ဘဏ်တွင် ပေါင်နှံမှုတစ်စုံတစ်ရာ ဆောင်ရွက်၍ ငွေချေးရာတွင် သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။

ဘဏ်တွင် ပေါင်နှံမှုတစ်စုံတစ်ရာ ဆောင်ရွက်၍ ငွေချေးရာတွင် သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
23 Jun 2024 1:01 pm တွင် တင်ခဲ့သည်
1135 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ဘဏ်ချေးငွေများတွင် ဘဏ်မှ သတ်မှတ်အတိုးနှုန်းများအတိုင်း ငွေချေးသူထံ အတိုးနှုန်း ရထိုက်ခွင့် ရှိပါသည်။ ပေါင်နှံခြင်း အမှုများ၊ ငွေချေးခြင်း အမှုများတွင် တရားလိုမှ အတိုးနှုန်း (သို့) နစ်နာကြေးများ ထည့်သွင်းတောင်းဆိုပါက တရားရုံးသည် တရားမကျင့်ထုံးပုဒ်မ-၃၄ အရ မိမိသင့်သည့် ထင်မြင်သည့် အတိုးနှုန်းထား တရားပြိုင်မှ ပေးအပ်ရန် အမိန့်ချမှတ်ခြင်းလဲ ပြုနိုင်သည်။

နှစ်ဦးသဘောတူညီမှုဖြင့် စာချုပ်ချုပ်ဆိုထားသော အတိုးနှုန်းမှာ များပြားနေသည့် အတိုးနှုန်းဖြစ်သည် ဟု တရားရုံးမှ မယူဆနိုင်ပါက အဆိုပါအတိုးနှုန်းအား ထည့်သွင်းစဉ်းစားခြင်းပြုနိုင်ပါသည်။ တရားပြိုင်အပေါ် တရားရုံးမှ ပဏာမဒီကရီချမှတ် ချမှတ်ပြီး တရားပြိုင်မှ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက အပြီးသတ်ဒီကရီ ဆက်လက်ချမှတ်မည်ဖြစ်ပါသည်။

တရားလိုမှ တရားရုံးမှ အနိုင်ဒီကရီတစ်ရပ်အား ရရှိသည့်အခါတွင်လဲ တရားလိုမှ တရားပြိုင်ပိုင် ပစ္စည်းအား လွှဲပြောင်းရယူကာ ရောင်းချခြင်း မပြုနိုင်သေးပါ။ ဇာရီမှု ထပ်မံဖွင့်လှစ်ရမည်ဖြစ်ကာ ဘဏ်များအပြင် အပေါင်ခံခြင်း၊ ငွေချေးလုပ်ငန်း လုပ်ကိုင်သူများမှာလဲ ငွေချေးငှားသူများ အက်ဥပဒေ-၉ အရ ငွေချေးငှားခွင့်ရှိသူအဖြစ် မှတ်ပုံတင်ထားသူဖြစ်ရမည်။ ထိုသို့ငွေချေငှားခွင့် မှတ်ပုံတင်ပြီးသူ တရားလိုမှသာ ဇာရီမှုဖွင့်လှစ် လျှောက်ထားခွင့်ရှိမည်ဖြစ်ပါသည်။ မှတ်ပုံတင်ထားခြင်းရှိသော်လည်း အဆိုပါ ငွေချေးငှားခြင်း မှတ်ပုံတင်လက်မှတ်မှာ သက်တမ်းကုန်ဆုံးနေပါကလဲ ဇာရီမှုဖွင့်လှစ်နိုင်မည်မဟုတ်ပါ။

ဘဏ်များ၌ ပိုင်ဆိုင်ခွင့် စာချုပ်စာတမ်းများ အပ်နှံကာ လက်မဲ့ပေါင်နှံခြင်းများတွင် ချေးငွေ ပြန်လည် မပေးဆပ်နိုင်ပါက ပေါင်နှံသူမှာအပေါင်ထားသည့် ပစ္စည်းအပေါ်တွင် ရောင်းချရန် သဘောတူညီပြီးဖြစ်ပါသည်။ ဘဏ်မှ တရားရုံးတွင် အနိုင်ဒီဂရီရရှိပြီးပါက ပေါင်နှံသူနှင့် ပဋိညာဉ်စာချုပ်ပါ ကတိပြုချက်များအတိုင်း ပေါင်နှံပစ္စည်းအား ထုခွဲရောင်းချကာ ကြွေးမြီးများအား ခုနှိမ်မည်ဖြစ်ပါသည်။

