အာမခံခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါသည်။

အာမခံခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
6 Jul 2024 1:44 pm တွင် တင်ခဲ့သည်
522 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

ငွေကြေးများနှင့် သက်ဆိုင်သော ပဋိဉာဉ်စာချုပ်များတွင် အာမခံသူအား ထားရှိစာချုပ်ချုပ်ဆိုခြင်းများ ရှိပါသည်။

အာမခံသူမှာ ငွေချေးသူအား အလုံးစုံ တာဝန်ယူပါက ငွေချေးသူနှင့် ထပ်တူ တာဝန်ရှိမည်ဖြစ်ပါသည်။ အာမခံသူမှာ ငွေချေးသူမှ ငွေကြေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရန်ရှိသည့် ကိစ္စများ ပျက်ကွက်လျှင် (သို့) ပေးဆပ်ရန်ရှိသည့်ကိစ္စရပ်ကို မပေးဆပ်သည်နှင့် တပြိုင်နက် ၎င်းမှ တာဝန်ရှိမှုမှာ စတင်ပါသည်။

ချေးငွေရယူသူမှ ကြွေးငွေများ ပေးဆပ်ရန် တိမ်းရှောင်လျှင်လဲ အာမခံသူမှာ တာဝန်ရှိမည်ဖြစ်ပါသည်။ ချေးငွေရယူသူမှာ ကြွေးမဆပ်နိုင်သည့် အင်ဆော်လဝင်ဖြစ်သွားလျှင်လဲ အာမခံသူမှာ ပေးဆပ်ရန် တာဝန်ခံရာ ရောက်ပါသည်။

သို့သော် ငွေချေးသူအား ငွေချေးခြင်းအတွက် အာမခံခြင်းမဟုတ်ဘဲ ထောက်ခံခြင်းသက်သက်သာဖြစ်လျှင် အာမခံခြင်းဖြစ်ကြောင်း ယူဆ၍ ရနိုင်တော့မည်မဟုတ်ပါ။

စိတ်ချရကြောင်း၊ ငွေချေးငှားလျှင် ငွေပြန်ဆပ်နိုင် သူဖြစ်ကြောင်း ကြားဝင်ပြောကြားသူမှာ အာမခံသူအဖြစ် မရောက်ရှိပါ။ ထို့ကြောင့် ထောက်ခံသူနှင့်အာမခံသူမှာ ကွဲပြားခြားနားခြင်းကြောင့် အာမခံသူဖြစ်ရန်မှာ ပဋိဉာဉ်စာချုပ်တွင် အာမခံသည်ဟူသော သဘောသက်ရောက် ခြင်းရှိမရှိ ကြည့်ရှုရမည်ဖြစ်ပါသည်။

အာမခံခြင်း ပဋိဉာဉ်များ၌ အဖိုးစားနားရှိမည်ဖြစ်ကာ အာမခံသူမှာ ပဋိဉာဉ်စာချုပ်တွင် အာမခံလက် မှတ် ရေးထိုးခြင်းအတွက် အဖိုးစားနားမလိုပါ။ ပဋိဉာဉ်ဥပဒေပုဒ်မ - ၁၂၈ အရ အာမခံသူမှာ မူလမြီးစား (ငွေချေး သူ)နှင့် ထပ်တူတာဝန်ရှိမည်ဖြစ်ကာ အာမခံခြင်းအတွက် အခြားနည်းကတိပြုချက်များမရှိလျှင် ငွေချေးသူ ကြွေးငွေမဆပ်သည်နှင့် အာမခံသူမှာ တာဝန်အပြည့်အဝရှိနေမည်ဖြစ်ပါသည်။

