အိမ်ခြံမြေအရောင်းအဝယ်အတွက် ပစ္စည်းလွှဲပြောင်းခြင်းပြုရာ၌ လိုက်နာဆောင်ရွက်ရမည့် အချက်များ

အိမ်ခြံမြေအရောင်းအဝယ်အတွက် ပစ္စည်းလွှဲပြောင်းခြင်းပြုရာ၌ လိုက်နာဆောင်ရွက်ရမည့် အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
18 May 2024 12:46 pm တွင် တင်ခဲ့သည်
904 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

 

 

ပုဂ္ဂိုလ်တစ်ဦး တစ်ယောက် (သို့) ကုမ္ပဏီ၊ အဖွဲ့အစည်းတစ်ရပ်ရပ်မှ လူတစ်ဦးတစ်ယောက်၊ တစ်ဦးထက် ပိုသောသူများကို ပစ္စည်းတစ်ခုခုအား အရောင်းအဝယ်စာချုပ်ချုပ်ဆိုကာ ချက်ချင်းလွှဲပြောင်းပေးအပ်သည်များ ရှိသလို၊ ပစ္စည်းအားအနာဂတ်ကာလမှ လွှဲပြောင်းပေးအပ်ရန် ကတိပြုသည်များလဲ ရှိပါသည်။ အရောင်းအဝယ်ပြုသည့် မရွှေ့မပြောင်းနိုင်သောပစ္စည်းမှာ တန်ဖိုးငွေ (၁)သိန်းထက်ပိုပါက စာချုပ်စာတမ်း မှတ်ပုံတင်ဥပဒေနှင့် အညီ မဖြစ်မနေ မှတ်ပုံတင်ရမည်ဖြစ်ပါသည်။

ပစ္စည်းလွှဲပြောင်းခြင်းဥပဒေပုဒ်မ-(၆)အရ ပစ္စည်းတစ်စုံတစ်ရာအား အရောင်းအဝယ်ပြုလုပ်၍ လွှဲပြောင်း ခြင်းပြုကြသလို အမွေဆက်ခံခွင့်အရ ပေးကမ်းခြင်း၊ သေတမ်းစာဖြင့် အနာဂတ်တွင် အကျိုးခံစားခွင့်ပေးအပ်ခြင်းများလဲ ရှိပါသည်။ ပဋိဉာဉ်အက်ဥပဒေပုဒ်မ-၂၃ အရ မညီညွှတ်သော ရည်ရွယ်ချက်၊ အဘိုးစားနားဖြင့် လွှဲအပ်သော်လည်း ဥပဒေနှင့်ဆန့်ကျင်နေခြင်း၊ ဥပဒေအရ အရည်အချင်းမပြည့်မှီသူကို စာချုပ်ချုပ်ဆို၍ ပစ္စည်းလွှဲ ပြောင်းခြင်းပြု၍ မရပါ။

စည်းကမ်းချက်များဖြင့် လွှဲပြောင်းခြင်းဖြစ်ပါက အကျိုးခံစားခွင့်မှာ ပုဒ်မ-(၅)အရ ဥပဒေနှင့်ညီညွှတ်ရန် လိုအပ်ပြီး လိမ်လည်၍ သဘောတူညီမှု၊ အခြားသူတစ်ဦးအား နစ်နာဆုံးရှုံးစေမှု၊ အများနှင့်ဆန့်ကျင်သည့်ကိစ္စရပ်များတွင် အဆိုပါပစ္စည်းလွှဲပြောင်းခြင်းမှာ ပျက်ပြယ်ပါသည်။

ပစ္စည်းလွှဲပြောင်းဥပဒေပုဒ်မ-၅၄ အရ ရောင်းချခြင်းပြုရာတွင်လဲ ပစ္စည်းတန်ဖိုးအား တစ်လုံးတစ်ခဲတည်း ပေးချေခြင်း၊ တစ်စိတ်တစ်ဒေသအား ပေးချခြင်း၊ တချို့တစ်ဝက်အား ပေးချေရန် ကတိပြုခြင်းတို့ရှိပါသည်။ ရောင်းချသူ ဝယ်ယူသူ နှစ်ဦးနှစ်ဖက် စည်ကမ်းချက်များ ပြုလုပ်၍ အရောင်းအဝယ်ပြုလုပ်ရန် ပဋိဉာဉ်ပြုလုပ်နိုင်ပြီး အဆိုပါ ပဋိဉာဉ်ချုပ်ဆိုမှုပြုရုံဖြင့် အကျိုးခံစားခွင့် (သို့) တာဝန်လွှဲအပ်မှုဖြစ်ပေါ်ခြင်း မရှိသေးပါ။

