တရားရုံးအမိန့်အနိုင်ဒီကရီကို အတည်ပြုခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့်ဖော်ပြပေးလိုက်ပါသည်။

တရားရုံးအမိန့်အနိုင်ဒီကရီကို အတည်ပြုခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့်ဖော်ပြပေးလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
1 Sep 2024 4:13 pm တွင် တင်ခဲ့သည်
1288 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

မရွှေ့မပြောင်းနိုင်သော ပစ္စည်းနှင့် စပ်လျဉ်း၍ တရားနိုင်မှ အနိုင်ဒီဂရီတစ်ရပ်ရရှိလျှင် တရားရှုံးမှ အဆိုပါ ပစ္စည်းအား တရားမကျင့်ထုံး ဥပဒေပုဒ်မ-၅၁ (က) ၊ အမိန့်-၂၁၊ နည်းဥပဒေ -၃၅ အရ လက်ရောက် လွှဲအပ်ပေးခြင်းနှင့် ဇာရီမှုဖွင့်လှစ် လေလံတင်ရောင်းချသည့်အခါမှ တရားနိုင်ထံ တရားရှုံးမှ မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို ပေးအပ်ခြင်းဟူ၍ ရှိပါသည်။

တရားရှုံးမှ မရွှေ့မပြောင်းနိုင်သောပစ္စည်းအား တိုက်ရိုက်ပေးအပ်မည်ဆိုပါကလဲ တရားလိုထံသို့ဖြစ်စေ၊ တရားလိုကိုယ်စား လက်ခံရယူရန် တရားဝင်ခန့်အပ်ထားသော ကိုယ်စားထံသို့ဖြစ်စေ လက်ရောက် လွှဲပြောင်းပေးအပ်ခြင်း ပြုနိုင်ပါသည်။

မရွှေ့မပြောင်းနိုင်သောပစ္စည်းနှင့် သက်ဆိုင်သော ဒီကရီအတည်ပြုပေးရန် လျှောက်ထားရာတွင် မြေပုံပါ ရှိရမည်ဖြစ်ပါသည်။ မြေကွက်အပ်နှံပေးရန် ၊ ဝရမ်းကပ်ရန် လျှောက်လွှာတွင်လဲ ကွင်းအမှတ်၊ ဦးပိုင်အမှတ် တို့ကို တိကျစွာ ဖော်ပြရမည်ဖြစ်ပါသည်။ ဒီကရီကို အတည်ပြုပေးရန်မှာ တရားမကျင့်ထုံးဥပဒေ အမိန့်-၂၁ ၊ နည်းဥပ ဒေ ၁၃(၁) (၂)အရ အချက်အလက်များ ပြည့်စုံမှသာ တရားရုံးမှ အတည်ပြုပေးမည်ဖြစ်ပါသည်။

ဒီကရီအား အကောင်အထည်ဖော်ရာတွင်လဲ အများမြင်သာသော နေရာတွင် ကပ်၍ဖြစ်စေ၊ သင့်လျော် သော နေရာတွင် မောင်းထု၍ဖြစ်စေ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်မည်ဖြစ်ပါသည်။ တရားရှုံးနှင့် မရွှေ့မပြောင်းနိုင်သောပစ္စည်းတွင် နေထိုင်သူများမှ ဒီကရီကို လိုက်နာဆောင်ရွက်ရန်နှင့် ဖယ်ရှားပေးရန် တာဝန်ရှိသည်။

တရားရုံးမှ ဒီကရီအား အတည်ပြုရာတွင် တရားရှုံးနှင့် မရွှေ့မပြောင်းနိုင်သောပစ္စည်းတွင် နေထိုင်များမှ လိုက်နာဆောင်ရွက်ခြင်း မရှိပါက တရားလိုမှ တရားမကျင့်ထုံးဥပဒေအမိန့်- ၂၁၊ နည်း- ၃၅ အရ ဖယ်ရှားမှု ပြုနိုင်ရန် လျှောက်ထားနိုင်ပါသည်။ တရားရှုံးအမည်ဖြင့် ထုတ်သော မရွှေ့မပြောင်းနိုင်သောပစ္စည်း အပ်ဝရမ်းကို အတည်ပြုရာ၌ တရားရှုံးမှ နေထိုင်ခွင့်ပြုထားသူများပါ အကျုံးဝင်သော အမိန့်ဖြစ်ပြီး ဒီကရီကို လိုက်နာဆောင် ရွက်ခြင်းမရှိပါက အဆိုပါသူများကိုပါ နှင်ထုတ်ခွင့်ရှိပါသည်။

ခုခံတားဆီးမှုများရှိကာ ဒီကရီကို အတည်မပြုနိုင်ပါကလဲ မည်သည့်အတွက်ကြောင့် ဒီကရီကို အတည် မပြုနိုင်ကြောင်း ဘိလစ်မှ တရားရုံးသို့ တိတိကျကျ ပြန်လည် တင်ပြရန်လိုအပ်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]













 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဟန်ဆောင်စာချုပ်များအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service