မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်

မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့် - Property Knowledge in Myanmar from iMyanmarHouse.com
7 May 2024 11:29 am တွင် တင်ခဲ့သည်
1291 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

မက်ထ် ဘတ်စ်ဘစ်သည် ဒေါ်လာသန်းပေါင်း ရာချီတန်ကြေးရှိသော ကုမ္ပဏီများစွာ တည်ထောင်ခြင်း၊ ပြန်လည်ရောင်းချခြင်းများ ပြုလုပ်ခဲ့သည်။

ယခုအခါ အသက် ၄၂ နှစ်ရှိပြီဖြစ်သော ဘတ်စ်ဘစ်သည် အမေရိကန်ပြည်ထောင်စု၊ လူဝီစီယာနာ ပြည်နယ်၊ Baton Rouge မြို့တွင် BuckFeather အမည်ရှိ အားကစားပစ္စည်းဆိုင် ဖွင့်လှစ်ထားသည်။

 

 (ဓာတ်ပုံ- cbs news )

 

ဘတ်စ်ဘစ်က ပြောသည်မှာ ကလေးတစ်ဦးက တစ်ဒေါ်လာ လာပေးသောနေ့မှာ မိမိဘဝတွင် အချမ်းသာဆုံး နေ့ဖြစ်ကြောင်း ပြောသည်။

“စာနာတတ်မှုဆိုတာကို ကျွန်တော့်ဘဝမှာ သိပ်မယုံခဲ့ဘူး” ဟု ဘတ်စ်ဘစ်က ပြောသည်။

ပြီးခဲ့သောတစ်လခန့်က ထူးခြားသောဖြစ်ရပ်တစ်ခု ကြုံခဲ့ရကြောင်း ဘတ်စ်ဘစ်က ပြောပြသည်။

တစ်ခုသော မနက်အစောပိုင်းဖြစ်သည်။

ဘတ်စ်ဘစ်၏ ကွန်ဒိုအဆောက်အအုံတွင် မီးအန္တရာယ်သတိပေးသံ မြည်လာသည်။

ဘတ်စ်ဘစ်လည်း အိပ်ယာထဲမှထွက်ကာ လှေကားမှ အောက်သို့ ပြေးဆင်းကြည့်သည်။

 

 (ဓာတ်ပုံ- cbs news )

 

မီးလောင်ကျွမ်းမှုကိုမူ မတွေ့။

ဘတ်စ်ဘစ်မှာ အိပ်ချင်စိတ်ပျောက်သွားပြီဖြစ်သည်။

ကိုယ်ပေါ်တွင် ဝတ်စားထားသည်မှာ အဆီအငေါ်မတည့်သော အဝတ်အစားများဖြစ်ကာ ဖရိုဖရဲ ဖိုသီဖတ်သီဖြင့် ဖြစ်နေသည်။

ဘတ်စ်ဘစ်က ထိုပုံစံဖြင့်ပင် ကော်ဖီဆိုင်သို့ သွားရန် ဆုံးဖြတ်လိုက်၏။

ကော်ဖီဆိုင်အတွင်း ဝင်ခါနီးတွင် ဘတ်စ်ဘစ်က မနက်အတွက် ဘုရားဝတ်မပြုရသေးကြောင်း သတိရသွားသည်။

လုံခြုံရေးကင်မရာတွင် တွေ့မြင်ရမှုအရ ဘတ်စ်ဘစ်သည် ဆိုင်ရှေ့ထောင့်သို့ ကပ်ကာ ဝတ်ပြုဆုတောင်း လိုက်သည်ကို တွေ့ရသည်။

“ကျွန်တော် ဝတ်ပြုပြီးလို့ မျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်လိုက်ချိန်မှာ ချာတိတ်ကလေးတစ်ယောက် ကျွန်တော့်ဆီ လာနေတာ တွေ့လိုက်ရပါတယ်။ ကျွန်တော့် အရပ်အမြင့်လောက်ရှိပါတယ်”

 

  (ဓာတ်ပုံ- cbs news )

 

