အလက်စကားဒေသရှိ မြစ်များ၊ ချောင်းများ လိမ္မော်ရောင်သို့အရောင်ပြောင်းလဲသွား

အလက်စကားဒေသရှိ မြစ်များ၊ ချောင်းများ လိမ္မော်ရောင်သို့အရောင်ပြောင်းလဲသွား - Property Knowledge in Myanmar from iMyanmarHouse.com
3 Jun 2024 12:32 pm တွင် တင်ခဲ့သည်
1098 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

အလက်စကားဒေသရှိ မြစ်များနှင့် စမ်းချောင်းများသည် ကြည်လင်ရာမှ ပြာလဲ့လဲ့၊ ယင်းနောက် လိမ္မော်ရောင်သို့ ပြောင်းလဲသွားခဲ့ကြသည်။

လေ့လာတွေ့ရှိချက်သစ်တစ်ခုအရ အမြဲအေးခဲနေသော ရေခဲများ အရည်ပျော်လာရာမှ အဆိပ်ရှိသော သတ္တုဓာတ်များ ထွက်လာသောကြောင့် ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ လေ့လာချက်ကို အမျိုးသားပန်းဥယျာဉ်ဌာန၊ Davis ကယ်လီဖိုးနီးယားတက္ကသိုလ်နှင့် အမေရိကန် ဘူမိဗေဒလေ့လာရေးအဖွဲ့တို့မှ သုတေသနပညာရှင်များက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုတွေ့ရှိချက်အပေါ် များစွာ အံ့အားသင့်ခဲ့ကြသည်။

ထိုအဖွဲ့တို့သည် အလက်စကားမှ Brooks Range ဒေသရှိ ရေလမ်းကြောင်း ၇၅ နေရာတွင် လေ့လာစမ်းသပ် မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ထိုဒေသရှိ မြစ်များနှင့် စမ်းချောင်းများသည် ပြီးခဲ့သော ၅ နှစ်မှ ၁၀ နှစ်အတွင်း ရေအရောင်နောက်လာကာ လိမ္မော်ရောင်သို့ ပြောင်းလဲသွားကြကြောင်း လေ့လာချက်တွင် ဖော်ပြသည်။

အဆိုပါ လေ့လာချက်ကို Communications Earth & Environment ဂျာနယ်တွင် ဖော်ပြခဲ့သည်။

ထိုသို့ ရေအရောင်ပျက်ခြင်းနှင့် အရောင်နောက်ခြင်းတို့မှာ အိုင်းရွန်း၊ ဇင့်၊ ကြေးနီ၊ နီကယ်နှင့် ခဲဓာတ်တို့ကဲ့သို့ သတ္တုဓာတ်များကြောင့်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

အချို့သော သတ္တုဓာတ်တို့မှာ မြစ်နှင့် စမ်းချောင်းတို့၏ ဂေဟစနစ်များကို အဆိပ်သင့်စေသည်။

အမြဲအေးခဲနေသော ရေခဲများ အရည်ပျော်မှုကြောင့် ရေခဲထုအောက်တွင် နှစ်ထောင်ပေါင်းများစွာ ပိတ်မိနေ သော သတ္တုဓာတ်များမှာ ရေလမ်းကြောင်းများဆီသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

“သတ္တုတူးဖော်မှုတွေ ရှိခဲ့တဲ့ ကယ်လီဖိုးနီးယားရဲ့ တချို့ဒေသတွေနဲ့ Appalachia ရဲ့ တချို့ဒေသတွေမှာ ဒီလိုဖြစ်ရပ် တွေရှိခဲ့ဖူးပါတယ်။”

“၁၈၅၀ ပြည့်လွန်ကာလတွေမှာ သတ္တုတူးဖော်မှုတွေရှိခဲ့တဲ့ အမေရိကရဲ့ ဒေသတွေက မြစ်တွေထဲမှာ ဖြစ်လေ့ ရှိတဲ့ ဖြစ်ရပ်မျိုးပါ” ဟု ယခုလေ့လာချက်ကို ပူးတွဲပြုလုပ်ခဲ့သူ UC Davis တက္ကသိုလ်မှ သဘာဝ ပတ်ဝန်းကျင် အဆိပ်သင့်မှုဆိုင်ရာ ပါမောက္ခ Brett Poulin က ပြောသည်။

