ခြံနေရာကျဉ်းသူများအတွက် အိမ်တွင်းရေကူးကန် idea လေးများ
ခြံနေရာကျဉ်းသူများအတွက် အိမ်တွင်းရေကူးကန် idea လေးများ - Property Knowledge in Myanmar from iMyanmarHouse.com
15 Jun 2024 2:57 pm တွင် တင်ခဲ့သည်
1691 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Zawgyi]
နေသာတဲ့ အားလပ်ရက်လေးမှာ အိမ်အနောက်က ရေကန်လေးထဲ ဝင်စိမ်ပြီး ပင်ပန်းသမျှ ဖြေဖျောက်ချင်သူများအတွက် အိမ်ရှေ့အိမ်နောက် ရေကူးကန်ပုံစံ idea လေးများ ရအောင် ဒီဆောင်းပါးလေးမှာ ကြည့်လိုက်ကြစို့နော်..။
အပြင်ဘက်နားခိုရာ နေရာတစ်ခုလည်းဖြစ်စေမယ် ညဘက်ဆိုရင်လည်း မိသားစုသီးသန့် Pool Party လေး ကျင်းပနိုင်မယ့် ရေကူးကန်ပုံစံလေးများကို တင်ဆက်ပေးလိုက်ပါတယ်။ ခြံနေရာအများကြီးကျန်စရာမလိုအပ်တဲ့ ရေကူးကန်ဒီဇိုင်းတွေချည်းပဲနော်။
1. မြေတူးစရာမလိုတဲ့ ရေကူးကန်
ရေကူးကန်တစ်ခုဖြစ်ဖို့ မြေဘယ်လောက်အနက်ဆိုပြီး တူးနေစရာမလိုဘဲ အိမ်နောက်ဘက်မြေပေါ်မှာတင် ရေချိုးဇလုံကြီးတစ်ခုအရွယ် ကျောက်အလှလေးများနဲ့ အုတ်ကန်တစ်ခုတည်ဆောက်ပြီး ရေကန်ငယ်လေး လုပ်လို့ရပါတယ်။ ကိုယ့်အခန်းထဲမှာ ရေမချိုးချင်တဲ့ ပျိုမေတို့အတွက် ခြံနောက်ဘက်လုံခြုံတဲ့နေရာလေးမှာ ရေကူးကန်ငယ်လေးတစ်ခု ပြင်ဆင်ထားလိုက်တော့နော် ....
2. ကြွေပြားများနဲ့ အနားသတ် ချစ်ဖွယ်ရေကူးကန်
နေရောင်ခြည်တိုက်ရိုက်ရတဲ့ အိမ်ရှေ့ဘက်မှာ မြေနေရာပိုနေတယ်ဆို ရေကူးကန်လေးသာ ပြင်ဆင်လိုက်ပါ။ ပုံမှာပါတဲ့ ရေကန်လေးဆို အနက်ကြီးမဟုတ်ဘဲ ကလေးငယ်ရေကူးနိုင်လောက်တဲ့ အနက်မျိုးအထိ တူးနိုင်ပြီး ပတ်ပတ်လည်ကို ကြွေပြားများဖြင့် ဘောင်ခတ်လိုက်မယ်ဆို တိကျလှပတဲ့ ရေကန်ငယ်လေး ဖြစ်လာမှာ အမှန်ပါပဲ။ မီးခိုးရောင်နဲ့အဖြူရောင်အတွဲအစပ်ဟာလည်း မော်ဒန်ဒီဇိုင်းအဖြစ် အမြင်ဆန်းသစ်စေမှာပါ ။
3. အိမ်တွင်းအမိုးပါ ရေကူးကန်
အိမ်အပြင်ဘက်မှာ နေရာမလွတ်ဘူးဆိုရင် အိမ်ထဲမှာ ရေကူးကန်လေး ဖန်တီးလို့ရတယ်နော်။ အိမ်နောက်ဖေးအမိုးအကာအောက်မှာ ကန်လေးတူးပြီး ဘေးပတ်လည်ကို ဖွင့်ဟထားလိုက်မယ်ဆိုရင် အိမ်တွင်း-အိမ်ပြင် နှစ်မျိုးနှစ်ဖုံခံစားမှုကို ပေးစွမ်းနိုင်မယ့် ရေကူးကန်ငယ်လေးဖြစ်လာမှာပါ ။
4. လိုသလိုပုံဖော်နိုင်မယ့် ကျောက်ကပ်ပုံစံရေကူးကန်
အမြင်အာရုံကို တစ်မျိုးဆန်းသစ်စေပြီး ကျောက်ကပ်ပုံစံရေကူးကန်လေးဟာ အိမ်နောက်ဖေးကျဉ်းတဲ့ အိမ်အတွက် အဆင်ပြေတဲ့ တွဲစပ်မှုတစ်မျိုးဖြစ်စေမှာပါ။ ကိုယ်ကြိုက်နှစ်သက်ရာ အရောင်များဖြင့် ကြွေပြားအနားသတ်ကို လိုသလိုပုံဖော်နိုင်ပြီး ကလေးငယ်များနှစ်ခြိုက်စေမယ့် ရေကူးကန်ဒီဇိုင်း ဖြစ်လာပါလိမ့်မယ် ။
5. စိမ့်စမ်းရေကန်
ကိုယ့်အိမ်ထဲနေပြီး သဘာဝတရားကြီးကို ကိုယ်တိုင်ဖန်တီးချင်သူများအတွက် စိမ့်စမ်းရေကန်လေးဆိုရင်ရော၊ ကျောက်တုံးအကြီးအသေး ပုံစံအစုံ၊ အရောင်အစုံနဲ့ ကိုယ်ပိုင်ရေကန်ငယ်လေး တည်ဆောက်နိုင်ပြီး နေ့ရောညပါ ကျောက်တုံးလေးတွေစိမ်ထားတဲ့ ရေရဲ့အထိအတွေ့ဟာ ပင်ပန်းသမျှကို စုပ်ယူနိုင်စွမ်းရှိမှာပါ ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
5. စိမ့်စမ်းရေကန်
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
Golden City Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service