ထိုကောင်ကလေးမှာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်ကို တွေ့ရသဖြင့် ဘတ်စ်ဘစ်က မိမိကိုယ်ကို ခုခံကာကွယ်ရန် အသင့်ပြင်ထားခဲ့သည်။

သို့သော် ထိုကောင်လေးက သူ့လက်သီးဆုပ်ကို ဖြေပြလိုက်ရာ ၁ ဒေါ်လာတန်ကို တွေ့ရ၏။

“ဘာလဲကွယ့်” ဘတ်စ်ဘစ်က မေးသည်။

“ဦးက အိမ်ရာမဲ့ဆိုရင် ..ရော့..ဒီမှာ ၁ ဒေါ်လာ။ သားက အိမ်ရာမဲ့တစ်ယောက်ယောက်ကို ကူညီချင်နေတာ။ အခုတော့ ကူညီဖို့ အခွင့်အလမ်းရသွားပါပြီ” ဟု ၉ နှစ်အရွယ် ကယ်လ်ဗင် အဲလစ် ဂျူနီယာအမည်ရှိ ကောင်လေးက ပြောသည်။

 

 (ဓာတ်ပုံ- cbs news )

 

ကယ်လ်ဗင်က ပြောသည်မှာ ထို ၁ ဒေါ်လာမှာ ကျောင်းတွင် အမှတ်ကောင်းကောင်းရသောကြောင့် ဆုရသောငွေဖြစ်ပြီး မိမိအရည်အချင်းဖြင့်ရသည့် တစ်ခုတည်းသောငွေဖြစ်ကြောင်း ပြောသည်။

ဘတ်စ်ဘစ်၏ ရင်ထဲတွင် လှိုက်ခနဲ ခံစားလိုက်ရပြီး ကယ်လ်ဗင်ကို မုန့်စားရန် ဖိတ်ခေါ်ခဲ့ပြီး ကယ်လ်ဗင်၏ ဖခင်နှင့်လည်း တွေ့ဆုံခဲ့သည်။

ယင်းနောက် အချင်းချင်း အဆက်အသွယ်မပြတ်စေဘဲ နေထိုင်ကြရန် ကတိပြုကြသည်။

 

 (ဓာတ်ပုံ- cbs news )

 

ကလေးငယ်၏ ကြင်နာတတ်မှုကို ဆုချသည့်အနေဖြင့် ဘတ်စ်ဘစ်က BuckFeather ဆိုင်ထဲမှ ကြိုက်သည့် ပစ္စည်းများကို ၄၀ စက္ကန့်အတွင်း ကြိုက်သလောက် ယူခွင့်ပေးခဲ့ရာ စက်ဘီးတစ်စီးလည်း ပါဝင်ခဲ့သည်။

ကယ်လ်ဗင်က ပြောသည်မှာ ထိုသို့ ဆုချပေးသည်မှာ ပျော်ရွှင်ဖွယ်ဖြစ်ကြောင်း ၊ သို့သော် မိမိပေးခဲ့သော ၁ ဒေါ်လာအတွက် လိုချင်ခဲ့သည်မှာ ဤအရာများမဟုတ်ကြောင်း ပြောသည်။

 

 (ဓာတ်ပုံ- cbs news )

 

“ပီတိပေါ့…တစ်ယောက်ယောက်ကို သားက ကူညီလိုက်တယ်။ တစ်ခုခု ပေးလှူလိုက်တယ်။ အဲ့လို ပေးလှူတာ ကနေ အများကြီးပြန်ရသလို ပျော်ရွှင်ခံစားရပါတယ်” ဟု ကယ်လ်ဗင်က ပြောသည်။

 

 (ဓာတ်ပုံ- cbs news )

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A boy gave his only dollar to someone he mistook as homeless. In exchange, the businessman rewarded him for his generosity (cbsnews)

 

 

 

 

[Zawgyi]

မိမိအား အိမ္ယာမဲ့ထင္ကာ ပုိင္ဆုိင္သမွ်ေငြ ၁ ေဒၚလာ လာေပးသည့္ ကေလးတစ္ဦးကို စီးပြားေရး လုပ္ငန္းရွင္က စတိုးဆိုင္အတြင္းမွ ၾကိဳက္သည့္ပစၥည္း စကၠန္႔ ၄၀ အတြင္း ယူႏိုင္သမွ် ယူေစကာ ဆုခ်ီးျမွင့္

