Elon Musk က တစ်ဖက်ကမ်းပြို တစ်ဖက်သောင်ထွန်း စိတ်ထားရှိသူများမှာ မိမိအောင်မြင်ရေးအတွက် အခြားသူများထံမှ ရယူသည့်နည်းလမ်းကို လက်ခံကျင့်သုံးလေ့ရှိကြောင်း ပြောကြား

Elon Musk က တစ်ဖက်ကမ်းပြို တစ်ဖက်သောင်ထွန်း စိတ်ထားရှိသူများမှာ မိမိအောင်မြင်ရေးအတွက် အခြားသူများထံမှ ရယူသည့်နည်းလမ်းကို လက်ခံကျင့်သုံးလေ့ရှိကြောင်း ပြောကြား - Property Knowledge in Myanmar from iMyanmarHouse.com
5 Sep 2024 12:00 pm တွင် တင်ခဲ့သည်
596 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

 

တစ်ဖက်ကမ်းပြို တစ်ဖက်သောင်ထွန်း စိတ်ထားရှိသူများမှာ မိမိအောင်မြင်ရေးအတွက် အခြားသူများထံမှ အဓမ္မရယူသည့်နည်းလမ်းကို လက်ခံကျင့်သုံးလေ့ရှိကြောင်း၊ မိမိရှေ့သို့ ရောက်ရှိရေးအတွက် တစ်ခုတည်းသော နည်းလမ်းအဖြစ် ထိုသူတို့က ခံယူထားကြကြောင်း Elon Musk က ပြောကြားသည်။

Mario Nawfal အမည်ရှိ စီးပွားရေးလုပ်ငန်းရှင်က Elon Musk ပြောကြားထားသော ဗွီဒီယိုဖိုင်ကို X လူမှုကွန်ရက်တွင် လွှင့်တင်ခဲ့သည်။

Elon Musk က ထိုအကြောင်းကို ၂၀၂၁ ခုနှစ်က အင်တာဗျူးတစ်ခုထဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

Elon Musk က Mario Nawfal ၏ ပို့စ်ကို ပြန်လည်မျှဝေကာ “ဒါဟာ ..အခြေခံသဘောတရားပါပဲ” ဟု ရေးသားခဲ့သည်။

စီးပွားရေး (သို့မဟုတ်) ဓနပမာဏမှာ မည်သည့်အခါမှ ကြီးထွားမလာဘဲ ထာဝရကိန်းသေဖြစ်နေသောကြောင့် လူ့ဘဝသည် တစ်ဖက်ကမ်းပြို တစ်ဘက်သောင်ထွန်းဖြစ်သည့် လစ်ဘရယ်သဘောတရားကို Elon Musk က ဝေဖန်ခဲ့ခြင်း ဖြစ်သည်။

တစ်ဖက်ကမ်းပြို တစ်ဘက်သောင်ထွန်းစိတ်ဓာတ်မှာ ကိုယ်ကျင့်တရားအရ မေးခွန်းထုတ်စရာ အပြုအမူ ဖြစ်ကြောင်း Elon Musk က ပြောသည်။

စီးပွားရေးမုန့်ပြားသလက်ပမာဏမှာ ပုံသေပမာဏသာရှိသည်ဟု ခံယူထားကြသောကြောင့် မုန့်ဝေစုပိုမိုရလို လျှင် အခြားသူ၏ မုန့်ဝေစုကို ရယူသည့်နည်းလမ်းသာရှိသည်ဟု ထိုသူတို့က ခံယူထားကြခြင်းဖြစ်ကြောင်း Elon Musk က ရှင်းပြသည်။

“ဒါဟာ မှားယွင်းပါတယ်။ စီးပွားရေးမုန့်ပြားသလက်က အများကြီးရှိပါတယ်။” ဟု Elon Musk က ပြောသည်။

မုန့်အရွယ်အစားကြီးမားစွာ ထုတ်လုပ်နိုင်ရန်အတွက် ပိုမိုအလုပ်လုပ်ကြရေး ဆော်သြရန်လိုအပ်ကြောင်း၊ ထိုသို့ဆိုလျှင် လူတိုင်းအတွက် မုန့်ဝေစု ပိုမိုရရှိလာမည်ဖြစ်ကြောင်းလည်း Elon Musk က ဖြည့်စွက်ပြောကြားသည်။

