အိမ်ခြံမြေလုပ်ငန်းရှင်သူဌေးကြီး ဂရန့်ကာဒွန်းက တစ်နှစ်ဝင်ငွေ ဒေါ်လာ ၄၀၀,၀၀၀ ဆိုသည်မှာ ရှက်စရာ ကောင်းကြောင်း ပြောဆိုမှု ဂယက်ထလျက်ရှိ၊ ဓနတည်ဆောက်မှုအတွက်ဆိုလျှင် Passive Income အတွက် အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ကြရန် ၎င်းက အကြံပြု

အိမ်ခြံမြေလုပ်ငန်းရှင်သူဌေးကြီး ဂရန့်ကာဒွန်းက တစ်နှစ်ဝင်ငွေ ဒေါ်လာ ၄၀၀,၀၀၀ ဆိုသည်မှာ ရှက်စရာ ကောင်းကြောင်း ပြောဆိုမှု ဂယက်ထလျက်ရှိ၊ ဓနတည်ဆောက်မှုအတွက်ဆိုလျှင် Passive Income အတွက် အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ကြရန် ၎င်းက အကြံပြု - Property Knowledge in Myanmar from iMyanmarHouse.com
14 Aug 2024 10:23 am တွင် တင်ခဲ့သည်
909 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

အိမ်ခြံမြေလုပ်ငန်းရှင် သူဌေးကြီး ဂရန့်ကာဒွန်းသည် စိတ်ခွန်အားပေးရန် ဟောပြောသူ၊ လူမှုကွန်ရက် influencer တစ်ဦးလည်း ဖြစ်သည်။

ဝင်ငွေနှင့် ပတ်သက်သည့် မကြာသေးမီက သူ၏ပြောကြားချက်တစ်ခုမှာ ဝေဖန်ပြောဆိုမှု များပြားကာ ဂယက်ထနေသည်။

“တစ်နှစ် ဝင်ငွေ ဒေါ်လာ ၄၀၀,၀၀၀ မှာ ရှက်ဖွယ်ကောင်းသည်” ဟု ခေါင်းစဉ်တပ်ထားသော YouTube ဗွီဒီယိုဖိုင်တစ်ခုတွင် ဂရန့်ကာဒွန်းက ခပ်ပြတ်ပြတ်ပြောထားသည်မှာ “ကျွန်တော့် ဝင်ငွေသာ တစ်နှစ်ကို ဒေါ်လာ ၄၀၀,၀၀၀ ဆိုရင် ခင်ပွန်းတစ်ယောက်၊ ဖခင်တစ်ယောက်၊ နောက်ဆုံး …လူတစ်ယောက်အနေနဲ့ ကျွန်တော့်ကိုယ် ကျွန်တော်ရှက်မိမှာပဲ။ တစ်လဝင်ငွေ ဒေါ်လာ ၃၅,၀၀၀ ဆိုတဲ့အပေါ် ခင်ဗျားတို့ ဘယ်လိုများ နားလည်ထားလဲ။ ခင်ဗျား သင်္ချာညံ့တာပေါ့။ ခင်ဗျား သင်္ချာညံ့တယ်။ ဘာလို့လဲဆို တစ်နှစ်ကို ဒေါ်လာ ၄၀၀,၀၀၀ နဲ့ ခင်ဗျားရပ်တည်လို့ မရဘူးလေ” ဟု ပြောထားသည်။

ဂရန့်ကာဒွန်း၏ ပြောဆိုမှုမှာ အမေရိကန်ပြည်သူအများစု၏ ဝင်ငွေအနေအထား တကယ့်လက်တွေ့နှင့် များစွာ ခြားနားနေသည်။

အမေရိကန်ပြည်ထောင်စုရှိ အချို့သောပြည်နယ်များတွင် ဝင်ငွေအကောင်းဆုံးရှိသူ ၁ ရာခိုင်နှုန်းခန့်သာ ဂရန့်ကာဒွန်းပြောသော ဒေါ်လာ ၄၀၀,၀၀၀ ဝင်ငွေရှိကြကြောင်း SmartAsset ၏ အချက်အလက်များတွင် ဖော်ပြသည်။

အမေရိကန်ပြည်ထောင်စုတွင် ၂၀၂၃ ခုနှစ် စတုတ္ထ ၃ လပတ်ကာလအတွင်း အချိန်ပြည့်အလုပ်ရှိသူများ၏ ပျှမ်းမျှတစ်ပတ်တာဝင်ငွေမှာ ကန်ဒေါ်လာ ၁၁၄၅ ဖြစ်ရာ တစ်လဝင်ငွေ ဒေါ်လာ ၄၅၈၀ သာ ရှိသည်။

