အမျိုးသမီးများသာ ဝင်ခွင့်ပြုသော အိန္ဒိယမှ ဘုရားကျောင်းများ

အမျိုးသမီးများသာ ဝင်ခွင့်ပြုသော အိန္ဒိယမှ ဘုရားကျောင်းများ - Property Knowledge in Myanmar from iMyanmarHouse.com
25 Jul 2024 1:38 am တွင် တင်ခဲ့သည်
717 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

၂၁ ရာစုတွင် အမျိုးသမီး၊ အမျိုးသား တန်းတူညီမျှခွင့် ကြွေးကြော်သံများ ကျယ်လောင်လာသည်။

တန်းတူညီမျှမှုဟူသည်မှာ ဘဝ၏ အစိတ်အပိုင်းနေရာတိုင်းတွင် ရှိသင့်သော်လည်း ရိုးရာဓလေ့ထုံးတမ်းများကိုမူ ရှေးမူမပျက် ထိန်းသိမ်းထားသင့်ကြောင်း အချို့သူတို့က ယုံကြည်ကြသည်။

ဘုရားကျောင်းများစွာတွင် အမျိုးသမီးများဝင်ခွင့် တားမြစ်ထားသော်လည်း အိန္ဒိယတွင် အမျိုးသားများ ဝင်ခွင့်မပြုဘဲ အမျိုးသမီးများသာ ဝင်ခွင့်ပေးသော ဘုရားကျောင်းများ ရှိနေသည်။

၁။ အာတူကဲ ဘာဂါဝသီ ဘုရားကျောင်း၊ ကီရာလာပြည်နယ်

အိန္ဒိယနိုင်ငံ၊ ကီရာလာပြည်နယ်၊ ထီရူးဗာနန်ပူရမ်မြို့ရှိ အာတူကဲ ဘာဂါဝသီ ဘုရားကျောင်းသည် အာတူကဲ ပုန်ဂလပွဲတော်ဖြင့် ထင်ရှားသည်။

ဘာဂါဝသီ နတ်ဘုရားမကို ပူဇော်ရန် ထိုပွဲတော်သို့ အမျိုးသမီး သိန်းနှင့်ချီ၍ လာရောက်လေ့ရှိသည်။

ထိုနတ်ဘုရားမသည် ပေါများချမ်းသာကြွယ်ဝစေရန် ကြည့်ရှုစောင်မသည်ဟု နာမည်ကြီးသည်။

ပွဲတော်ကာလအတွင်း ကျောင်းဝန်းအတွင်းသို့ အမျိုးသားများ ဝင်ခွင့်မပြုချေ။

 

 

၂။ ချက်ကူးလား သူကာဗူ ဘုရားကျောင်း၊ ကီရာလာပြည်နယ်

ကီရာလာပြည်နယ်ရှိ ချက်ကူးလား သူကာဗူ ဘုရားကျောင်းသည် ဒူဂါနတ်သမီးအား ကိုးကွယ်သည့် ကျောင်းဖြစ်သည်။

ထိုကျောင်းတွင် နာရိပူဇာအမည်ရှိ ပွဲတော်ကျင်းပလေ့ရှိပြီး အမျိုးသမီးများအား ကိုးကွယ်ခြင်းဟု အဓိပ္ပာယ်ရသည်။

နှစ်စဉ်ကျင်းပသော နာရိပူဇာပွဲတော်သို့ အမျိုးသားများ ဝင်ရောက်ခွင့်မရှိဘဲ အမျိုးသမီးသီးသန့် ပွဲတော် ဖြစ်သည်။

အိန္ဒိယနိုင်ငံတဝန်းမှ အမျိုးသမီးများ လာရောက်ကြပြီး ကံကောင်းစေရန်နှင့် ကျန်းမာရေးကောင်းစေရန် ဆုတောင်းကြသည်။

နာရိပူဇာနှင့် စပ်လျဉ်းပြီး ဟိန္ဒူတို့ ပြောလေ့ရှိသည်မှာ “အမျိုးသမီးတို့အား ရိုသေလေးစားခြင်းမရှိသော နေအိမ်သို့ နတ်ဘုရားများ မည်သည့်အခါမှ ခြေမချ”ဟု ဆိုသည်။

