အာဖရိက၏ အချမ်းသာဆုံးပုဂ္ဂိုလ် Dangote က ပြည်ပနိုင်ငံများတွင် အိမ်ခြံမြေများ ပိုင်ဆိုင်မထားသည့် အကြောင်းရင်းကို ရှင်းပြ
အာဖရိက၏ အချမ်းသာဆုံးပုဂ္ဂိုလ် Dangote က ပြည်ပနိုင်ငံများတွင် အိမ်ခြံမြေများ ပိုင်ဆိုင်မထားသည့် အကြောင်းရင်းကို ရှင်းပြ - Property Knowledge in Myanmar from iMyanmarHouse.com
26 Jul 2024 1:23 pm တွင် တင်ခဲ့သည်
830 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
ချမ်းသာကြွယ်ဝသော ပုဂ္ဂိုလ်များစွာသည် ပိုင်ဆိုင်မှုများ ဖြန့်ကျက်ထားလိုမှု၊ Luxury ဖြစ်မှု၊ အဆင့်အတန်း (သို့မဟုတ်) နေထိုင်ရေးအတွက် အသုံးပြုရန် ရည်ရွယ်ချက်အမျိုးမျိုးဖြင့် အက်ဆက်များနှင့် အိမ်ခြံမြေများတွင် ရင်းနှီးမြှုပ်နှံကြလေ့ရှိသည်။
အာဖရိက၏ အချမ်းသာဆုံးပုဂ္ဂိုလ် ၊ နိုင်ဂျီးရီးယား စက်မှုလုပ်ငန်းရှင် အလီကို ဒန်ဂိုတီတွင်မူ ကွဲပြားသော ချဉ်းကပ်ပုံ ရှိနေသည်။
၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်း အချက်အလက်များအရ ဒန်ဂိုတီ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၃ ဒသမ ၄ ဘီလီယံ ရှိသည်။
ဒန်ဂိုတီသည် ဆာဟာရ သဲကန္တာရ၏ အစိတ်အပိုင်းအဖြစ် ပါဝင်သော နိုင်ဂျီးရီးယား၏ အကြီးမားဆုံး ဘိလပ်မြေ ထုတ်လုပ်သည့်ကုမ္ပဏီ Dangote Cement ကို တည်ထောင်သူ ဖြစ်သည်။
Dangote Cement တွင် ဒန်ဂိုတီက ရှယ်ယာ ၈၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။
ဒန်ဂိုတီသည် Dangote Fertilizer အမည်ရှိ ဓာတ်မြေသြဇာစက်ရုံနှင့် ရေနံချက်စက်ရုံတို့လည်း တည်ထောင်ထားပြီး ကမ္ဘာ့အကြီးမားဆုံး single-train ရေနံချက်စက်ရုံကြီးလည်း ဖြစ်သည်။
နိုင်ဂျီးရီးယားတွင် မကြာသေးမီက ကျင်းပခဲ့သော အခမ်းအနားတစ်ခု၌ ဒန်ဂိုတီက ပြောခဲ့သည်မှာ မိမိမှာ များစွာ ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း နိုင်ဂျီးရီးယား၏ ပြင်ပတွင် အိမ်ခြံမြေများ ပိုင်ဆိုင်ထားခြင်း မရှိကြောင်း ပြောသည်။
ဒန်ဂိုတီသည် နိုင်ဂျီးရီးယားနိုင်ငံ လာဂေါ့စ်နှင့် Kano တို့တွင်သာ နေအိမ်များပိုင်ဆိုင်ထားပြီး Abuja တွင် ငှားရမ်းထားသော အိမ်တစ်လုံးရှိသည်။
((ဒန်ဂိုတီ ဘာပြောလဲ))
“လန်ဒန် (ဒါမှမဟုတ်) အမေရိကမှာ ကျွန်တော်အိမ်ခြံမြေတွေ မဝယ်တဲ့ အဓိက အကြောင်းရင်းကတော့ နိုင်ဂျီးရီးယားရဲ့ စက်မှုအသွင်ပြောင်းရေးမှာ အာရုံစိုက်လိုတာကြောင့် ဖြစ်ပါတယ်” ဟု ဒန်ဂိုတီက ပြောသည်။
“နိုင်ဂျီးရီးယားရဲ့ အိပ်မက်နဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ ပြင်းပြတဲ့ဆန္ဒရှိပါတယ်။ လာဂေါ့စ်က နေအိမ်အပြင် ကျွန်တော့်ရဲ့ ပြည်နယ် Kano မှာ အိမ်တစ်လုံးရှိပါတယ်။ ပြီးတော့ Abuja မှာ ငှားထားတဲ့အိမ်တစ်လုံးရှိပါတယ်”
“အမေရိကနဲ့ တခြားနေရာတွေ အပါအဝင် နေရာအနှံ့မှာ အိမ်တွေ ရှိနေမယ်ဆိုရင် ကျွန်တော့်ရဲ့ ပြည်သူတွေ အတွက် အာရုံစိုက်နိုင်တော့မှာ မဟုတ်ပါဘူး” ဟု ဒန်ဂိုတီက ရှင်းပြသည်။
ဒန်ဂိုတီ၏ Dangote Refinery သည် လက်ရှိအားဖြင့် နိုင်ဂျီးရီးယားတွင် ဒီဇယ် ထုတ်လုပ်လျက်ရှိသည်။
ယခုနှစ် ဇန်နဝါရီလတွင် စက်ရုံစတင်လည်ပတ်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် တစ်ရက်လျှင် ၆၉၀,၀၀၀ စည် ထုတ်လုပ်နိုင်စွမ်းရှိလာမည်ဟု ဆိုသည်။
သူ၏ ဓာတ်မြေသြဇာနှင့် ရေနံဓာတုလုပ်ငန်းခွဲကို ၂၀၂၅ ခုနှစ်၊ ပထမ ၃ လပတ်တွင် စတော့ဈေးကွက်၌ ရှယ်ယာရောင်းချသွားရန် စီစဉ်ထားသည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Africa's richest man, Dangote, explains why he has no residential property abroad (businessinsider)
[Zawgyi]
((ဒန်ဂိုတီ ဘာပြောလဲ))
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဟန်ဆောင်စာချုပ်များအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service