ဂရန့်ကာဒွန်းက ရှက်စရာကောင်းသည်ဟုပြောသော တစ်လဝင်ငွေ ဒေါ်လာ ၃၅,၀၀၀ အောက် အလွန်တရာ နည်းပါးလှသော ပမာဏသာ ဝင်ငွေရှိကြခြင်း ဖြစ်သည်။

ဂရန့်ကာဒွန်းက YouTube ဗွီဒီယိုဖိုင် အခြားတစ်ခုတွင်ထပ်မံ ပြောဆိုထားသည်မှာ ဒေါ်လာ ၁ သန်း ပိုင်ဆိုင် ထားလျှင်ပင် ငွေအတွက် စိတ်အေးရပြီဟု မပြောနိုင်ကြောင်း ပြောဆိုထားသည်။

“ဒေါ်လာ ၁ သန်းဆိုတာ ဘာမှ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။

ဒေါ်လာ ၁ သန်းကို နှစ် ၃၀ ခွဲဝေလိုက်မည်ဆိုပါက တစ်နှစ်လျှင် ဒေါ်လာ ၃၃,၀၀၀ မျှသာရှိရာ သက်တောင့်သက်သာရှိသည့် ဘဝနေထိုင်မှုအတွက် မလုံလောက်ကြောင်း ဂရန့်ကာဒွန်းက ပြောသည်။ ထို့အပြင် ဂရန့်ကာဒွန်းက သန်းကြွယ်သူဌေးများ ငွေကြေးအကြံပေးမှု ပြုလုပ်ခြင်းအပေါ်တွင်လည်း ဝေဖန်မှုများ ပြုလုပ်ထားသည်။

ထိုသူဌေးတို့၏ အသိအမြင်မှာ အကန့်အသတ်ရှိကြောင်း ၎င်းက ပြောသည်။

“သစ်ပင်ရဲ့ တစ်ဝက်လောက်ပဲ ရောက်သေးတဲ့သူဆီကနေ အကြံဉာဏ်တွေ ထင်မြင်ချက်တွေ မတောင်းပါနဲ့။ သူတို့မြင်ရတဲ့ မြင်ကွင်းအကြောင်းပဲ ခင်ဗျားတို့ကို ပြောပြနိုင်ပါလိမ့်မယ်။” ဟု ဂရန့်ကာဒွန်းက ပြောသည်။

အောင်မြင်မှု ပန်းတိုင်ထိပ်ဆုံးသို့ မရောက်သေးသူများသည် အထိရောက်ဆုံး ဓနတည်ဆောက်မှုမဟာဗျူဟာ များ မပေးနိုင်ကြောင်း ဂရန့်ကာဒွန်းက ထောက်ပြသည်။

“ခင်ဗျား သန်းကြွယ်သူဌေးလား..ခင်ဗျားမှာ ငွေဘာမှ မရှိသေးပါဘူး ဆရာရေ…သန်းကြွယ်သူဌေးဆိုတာ ဘာလဲ…ဘာမှ မဟုတ်ဘူး” ဟု ဂရန့်ကာဒွန်းက ပြောထားသည်။

ငွေရေးကြေးရေး မပူပင်ရစေရန်အတွက် ဝင်ငွေစီးကြောင်း များစွာဖြင့် ဓနတည်ဆောက်သင့်ကြောင်း ဂရန့်ကာဒွန်းက အကြံပြုသည်။

Passive Income အဖြစ် အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် ၎င်းက အထူးအားပေးထောက်ခံထားသည်။

(ဆက်စပ်သတင်း)

ချမ်းသာချင်ရင် မနက် ၉ နာရီကနေ ညနေ ၅ နာရီအလုပ် မလုပ်နဲ့ဟုဆိုသူ အိမ်ခြံမြေသူဌေးကြီး ဂရန့်ထ် ကာဒွန်း

https://www.imyanmarhouse.com/news/read/545269

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Grant Cardone Says Earning $400,000 A Year Is 'Embarrassing' As A Human Being – Asks: 'How Do You Make Sense Of $35k A Month?' (finance)

Photo Credit:pinterest

[Zawgyi]

