(၃)ထပ်နှင့်အောက် အဆောက်အအုံများဆောက်လုပ်ခွင့်ပါမစ်တင်ပါက သိရှိလိုက်နာရမည့် အချက်များ

(၃)ထပ်နှင့်အောက် အဆောက်အအုံများဆောက်လုပ်ခွင့်ပါမစ်တင်ပါက သိရှိလိုက်နာရမည့် အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
25 May 2024 3:42 pm တွင် တင်ခဲ့သည်
975 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

(၃)ထပ်နှင့်အောက် အဆောက်အအုံ ဆောက်လုပ်ခွင့်တင်ပါက အောက်ဖော်ပြပါ စာရွက်စာတမ်း အထောက်အထားများ တင်ပြနိုင်ရပါမည်။

လျှောက်ထားသူသည် ဌာနမှ သတ်မှတ်သည့် ဆောက်လုပ်ခွင့် လျှောက်လွှာပုံစံဖြင့် ဖြည့်စွက်ပြီး လျှောက်လွှာတင်ရမည်ဖြစ်ကာ မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ဗိသုကာမှ အဆိုပါ အဆောက်အဦးအား ကြီးကြပ် ဆောက်လုပ်မည်ဖြစ်ကြောင်း ထောက်ခံချက်အား တင်ပြနိုင်ရမည်။

လျှောက်ထားသူ၏ နိုင်ငံသားစီစစ်ရေးကတ်ပြားမိတ္တူ၊ (A4 Size) တစ်မျက်နှာတည်းတွင် အပေါ်အောက် ကူးယူရမည်။ မြေရှင်၏ (GP/SP) ဖြင့် လျှောက်ထားခြင်းဖြစ်ပါက ကိုယ်စားလှယ်လွှဲစာများ တင်ပြရမည်။ မြေပိုင်ဆိုင်မှုအထောက်အထားများဖြစ်သည့် မြေငှားဂရန်၊ မှတ်ပုံတင်စာချုပ်စာတမ်း၊ အရပ်ကတိစာချုပ် အဆက်အစပ်များတို့အား မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးပြီး မိတ္တူ တင်ပြနိုင်ရမည်။

မြေရှင်မှ အဆိုပါအဆောက်အဦး ဆောက်လုပ်ခြင်းအတွက် မြေပိုင်ဆိုင်မှုနှင့် ပတ်သတ်ပြီး ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ဌာန၏ ညွှန်ကြားကို လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ခံဝန်ကတိပြုချက် တင်ပြ နိုင်ရမည်။

အိမ်ရှင်/ အိမ်ငှား ပြဿနာအရှုပ်အရှင်းကင်းရှင်းကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊ ဘေးပတ်ဝန်းကျင် မြေကွက်များ၏ သဘောထားမှတ်ချက်၊ အဆောက်အအုံ ခိုင်ခံ့မှုနှင့်ပတ်သတ်ပြီး အင်ဂျင်နီယာ မှ တာဝန်ယူကြောင်း ခံဝန်ကတိအားလဲ တင်ပြနိုင်ရမည်။

အဆောက်အအုံဟောင်းအား ဖျက်သိမ်းရမည်ဖြစ်ပါက ဘေးကပ်လျက် အဆောက်အအုံများအား ပျက်စီး မှုမရှိစေရန် ဖျက်သိမ်းမည်ဖြစ်ကြောင်း အင်ဂျင်နီယာ/ဗိသုကာ၊ မြေရှင်တို့မှ ခံဝန်ကတိ တင်ပြရမည်။ ထို့ပြင် အဆောက်အအုံဟောင်း ဖျက်သိမ်းခွင့် လျှောက်လွှာပုံစံနှင့် အဆောက်အအုံဟောင်း၏ ဘေးနှစ်ဖက် မြင်ရသော ဓာတ်ပုံတို့ တင်ပြနိုင်ရမည်။

အဆိုပါအဆောက်အအုံသည် မိသားစုလုံးချင်းနှင့် စီးပွားရေးလုပ်ငန်းသုံး (၃)ထပ်နှင့်အောက် အဆောက်အအုံဖြစ်ပါက လျှောက်ထားသူနှင့် မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ဗိသုကာတို့မှ အဆိုပြုပုံစံ (၃) စုံအား (A-3 Size) ဖြင့် တင်ပြနိုင်ရမည်။

