တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း - Property Knowledge in Myanmar from iMyanmarHouse.com
7 May 2024 12:17 pm တွင် တင်ခဲ့သည်
1923 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ဇာနည်ကျော်
[Unicode]
တိရ စ္ဆာန်မျိုးစိတ်တို့အကြား လိင်တူဆက်ဆံမှု အလေ့အထ ပေါ်ပေါက်လာရခြင်းမှာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်ရန်အတွက် ဖြစ်နိုင်သည်။
တိရ စ္ဆာန်တို့အကြား ပဋိပက္ခဖြစ်မှုများမှာ သေဆုံးသည်အထိ ဖြစ်စေနိုင်ကြသည်။
ငါးများ၊ ကုန်းတပိုင်း ရေတပိုင်းသတ္တဝါများ၊ တွားသွားသတ္တဝါများ၊ ငှက်များနှင့် နို့တိုက်သတ္တဝါများ ကဲ့သို့ ကျောရိုးရှိ ပင်မအုပ်စုများအပါအဝင် တိရ စ္ဆာန်မျိုးစိတ်ပေါင်း ၁၅၀၀ ကျော်တွင် လိင်တူ ဆက်ဆံမှုများ တွေ့ရှိရသည်။
အင်းဆက်များ၊ ပင့်ကူများ၊ သံပခြုပ်များနှင့် ကြယ်ငါး ၊ နီမတုတ် (သို့မဟုတ်) တီပိုးကဲ့သို့ သေးငယ်သော ကပ်ပါးကောင်များ အစရှိသည့် ကျောရိုးမဲ့သတ္တဝါများအုပ်စုတွင်လည်း လိင်တူ ဆက်ဆံမှုများ တွေ့ရသည်။
တိရ စ္ဆာန်များတွင် လိင်တူဆက်ဆံမှုကို အဓိကတွေ့ရသည်မှာ လီမာမျောက်နှင့် မျောက်ဝံတို့ကဲ့သို့ အဆင့်မြင့် နို့တိုက်သတ္တဝါများတွင် ဖြစ်သည်။
တိရ စ္ဆာန်များတွင် လိင်တူဆက်ဆံမှု အဘယ်ကြောင့်ပေါ်ပေါက်ရသနည်းဟူသော မေးခွန်းနှင့် စပ်လျဉ်းသည့် အယူအဆများစွာ ရှိသည်။
ယင်းသို့သော အယူအဆများအနက် အထီးအမ အမှတ်မှားခြင်း၊ ဆန့်ကျင်ဘက်လိင်ဖြင့် တွေ့ဆုံနိုင်ခွင့် နည်းပါးခြင်းနှင့် လိင်ဆက်ဆံမှု အားမလိုအားမရဖြစ်ခြင်းဟူသော အချက်များ ပါဝင်သည်။
သို့သော် စပိန်မှ သုတေသီတို့၏ လေ့လာချက်များအရ တိရ စ္ဆာန်များအကြား လိင်တူ ဆက်ဆံမှုမှာ နက်ရှိုင်းစွာ အမြစ်တွယ်နေပြီး အရေးကြီးသည့် ဇာစ်မြစ်အကြောင်းခံများရှိသည်ဟု ဆိုသည်။
(လိင်တူချစ်သူ ပင်ဂွင်းစုံတွဲကို တွေ့ရပုံ။ ဓာတ်ပုံ-Getty)
Jose Gomez ဦးဆောင်သော သုတေသီအဖွဲ့က နို့တိုက်သတ္တဝါများတွင် လိင်တူဆက်ဆံမှု ဖြစ်ပေါ်ပြောင်းလဲ ခြင်းကို လေ့လာခဲ့ရာ ဘိုနိုဘိုမျောက်၊ ချင်ပန်ဇီ၊ ဦးချိုကြီး သိုးများ၊ ခြင်္သေ့များနှင့် ဝံပုလွေများတွင် အဓိက ပေါ်ပေါက်ခဲ့ဖွယ်ရာရှိကြောင်း တွေ့ခဲ့ကြသည်။
တိရ စ္ဆာန်များအကြား လိင်တူဆက်ဆံမှုသည် ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ အပြုသဘောများ ပေါ်ပေါက်စေ ကြောင်း ၎င်းတို့အဖွဲ့က သုံးသပ်ခဲ့ကြသည်။
အထီးများ တစ်ကောင်နှင့်တစ်ကောင် တိုက်ခိုက်သတ်ဖြတ်ကြသည့် တိရ စ္ဆာန်မျိုးစိတ်များတွင် အထီးချင်း လိင်တူဆက်ဆံမှုကို ပိုမိုတွေ့ရှိရကြောင်း အဆိုပါသုတေသီအဖွဲ့က ပြောသည်။
လိင်တူဆက်ဆံမှုသည် တိရ စ္ဆာန်အထီးများအကြား ပဋိပက္ခများကို လျှော့ချပေးနိုင်ခဲ့ဟန်ရှိသည်။
(ကြယ်ငါးများတွင်ပင်လျှင် လိင်တူဆက်ဆံရေးကို တွေ့ရသည်။ ဓာတ်ပုံ-Getty)
နို့တိုက်သတ္တဝါအုပ်စုများမှ အနည်းငယ်တွင်သာ လိင်တူဆက်ဆံမှု အလေ့အထကို လေ့လာခဲ့ခြင်းဖြစ်ပြီး ဖြစ်ပေါ်ပြောင်းလဲမှုများနှင့် အကျိုးကျေးဇူးများကို ပိုမိုနားလည်နိုင်ရန် ဆက်လက်၍ လေ့လာမှုများ ပြုလုပ်ရဦးမည် ဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
 Ref: Gay sex between animals evolved for a very important reason (metro)
Photo Credit: Getty
[Zawgyi]
Photo Credit: Getty
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
Golden City Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service