(ဓာတ်ပုံ-Kerala Tourism)

 

၃။ ကမ္မခယာဘုရားကျောင်း၊ အာသံပြည်နယ်

ရှက်တီနတ်သမီးကို ကိုးကွယ်ကြသော အထင်ရှားဆုံး ဘုရားကျောင်းများအနက် အာသံပြည်နယ်ရှိ ကမ္မခယာ ဘုရားကျောင်းလည်း ပါဝင်သည်။

ကမ္မခယာဘုရားကျောင်းသည် အာသံပြည်နယ် ဂူဝါဟတီမြို့ရှိ နီလာချယ် တောင်ကုန်းထိပ်တွင် တည်ရှိသည်။ ကမ္မခယာနတ်သမီး၏ ဓမ္မတာလာသည့်အထိမ်းအမှတ်ကို ဂုဏ်ပြုခြင်း ဖြစ်သည်။

နှစ်စဉ်ကျင်းပသည့် အမ်ဘူဘာချီ မီလာပွဲတော်ကာလအတွင်း အမျိုးသားများ ဝင်ခွင့်မပြုချေ။

 

 

၄။ ကုမ္မာရီအာမန်ဘုရားကျောင်း ၊ တမီနာဒူးပြည်နယ်

တမီနာဒူးပြည်နယ်ရှိ ကန်ညကုမ္မာရီဘုရားကျောင်းမှာ ကန်ညကုမ္မာရီ နတ်သမီးကို ကိုးကွယ်သော ကျောင်းဖြစ်သည်။

နတ်သမီး ရုပ်ပုံထားရှိရာ ဘုရားကျောင်းအတွင်းပိုင်းသို့ အမျိုးသားများ၊ အထူးသဖြင့် အိမ်ထောင်ရှိ အမျိုးသားများ ဝင်ခွင့်မပြုချေ။

ထိုနေရာတွင် အမျိုးသမီးများသာ ရှိခိုးပူဇော်ခွင့်ရှိသည်။

ဘုရားကျောင်း၏ ရိုးရာဓလေ့စည်းမျဉ်းများအရ ဖုန်းတောင်းယာစကာတို့မှာ ဘုရားကျောင်း တံခါးဝအထိ လာခွင့်ရှိပြီး အိမ်ထောင်ရှိ အမျိုးသားတို့မှာမူ အဝေးမှသာ ရှိခိုးပူဇော်နိုင်သည်။

 

 

၅။ ဗြဟ္မာမင်း ဘုရားကျောင်း၊ ရာဂျတ်စသန်ပြည်နယ်

ရာဂျတ်စသန်ပြည်နယ်၊ ပွတ်ရှ်ကာမြို့မှ ဗြဟ္မာမင်းဘုရားကျောင်းမှာ ရှေးဟောင်းဒဏ္ဍာရီ တစ်ရပ်အရ အိမ်ထောင်ရှိ အမျိုးသားများ ဝင်ရောက်ခွင့်မပြုချေ။

ဗြဟ္မာမင်းကို ပူဇော်ရန်အတွက် ကာတစ် ပူနိမ အမည်ရှိပွဲတော်ကို နှစ်စဉ် ကျင်းပသည်။

ဗြဟ္မာမင်းသည် ဆာရာဆွာတိ နတ်သမီးက နောက်ကျနေသောကြောင့် ဂါရာထရီနှင့် လက်ထပ်ခဲ့ရာ ဆာရာဆွာတိမှာ ဒေါသထွက်ကာ ဘုရားကျောင်းကို ကျိန်စာတိုက်ခဲ့သည်။

ထို့ကြောင့် အိမ်ထောင်ရှင် အမျိုးသားများ ဘုရားကျောင်းအတွင်းသို့ ဝင်ခွင့်တားမြစ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အကယ်၍ ဝင်ရောက်ခဲ့ပါက အိမ်ထောင်ရေးတွင် ပြဿနာကြုံရမည်ဟု ယုံကြည်ကြသည်။