“အရမ်းတော်တဲ့ လူအချို့အပါအဝင် လူတွေကို ကြည့်လိုက်ရင် ကိုယ်ကျင့်တရားအရ မေးခွန်းထုတ်စရာ လုပ်ရပ်တွေ လုပ်ဆောင်နေကြပါတယ်။ ဒါက ဘာကြောင့်လဲဆိုတော့ သူတို့မှာ တစ်ဖက်ကမ်းပြို၊ တစ်ဖက်သောင်ထွန်း စိတ်ဓာတ်မျိုး ရှိနေလို့ပါပဲ။”

“လူတစ်ယောက်မှာ တစ်ဖက်ကမ်းပြို တစ်ဖက်သောင်ထွန်း စိတ်ဓာတ်ရှိတယ်ဆိုရင် သူများရှေ့ကို ရောက်နိုင်မယ့်နည်းလမ်းက တခြားလူဆီကနေ ရယူဖို့ နည်းပဲ ရှိတယ်လို့ ခံယူကြတယ်။ မုန့်အရွယ်အစားက ကြီးမလာဘူးဆိုရင် မုန့်ပိုရဖို့ တစ်ခုတည်းသော နည်းလမ်းက သူများရဲ့ မုန့်ဝေစုကို ယူဖို့ ဆိုတာပါပဲ။”

“ဒါပေမဲ့ ဒါဟာ မှားယွင်းပါတယ်။ အချိန်ကာလ ကြာတာနဲ့အမျှ စီးပွားရေးမုန့်ဟာ အတော်ကြီးမားလာခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် တကယ်တော့ မုန့်တွေအများကြီး ရှိပါတယ်”

“မုန့်အရွယ်အစားက ကိန်းသေမဟုတ်ပါဘူး။ စီးပွားရေးမုန့် ကြီးမားလာအောင် ပိုမိုကြိုးစားရမှာ ဖြစ်ပါတယ်။ ကိုယ်စားနိုင်တဲ့ ပမာဏထက် ပိုမိုထုတ်လုပ်ရမှာ ဖြစ်ပါတယ်”

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Elon Musk: People with ‘Zero-Sum Mindset’ Believe in ‘Taking Things Away From Others’ (mrctv)

 

[Zawgyi]

Elon Musk က တစ္ဖက္ကမ္းျပိဳ တစ္ဖက္ေသာင္ထြန္း စိတ္ထားရွိသူမ်ားမွာ မိမိေအာင္ျမင္ေရးအတြက္ အျခားသူမ်ားထံမွ ရယူသည့္နည္းလမ္းကို လက္ခံက်င့္သံုးေလ့ရွိေၾကာင္း ေျပာၾကား

တစ္ဖက္ကမ္းျပိဳ တစ္ဖက္ေသာင္ထြန္း စိတ္ထားရွိသူမ်ားမွာ မိမိေအာင္ျမင္ေရးအတြက္ အျခားသူမ်ားထံမွ အဓမၼရယူသည့္နည္းလမ္းကို လက္ခံက်င့္သံုးေလ့ရွိေၾကာင္း၊ မိမိေရွ႕သုိ႔ ေရာက္ရွိေရးအတြက္ တစ္ခုတည္းေသာ နည္းလမ္းအျဖစ္ ထိုသူတို႔က ခံယူထားၾကေၾကာင္း Elon Musk က ေျပာၾကားသည္။

Mario Nawfal အမည္ရွိ စီးပြားေရးလုပ္ငန္းရွင္က Elon Musk ေျပာၾကားထားေသာ ဗြီဒီယိုဖိုင္ကို X လူမႈကြန္ရက္တြင္ လႊင့္တင္ခဲ့သည္။

Elon Musk က ထိုအေၾကာင္းကို ၂၀၂၁ ခုႏွစ္က အင္တာဗ်ဴးတစ္ခုထဲတြင္ ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

Elon Musk က Mario Nawfal ၏ ပို႔စ္ကို ျပန္လည္မွ်ေဝကာ “ဒါဟာ ..အေျခခံသေဘာတရားပါပဲ” ဟု ေရးသားခဲ့သည္။

စီးပြားေရး (သို႔မဟုတ္) ဓနပမာဏမွာ မည္သည့္အခါမွ ၾကီးထြားမလာဘဲ ထာဝရကိန္းေသျဖစ္ေနေသာေၾကာင့္ လူ႔ဘဝသည္ တစ္ဖက္ကမ္းျပိဳ တစ္ဘက္ေသာင္ထြန္းျဖစ္သည့္ လစ္ဘရယ္သေဘာတရားကို Elon Musk က ေဝဖန္ခဲ့ျခင္း ျဖစ္သည္။