ရောင်းသူမှ သာမာန်ဖြင့် မသိနိုင်သော ချို့ယွင်းချက်များပစ္စည်းတွင်ရှိက ထုတ်ဖော်ပြောဆိုရန် တာဝန်ရှိကာ ပိုင်ဆိုင်မှုနှင့် စပ်လျဉ်း၍ ထုတ်ဖော်ပြောဆိုရန် ပျက်ကွက်မှုသည် လိမ်လည်လှည့်ဖျားမှုဖြစ်သည်ဟုလဲ သတ်မှတ်နိုင်ပါသည်။ ထို့ပြင် မူရင်းစာရွက်စာတမ်းများပြသပြီး ရောင်းချသူမှာ စာချုပ်ပြင်ဆင်ကာ စာချုပ်ချုပ်ဆိုပေးရန် တာဝန်ရှိသည့်အပြင် ပစ္စည်းအား လွှဲပြောင်းရမည့်နေ့ မတိုင်မီထိ ထိန်းသိမ်းထားနိုင်ရမည်။

ရောင်းချသူမှ ပစ္စည်းနှင့်သက်ဆိုင်သည့် အခွန်အခအရပ်ရပ်အား ကြွေးကျန်မရှိပေးဆောင်ရမည့်အပြင် ဝယ်ယူသူနှင့် ညိနှိုင်းပြီး ပစ္စည်းလက်ဝယ်ရှိမှုအား လွှဲပြောင်းပေးအပ်နိုင်ပါသည်။ ဝယ်ယူသူမှ ရောင်းဈေးတန်ဖိုး ငွေများအားလုံး ပေးချေပြီးသည့်အချိန်တွင်လဲ ပစ္စည်း၊ ၎င်းနှင့်သက်ဆိုင်သည့် မူရင်းစာရွက်စာတမ်းများကို ရောင်းချသူမှ လွှဲအပ်ပေးရန် တာဝန်ရှိသည်။

ဝယ်ယူသူဘက်မှလဲ ပုဒ်မ-၅၅(၅) အရ အကျိုးခံစားခွင့်နှင့် သက်ဆိုင်သော တိုးပွှားမှုများ ရှိနိုင်လျှင် ရောင်းချသူအား ထုတ်ဖော်ပြောကြားရမည်။ မရွှေ့မပြောင်းနိုင်သောပစ္စည်းအား အဖိုးစားနားဖြင့် လွှဲပြောင်းပေးအပ်ရာ၌ ရောင်းချသူမှာသဘောရိုးဖြင့် အဆိုပြု ကမ်းလှမ်းမှုဖြစ်ရန် လိုအပ်သည့်အပြင် ပိုင်ရှင်ကိုယ်စားအခြားသူတစ်ဦးမှ ဆောင်ရွက်ပါက ၎င်းမှာအခွင့်အာဏာရှိသူ ဟုတ်မဟုတ်ဝယ်ယူသူမှာ စစ်ဆေးရန် တာဝန်ရှိသည်။

ဝယ်ယူသူမှ ပစ္စည်းနှင့် စပ်လျဉ်း၍ တင်ရှိနေသည့် ကြွေးကျန်ကျသင့်ငွေများရှိက နုတ်ပယ်ပြီး ရောင်းချသူ (သို့) ညွှန်ကြားသူကို တန်ဖိုးကျန်ငွေ အားလုံးကို ပေးချေမှုပြုနိုင်သည်။

ပစ္စည်းအား လွှဲအပ်ပြီးနောက်ပိုင်း ပျက်စီးမှု၊ နစ်နာမှု၊ တန်ဖိုးလျော့မှု ပေါ်ပေါက်ပါက အဆိုပါနစ်နာမှုမှာ ဝယ်ယူသူနှင့်သာ သက်ဆိုင်ပါသည်။ ပစ္စည်းအား လက်ခံပြီးသည့်နောက်ပိုင်း ဖြစ်ပေါ်လာသည့် အကျိုးခံစားမှုများအား ဝယ်ယူသူမှာ ခံစားခွင့်ရှိပါသည်။