“ဒါပေမဲ့ လူသူအလှမ်းကွာတဲ့နေရာမှာ နေထိုင်ပြီး သတ္တုတူးဖော်မှု နေရာနဲ့ ဝေးကွာတဲ့သူအဖို့ ဒါတွေကို တွေ့ရတာ အံ့အားသင့်စရာ ဖြစ်မှာပါ။ ”

(အလက်စကားမှ Kutuk မြစ်တွင် ပြာလဲ့လဲ့ရေထုဆီသို့ လိမ္မော်ရောင်ရေများ တိုးဝင်လာနေပုံ။ ဓာတ်ပုံ-KenHill/National Park Service)

 

အာတိတ်ဒေသမှ မြေဆီလွှာတို့သည် ပုံမှန်အားဖြင့် အော်ဂဲနစ်ကာဗွန်၊ မြေသြဇာဓာတ်များ၊ ပြဒါးကဲ့သို့ သတ္တုဓာတ်များ ပါဝင်လေ့ရှိသည်။

ကမ္ဘာ့အပူချိန်မြင့်မားလာမှုကြောင့် အမြဲအေးခဲနေသော ရေခဲများ အရည်ပျော်ရာမှ အဆိုပါ သတ္တုဓာတ်များ ရေထုထဲသို့ ရောက်ရှိသွားခြင်း ဖြစ်သည်။

လေ့လာချက်များအရ အာတိတ်ဒေသသည် ကမ္ဘာ့အခြားနေရာများထက် အပူချိန်မြင့်တက်မှု ၄ ဆ ပိုမိုမြန်ဆန် နေကြောင်း တွေ့ရသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Rivers in Alaska are turning orange. The reason surprised even scientists

Photo Credit: Ken Hill/National Park Service

 

 

 

[Zawgyi]

အလက္စကားေဒသ႐ွိ ျမစ္မ်ား၊ ေခ်ာင္းမ်ား လိေမၼာ္ေရာင္သို႔အေရာင္ေျပာင္းလဲသြား

 

အလက္စကားေဒသရွိ ျမစ္မ်ားႏွင့္ စမ္းေခ်ာင္းမ်ားသည္ ၾကည္လင္ရာမွ ျပာလဲ့လဲ့၊ ယင္းေနာက္ လိေမၼာ္ေရာင္သို႔ ေျပာင္းလဲသြားခဲ့ၾကသည္။

ေလ့လာေတြ႔ရွိခ်က္သစ္တစ္ခုအရ အျမဲေအးခဲေနေသာ ေရခဲမ်ား အရည္ေပ်ာ္လာရာမွ အဆိပ္ရွိေသာ သတၱဳဓာတ္မ်ား ထြက္လာေသာေၾကာင့္ ျဖစ္သည္ဟု ဆိုသည္။

အဆုိပါ ေလ့လာခ်က္ကို အမ်ဳိးသားပန္းဥယ်ာဥ္ဌာန၊ Davis ကယ္လီဖိုးနီးယားတကၠသိုလ္ႏွင့္ အေမရိကန္ ဘူမိေဗဒေလ့လာေရးအဖြဲ႔တို႔မွ သုေတသနပညာရွင္မ်ားက ျပဳလုပ္ခဲ့ျခင္းျဖစ္ျပီး ယခုေတြ႔ရွိခ်က္အေပၚ မ်ားစြာ အံ့အားသင့္ခဲ့ၾကသည္။

ထိုအဖြဲ႔တို႔သည္ အလက္စကားမွ Brooks Range ေဒသရွိ ေရလမ္းေၾကာင္း ၇၅ ေနရာတြင္ ေလ့လာစမ္းသပ္ မႈမ်ား ျပဳလုပ္ခဲ့ျခင္း ျဖစ္သည္။

ထိုေဒသရွိ ျမစ္မ်ားႏွင့္ စမ္းေခ်ာင္းမ်ားသည္ ျပီးခဲ့ေသာ ၅ ႏွစ္မွ ၁၀ ႏွစ္အတြင္း ေရအေရာင္ေနာက္လာကာ လိေမၼာ္ေရာင္သို႔ ေျပာင္းလဲသြားၾကေၾကာင္း ေလ့လာခ်က္တြင္ ေဖာ္ျပသည္။