တစ္ဖက္ကမ္းျပိဳ တစ္ဘက္ေသာင္ထြန္းစိတ္ဓာတ္မွာ ကိုယ္က်င့္တရားအရ ေမးခြန္းထုတ္စရာ အျပဳအမူ ျဖစ္ေၾကာင္း Elon Musk က ေျပာသည္။

စီးပြားေရးမုန္႔ျပားသလက္ပမာဏမွာ ပံုေသပမာဏသာရွိသည္ဟု ခံယူထားၾကေသာေၾကာင့္ မုန္႔ေဝစုပိုမိုရလုိ လွ်င္ အျခားသူ၏ မုန္႔ေဝစုကို ရယူသည့္နည္းလမ္းသာရွိသည္ဟု ထိုသူတို႔က ခံယူထားၾကျခင္းျဖစ္ေၾကာင္း Elon Musk က ရွင္းျပသည္။

“ဒါဟာ မွားယြင္းပါတယ္။ စီးပြားေရးမုန္႔ျပားသလက္က အမ်ားၾကီးရွိပါတယ္။” ဟု Elon Musk က ေျပာသည္။

မုန္႔အရြယ္အစားၾကီးမားစြာ ထုတ္လုပ္ႏိုင္ရန္အတြက္ ပိုမိုအလုပ္လုပ္ၾကေရး ေဆာ္ၾသရန္လိုအပ္ေၾကာင္း၊ ထိုသို႔ဆိုလွ်င္ လူတိုင္းအတြက္ မုန္႔ေဝစု ပိုမိုရရွိလာမည္ျဖစ္ေၾကာင္းလည္း Elon Musk က ျဖည့္စြက္ေျပာၾကားသည္။

“အရမ္းေတာ္တဲ့ လူအခ်ဳိ႕အပါအဝင္ လူေတြကို ၾကည့္လုိက္ရင္ ကိုယ္က်င့္တရားအရ ေမးခြန္းထုတ္စရာ လုပ္ရပ္ေတြ လုပ္ေဆာင္ေနၾကပါတယ္။ ဒါက ဘာေၾကာင့္လဲဆိုေတာ့ သူတို႔မွာ တစ္ဖက္ကမ္းျပဳိ၊ တစ္ဖက္ေသာင္ထြန္း စိတ္ဓာတ္မ်ဳိး ရွိေနလို႔ပါပဲ။”

“လူတစ္ေယာက္မွာ တစ္ဖက္ကမ္းျပိဳ တစ္ဖက္ေသာင္ထြန္း စိတ္ဓာတ္ရွိတယ္ဆုိရင္ သူမ်ားေရွ႕ကို ေရာက္ႏိုင္မယ့္နည္းလမ္းက တျခားလူဆီကေန ရယူဖို႔ နည္းပဲ ရွိတယ္လို႔ ခံယူၾကတယ္။ မုန္႔အရြယ္အစားက ၾကီးမလာဘူးဆိုရင္ မုန္႔ပိုရဖို႔ တစ္ခုတည္းေသာ နည္းလမ္းက သူမ်ားရဲ႕ မုန္႔ေဝစုကို ယူဖို႔ ဆုိတာပါပဲ။”

“ဒါေပမဲ့ ဒါဟာ မွားယြင္းပါတယ္။ အခ်ိန္ကာလ ၾကာတာနဲ႔အမွ် စီးပြားေရးမုန္႔ဟာ အေတာ္ၾကီးမားလာခဲ့ျပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ တကယ္ေတာ့ မုန္႔ေတြအမ်ားၾကီး ရွိပါတယ္”

“မုန္႔အရြယ္အစားက ကိန္းေသမဟုတ္ပါဘူး။ စီးပြားေရးမုန္႔ ၾကီးမားလာေအာင္ ပိုမိုၾကိဳးစားရမွာ ျဖစ္ပါတယ္။ ကိုယ္စားႏိုင္တဲ့ ပမာဏထက္ ပိုမိုထုတ္လုပ္ရမွာ ျဖစ္ပါတယ္”

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Elon Musk: People with ‘Zero-Sum Mindset’ Believe in ‘Taking Things Away From Others’ (mrctv)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဟန်ဆောင်စာချုပ်များအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service