ထို့ပြင် ပစ္စည်းမှာ ရောင်းချစဉ်နှင့် ကွဲလွဲနေပါက လက်ခံရယူရန် ဝယ်ယူသူမှ နည်းလမ်းတကျငြင်းဆိုနိုင် ပြီး စရန်ငွေအား ပြန်လည်တောင်းဆိုပိုင်ခွင့်၊ ပဋိဉာဉ်အား သီးခြားဆောင်ရွက်ပေးစေလိုမှု၊ ဖျက်သိမ်းခြင်း ဒီကရီ ရယူလိုမှုတို့ဖြင့် တရားစွဲဆိုနိုင်သည့်အပြင် တရားစရိတ်များနှင့် နစ်နာကြေးများအားလဲ ရပိုင်ခွင့် အခွင့်အရေးရှိ ပါသည်။

အိမ်ခြံမြေအား လွှဲပြောင်းခြင်းဖြစ်လျှင် မြေအား သုံးစွဲပိုင်ခွင့်၊ မြေမှ စွဲကပ်နေသောအရာများနှင့် သက်ဆိုင်သည့် အကျိုးခံစားခွင့်များ အားလုံးပါဝင်ပါသည်။ စာချုပ်တွင် အချိန်ကာလသတ်မှတ်ချက်ဖြင့် ပစ္စည်းအား လွှဲပြောင်းပေးရန် ကတိပြုချက်မရှိပါက ရောင်းချသူမှ ရောင်းချစဉ်တွင်ပင် ပစ္စည်းလွှဲပြောင်းခြင်းဥပဒေ-(၁၉) အရ ပစ္စည်းအား ဝယ်ယူသူထံ အပြီးအပိုင်ခံစားခွင့် လွှဲပြောင်းပေးရမည်ဖြစ်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

 

အိမ္ျခံေျမအေရာင္းအဝယ္အတြက္ ပစၥည္းလႊဲေျပာင္းျခင္းျပဳရာ၌ လိုက္နာေဆာင္႐ြက္ရမည့္ အခ်က္မ်ား

 

ပုဂၢိဳလ္တစ္ဦး တစ္ေယာက္ (သို႔) ကုမၸဏီ၊ အဖြဲ႕အစည္းတစ္ရပ္ရပ္မွ လူတစ္ဦးတစ္ေယာက္၊ တစ္ဦးထက္ ပိုေသာသူမ်ားကို ပစၥည္းတစ္ခုခုအား အေရာင္းအဝယ္ စာခ်ဳပ္ခ်ဳပ္ဆိုကာ ခ်က္ခ်င္း လႊဲေျပာင္းေပးအပ္သည္မ်ား ႐ွိသလို၊ ပစၥည္းအား အနာဂတ္ကာလမွ လႊဲေျပာင္းေပးအပ္ရန္ ကတိျပဳသည္မ်ားလဲ ႐ွိပါသည္။ အေရာင္းအဝယ္ ျပဳသည့္ မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းမွာ တန္ဖိုးေငြ (၁)သိန္းထက္ပိုပါက စာခ်ဳပ္စာတမ္း မွတ္ပုံတင္ဥပေဒ ႏွင့္ အညီ မျဖစ္မေန မွတ္ပုံတင္ရမည္ျဖစ္ပါသည္။

ပစၥည္းလႊဲေျပာင္းျခင္းဥပေဒပုဒ္မ-(၆)အရ ပစၥည္းတစ္စုံတစ္ရာအား အေရာင္းအဝယ္ျပဳလုပ္၍ လႊဲေျပာင္း ျခင္းျပဳၾကသလို အေမြဆက္ခံခြင့္အရ ေပးကမ္းျခင္း၊ ေသတမ္းစာျဖင့္ အနာဂတ္တြင္ အက်ိဳးခံစားခြင့္ေပးအပ္ျခင္း မ်ားလဲ ႐ွိပါသည္။ ပဋိဉာဥ္အက္ဥပေဒပုဒ္မ-၂၃ အရ မညီၫႊတ္ေသာ ရည္႐ြယ္ခ်က္၊ အဘိုးစားနားျဖင့္ လႊဲအပ္ ေသာ္လည္း ဥပေဒႏွင့္ဆန္႔က်င္ေနျခင္း၊ ဥပေဒအရ အရည္အခ်င္း မျပည့္မွီသူကို စာခ်ဳပ္ခ်ဳပ္ဆို၍ ပစၥည္းလႊဲ ေျပာင္းျခင္းျပဳ၍ မရပါ။