အိမ္ျခံေျမလုပ္ငန္းရွင္သူေဌးၾကီး ဂရန္႔ကာဒြန္းက တစ္ႏွစ္ဝင္ေငြ ေဒၚလာ ၄၀၀,၀၀၀ ဆိုသည္မွာ ရွက္စရာ ေကာင္းေၾကာင္း ေျပာဆိုမႈ ဂယက္ထလ်က္ရွိ၊ ဓနတည္ေဆာက္မႈအတြက္ဆိုလွ်င္ Passive Income အတြက္ အိမ္ျခံေျမ ရင္းႏွီးျမွဳပ္ႏွံမႈ ျပဳလုပ္ၾကရန္ ၎က အၾကံျပဳ

အိမ္ျခံေျမလုပ္ငန္းရွင္ သူေဌးၾကီး ဂရန္႔ကာဒြန္းသည္ စိတ္ခြန္အားေပးရန္ ေဟာေျပာသူ၊ လူမႈကြန္ရက္ influencer တစ္ဦးလည္း ျဖစ္သည္။

ဝင္ေငြႏွင့္ ပတ္သက္သည့္ မၾကာေသးမီက သူ၏ေျပာၾကားခ်က္တစ္ခုမွာ ေဝဖန္ေျပာဆိုမႈ မ်ားျပားကာ ဂယက္ထေနသည္။

“တစ္ႏွစ္ ဝင္ေငြ ေဒၚလာ ၄၀၀,၀၀၀ မွာ ရွက္ဖြယ္ေကာင္းသည္” ဟု ေခါင္းစဥ္တပ္ထားေသာ YouTube ဗြီဒီယိုဖိုင္တစ္ခုတြင္ ဂရန္႔ကာဒြန္းက ခပ္ျပတ္ျပတ္ေျပာထားသည္မွာ “ကၽြန္ေတာ့္ ဝင္ေငြသာ တစ္ႏွစ္ကို ေဒၚလာ ၄၀၀,၀၀၀ ဆိုရင္ ခင္ပြန္းတစ္ေယာက္၊ ဖခင္တစ္ေယာက္၊ ေနာက္ဆံုး …လူတစ္ေယာက္အေနနဲ႔ ကၽြန္ေတာ့္ကိုယ္ ကၽြန္ေတာ္ရွက္မိမွာပဲ။ တစ္လဝင္ေငြ ေဒၚလာ ၃၅,၀၀၀ ဆိုတဲ့အေပၚ ခင္ဗ်ားတို႔ ဘယ္လိုမ်ား နားလည္ထားလဲ။ ခင္ဗ်ား သခၤ်ာညံ့တာေပါ့။ ခင္ဗ်ား သခၤ်ာညံ့တယ္။ ဘာလို႔လဲဆို တစ္ႏွစ္ကို ေဒၚလာ ၄၀၀,၀၀၀ နဲ႔ ခင္ဗ်ားရပ္တည္လို႔ မရဘူးေလ” ဟု ေျပာထားသည္။

ဂရန္႔ကာဒြန္း၏ ေျပာဆိုမႈမွာ အေမရိကန္ျပည္သူအမ်ားစု၏ ဝင္ေငြအေနအထား တကယ့္လက္ေတြ႔ႏွင့္ မ်ားစြာ ျခားနားေနသည္။

အေမရိကန္ျပည္ေထာင္စုရွိ အခ်ဳိ႕ေသာျပည္နယ္မ်ားတြင္ ဝင္ေငြအေကာင္းဆံုးရွိသူ ၁ ရာခိုင္ႏႈန္းခန္႔သာ ဂရန္႔ကာဒြန္းေျပာေသာ ေဒၚလာ ၄၀၀,၀၀၀ ဝင္ေငြရွိၾကေၾကာင္း SmartAsset ၏ အခ်က္အလက္မ်ားတြင္ ေဖာ္ျပသည္။

အေမရိကန္ျပည္ေထာင္စုတြင္ ၂၀၂၃ ခုႏွစ္ စတုတၳ ၃ လပတ္ကာလအတြင္း အခ်ိန္ျပည့္အလုပ္ရွိသူမ်ား၏ ပွ်မ္းမွ်တစ္ပတ္တာဝင္ေငြမွာ ကန္ေဒၚလာ ၁၁၄၅ ျဖစ္ရာ တစ္လဝင္ေငြ ေဒၚလာ ၄၅၈၀ သာ ရွိသည္။