ပေါင်နှံခြင်းဟုတ်မဟုတ် သုံးသပ်ရာတွင်လဲ အောက်ပါအင်္ဂါရပ်များနှင့် ညီညွှတ်ခြင်းရှိမရှိ တရားရုံးမှ စီစစ်နိုင်ပါသည်။ ပိုင်ဆိုင်ခွင့် စာချုပ်စာတမ်းများကို အမှန်တကယ် ပေးအပ်ခြင်း ရှိမရှိ၊ စာချုပ်စာတမ်းများအား မြီရှင် (သို့) ၎င်း၏ ကိုယ်စားလှယ်ထံ ပေါင်နှံသူမှ လက်ရောက် ပေးအပ်ခြင်း ရှိမရှိ၊ ပေါင်နှံသူမှ ပိုင်ဆိုင်မှုစာချုပ် စာတမ်းများအား ကြွေးမြီ အတွက် ရည်ရွယ်၍ အာမခံအဖြစ် ပေးအပ်ထားခြင်း ရှိမရှိ ထည့်သွင်း စဉ်းစားမည်ဖြစ် ပါသည်။

ဇာရီမှုဖွင့်၍ ရောင်းချခြင်း အတည်မဖြစ်မှီ တရားရှုံး (သို့) ပစ္စည်းနှင့်သက်ဆိုင်သူ တစ်ဦးဦးအား တရားရုံးမှ အပေါင်ရွှေးနုတ်ခွင့်ပြုနိုင်ပါသည်။ အပေါင်ပစ္စည်းအား ထုခွဲရောင်းချခြင်းပြုရာတွင် မပြေကျန်ငွေရှိပါကလဲ ပုဂ္ဂလိကဒီကရီချမှတ်ပြီး အတည်ပြုဆောင်ရွက်ပေးရန် ဘဏ်မှ လျှောက်ထားနိုင်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

 

ဘဏ္တြင္ ေပါင္ႏွံမႈတစ္စုံတစ္ရာ ေဆာင္႐ြက္၍ ေငြေခ်းရာတြင္ သိ႐ွိထားသင့္သည့္ အခ်က္အလက္မ်ား ဥပေဒ ဗဟုသုတအေနျဖင့္ ေရးသားေဖာ္ျပလိုက္ပါသည္။

ဘဏ္ေခ်းေငြမ်ားတြင္ ဘဏ္မွ သတ္မွတ္အတိုးႏႈန္းမ်ားအတိုင္း ေငြေခ်းသူထံ အတိုးႏႈန္း ရထိုက္ခြင့္ ႐ွိပါသည္။ ေပါင္ႏွံျခင္း အမႈမ်ား၊ ေငြေခ်းျခင္း အမႈမ်ားတြင္ တရားလိုမွ အတိုးႏႈန္း (သို႔) နစ္နာေၾကးမ်ား ထည့္ သြင္းေတာင္းဆိုပါက တရား႐ုံးသည္ တရားမက်င့္ထုံးပုဒ္မ-၃၄ အရ မိမိသင့္သည့္ ထင္ျမင္သည့္ အတိုး ႏႈန္းထား တရားၿပိဳင္မွ ေပးအပ္ရန္ အမိန္႔ခ်မွတ္ျခင္းလဲ ျပဳႏိုင္သည္။

ႏွစ္ဦးသေဘာတူညီမႈျဖင့္ စာခ်ဳပ္ခ်ဳပ္ဆိုထားေသာ အတိုးႏႈန္းမွာ မ်ားျပားေနသည့္ အတိုးႏႈန္းျဖစ္သည္ ဟု တရား႐ုံးမွ မယူဆႏိုင္ပါက အဆိုပါအတိုးႏႈန္းအား ထည့္သြင္း စဥ္းစားျခင္းျပဳႏိုင္ပါသည္။ တရားၿပိဳင္အေပၚ တရား႐ုံးမွ ပဏာမဒီကရီခ်မွတ္ ခ်မွတ္ၿပီး တရားၿပိဳင္မွ လိုက္နာေဆာင္႐ြက္ရန္ ပ်က္ကြက္ပါက အၿပီး သတ္ဒီကရီ ဆက္လက္ ခ်မွတ္မည္ျဖစ္ပါသည္။