(ဓာတ်ပုံ-Pinterest)

 

၆။ ဆန်တိုရှိ မာတာဘုရားကျောင်း၊ ဂျို့ပူရ်

ရာဂျတ်စသန်ပြည်နယ်၊ ဂျို့ပူရ်မြို့ရှိ ဆန်တိုရှိမာတာဘုရားကျောင်းသို့ အမျိုးသားများ ဝင်ရောက်ခွင့် မပြုချေ။

ဆန်တိုရှိ နတ်သမီးကို ကိုးကွယ်သောကျောင်းဖြစ်ပြီး ကိုးကွယ်သူတို့အား ဘဝကျေနပ်ရောင့်ရဲမှုများ ဆောင်ကြဉ်းပေးသည်ဟု ယုံကြည်ကြသည်။

သောကြာနေ့များသည် ဆန်တိုရှိမာတာ၏ နေ့အဖြစ် လူသိများပြီး ငြိမ်းချမ်းမှုနှင့် ပျော်ရွှင်မှု ရလိုသော အမျိုးသမီးများ လာရောက်ဝတ်ပြုကြသည်။

သောကြာနေ့များတွင် အဆိုပါ ဘုရားကျောင်း၏ တန်ခိုးစွမ်းအားများ မြင့်တက်လာလေ့ရှိသည်ဟု ဆိုသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Indian temples where men are not allowed (timesofindia)

Photo Credit- Kerala Tourism, Pinterest

 

 

 

[Zawgyi]

အမ်ဳိးသမီးမ်ားသာ ဝင္ခြင့္ျပဳေသာ အိႏိၵယမွ ဘုရားေက်ာင္းမ်ား

 

၂၁ ရာစုတြင္ အမ်ဳိးသမီး၊ အမ်ဳိးသား တန္းတူညီမွ်ခြင့္ ေၾကြးေၾကာ္သံမ်ား က်ယ္ေလာင္လာသည္။

တန္းတူညီမွ်မႈဟူသည္မွာ ဘဝ၏ အစိတ္အပိုင္းေနရာတိုင္းတြင္ ရွိသင့္ေသာ္လည္း ရိုးရာဓေလ့ထံုးတမ္းမ်ားကိုမူ ေရွးမူမပ်က္ ထိန္းသိမ္းထားသင့္ေၾကာင္း အခ်ဳိ႕သူတို႔က ယံုၾကည္ၾကသည္။

ဘုရားေက်ာင္းမ်ားစြာတြင္ အမ်ဳိးသမီးမ်ားဝင္ခြင့္ တားျမစ္ထားေသာ္လည္း အိႏိၵယတြင္ အမ်ဳိးသားမ်ား ဝင္ခြင့္မျပဳဘဲ အမ်ဳိးသမီးမ်ားသာ ဝင္ခြင့္ေပးေသာ ဘုရားေက်ာင္းမ်ား ရွိေနသည္။

၁။ အာတူကဲ ဘာဂါဝသီ ဘုရားေက်ာင္း၊ ကီရာလာျပည္နယ္

အိႏိၵယႏိုင္ငံ၊ ကီရာလာျပည္နယ္၊ ထီရူးဗာနန္ပူရမ္ျမဳိ႕ရွိ အာတူကဲ ဘာဂါဝသီ ဘုရားေက်ာင္းသည္ အာတူကဲ ပုန္ဂလပြဲေတာ္ျဖင့္ ထင္ရွားသည္။

ဘာဂါဝသီ နတ္ဘုရားမကို ပူေဇာ္ရန္ ထိုပြဲေတာ္သို႔ အမ်ဳိးသမီး သိန္းႏွင့္ခ်ီ၍ လာေရာက္ေလ့ရွိသည္။

ထိုနတ္ဘုရားမသည္ ေပါမ်ားခ်မ္းသာၾကြယ္ဝေစရန္ ၾကည့္ရႈေစာင္မသည္ဟု နာမည္ၾကီးသည္။

ပြဲေတာ္ကာလအတြင္း ေက်ာင္းဝန္းအတြင္းသို႔ အမ်ဳိးသားမ်ား ဝင္ခြင့္မျပဳေခ်။

 