အဆိုပါအဆောက်အအုံသည် ကန်ထရိုက်တိုက်ပုံစံ (၃) ထပ်နှင့် အောက် အဆောက်အအုံဖြစ်ပါကလဲ လျှောက်ထားသူ၊ လိုင်စင်ရကန်ထရိုက်တာ (LC) နှင့် မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ ဗိသုကာတို့မှ အဆိုပြု ပုံစံ(၃)စုံ အား (A-3 Size) ဖြင့် တင်ပြရမည်ဖြစ်သည်။

မိမိဆောက်လုပ်လိုသော အဆောက်အအုံမှာ ကန်ထရိုက်တိုက်ပုံစံဖြစ်ပါက ဌာနမှ သတ်မှတ်သည့် စည်း ကမ်းချက်၊ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း လျှောက်ထားသူ၊ လိုင်စင်ကန်ထရိုက် တာ(LC) နှင့် မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ ဗိသုကာတို့မှ ခံဝန်ကတိပြုချက် တင်ပြနိုင်ရမည်။

ကန်ထရိုက်တိုက်ပုံစံနှင့် စီးပွါးရေးလုပ်ငန်းသုံး အဆောက်အအုံ ဆောက်လုပ်ခြင်းတွင် မီးသတ်ဦးစီးဌာန ၏ အကြံပြုချက် အထောက်အထားအားလဲ ပူးတွဲတင်ပြပေးရန်လိုအပ်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

 

(၃)ထပ္ႏွင့္ေအာက္ အေဆာက္အအုံမ်ားေဆာက္လုပ္ခြင့္ပါမစ္တင္ပါက သိ႐ွိလိုက္နာရမည့္ အခ်က္မ်ား

 

(၃)ထပ္ႏွင့္ေအာက္ အေဆာက္အအုံ ေဆာက္လုပ္ခြင့္တင္ပါက ေအာက္ေဖာ္ျပပါ စာ႐ြက္စာတမ္း အေထာက္အထားမ်ား တင္ျပႏိုင္ရပါမည္။

ေလွ်ာက္ထားသူသည္ ဌာနမွ သတ္မွတ္သည့္ ေဆာက္လုပ္ခြင့္ ေလွ်ာက္လႊာပုံစံျဖင့္ ျဖည့္စြက္ၿပီး ေလွ်ာက္လႊာတင္ရမည္ျဖစ္ကာ မွတ္ပုံတင္လက္မွတ္ရ အင္ဂ်င္နီယာ/ဗိသုကာမွ အဆိုပါ အေဆာက္အဦးအား ႀကီးၾကပ္ ေဆာက္လုပ္မည္ျဖစ္ေၾကာင္း ေထာက္ခံခ်က္အား တင္ျပႏိုင္ရမည္။

ေလွ်ာက္ထားသူ၏ ႏိုင္ငံသားစီစစ္ေရးကတ္ျပားမိတၱဴ၊ (A4 Size) တစ္မ်က္ႏွာတည္းတြင္ အေပၚေအာက္ ကူးယူရမည္။ ေျမ႐ွင္၏ (GP/SP) ျဖင့္ ေလွ်ာက္ထားျခင္းျဖစ္ပါက ကိုယ္စားလွယ္လႊဲစာမ်ား တင္ျပရမည္။ ေျမပိုင္ဆိုင္မႈအေထာက္အထားမ်ားျဖစ္သည့္ ေျမငွားဂရန္၊ မွတ္ပုံတင္စာခ်ဳပ္စာတမ္း၊ အရပ္ကတိစာခ်ဳပ္ အဆက္အစပ္မ်ားတို႔အား မူရင္းႏွင့္ တိုက္ဆိုင္စစ္ေဆးၿပီး မိတၱဴ တင္ျပႏိုင္ရမည္။

ေျမ႐ွင္မွ အဆိုပါအေဆာက္အဦး ေဆာက္လုပ္ျခင္းအတြက္ ေျမပိုင္ဆိုင္မႈႏွင့္ ပတ္သတ္ၿပီး ျပႆနာတစ္စုံတစ္ရာ ေပၚေပါက္လာပါက ဌာန၏ ၫႊန္ၾကားကို လိုက္နာေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ခံဝန္ကတိျပဳခ်က္ တင္ျပ ႏိုင္ရမည္။

