောသည်။
(စိတ်ပျက်ဖွယ်ကောင်းသူများမှာ တန်ဖိုးရှိနိုင်ကြောင်း ဂျက်ဘေးဇော့စ်က ယုံကြည်သည်။ ဓာတ်ပုံ-Mandel Ngan/ AFP via Getty Images)
“သူတို့ဟာ ဟင်းခတ်အမွှေးအကြိုင်လိုမျိုးပါ။ လူဆိုးတွေချည်း ၉၀ ရာခိုင်နှုန်း ထည့်ဖို့တော့ ကျွန်တော် အားမပေးပါဘူး” ဟု ဂျက်ဘေးဇော့စ်က ဆက်လက်ပြောကြားသည်။
“ဒီလိုလူတွေ ဆောင်ကြဉ်းလာတဲ့ တန်ဖိုးတွေကို သင်ကြားရမှာ ဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ကတော့ သူတို့ကို…မင်းတို့ စနစ်တကျရှိရမယ်…အရူးတစ်ယောက်လိုဖြစ်နေရုံနဲ့ မရဘူးလို့ ပြောပြီး ပြင်းပြင်းထန်ထန် တွန်းအားပေးမှာ ဖြစ်ပါတယ်” ဟု ဂျက်ဘေးဇော့စ်က ပြောသည်။
“လူဆိုးတစ်ယောက်ဖြစ်တာ ကိစ္စမရှိပါဘူး။ ဒါပေမယ့် မင်းရဲ့ အကြံဉာဏ်ကို ချရေးပါ။ အကြံဉာဏ်တွေကို ရောင်းချပါ။ ဆွဲဆောင်ပါ။ ဒီအကြံဉာဏ်တွေ ဖူးပွင့်လာမယ့် အခြေအနေမျိုး ဖန်တီးပါ”
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Jeff Bezos explains why it's important to hire people who are ‘a little bit annoying’ (unilad) Photo Credit- Mandel Ngan/ AFP via Getty Images,
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
Golden City Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service