၂။ ခ်က္ကူးလား သူကာဗူ ဘုရားေက်ာင္း၊ ကီရာလာျပည္နယ္

ကီရာလာျပည္နယ္ရွိ ခ်က္ကူးလား သူကာဗူ ဘုရားေက်ာင္းသည္ ဒူဂါနတ္သမီးအား ကိုးကြယ္သည့္ ေက်ာင္းျဖစ္သည္။ ထိုေက်ာင္းတြင္ နာရိပူဇာအမည္ရွိ ပြဲေတာ္က်င္းပေလ့ရွိျပီး အမ်ဳိးသမီးမ်ားအား ကိုးကြယ္ျခင္းဟု အဓိပၸာယ္ရသည္။

ႏွစ္စဥ္က်င္းပေသာ နာရိပူဇာပြဲေတာ္သုိ႔ အမ်ဳိးသားမ်ား ဝင္ေရာက္ခြင့္မရွိဘဲ အမ်ဳိးသမီးသီးသန္႔ ပြဲေတာ္ ျဖစ္သည္။ အိႏိၵယႏိုင္ငံတဝန္းမွ အမ်ဳိးသမီးမ်ား လာေရာက္ၾကျပီး ကံေကာင္းေစရန္ႏွင့္ က်န္းမာေရးေကာင္းေစရန္ ဆုေတာင္းၾကသည္။

နာရိပူဇာႏွင့္ စပ္လ်ဥ္းျပီး ဟိႏၵဴတို႔ ေျပာေလ့ရွိသည္မွာ “အမ်ိဳးသမီးတို႔အား ရိုေသေလးစားျခင္းမရွိေသာ ေနအိမ္သုိ႔ နတ္ဘုရားမ်ား မည္သည့္အခါမွ ေျခမခ်”ဟု ဆိုသည္။

 

(ဓာတ္ပံု-Kerala Tourism)

၃။ ကမၼခယာဘုရားေက်ာင္း၊ အာသံျပည္နယ္

ရွက္တီနတ္သမီးကို ကိုးကြယ္ၾကေသာ အထင္ရွားဆံုး ဘုရားေက်ာင္းမ်ားအနက္ အာသံျပည္နယ္ရွိ ကမၼခယာ ဘုရားေက်ာင္းလည္း ပါဝင္သည္။

ကမၼခယာဘုရားေက်ာင္းသည္ အာသံျပည္နယ္ ဂူဝါဟတီျမိဳ႕ရွိ နီလာခ်ယ္ ေတာင္ကုန္းထိပ္တြင္ တည္ရွိသည္။ ကမၼခယာနတ္သမီး၏ ဓမၼတာလာသည့္အထိမ္းအမွတ္ကို ဂုဏ္ျပဳျခင္း ျဖစ္သည္။

ႏွစ္စဥ္က်င္းပသည့္ အမ္ဘူဘာခ်ီ မီလာပြဲေတာ္ကာလအတြင္း အမ်ဳိးသားမ်ား ဝင္ခြင့္မျပဳေခ်။

၄။ ကုမၼာရီအာမန္ဘုရားေက်ာင္း ၊ တမီနာဒူးျပည္နယ္

တမီနာဒူးျပည္နယ္ရွိ ကန္ညကုမၼာရီဘုရားေက်ာင္းမွာ ကန္ညကုမၼာရီ နတ္သမီးကို ကိုးကြယ္ေသာ ေက်ာင္းျဖစ္သည္။ နတ္သမီး ရုပ္ပံုထားရွိရာ ဘုရားေက်ာင္းအတြင္းပိုင္းသို႔ အမ်ဳိးသားမ်ား၊ အထူးသျဖင့္ အိမ္ေထာင္ရွိ အမ်ိဳးသားမ်ား ဝင္ခြင့္မျပဳေခ်။