အာမခံစာချုပ်၌ ငွေချေးသူမှ ပျက်ကွက်မှုတစ်စုံတစ်ရာ ပေါ်ပေါက်မှသာ အာမခံသူတွင် တာဝန်ရှိကြောင်း ဖော်ပြထားပါက အဆိုပါအကြောင်းအရာ မပေါ်ပေါက်သေးပါက အာမခံသူအား တောင်းဆိုခြင်း၊ တရားစွဲဆိုခြင်း တစ်စုံတစ်ရာ ပြုလုပ်ဆောင်ရွက်၍ မရပါ။ စာချုပ်ပါသတ်မှတ်ကာလ ပြည့်မှသာ မြီရှင်မှလဲ မြီးစား (ငွေချေးသူ) နှင့် အာမခံသူအား တစ်မှုတည်းတွင် ပေါင်း၍ တရားစွဲခြင်းလဲပြုနိုင်ပါသည်။

အာမခံစာချုပ်တွင် နို့တစ်စာပို့ရန် စည်းကမ်းချက်များရှိပါက အာမခံသူအပေါ် နို့တစ်စာပေးပို့ပြီးမှ တရားစွဲဆိုမှုပြုရန် လိုပါသည်။ ငွေချေးစာချုပ်အား အာမခံသူ၏ သဘောတူညီမှု မရယူဘဲ မြီးရှင်နှင့် မြီစား ပြောင်းလဲဖြည့်စွက် မှုရှိပါက အာမခံသူမှာ အဆိုပါစာချုပ်အပေါ် တာဝန်ရှိမှုအား ငြင်းဆိုနိုင်ပြီး အာမခံခြင်း အားလဲ ပယ်ဖျက်ခွင့်လဲ ရှိကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

အာမခံျခင္းႏွင့္ စပ္လ်ဥ္း၍ သိ႐ွိလိုက္နာသင့္သည့္ အခ်က္အလက္မ်ား ဥပေဒဗဟုသုတအေနျဖင့္ ေရးသား ေဖာ္ျပလိုက္ပါသည္။

ေငြေၾကးမ်ားႏွင့္ သက္ဆိုင္ေသာ ပဋိဉာဥ္စာခ်ဳပ္မ်ားတြင္ အာမခံသူအား ထား႐ွိစာခ်ဳပ္ခ်ဳပ္ဆိုျခင္းမ်ား ႐ွိပါသည္။

အာမခံသူမွာ ေငြေခ်းသူအား အလုံးစုံ တာဝန္ယူပါက ေငြေခ်းသူႏွင့္ ထပ္တူ တာဝန္႐ွိမည္ျဖစ္ပါသည္။ အာမခံသူမွာ ေငြေခ်းသူမွ ေငြေၾကးႏွင့္ စပ္လ်ဥ္း၍ ေဆာင္႐ြက္ရန္႐ွိသည့္ ကိစၥမ်ား ပ်က္ကြက္လွ်င္ (သို႔) ေပးဆပ္ ရန္႐ွိသည့္ကိစၥရပ္ကို မေပးဆပ္သည္ႏွင့္ တၿပိဳင္နက္ ၎မွ တာဝန္႐ွိမႈမွာ စတင္ပါသည္။

ေခ်းေငြရယူသူမွ ေႂကြးေငြမ်ား ေပးဆပ္ရန္ တိမ္းေ႐ွာင္လွ်င္လဲ အာမခံသူမွာ တာဝန္႐ွိမည္ျဖစ္ပါသည္။ ေခ်းေငြရယူသူမွာ ေႂကြးမဆပ္ႏိုင္သည့္ အင္ေဆာ္လဝင္ျဖစ္သြားလွ်င္လဲ အာမခံသူမွာ ေပးဆပ္ရန္ တာဝန္ခံရာ ေရာက္ပါသည္။

သို႔ေသာ္ ေငြေခ်းသူအား ေငြေခ်းျခင္းအတြက္ အာမခံျခင္းမဟုတ္ဘဲ ေထာက္ခံျခင္းသက္သက္သာျဖစ္ လွ်င္ အာမခံျခင္းျဖစ္ေၾကာင္း ယူဆ၍ ရႏိုင္ေတာ့မည္မဟုတ္ပါ။

