Apple ကို တည်ထောင်ရာတွင် ပါဝင်ခဲ့သော တတိယမြောက်ပုဂ္ဂိုလ်က သူ၏ ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို ဒေါ်လာ ၈၀၀ မျှဖြင့် ရောင်းထုတ်သွားခဲ့၊ ယနေ့ခေတ် ရှယ်ယာဈေးအရ ကန်ဒေါ်လာ ၃၄၅ ဘီလီယံ တန်ကြေးရှိနေရာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်မည့် အခွင့်အရေး လက်လွတ်ခဲ့ရ
Apple ကို တည်ထောင်ရာတွင် ပါဝင်ခဲ့သော တတိယမြောက်ပုဂ္ဂိုလ်က သူ၏ ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို ဒေါ်လာ ၈၀၀ မျှဖြင့် ရောင်းထုတ်သွားခဲ့၊ ယနေ့ခေတ် ရှယ်ယာဈေးအရ ကန်ဒေါ်လာ ၃၄၅ ဘီလီယံ တန်ကြေးရှိနေရာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်မည့် အခွင့်အရေး လက်လွတ်ခဲ့ရ - Property Knowledge in Myanmar from iMyanmarHouse.com
2 Sep 2024 10:48 am တွင် တင်ခဲ့သည်
880 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
ဆီလီကွန်တောင်ကြား၏ ခမ်းနားသော ပုံပြင်များကို ပြောမည်ဆိုလျှင် Apple ကို တည်ထောင်သူ စတိဗ် ဂျော့နှင့် စတိဗ် ဝါ့ဇနီယက်တို့အကြောင်း ထိပ်တန်းမှ ပါဝင်လာမည်သာ ဖြစ်သည်။
သို့သော် Apple ၏ ပုံပြင်တွင် လူသိနည်းသော အခြားဇာတ်ကောင်တစ်ဦး ရှိနေသေးသည်။
ထိုပုဂ္ဂိုလ်သည် Apple ၏ အစောပိုင်းကာလများတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သူ ဖြစ်၏။
ထိုသူကား….ရော်နယ် ဝိန်း (Ronald Wayne) ဖြစ်သည်။
ရော်နယ် ဝိန်းသည် Apple ကို ပူးတွဲတည်ထောင်ခဲ့သူများအနက် တတိယမြောက်တစ်ဦးလည်း ဖြစ်သည်။
ရော်နယ်ဝိန်းသည် Apple မှ သူ၏ ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို ဒေါ်လာ ၈၀၀ မျှဖြင့် ရောင်းထုတ်သွားခဲ့ရာ ယနေ့ပြန်ကြည့်လျှင် မယုံနိုင်ဖွယ် ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်သည်။
Apple ၏ လက်ရှိဈေးကွက်တန်ဖိုးမှာ ကန်ဒေါ်လာ ၃ ဒသမ ၄၅ ထရီလီယံ ရှိနေရာ ရော်နယ်ဝိန်း ရောင်းထုတ်ခဲ့သော ရှယ်ယာတို့၏ ယနေ့ခေတ်တန်ဖိုးမှာ ကန်ဒေါ်လာ ၃၄၅ ဘီလီယံခန့် ရှိနေသည်။
ရော်နယ်ဝိန်းသည် ၁၉၃၄ ခုနှစ်တွင် မွေးဖွားပြီး အတွေ့အကြုံများပြားသော အင်ဂျင်နီယာတစ်ဦးဖြစ်ကာ ၁၉၇၆ ခုနှစ်တွင် ၎င်းထက် များစွာ ငယ်ရွယ်သည့် စတိဗ်ဂျော့၊ စတိဗ် ဝါ့ဇနီယက်တို့နှင့် လက်တွဲခဲ့သည်။
ထိုစဉ်က အသက် ၄၁ နှစ်အရွယ်ရှိ ရော်နယ်ဝိန်းက Apple အတွက် ရင့်ကျက်မှုနှင့် တည်ငြိမ်မှုတို့ ဆောင်ကြဉ်းပေးခဲ့ပြီး လူငယ်တို့၏ တက်ကြွသော ခွန်အား၊ ရည်မှန်းချက်တို့နှင့် ပေါင်းစပ်ခဲ့သည်။