ထိုေနရာတြင္ အမ်ိဳးသမီးမ်ားသာ ရွိခိုးပူေဇာ္ခြင့္ရွိသည္။ ဘုရားေက်ာင္း၏ ရိုးရာဓေလ့စည္းမ်ဥ္းမ်ားအရ ဖုန္းေတာင္းယာစကာတို႔မွာ ဘုရားေက်ာင္း တံခါးဝအထိ လာခြင့္ရွိျပီး အိမ္ေထာင္ရွိ အမ်ိဳးသားတုိ႔မွာမူ အေဝးမွသာ ရွိခိုးပူေဇာ္ႏိုင္သည္။

၅။ ျဗဟၼာမင္း ဘုရားေက်ာင္း၊ ရာဂ်တ္စသန္ျပည္နယ္

ရာဂ်တ္စသန္ျပည္နယ္၊ ပြတ္ရွ္ကာျမဳိ႕မွ ျဗဟၼာမင္းဘုရားေက်ာင္းမွာ ေရွးေဟာင္းဒ႑ာရီ တစ္ရပ္အရ အိမ္ေထာင္ရွိ အမ်ဳိးသားမ်ား ဝင္ေရာက္ခြင့္မျပဳေခ်။

ျဗဟၼာမင္းကို ပူေဇာ္ရန္အတြက္ ကာတစ္ ပူနိမ အမည္ရွိပြဲေတာ္ကို ႏွစ္စဥ္ က်င္းပသည္။

ျဗဟၼာမင္းသည္ ဆာရာဆြာတိ နတ္သမီးက ေနာက္က်ေနေသာေၾကာင့္ ဂါရာထရီႏွင့္ လက္ထပ္ခဲ့ရာ ဆာရာဆြာတိမွာ ေဒါသထြက္ကာ ဘုရားေက်ာင္းကို က်ိန္စာတိုက္ခဲ့သည္။

ထို႔ေၾကာင့္ အိမ္ေထာင္ရွင္ အမ်ဳိးသားမ်ား ဘုရားေက်ာင္းအတြင္းသုိ႔ ဝင္ခြင့္တားျမစ္ခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

အကယ္၍ ဝင္ေရာက္ခဲ့ပါက အိမ္ေထာင္ေရးတြင္ ျပႆနာၾကံဳရမည္ဟု ယံုၾကည္ၾကသည္။

(ဓာတ္ပံု-Pinterest)

၆။ ဆန္တိုရွိ မာတာဘုရားေက်ာင္း၊ ဂ်ဳိ႕ပူရ္

ရာဂ်တ္စသန္ျပည္နယ္၊ ဂ်ိဳ႕ပူရ္ျမိဳ႕ရွိ ဆန္တုိရွိမာတာဘုရားေက်ာင္းသို႔ အမ်ဳိးသားမ်ား ဝင္ေရာက္ခြင့္ မျပဳေခ်။

ဆန္တိုရွိ နတ္သမီးကို ကိုးကြယ္ေသာေက်ာင္းျဖစ္ျပီး ကိုးကြယ္သူတို႔အား ဘဝေက်နပ္ေရာင့္ရဲမႈမ်ား ေဆာင္ၾကဥ္းေပးသည္ဟု ယံုၾကည္ၾကသည္။

ေသာၾကာေန႔မ်ားသည္ ဆန္တိုရွိမာတာ၏ ေန႔အျဖစ္ လူသိမ်ားျပီး ျငိမ္းခ်မ္းမႈႏွင့္ ေပ်ာ္ရႊင္မႈ ရလိုေသာ အမ်ဳိးသမီးမ်ား လာေရာက္ဝတ္ျပဳၾကသည္။

ေသာၾကာေန႔မ်ားတြင္ အဆိုပါ ဘုရားေက်ာင္း၏ တန္ခိုးစြမ္းအားမ်ား ျမင့္တက္လာေလ့ရွိသည္ဟု ဆိုသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Indian temples where men are not allowed (timesofindia)

Photo Credit- Kerala Tourism, Pinterest

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဟန်ဆောင်စာချုပ်များအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service