အဆုိပါ ေလ့လာခ်က္ကို Communications Earth & Environment ဂ်ာနယ္တြင္ ေဖာ္ျပခဲ့သည္။

ထိုသို႔ ေရအေရာင္ပ်က္ျခင္းႏွင့္ အေရာင္ေနာက္ျခင္းတို႔မွာ အိုင္းရြန္း၊ ဇင့္၊ ေၾကးနီ၊ နီကယ္ႏွင့္ ခဲဓာတ္တို႔ကဲ့သုိ႔ သတၱဳဓာတ္မ်ားေၾကာင့္ျဖစ္ေၾကာင္း ေတြ႔ရွိခဲ့သည္။

အခ်ဳိ႕ေသာ သတၱဳဓာတ္တို႔မွာ ျမစ္ႏွင့္ စမ္းေခ်ာင္းတို႔၏ ေဂဟစနစ္မ်ားကို အဆိပ္သင့္ေစသည္။

အျမဲေအးခဲေနေသာ ေရခဲမ်ား အရည္ေပ်ာ္မႈေၾကာင့္ ေရခဲထုေအာက္တြင္ ႏွစ္ေထာင္ေပါင္းမ်ားစြာ ပိတ္မိေန ေသာ သတၱဳဓာတ္မ်ားမွာ ေရလမ္းေၾကာင္းမ်ားဆီသို႔ ေရာက္ရွိလာျခင္း ျဖစ္သည္။

“သတၱဳတူးေဖာ္မႈေတြ ရွိခဲ့တဲ့ ကယ္လီဖိုးနီးယားရဲ႕ တခ်ဳိ႕ေဒသေတြနဲ႔ Appalachia ရဲ႕ တခ်ဳိ႕ေဒသေတြမွာ ဒီလိုျဖစ္ရပ္ ေတြရွိခဲ့ဖူးပါတယ္။”

“၁၈၅၀ ျပည့္လြန္ကာလေတြမွာ သတၱဳတူးေဖာ္မႈေတြရွိခဲ့တဲ့ အေမရိကရဲ႕ ေဒသေတြက ျမစ္ေတြထဲမွာ ျဖစ္ေလ့ ရွိတဲ့ ျဖစ္ရပ္မ်ဳိးပါ” ဟု ယခုေလ့လာခ်က္ကို ပူးတြဲျပဳလုပ္ခဲ့သူ UC Davis တကၠသိုလ္မွ သဘာဝ ပတ္ဝန္းက်င္ အဆိပ္သင့္မႈဆိုင္ရာ ပါေမာကၡ Brett Poulin က ေျပာသည္။

“ဒါေပမဲ့ လူသူအလွမ္းကြာတဲ့ေနရာမွာ ေနထုိင္ျပီး သတၱဳတူးေဖာ္မႈ ေနရာနဲ႔ ေဝးကြာတဲ့သူအဖို႔ ဒါေတြကို ေတြ႔ရတာ အံ့အားသင့္စရာ ျဖစ္မွာပါ။ ”

(အလက္စကားမွ Kutuk ျမစ္တြင္ ျပာလဲ့လဲ့ေရထုဆီသို႔ လိေမၼာ္ေရာင္ေရမ်ား တိုးဝင္လာေနပံု။ ဓာတ္ပံု-KenHill/National Park Service)

အာတိတ္ေဒသမွ ေျမဆီလႊာတို႔သည္ ပံုမွန္အားျဖင့္ ေအာ္ဂဲနစ္ကာဗြန္၊ ေျမၾသဇာဓာတ္မ်ား၊ ျပဒါးကဲ့သို႔ သတၱဳဓာတ္မ်ား ပါဝင္ေလ့ရွိသည္။

ကမၻာ့အပူခ်ိန္ျမင့္မားလာမႈေၾကာင့္ အျမဲေအးခဲေနေသာ ေရခဲမ်ား အရည္ေပ်ာ္ရာမွ အဆုိပါ သတၱဳဓာတ္မ်ား ေရထုထဲသို႔ ေရာက္ရွိသြားျခင္း ျဖစ္သည္။

ေလ့လာခ်က္မ်ားအရ အာတိတ္ေဒသသည္ ကမၻာ့အျခားေနရာမ်ားထက္ အပူခ်ိန္ျမင့္တက္မႈ ၄ ဆ ပိုမိုျမန္ဆန္ ေနေၾကာင္း ေတြ႔ရသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Rivers in Alaska are turning orange. The reason surprised even scientists

Photo Credit: Ken Hill/National Park Service

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဟန်ဆောင်စာချုပ်များအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service