အိမ္႐ွင္/ အိမ္ငွား ျပႆနာအ႐ႈပ္အ႐ွင္းကင္း႐ွင္းေၾကာင္း ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး၏ ေထာက္ခံခ်က္၊ ေဘးပတ္ဝန္းက်င္ ေျမကြက္မ်ား၏ သေဘာထားမွတ္ခ်က္၊ အေဆာက္အအုံ ခိုင္ခံ့မႈႏွင့္ပတ္သတ္ၿပီး အင္ဂ်င္နီယာ မွ တာဝန္ယူေၾကာင္း ခံဝန္ကတိအားလဲ တင္ျပႏိုင္ရမည္။

အေဆာက္အအုံေဟာင္းအား ဖ်က္သိမ္းရမည္ျဖစ္ပါက ေဘးကပ္လ်က္ အေဆာက္အအုံမ်ားအား ပ်က္စီး မႈမ႐ွိေစရန္ ဖ်က္သိမ္းမည္ျဖစ္ေၾကာင္း အင္ဂ်င္နီယာ/ဗိသုကာ၊ ေျမ႐ွင္တို႔မွ ခံဝန္ကတိ တင္ျပရမည္။ ထို႔ျပင္ အေဆာက္အအုံေဟာင္း ဖ်က္သိမ္းခြင့္ ေလွ်ာက္လႊာပုံစံႏွင့္ အေဆာက္အအုံေဟာင္း၏ ေဘးႏွစ္ဖက္ ျမင္ရေသာ ဓာတ္ပုံတို႔ တင္ျပႏိုင္ရမည္။

အဆိုပါအေဆာက္အအုံသည္ မိသားစုလုံးခ်င္းႏွင့္ စီးပြားေရးလုပ္ငန္းသုံး (၃)ထပ္ႏွင့္ေအာက္ အေဆာက္အအုံျဖစ္ပါက ေလွ်ာက္ထားသူႏွင့္ မွတ္ပုံတင္လက္မွတ္ရ အင္ဂ်င္နီယာ/ဗိသုကာတို႔မွ အဆိုျပဳပုံစံ (၃) စုံအား (A-3 Size) ျဖင့္ တင္ျပႏိုင္ရမည္။

အဆိုပါအေဆာက္အအုံသည္ ကန္ထ႐ိုက္တိုက္ပုံစံ (၃) ထပ္ႏွင့္ ေအာက္ အေဆာက္အအုံျဖစ္ပါကလဲ ေလွ်ာက္ထားသူ၊ လိုင္စင္ရကန္ထ႐ိုက္တာ (LC) ႏွင့္ မွတ္ပုံတင္လက္မွတ္ရ အင္ဂ်င္နီယာ/ ဗိသုကာတို႔မွ အဆိုျပဳ ပုံစံ(၃)စုံ အား (A-3 Size) ျဖင့္ တင္ျပရမည္ျဖစ္သည္။

မိမိေဆာက္လုပ္လိုေသာ အေဆာက္အအုံမွာ ကန္ထ႐ိုက္တိုက္ပုံစံျဖစ္ပါက ဌာနမွ သတ္မွတ္သည့္ စည္း ကမ္းခ်က္၊ၫႊန္ၾကားခ်က္မ်ားအတိုင္း လိုက္နာေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ေလွ်ာက္ထားသူ၊ လိုင္စင္ကန္ထ႐ိုက္ တာ(LC) ႏွင့္ မွတ္ပုံတင္လက္မွတ္ရ အင္ဂ်င္နီယာ/ ဗိသုကာတို႔မွ ခံဝန္ကတိျပဳခ်က္ တင္ျပႏိုင္ရမည္။

ကန္ထ႐ိုက္တိုက္ပုံစံႏွင့္ စီးပြါးေရးလုပ္ငန္းသုံး အေဆာက္အအုံ ေဆာက္လုပ္ျခင္းတြင္ မီးသတ္ဦးစီးဌာန ၏ အၾကံျပဳခ်က္ အေထာက္အထားအားလဲ ပူးတြဲတင္ျပေပးရန္လိုအပ္ေၾကာင္း ဥပေဒဗဟုသုတအေနျဖင့္ ေရးသား ေဖာ္ျပလိုက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service