ရော်နယ်ဝိန်း၏ တာဝန်မှာ ထွန်းသစ်စ ကုမ္ပဏီ Apple အား ကြီးကြပ်ပေးရန်၊ အင်ဂျင်နီယာပိုင်းဆိုင်ရာ စီမံခန့်ခွဲပေးရန်နှင့် စာရွက်စာတမ်းကိစ္စများ ဆောင်ရွက်ပေးရန် ဖြစ်သည်။
မူလမိတ်ဖက် သဘောတူညီချက်ကို ရေးဆွဲရာတွင် ရော်နယ်ဝိန်းမှာ အရေးပါသူ ဖြစ်ခဲ့ပြီး Apple ၏ ပထမဆုံး Logo ကို ဒီဇိုင်းရေးဆွဲပေးခဲ့သူလည်း ဖြစ်သည်။
Apple ၏ ကနဦးကာလများတွင် များစွာ ကြိုးပမ်းဆောင်ရွက်ပေးခဲ့သော်လည်း ရော်နယ်ဝိန်းနှင့် Apple တို့၏ လက်တွဲမှု သက်တမ်းမှာ မယုံနိုင်အောင် တိုတောင်းလှပြီး ၁၂ ရက်ထဲသာ ဖြစ်သည်။
ရော်နယ်ဝိန်း အဘယ်ကြောင့် လက်တွဲဖြုတ်ခဲ့သနည်း။
ရော်နယ်ဝိန်းက ငွေကြေးစွန့်စားရမှုများ ရှိနေခြင်းအပေါ် ရတက်မအေး ဖြစ်ခဲ့သည်။
ထိုစဉ်က စတိဗ်ဂျော့က ဒေါ်လာ ၁၅,၀၀၀ ချေးငွေ ထုတ်ယူထားသည်။
၎င်းတို့အဖွဲ့တွင် နေအိမ်အပါအဝင် ကြီးမားသည့် ပိုင်ဆိုင်မှု ရှိသူဟူ၍ ရော်နယ်ဝိန်းတစ်ယောက်တည်းသာ ရှိရာ လုပ်ငန်းမအောင်မြင်ပါက ထိုအကြွေးမှာ မိမိပုခုံးပေါ် ကျရောက်လာမည်ကို ရော်နယ်ဝိန်းက စိုးရိမ်ခဲ့သည်။
စတိဗ်ဂျော့နှင့် ဝါ့ဇနီယက်တို့ ၂ ဦးမှာ လက်ဆုပ်လက်ကိုင်ပြစရာ ပိုင်ဆိုင်မှုများ မရှိရာ မအောင်မြင်ပါကလည်း ကြီးကြီးမားမား ဆုံးရှုံးစရာ မရှိ။
ထိုသို့ စိုးရိမ်စိတ်များကြောင့် ရော်နယ်ဝိန်းက သူ၏ ရှယ်ယာများကို စတိဗ်ဂျော့တို့ ၂ ဦးထံ ဒေါ်လာ ၈၀၀ မျှဖြင့် ရောင်းချသွားခဲ့ခြင်း ဖြစ်သည်။
Apple ၏ မယုံနိုင်ဖွယ် အောင်မြင်မှုများကြောင့် ရော်နယ်ဝန်း၏ ဆုံးဖြတ်ချက်မှာ ကြီးမားသော အမှားကြီးတစ်ခု ဖြစ်ကြောင်း သိသာနေသည်။
သို့သော် ရော်နယ်ဝိန်းက နောင်တမရ။
Apple တွင် ဆက်နေပါက စိတ်ဖိစီးမှုကြောင့် သေသွားနိုင်ကြောင်း၊ အုတ်ဂူထဲမှ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်သာ ဖြစ်လာနိုင်ကြောင်း ပြောသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Apple's 3rd Co-Founder Sold His 10% Stake For Only $800 – Today It Would Be Worth $345 Billion, But He Says Stress Wasn't Worth It (benzinga)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဟန်ဆောင်စာချုပ်များအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
THADAR CONDOMINIUM
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service