အားဖြည့်အချိုရည်သောက်သုံးသူတို့အား အမေရိကန်ရှိ Mayo Clinic က အရေးတကြီး သတိပေးချက် ထုတ်ပြန်
အားဖြည့်အချိုရည်သောက်သုံးသူတို့အား အမေရိကန်ရှိ Mayo Clinic က အရေးတကြီး သတိပေးချက် ထုတ်ပြန် - Property Knowledge in Myanmar from iMyanmarHouse.com
20 Jun 2024 10:18 am တွင် တင်ခဲ့သည်
856 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ဇာနည်ကျော်
[Unicode]
လူအများသည် ပင်ပန်းနွမ်းနယ်မှုကို ကုစားရန်အတွက် အားဖြည့်အချိုရည်များအား မကြာခဏ အားကိုးလေ့ ရှိကြသည်။
သို့သော် သုတေသနတွေ့ရှိချက်သစ်အရ အားဖြည့်အချိုရည်များကြောင့် ဆိုးရွားသော ကျန်းမာရေးအခြေအနေ နှင့် ရင်ဆိုင်ရနိုင်ကြောင်း တွေ့ရှိလာသည်။
အားဖြည့်အချို့ရည်များတွင် သကြားနှင့်ကဖင်းဓာတ် များစွာပါဝင်လေ့ရှိသည်။
အားဖြည့်အချိုရည်များကြောင့် အရေးပေါ်ကုသမှု ခံယူရကာ အသက်အန္တရာယ်အထိ ခြိမ်းခြောက်ခံရနိုင်ကြောင်း ဆရာဝန်တို့က သတိပေးလာသည်။
အားဖြည့်အချိုရည်ဘူးများတွင် ကဖင်းဓာတ် ၈၀ မီလီဂရမ်မှ ၃၀၀ မီလီဂရမ်ကြား ပါဝင်သည်။
ကော်ဖီတစ်ခွက်တွင် ကဖင်းဓာတ် ၁၀၀ မီလီဂရမ် ပါဝင်မှုနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။
အားဖြည့်အချိုရည်များစွာတွင် Taurine နှင့် Guarana တို့ကဲ့သို့ အခြား ပါဝင်ပစ္စည်းများလည်း ပါသေးသည်။
ထိုဓာတ်တို့သည် နှလုံးခုန်နှုန်း၊ သွေးဖိအားနှင့် အခြားသော နှလုံး၏ လုပ်ဆောင်ပုံများကို ပြောင်းလဲပေးနိုင်သည်ဟု သိရှိထားသော ဓာတ်များဖြစ်သည်။
အားဖြည့်အချိုရည်တို့သည် နှလုံး၏ လျှပ်စီးစနစ်ကို အနှောင့်အယှက်ပေးနိုင်သည်။
နှလုံးစည်းချက်မမှန်ခြင်း (Arrhythmia ) အန္တရာယ်မြင့်တက်ရာမှတဆင့် ရုတ်တရက် နှလုံးရပ်ခြင်းကဲ့သို့ ပြင်းထန်သည့် ကျန်းမာရေးအကျိုးဆက်များ ဖြစ်ပေါ်လာစေနိုင်သည်။
အမေရိကန်ပြည်ထောင်စုရှိ Mayo Clinic မှ သုတေသန ပညာရှင်တို့သည် နှလုံးရပ်သွားသော လူနာတို့ကို အရေးပေါ်ကုသမှုဖြင့် အသက်ကယ်ပေးနိုင်ခဲ့မှု ၁၄၄ ဦးရှိခဲ့ပြီး ၎င်းတို့၏ ကျန်းမာရေးအချက်အလက်များကို လေ့လာခဲ့ကြသည်။
ထိုလေ့လာချက်အရ တွေ့ရှိကြသည်မှာ အသက် ၂၀ မှ ၄၂ နှစ်ကြားရှိ လူနာ ၇ ဦးသည် နှလုံးရပ်ကာ သေဆုံးမည့် အန္တရာယ်နှင့် ရင်မဆိုင်ရမီ အချိန်အနည်းငယ်အလိုတွင် အားဖြည့်အချိုရည်များ သောက်သုံးခဲ့ ကြောင်း တွေ့ရှိခဲ့ကြသည်။
ထိုလူနာများအနက် ၆ ဦးကို လျှပ်စစ်ရှော့ရိုက်ကာ ကုသခဲ့ရပြီး တစ်ဦးကိုမူ သမားရိုးကျနည်းဖြင့် အသက်ပြန်ရှူစေရန် ကုသမှု ပေးခဲ့ရသည်။
 (မျိုးရိုးဗီဇ နှလုံးရောဂါရှိသော လူနာများတွင် အားဖြည့်အချိုရည်များသည် အသက်အန္တရာယ် ခြိမ်းခြောက်နိုင်သည့် အခြေအနေမျိုးနှင့် ရင်ဆိုင်ရနိုင်ကြောင်း ဆရာဝန်တို့က သတိပေးထားသည်။ ဓာတ်ပုံ-Yui Mok/PA)
“ ဒါက ဖြစ်ချင်တဲ့သူမှဖြစ်တာလို့ တချို့တွေက ဒီတွေ့ရှိချက်အပေါ် ဝေဖန်လာနိုင်ပါတယ် ” ဟု အီတလီနိုင်ငံ၊ မီလန်မြို့ရှိ Center for Cardiac Arrhythmias of Genetic Origin and Laboratory of Cardiovascular Genetics မှ Peter Schwartz က ပြောသည်။
“  အားဖြည့်အချိုရည်တွေဟာ အသက်အန္တရာယ် ခြိမ်းခြောက်နိုင်တဲ့ Arrhythmias ဖြစ်စေနိုင်တယ်ဆိုတာ ရှင်းလင်းတိကျတဲ့ အထောက်အထားမရှိသေးဘဲ အချက်အလက်တွေ ပိုပြီး လိုအပ်သေးတယ်လို့ ကျွန်တော်တို့ နဲ့ Mayo Clinic က သတိပြုမိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သတိမပေးဘူးဆိုရင် လူတွေက ပေါ့ပေါ့ဆဆ နေကြပါလိမ့်မယ်။ ”
အားဖြည့်အချိုရည်များတွင် ခန္ဓာကိုယ်အား လှုံ့ဆော်ပေးသည့် ဓာတ် ၂ မျိုးဖြစ်သော ကဖင်းနှင့် သကြားသည် ခန္ဓာကိုယ်အား မည်သို့ ဖြစ်စေနိုင်သနည်း။
“ ကဖင်းဓာတ်ဟာ နှလုံးခုန်နှုန်းကို မြန်ဆန်စေပြီး အာရုံစူးစိုက်နိုင်မှု တိုးမြင့်စေပါတယ်။ သုံးစွဲသူကို အချိန် ကြာရှည် နိုးကြားနေစေတာကြောင့် အိပ်ပျော်ဖို့ အခက်အခဲ ဖြစ်စေပါတယ်  ” ဟု The Fleet Street Clinic မှ ဒေါက်တာ ဘီလင်ဒါ ဂရစ်ဖစ်က ပြောသည်။
အားဖြည့်အချိုရည်များတွင် ပါဝင်သော သန့်စင်ထားသည့် သကြားဓာတ် ပါဝင်မှု ပမာဏမှာ ကျန်းမာရေး အတွက် ကောင်းကျိုး မရှိချေ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Doctors issue urgent warning to anyone who drinks energy drinks (independent)
Photo Credit: (Yui Mok/PA) (PA Archive)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
Magical World
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service