အုန်းရေ၏ အဓိက ကျန်းမာရေးအကျိုးကျေးဇူး (၅) ခု
အုန်းရေ၏ အဓိက ကျန်းမာရေးအကျိုးကျေးဇူး (၅) ခု - Property Knowledge in Myanmar from iMyanmarHouse.com
18 May 2024 11:08 am တွင် တင်ခဲ့သည်
1075 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
အကျိုးကျေးဇူးများ
အုန်းရေဟာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရှိတယ်လို့ သိထားပေမဲ့ မှတ်သားဖို့ရာ ပညာရှင်တွေ ပြောတဲ့ အရေးကြီးဆုံးအချက်ငါးချက်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနှင့် အာဟာရဓာတ်များစွာ ပါဝင်ခြင်း
အုန်းရေက သင့်အား အလုံးစုံကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာကို ထိန်းသိမ်းဖို့ ကူညီပေးဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေရဲ့ အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ အုန်းရေတစ်ခွက်မှာ ရှာတွေ့နိုင်တာတွေကတော့ အမိုင်နိုအက်ဆစ်များ၊ အဏုဇီဝရုပ်ပိုးမွှားခုခံရေးပက်ပတိုက်များ၊ ကာဗိုဟိုက်ဒရိတ်များ၊ အင်ဇိုင်း၊ အီလက်ထရိုလိုက် (လျှပ်လိုက်ရည်) များ၊ ဗီတာမင်စီ နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပဲ ဖြစ်ပါတယ်။
၂။ ရေဓာတ်ကိုပေးခြင်း
အုန်းရေဟာ ရေ 95% ဖြင့်ပြုလုပ်ထားတာကြောင့် ရေငတ်နေချိန် သို့မဟုတ် စွမ်းအင်နည်းနေချိန်အတွက် ရေဓာတ်ကို ထိပ်တန်းအဆင့်ဖြစ်စေပါတယ်။ အန်တာ ဒါမှမဟုတ် ဝမ်းလျှောတာလိုမျိုး ဖျားနာမှုတွေကြောင့် ရေဓာတ်ဆုံးရှုံးတဲ့အခါ အုန်းရေက သင့်ကို ရေဓာတ်မခမ်းခြောက်အောင် ကူညီပေးနိုင်ပါတယ်။ ဒါပေမဲ့ ပုံမှန်သောက်နေကျရေအစား အုန်းရေကို အစားထိုးတာမျိုးတော့ လုံးဝမလုပ်ပါနဲ့။ အုန်းရေကို နေ့စဥ်ပုံမှန်သောက်သုံးဖို့ရာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပမာဏက ၂၄၀ မီလီလီတာ ဖြစ်ပါတယ်။
၃။ ကိုယ်အလေးချိန်ထိန်းရန် (သို့မဟုတ်) လျှော့ချရန် ကူညီပေးခြင်း
Health Meets Wellness ကို တည်ထောင်သူ ဆေးဝါးသမားတော် Elizabeth Sharp က အုန်းရေဟာ ကယ်လိုရီနည်းပြီး အဆီနည်းတဲ့ အခြား သကြားပါတဲ့ သစ်သီးဖျော်ရည်တွေ ဖျော်ရည်တွေနဲ့ ယှဉ်ပါက အဆီပါဝင်မှုနည်းတယ်လို့ ဆိုပါတယ်၊ ဒါကြောင့် အရသာရှိတဲ့ သောက်စရာတစ်ခုခုကို ရှာနေတာဆိုရင် သူက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အခြားရွေးချယ်စရာ ဖြစ်ပါတယ်။ အုန်းရေက ရေဓာတ်ကို တိုးစေပြီး မလိုအပ်တဲ့ ဆာလောင်မှုနဲ့ ပိုလျှံတဲ့ စွမ်းအင်စားသုံးမှုတို့ကို လျှော့ချနိုင်တယ်လို့ ဆိုပါတယ်။ လေ့လာမှုတွေအရ အုန်းရေဟာ ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးနိုင်ကြောင်း သိရပါတယ်။ ဒါပေမဲ့လည်း အုန်းရေမှာ ပရိုတင်းနှင့် အဆီလိုမျိုး အခြားအာဟာရဓာတ်ကြီးများ သိသိသာသာ နည်းပါးတာကိုတော့ သတိပြုပါ။ ဒါကြောင့် အုန်းရေဟာ ကိုယ်အလေးချိန် လျှော့ချဖို့အတွက် ဒီဇိုင်းထုတ်ထားတဲ့ အစားအသောက်ရဲ့ အစိတ်အပိုင်းတစ်ခုတော့ ဖြစ်လို့ရပေမဲ့ အုန်းရေကိုယ်တိုင်က ကိုယ်အလေးချိန်ကျဖို့ ထိရောက်တယ်လောက်အထိ ညွှန်းဖို့ကျအဆင်မပြေပါဘူး။
