အခွန်လွတ်သာသနာ့မြေ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။

အခွန်လွတ်သာသနာ့မြေ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
16 Jun 2024 3:01 pm တွင် တင်ခဲ့သည်
1145 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

ပြည်ထဲရေးဝန်ကြီးဌာနမှ ခွင့်ပြုချက်ရရှိသူ (သို့) သာသနာနှင့် သက်ဆိုင်သော အဖွဲ့အစည်းသည် အခွန်လွတ်သာသနာ့မြေ လျှောက်ထားခြင်း ပြုနိုင်ပါသည်။ အဆိုပါ ခွင့်ပြုချက်ရရှိပြီးသူသည် သတ်မှတ်လျှောက်လွှာပုံစံဖြင့် နယ်မြို့နယ်များတွင် ခရိုင်အုပ်ချုပ်ရေးမှူးရုံးသို့ လျှောက်ထားခြင်းပြုရမည် ဖြစ်ပါသည်။

လျှောက်လွှာနှင့်အတူ ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာနှင့် လျှောက်ထားသူ၏ သာသနာဝင် မှတ်တမ်းကို လျှောက်ထားသူမှ ပူးတွဲတင်ပြရန်လိုအပ်ပြီး မြေအရောင်းအဝယ်စာချုပ်၊ လှူဒါန်းခြင်းမှတ်ပုံတင် စာချုပ်၊ ပေးကမ်းခြင်းမှတ်ပုံတင်စာချုပ်၊ တရားရုံးမှ ဆုံးဖြတ်ချက်မိတ္တူ၊ မြေပေးမိန့်၊ မြေချပါမစ်တို့ တင်ပြရန် လိုအပ်ပါသည်။

သက်ဆိုင်ရာသံဃာ နာယက အဖွဲ့၏ အဆင့်ဆင့်ထောက်ခံချက်နှင့် တိုင်းဒေသကြီး/ပြည်နယ် သာသနာရေးဦးစီးဌာန ထောက်ခံချက်များလဲ တင်ပြပေးရမှာ ဖြစ်ပါတယ်။ မြေစာရင်းဌာနမှ ထုတ်ပေးသော မြေပုံ/မြေ ရာဇဝင် ပုံစံ-၁၀၅/၁၀၆ လဲ လျှောက်ထားရာ၌ ပူးတွဲပါရှိရမည်။ သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူး ထောက်ခံချက်လဲ လိုအပ်ပါသည်။

ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ ကန့်ကွက်ရန်ရှိမရှိ ကြေညာခြင်းများဆောင်ရွက်ပြီး ကန့်ကွက်ရန်မရှိပါက ဌာနမှ လျှောက်လွှာပါအချက်အလက်များ ပြည့်စုံမှု ရှိမရှိ ၊ မြို့တော်နယ်နိမိတ်အတွင်း ပါဝင်ခြင်းရှိမရှိ၊ မြေဧရိယာ ကိုက်ညီမှုရှိမရှိ မြေတိုင်းကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်စေပါတယ်။

မြေပြင်တွင် လျှောက်လွှာပါ ဧရိယာ ကိုက်ညီမှု မရှိပါက ပြည်ထဲရေးဝန်ကြီးဌာန နှင့် လျှောက်ထားသည့် ကျောင်းအား ဌာမှ ပြန်လည်အကြောင်းကြားပါတယ်။ ဌာနမှ မြေပြင်အခြေအနေနှင့် ကိုက်ညီမှုရှိသော၊ လျှောက်ထားသည့် ဧရိယာလဲ ပြည့်မှီပါက အခွန်လွတ် သာသနာမြေ (ပတ္တာစာချုပ်) ထုတ်ပေးခြင်း ပြုနိုင်ပါသည်။

သာသနာ့မြေမှ မြေပုံမှတ်တမ်းတွင် မြစိမ်းရောင် အနားသတ် ဆေးခြယ်ပြီး မှတ်သား တည်ရှိပါသည်။ မူလဂရန်မြေ အမျိုးအစားမှ ပြောင်းလဲလျှောက်ထားခြင်းဖြစ်ပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြနှင့် မြေယာစီမံခန့်ခွဲမှုဌာန (သို့) နယ်မြို့များတွင် ခရိုင်အုပ်ချုပ်ရေးမှူး ရုံးသို့ အဆိုပါမြေ၏ မူလမြေငှားစာချုပ်အား ပြန်လည်အပ်နှံမည်ဖြစ်ပါသည်။

ဌာနမှ သာသနာ့အခွန်လွတ် ဂရန်မြေအဖြစ် လျှောက်ထားခြင်းအား ခွင့်ပြုပါက သက်ဆိုင်ရာအမှုတွဲ ထိန်းဌာနရှိ မြို့မြေစာရင်းတွင် ကွန်ပျူတာမှတ်တမ်းများထားရှိ၍ လျှောက်ထားသူ ကျောင်း၊ အဖွဲ့အစည်း အမည်ပေါက်ဖြင့် မှတ်သားခြင်းပြုကာ သာသနာ့ဂရန် ထုတ်ပေးကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]














 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဟန်ဆောင်စာချုပ်များအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service