စည္းကမ္းခ်က္မ်ားျဖင့္ လႊဲေျပာင္းျခင္းျဖစ္ပါက အက်ိဳးခံစားခြင့္မွာ ပုဒ္မ-(၅)အရ ဥပေဒႏွင့္ညီၫႊတ္ရန္ လိုအပ္ၿပီး လိမ္လည္၍ သေဘာတူညီမႈ၊ အျခားသူတစ္ဦးအား နစ္နာဆုံး႐ႈံးေစမႈ၊ အမ်ားႏွင့္ ဆန္႔က်င္သည့္ကိစၥရပ္ မ်ားတြင္ အဆိုပါပစၥည္းလႊဲေျပာင္းျခင္းမွာ ပ်က္ျပယ္ပါသည္။

ပစၥည္းလႊဲေျပာင္းဥပေဒပုဒ္မ-၅၄ အရ ေရာင္းခ်ျခင္းျပဳရာတြင္လဲ ပစၥည္းတန္ဖိုးအား တစ္လုံးတစ္ခဲတည္း ေပးေခ်ျခင္း၊ တစ္စိတ္တစ္ေဒသအား ေပးခ်ျခင္း၊ တခ်ိဳ႕တစ္ဝက္အား ေပးေခ်ရန္ ကတိျပဳျခင္းတို႔႐ွိပါသည္။ ေရာင္းခ်သူ ဝယ္ယူသူ ႏွစ္ဦးႏွစ္ဖက္ စည္ကမ္းခ်က္မ်ား ျပဳလုပ္၍ အေရာင္းအဝယ္ျပဳလုပ္ရန္ ပဋိဉာဥ္ျပဳလုပ္ႏိုင္ ၿပီး အဆိုပါပဋိဉာဥ္ခ်ဳပ္ဆိုမႈျပဳ႐ုံျဖင့္ အက်ိဳးခံစားခြင့္ (သို႔) တာဝန္လႊဲအပ္မႈျဖစ္ေပၚျခင္း မ႐ွိေသးပါ။

ေရာင္းသူမွ သာမာန္ျဖင့္ မသိႏိုင္ေသာ ခ်ိဳ႕ယြင္းခ်က္မ်ားပစၥည္းတြင္႐ွိက ထုတ္ေဖာ္ေျပာဆိုရန္ တာဝန္႐ွိ ကာ ပိုင္ဆိုင္မႈႏွင့္ စပ္လ်ဥ္း၍ ထုတ္ေဖာ္ေျပာဆိုရန္ ပ်က္ကြက္မႈသည္ လိမ္လည္လွည့္ဖ်ားမႈျဖစ္သည္ဟုလဲ သတ္မွတ္ႏိုင္ပါသည္။ ထို႔ျပင္ မူရင္း စာ႐ြက္စာတမ္းမ်ားျပသၿပီး ေရာင္းခ်သူမွာ စာခ်ဳပ္ျပင္ဆင္ကာ စာခ်ဳပ္ခ်ဳပ္ဆို ေပးရန္ တာဝန္႐ွိသည့္အျပင္ ပစၥည္းအား လႊဲေျပာင္းရမည့္ေန႔ မတိုင္မီထိ ထိန္းသိမ္းထားႏိုင္ရမည္။

ေရာင္းခ်သူမွ ပစၥည္းႏွင့္သက္ဆိုင္သည့္ အခြန္အခအရပ္ရပ္အား ေႂကြးက်န္မ႐ွိေပးေဆာင္ရမည့္အျပင္ ဝယ္ယူသူႏွင့္ ညီႏိႈင္းၿပီး ပစၥည္းလက္ဝယ္႐ွိမႈအား လႊဲေျပာင္းေပးအပ္ႏိုင္ပါသည္။ ဝယ္ယူသူမွ ေရာင္းေဈးတန္ဖိုး ေငြမ်ားအားလုံး ေပးေခ်ၿပီးသည့္အခ်ိန္တြင္လဲ ပစၥည္း၊ ၎ႏွင့္သက္ဆိုင္သည့္ မူရင္းစာ႐ြက္စာတမ္းမ်ားကို ေရာင္း ခ်သူမွ လႊဲအပ္ေပးရန္ တာဝန္႐ွိသည္။