စိတ္ခ်ရေၾကာင္း၊ ေငြေခ်းငွားလွ်င္ ေငြျပန္ဆပ္ႏိုင္ သူျဖစ္ေၾကာင္း ၾကားဝင္ေျပာၾကားသူမွာ အာမခံသူအျဖစ္ မေရာက္႐ွိပါ။ ထို႔ေၾကာင့္ ေထာက္ခံသူႏွင့္ အာမခံသူမွာ ကြဲျပားျခားနားျခင္းေၾကာင့္ အာမခံသူျဖစ္ရန္မွာ ပဋိဉာဥ္စာခ်ဳပ္တြင္ အာမခံသည္ဟူေသာ သေဘာသက္ေရာက္ ျခင္း႐ွိမ႐ွိ ၾကည့္႐ႈရမည္ျဖစ္ပါသည္။

အာမခံျခင္း ပဋိဉာဥ္မ်ား၌ အဖိုးစားနား႐ွိမည္ျဖစ္ကာ အာမခံသူမွာ ပဋိဉာဥ္စာခ်ဳပ္တြင္ အာမခံလက္ မွတ္ ေရးထိုးျခင္းအတြက္ အဖိုးစားနားမလိုပါ။ ပဋိဉာဥ္ဥပေဒပုဒ္မ - ၁၂၈ အရ အာမခံသူမွာ မူလၿမီးစား (ေငြေခ်း သူ)ႏွင့္ ထပ္တူတာဝန္႐ွိမည္ျဖစ္ကာ အာမခံျခင္းအတြက္ အျခားနည္းကတိျပဳခ်က္မ်ားမ႐ွိလွ်င္ ေငြေခ်းသူ ေႂကြးေငြ မဆပ္သည္ႏွင့္ အာမခံသူမွာ တာဝန္အျပည့္အဝ႐ွိေနမည္ျဖစ္ပါသည္။

အာမခံစာခ်ဳပ္၌ ေငြေခ်းသူမွ ပ်က္ကြက္မႈတစ္စုံတစ္ရာ ေပၚေပါက္မွသာ အာမခံသူတြင္ တာဝန္႐ွိေၾကာင္း ေဖာ္ျပထားပါက အဆိုပါအေၾကာင္းအရာ မေပၚေပါက္ေသးပါက အာမခံသူအား ေတာင္းဆိုျခင္း၊ တရားစြဲဆိုျခင္း တစ္စုံတစ္ရာ ျပဳလုပ္ေဆာင္႐ြက္၍ မရပါ။ စာခ်ဳပ္ပါသတ္မွတ္ကာလ ျပည့္မွသာ ၿမီ႐ွင္မွလဲ ၿမီးစား (ေငြေခ်းသူ) ႏွင့္ အာမခံသူအား တစ္မႈတည္းတြင္ ေပါင္း၍ တရားစြဲျခင္းလဲျပဳႏိုင္ပါသည္။

အာမခံစာခ်ဳပ္တြင္ ႏို႔တစ္စာပို႔ရန္ စည္းကမ္းခ်က္မ်ား႐ွိပါက အာမခံသူအေပၚ ႏို႔တစ္စာေပးပို႔ၿပီးမွ တရားစြဲဆိုမႈျပဳရန္ လိုပါသည္။ ေငြေခ်းစာခ်ဳပ္အား အာမခံသူ၏ သေဘာတူညီမႈ မရယူဘဲ ၿမီး႐ွင္ႏွင့္ ၿမီစား ေျပာင္းလဲျဖည့္စြက္ မႈ႐ွိပါက အာမခံသူမွာ အဆိုပါစာခ်ဳပ္အေပၚ တာဝန္႐ွိမႈအား ျငင္းဆိုႏိုင္ၿပီး အာမခံျခင္း အားလဲ ပယ္ဖ်က္ခြင့္လဲ ႐ွိေၾကာင္း ဥပေဒဗဟုသုတ အေနျဖင့္ ေရးသား ေဖာ္ျပေပးလိုက္ပါသည္။

 

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဟန်ဆောင်စာချုပ်များအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service