ဂရန္႔ကာဒြန္းက ရွက္စရာေကာင္းသည္ဟုေျပာေသာ တစ္လဝင္ေငြ ေဒၚလာ ၃၅,၀၀၀ ေအာက္ အလြန္တရာ နည္းပါးလွေသာ ပမာဏသာ ဝင္ေငြရွိၾကျခင္း ျဖစ္သည္။

ဂရန္႔ကာဒြန္းက YouTube ဗြီဒီယိုဖိုင္ အျခားတစ္ခုတြင္ထပ္မံ ေျပာဆိုထားသည္မွာ ေဒၚလာ ၁ သန္း ပိုင္ဆိုင္ ထားလွ်င္ပင္ ေငြအတြက္ စိတ္ေအးရျပီဟု မေျပာႏိုင္ေၾကာင္း ေျပာဆိုထားသည္။

“ေဒၚလာ ၁ သန္းဆိုတာ ဘာမွ မဟုတ္ပါဘူး” ဟု ၎က ဆိုသည္။

ေဒၚလာ ၁ သန္းကို ႏွစ္ ၃၀ ခြဲေဝလိုက္မည္ဆိုပါက တစ္ႏွစ္လွ်င္ ေဒၚလာ ၃၃,၀၀၀ မွ်သာရွိရာ သက္ေတာင့္သက္သာရွိသည့္ ဘဝေနထိုင္မႈအတြက္ မလံုေလာက္ေၾကာင္း ဂရန္႔ကာဒြန္းက ေျပာသည္။ ထို႔အျပင္ ဂရန္႔ကာဒြန္းက သန္းၾကြယ္သူေဌးမ်ား ေငြေၾကးအၾကံေပးမႈ ျပဳလုပ္ျခင္းအေပၚတြင္လည္း ေဝဖန္မႈမ်ား ျပဳလုပ္ထားသည္။

ထိုသူေဌးတို႔၏ အသိအျမင္မွာ အကန္႔အသတ္ရွိေၾကာင္း ၎က ေျပာသည္။

“သစ္ပင္ရဲ႕ တစ္ဝက္ေလာက္ပဲ ေရာက္ေသးတဲ့သူဆီကေန အၾကံဥာဏ္ေတြ ထင္ျမင္ခ်က္ေတြ မေတာင္းပါနဲ႔။ သူတို႔ျမင္ရတဲ့ ျမင္ကြင္းအေၾကာင္းပဲ ခင္ဗ်ားတို႔ကို ေျပာျပႏိုင္ပါလိမ့္မယ္။” ဟု ဂရန္႔ကာဒြန္းက ေျပာသည္။

ေအာင္ျမင္မႈ ပန္းတိုင္ထိပ္ဆံုးသို႔ မေရာက္ေသးသူမ်ားသည္ အထိေရာက္ဆံုး ဓနတည္ေဆာက္မႈမဟာဗ်ဴဟာ မ်ား မေပးႏိုင္ေၾကာင္း ဂရန္႔ကာဒြန္းက ေထာက္ျပသည္။

“ခင္ဗ်ား သန္းၾကြယ္သူေဌးလား..ခင္ဗ်ားမွာ ေငြဘာမွ မရွိေသးပါဘူး ဆရာေရ…သန္းၾကြယ္သူေဌးဆိုတာ ဘာလဲ…ဘာမွ မဟုတ္ဘူး” ဟု ဂရန္႔ကာဒြန္းက ေျပာထားသည္။

ေငြေရးေၾကးေရး မပူပင္ရေစရန္အတြက္ ဝင္ေငြစီးေၾကာင္း မ်ားစြာျဖင့္ ဓနတည္ေဆာက္သင့္ေၾကာင္း ဂရန္႔ကာဒြန္းက အၾကံျပဳသည္။ Passive Income အျဖစ္ အိမ္ျခံေျမက႑တြင္ ရင္းႏွီးျမွဳပ္ႏွံရန္ ၎က အထူးအားေပးေထာက္ခံထားသည္။

(ဆက္စပ္သတင္း)

ခ်မ္းသာခ်င္ရင္ မနက္ ၉ နာရီကေန ညေန ၅ နာရီအလုပ္ မလုပ္နဲ႔ဟုဆိုသူ အိမ္ျခံေျမသူေဌးၾကီး ဂရန္႔ထ္ ကာဒြန္း

https://www.imyanmarhouse.com/news/read/545269

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Grant Cardone Says Earning $400,000 A Year Is 'Embarrassing' As A Human Being – Asks: 'How Do You Make Sense Of $35k A Month?' (finance)

Photo Credit:pinterest

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဟန်ဆောင်စာချုပ်များအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service