ဝယ္ယူသူဘက္မွလဲ ပုဒ္မ-၅၅(၅) အရ အက်ိဳးခံစားခြင့္ႏွင့္ သက္ဆိုင္ေသာ တိုးပႊားမႈမ်ား ႐ွိႏိုင္လွ်င္ ေရာင္းခ်သူအား ထုတ္ေဖာ္ေျပာၾကားရမည္။ မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းအား အဖိုးစားနားျဖင့္ လႊဲေျပာင္းေပး အပ္ရာ၌ ေရာင္းခ်သူမွာ သေဘာ႐ိုးျဖင့္ အဆိုျပဳ ကမ္းလွမ္းမႈျဖစ္ရန္ လိုအပ္သည့္အျပင္ ပိုင္႐ွင္ကိုယ္စား အျခားသူတစ္ဦးမွ ေဆာင္႐ြက္ပါက ၎မွာအခြင့္အာဏာ႐ွိသူ ဟုတ္မဟုတ္ ဝယ္ယူသူမွာ စစ္ေဆးရန္ တာဝန္႐ွိ သည္။

ဝယ္ယူသူမွ ပစၥည္းႏွင့္ စပ္လ်ဥ္း၍ တင္႐ွိေနသည့္ ေႂကြးက်န္က်သင့္ေငြမ်ား႐ွိက ႏုတ္ပယ္ၿပီး ေရာင္းခ်သူ (သို႔) ၫႊန္ၾကားသူကို တန္ဖိုးက်န္ေငြ အားလုံးကို ေပးေခ်မႈျပဳႏိုင္သည္။ ပစၥည္းအား လႊဲအပ္ၿပီးေနာက္ပိုင္း ပ်က္စီးမႈ၊ နစ္နာမႈ၊ တန္ဖိုးေလ်ာ့မႈ ေပၚေပါက္ပါက အဆိုပါနစ္နာမႈမွာ ဝယ္ယူသူႏွင့္သာ သက္ဆိုင္ပါသည္။ ပစၥည္းအား လက္ခံၿပီးသည့္ေနာက္ပိုင္း ျဖစ္ေပၚလာသည့္ အက်ိဳးခံစားမႈမ်ားအား ဝယ္ယူသူမွာ ခံစားခြင့္႐ွိပါသည္။

ထို႔ျပင္ ပစၥည္းမွာ ေရာင္းခ်စဥ္ႏွင့္ ကြဲလြဲေနပါက လက္ခံရယူရန္ ဝယ္ယူသူမွ နည္းလမ္းတက်ျငင္းဆိုႏိုင္ ၿပီး စရန္ေငြအား ျပန္လည္ေတာင္းဆိုပိုင္ခြင့္၊ ပဋိဉာဥ္အား သီးျခားေဆာင္႐ြက္ေပးေစလိုမႈ၊ ဖ်က္သိမ္းျခင္း ဒီကရီ ရယူလိုမႈတို႔ျဖင့္ တရားစြဲဆိုႏိုင္သည့္အျပင္ တရားစရိတ္မ်ားႏွင့္ နစ္နာေၾကးမ်ားအားလဲ ရပိုင္ခြင့္ အခြင့္အေရး႐ွိ ပါသည္။

အိမ္ျခံေျမအား လႊဲေျပာင္းျခင္းျဖစ္လွ်င္ ေျမအား သုံးစြဲပိုင္ခြင့္၊ ေျမမွ စြဲကပ္ေနေသာအရာမ်ားႏွင့္ သက္ဆိုင္သည့္ အက်ိဳးခံစားခြင့္မ်ား အားလုံးပါဝင္ပါသည္။ စာခ်ဳပ္တြင္ အခ်ိန္ကာလသတ္မွတ္ခ်က္ျဖင့္ ပစၥည္းအား လႊဲေျပာင္းေပးရန္ ကတိျပဳခ်က္မ႐ွိပါက ေရာင္းခ်သူမွ ေရာင္းခ်စဥ္တြင္ပင္ ပစၥည္းလႊဲေျပာင္းျခင္းဥပေဒ-(၁၉) အရ ပစၥည္းအား ဝယ္ယူသူထံ အၿပီးအပိုင္ခံစားခြင့္ လႊဲေျပာင္းေပးရမည္ျဖစ္ေၾကာင္း ဥပေဒဗဟုသုတအေနျဖင့္ ေရးသား ေဖာ္ျပလိုက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
Mingalar Market
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service