၄။ ကျောက်ကပ်ကျောက်တည်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း
အုန်းရေသောက်ခြင်းက ကျောက်ကပ်ကျောက်တည်ခြင်းကို ကာကွယ်ဖို့အတွက် အလွန်အသုံးဝင်ပါတယ်။ ကယ်လ်စီယမ်နှင့် အခြားဒြပ်ပေါင်းတွေ သင့်ဆီးထဲ ပုံဆောင်ခဲတွေ ဖြစ်ပေါ်လာတဲ့အခါ ကျောက်ကပ်ကျောက်တည်တယ်လို့ ခေါ်ပါတယ်။ ကျောက်ကပ်လုပ်ဆောင်ချက် ကောင်းမွန်အဆင်ပြေစေချင်ရင် နေ့စဥ် အုန်းရေပုံမှန်သောက်ပေးသင့်တယ်လို့လည်း သိပ္ပံပညာရှင်တွေက ဆိုထားကြပါတယ်။
၅။ လေ့ကျင့်ခန်းလုပ်ပြီးနောက် Electrolytes အားဖြည့်ပေးခြင်း
ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပြီးနောက် အုန်းရေကို အချိုရည်အဖြစ် မကြာခဏအသုံးပြုပြီး လေ့ကျင့်ခန်းလုပ်ပြီးနောက် ကျွန်ုပ်တို့ဆုံးရှုံးသွားသော အီလက်ထရိုလိုက် (လျှပ်လိုက်ရည် သို့မဟုတ် (ကျွန်ုပ်တို့၏ခန္ဓာကိုယ်ရှိ ဆဲလ်များလုပ်ဆောင်မှုအတွက် လိုအပ်သောသတ္တုဓာတ်) တွေကို ပြန်လည်ဖြည့်တင်းဖို့ အုန်းရေကို မကြာခဏအသုံးပြုလေ့ရှိတယ်လို့ ဆိုပါတယ်။ ကျွန်ုပ်တို့ ချွေးအလွန်အကျွံထွက်ပြီး ကြွက်သားများ အားစိုက်ထုတ်တဲ့အခါ၊ ကျွန်ုပ်တို့ ခန္ဓာကိုယ်က အီလက်ထရိုလိုက်လိုအပ်မှု တိုးလာမှာဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးနောက် ရိုးရိုးရေထက် အုန်းရေက ပိုအကျိုးရှိနိုင်တယ်လို့ လေ့လာမှုတွေတောင်ရှိပါတယ်။
အားနည်းချက်များ
ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရှိပေမဲ့လည်း ထည့်သွင်းစဉ်းစားရမယ့်အချက်အချို့ရှိပါတယ်။ အငြင်းပွားစရာမရှိတဲ့ အားနည်းချက်ကတော့ သူ့မှာ သကြားဓာတ်ပါဝင်နေမှုပဲ ဖြစ်ပါတယ်။ အုန်းရေဟာ သင့်သွေးတွင်းသကြားဓာတ်ကို လျင်မြန်စွာ မြှင့်တင်ပေးနိုင်ပါတယ်၊ အထူးသဖြင့် ဗိုက်ထဲအစာမရှိချိန် သောက်မိရင် သို့မဟုတ် အများကြီးသောက်မိတဲ့အခါတွေ ဖြစ်ပါတယ်။
ဒါကြောင့် သွေးတွင်းသကြားဓာတ်မြင့်တက်မှုကို ရှောင်ရှားဖို့ အမျှင်ဓာတ်၊ ပရိုတင်းနဲ့ အဆီတွေနဲ့ တွဲဖက်စားသုံးတာ ဒါမှမဟုတ် အအေး/ဖျော်ရည်အနေနဲ့ အလောတော် သောက်သုံးတာ အကောင်းဆုံးပါပဲ။ လူတစ်ဦး နေ့စဥ်ပုံမှန်သောက်သုံးသင့်တဲ့ အုန်းရေပမာဏကတော့ အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ၂၄၀ မီလီလီတာပဲ ဖြစ်ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: The 5 Main Health Benefits of Coconut Water, According to Experts (vogue)
[Zawgyi]
အကျိုးကျေးဇူးများ
၂။ ရေဓာတ်ကိုပေးခြင်း
အားနည်းချက်များ
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဟန်ဆောင်စာချုပ်များအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service