 

မက္ထ္ ဘတ္စ္ဘစ္သည္ ေဒၚလာသန္းေပါင္း ရာခ်ီတန္ေၾကးရွိေသာ ကုမၸဏီမ်ားစြာ တည္ေထာင္ျခင္း၊ ျပန္လည္ေရာင္းခ်ျခင္းမ်ား ျပဳလုပ္ခဲ့သည္။

ယခုအခါ အသက္ ၄၂ ႏွစ္ရွိျပီျဖစ္ေသာ ဘတ္စ္ဘစ္သည္ အေမရိကန္ျပည္ေထာင္စု၊ လူဝီစီယာနာ ျပည္နယ္၊ Baton Rouge ျမိဳ႕တြင္ BuckFeather အမည္ရွိ အားကစားပစၥည္းဆိုင္ ဖြင့္လွစ္ထားသည္။

ဘတ္စ္ဘစ္က ေျပာသည္မွာ ကေလးတစ္ဦးက တစ္ေဒၚလာ လာေပးေသာေန႔မွာ မိမိဘဝတြင္ အခ်မ္းသာဆံုး ေန႔ျဖစ္ေၾကာင္း ေျပာသည္။ “စာနာတတ္မႈဆိုတာကို ကၽြန္ေတာ့္ဘဝမွာ သိပ္မယံုခဲ့ဘူး” ဟု ဘတ္စ္ဘစ္က ေျပာသည္။

ျပီးခဲ့ေသာတစ္လခန္႔က ထူးျခားေသာျဖစ္ရပ္တစ္ခု ၾကံဳခဲ့ရေၾကာင္း ဘတ္စ္ဘစ္က ေျပာျပသည္။

တစ္ခုေသာ မနက္အေစာပိုင္းျဖစ္သည္။

ဘတ္စ္ဘစ္၏ ကြန္ဒိုအေဆာက္အအံုတြင္ မီးအႏၱရာယ္သတိေပးသံ ျမည္လာသည္။

ဘတ္စ္ဘစ္လည္း အိပ္ယာထဲမွထြက္ကာ ေလွကားမွ ေအာက္သုိ႔ ေျပးဆင္းၾကည့္သည္။

မီးေလာင္ကၽြမ္းမႈကိုမူ မေတြ႔။

ဘတ္စ္ဘစ္မွာ အိပ္ခ်င္စိတ္ေပ်ာက္သြားျပီျဖစ္သည္။

ကိုယ္ေပၚတြင္ ဝတ္စားထားသည္မွာ အဆီအေငၚမတည့္ေသာ အဝတ္အစားမ်ားျဖစ္ကာ ဖရိုဖရဲ ဖိုသီဖတ္သီျဖင့္ ျဖစ္ေနသည္။

ဘတ္စ္ဘစ္က ထိုပံုစံျဖင့္ပင္ ေကာ္ဖီဆိုင္သို႔ သြားရန္ ဆံုးျဖတ္လိုက္၏။ ေကာ္ဖီဆိုင္အတြင္း ဝင္ခါနီးတြင္ ဘတ္စ္ဘစ္က မနက္အတြက္ ဘုရားဝတ္မျပဳရေသးေၾကာင္း သတိရသြားသည္။

လံုျခံဳေရးကင္မရာတြင္ ေတြ႔ျမင္ရမႈအရ ဘတ္စ္ဘစ္သည္ ဆိုင္ေရွ႕ေထာင့္သို႔ ကပ္ကာ ဝတ္ျပဳဆုေတာင္း လိုက္သည္ကို ေတြ႔ရသည္။

“ကၽြန္ေတာ္ ဝတ္ျပဳျပီးလို႔ မ်က္လံုးကို ျဖည္းျဖည္းခ်င္းဖြင့္လိုက္ခ်ိန္မွာ ခ်ာတိတ္ကေလးတစ္ေယာက္ ကၽြန္ေတာ့္ဆီ လာေနတာ ေတြ႔လိုက္ရပါတယ္။ ကၽြန္ေတာ့္ အရပ္အျမင့္ေလာက္ရွိပါတယ္”