တရားလိုမွ တရား႐ုံးမွ အႏိုင္ဒီကရီတစ္ရပ္အား ရ႐ွိသည့္အခါတြင္လဲ တရားလိုမွ တရားၿပိဳင္ပိုင္ ပစၥည္းအား လႊဲေျပာင္းရယူကာ ေရာင္းခ်ျခင္း မျပဳႏိုင္ေသးပါ။ ဇာရီမႈ ထပ္မံဖြင့္လွစ္ရမည္ျဖစ္ကာ ဘဏ္မ်ားအျပင္ အေပါင္ခံျခင္း၊ ေငြေခ်းလုပ္ငန္း လုပ္ကိုင္သူမ်ားမွာလဲ ေငြေခ်းငွားသူမ်ား အက္ဥပေဒ-၉ အရ ေငြေခ်းငွားခြင့္႐ွိသူအျဖစ္ မွတ္ပုံတင္ထားသူျဖစ္ရမည္။ ထိုသို႔ေငြေခ်ငွားခြင့္ မွတ္ပုံတင္ၿပီးသူ တရားလိုမွသာ ဇာရီမႈဖြင့္လွစ္ ေလွ်ာက္ထားခြင့္႐ွိမည္ျဖစ္ပါသည္။ မွတ္ပုံတင္ထားျခင္း႐ွိေသာ္လည္း အဆိုပါ ေငြေခ်းငွားျခင္း မွတ္ပုံတင္လက္မွတ္မွာ သက္တမ္းကုန္ဆုံးေနပါကလဲ ဇာရီမႈဖြင့္လွစ္ႏိုင္မည္မဟုတ္ပါ။

ဘဏ္မ်ား၌ ပိုင္ဆိုင္ခြင့္ စာခ်ဳပ္စာတမ္းမ်ား အပ္ႏွံကာ လက္မဲ့ ေပါင္ႏွံျခင္းမ်ားတြင္ ေခ်းေငြ ျပန္လည္ မေပးဆပ္ႏိုင္ပါက ေပါင္ႏွံသူမွာ အေပါင္ထားသည့္ ပစၥည္းအေပၚတြင္ ေရာင္းခ်ရန္ သေဘာတူညီၿပီးျဖစ္ပါသည္။ ဘဏ္မွ တရား႐ုံးတြင္ အႏိုင္ဒီဂရီရ႐ွိၿပီးပါက ေပါင္ႏွံသူႏွင့္ ပဋိညာဥ္စာခ်ဳပ္ပါ ကတိျပဳခ်က္မ်ားအတိုင္း ေပါင္ႏွံပစၥည္းအား ထုခြဲေရာင္းခ်ကာ ေႂကြးၿမီးမ်ားအား ခုႏွိမ္မည္ျဖစ္ပါသည္။

ေပါင္ႏွံျခင္းဟုတ္မဟုတ္ သုံးသပ္ရာတြင္လဲ ေအာက္ပါအဂရပ္မ်ားႏွင့္ ညီၫႊတ္ျခင္း႐ွိမ႐ွိ တရား႐ုံးမွ စီစစ္ႏိုင္ပါသည္။ ပိုင္ဆိုင္ခြင့္ စာခ်ဳပ္စာတမ္းမ်ားကို အမွန္တကယ္ ေပးအပ္ျခင္း ႐ွိမ႐ွိ၊ စာခ်ဳပ္စာတမ္းမ်ားအား ၿမီ႐ွင္ (သို႔) ၎၏ ကိုယ္စားလွယ္ထံ ေပါင္ႏွံသူမွ လက္ေရာက္ ေပးအပ္ျခင္း ႐ွိမ႐ွိ၊ ေပါင္ႏွံသူမွ ပိုင္ဆိုင္မႈစာခ်ဳပ္ စာတမ္းမ်ားအား ေႂကြးၿမီ အတြက္ ရည္႐ြယ္၍ အာမခံအျဖစ္ ေပးအပ္ထားျခင္း ႐ွိမ႐ွိ ထည့္သြင္း စဥ္းစားမည္ျဖစ္ ပါသည္။

ဇာရီမႈဖြင့္၍ ေရာင္းခ်ျခင္း အတည္မျဖစ္မွီ တရား႐ႈံး (သို႔) ပစၥည္းႏွင့္သက္ဆိုင္သူ တစ္ဦးဦးအား တရား႐ုံးမွ အေပါင္ေ႐ႊးႏုတ္ ခြင့္ျပဳႏိုင္ပါသည္။ အေပါင္ပစၥည္းအား ထုခြဲေရာင္းခ်ျခင္းျပဳရာတြင္ မေျပက်န္ေငြ႐ွိ ပါကလဲ ပုဂၢလိက ဒီကရီခ်မွတ္ၿပီး အတည္ျပဳေဆာင္႐ြက္ေပးရန္ ဘဏ္မွ ေလွ်ာက္ထားႏိုင္ေၾကာင္း ဥပေဒဗဟု သုတအေနျဖင့္ ေရးသားေဖာ္ျပလိုက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service