ထို ေကာင္ကေလးမွာ လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္ထားသည္ကို ေတြ႔ရသျဖင့္ ဘတ္စ္ဘစ္က မိမိကိုယ္ကို ခုခံကာကြယ္ရန္ အသင့္ျပင္ထားခဲ့သည္။

သို႔ေသာ္ ထိုေကာင္ေလးက သူ႔လက္သီးဆုပ္ကို ေျဖျပလိုက္ရာ ၁ ေဒၚလာတန္ကို ေတြ႔ရ၏။

“ဘာလဲကြယ့္” ဘတ္စ္ဘစ္က ေမးသည္။

“ဦးက အိမ္ရာမဲ့ဆိုရင္ ..ေရာ့..ဒီမွာ ၁ ေဒၚလာ။ သားက အိမ္ရာမဲ့တစ္ေယာက္ေယာက္ကို ကူညီခ်င္ေနတာ။ အခုေတာ့ ကူညီဖုိ႔ အခြင့္အလမ္းရသြားပါျပီ” ဟု ၉ ႏွစ္အရြယ္ ကယ္လ္ဗင္ အဲလစ္ ဂ်ဴနီယာအမည္ရွိ ေကာင္ေလးက ေျပာသည္။

ကယ္လ္ဗင္က ေျပာသည္မွာ ထို ၁ ေဒၚလာမွာ ေက်ာင္းတြင္ အမွတ္ေကာင္းေကာင္းရေသာေၾကာင့္ ဆုရေသာေငြျဖစ္ျပီး မိမိအရည္အခ်င္းျဖင့္ရသည့္ တစ္ခုတည္းေသာေငြျဖစ္ေၾကာင္း ေျပာသည္။

ဘတ္စ္ဘစ္၏ ရင္ထဲတြင္ လႈိက္ခနဲ ခံစားလုိက္ရျပီး ကယ္လ္ဗင္ကို မုန္႔စားရန္ ဖိတ္ေခၚခဲ့ျပီး ကယ္လ္ဗင္၏ ဖခင္ႏွင့္လည္း ေတြ႔ဆံုခဲ့သည္။

ယင္းေနာက္ အခ်င္းခ်င္း အဆက္အသြယ္မျပတ္ေစဘဲ ေနထိုင္ၾကရန္ ကတိျပဳၾကသည္။

ကေလးငယ္၏ ၾကင္နာတတ္မႈကို ဆုခ်သည့္အေနျဖင့္ ဘတ္စ္ဘစ္က BuckFeather ဆိုင္ထဲမွ ၾကိဳက္သည့္ ပစၥည္းမ်ားကို ၄၀ စကၠန္႔အတြင္း ၾကိဳက္သေလာက္ ယူခြင့္ေပးခဲ့ရာ စက္ဘီးတစ္စီးလည္း ပါဝင္ခဲ့သည္။

ကယ္လ္ဗင္က ေျပာသည္မွာ ထိုသို႔ ဆုခ်ေပးသည္မွာ ေပ်ာ္ရႊင္ဖြယ္ျဖစ္ေၾကာင္း ၊ သို႔ေသာ္ မိမိေပးခဲ့ေသာ ၁ ေဒၚလာအတြက္ လိုခ်င္ခဲ့သည္မွာ ဤအရာမ်ားမဟုတ္ေၾကာင္း ေျပာသည္။

“ပီတိေပါ့…တစ္ေယာက္ေယာက္ကို သားက ကူညီလိုက္တယ္။ တစ္ခုခု ေပးလွဴလိုက္တယ္။ အဲ့လို ေပးလွဴတာ ကေန အမ်ားၾကီးျပန္ရသလို ေပ်ာ္ရႊင္ခံစားရပါတယ္” ဟု ကယ္လ္ဗင္က ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A boy gave his only dollar to someone he mistook as homeless. In exchange, the businessman rewarded him for his generosity (cbsnews)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service