ဂရန်ပေးစီမံချက်မြေအား ဂရန်လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။

ဂရန်ပေးစီမံချက်မြေအား ဂရန်လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
28 Apr 2024 12:42 pm တွင် တင်ခဲ့သည်
1310 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

 

ဂရန်လျှောက်ထားခြင်း ပြုနိုင်သော မြေအမျိုးအစားများဖြစ်သည့် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ၊ ဥပဒေနှင့်အညီ လွှဲပြောင်းရယူထားပြီး ကော်မတီအမည်ပေါက်ရှိပြီး မြေ၊ လိုင်စင်မြေ၊ ပါမစ်မြေ၊ စကွာတာမြေ၊ စနစ်တကျ မြို့ကွက်ဖော်ထုတ်ထားသည့် လူနေရပ်ကွက်အတွင်းရှိ ကျူးလွန် ခြင်းမြေအပြင် ဂရန်ပေးစီမံချက် မြေကွက်အား မြေငှားစာချုပ် လျှောက်ထားခြင်းပြုနိုင်ပြီး အောက်ပါ အချက်အလက်များ ကိုက်ညီရန် လိုအပ်ပါသည်။

အဆိုပါ ဂရန်ပေးစီမံချက်မြေပေါ်တွင် အမှန်တကယ်နေထိုင်သူကသာ မြေငှားဂရန်လျှောက်ထားခြင်း ပြုနိုင်ပါသည်။ ဌာနသို့ လျှောက်ထားသည့်အခါတွင်လဲ သတ်မှတ်လျှောက်လွှာအား ပြည့်စုံစွာ ဖြည့်စွက်ပြီး လျှောက်ထားသူ၏ မှတ်ပုံတင်၊ မြေပုံ/ မြေရာဇဝင်၊ မြေပိုင်ဆိုင်မှု အထောက်အထား မိတ္တူအား မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးကာ တင်ပြရပါမည်။

မြေငှားဂရန် လျှောက်ထားလိုသူသည် အသက်(၁၈)နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။ စိတ်ပေါ့သွပ်သူ မဖြစ်ရ၊ နိုင်ငံသားဖြစ်ရမည်ဖြစ်ကာ သတ်မှတ်သည့် မြေငှားခအားလဲ လျှောက်ထားသူမှ ပေးဆောင် နိုင်သူဖြစ်ရန် လိုအပ်ပါသည်။

အဆိုပါ ဂရန်ပေးစီမံချက်အရ လျှောက်ထားသော ဂရန်မြေမှာ မြေစာရင်းနှင့် ကိုက်ညီမှုရှိမရှိ ဌာနမှ စစ်ဆေးသလို အစိုးရဌာနများ၏ တားမြစ်ချက်ရှိမရှိလဲ ကြည့်ရှုမည်ဖြစ်ပါသည်။ တရားရုံးတွင် အမှုရင်ဆိုင် ဖြေရှင်းနေသော မြေပိုင်ဆိုင်မှု အငြင်းပွားနေသော မြေဖြစ်ပါက ဂရန်လျှောက်ထားခြင်း မပြုသဖြင့် တရားရုံး တားဝရမ်းရှိမရှိ ၊ ဘဏ်တစ်ခုခုမှ ကန့်ကွက်ချက်ရှိမရှိ၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေနှင့် ငြိစွန်းမှုရှိမရှိ ဌာနမှ စီစစ်မည်ဖြစ်ပါသည်။

ဂရန်ပေးစီမံချက်အရ လျှောက်ထားသောမြေမှာ အဆောက်အအုံ ဆောက်လုပ်အသုံးပြုထားသော မြေဖြစ်ရမည်ဖြစ်ကာ အနည်းဆုံး (၂၀ ×၆၀ )ပေ ပြည့်မှီသော မြေအကျယ်အဝန်းရှိရန် လိုအပ်ပြီး သတ်မှတ်ပေ မပြည့်မှီပါက မြေငှားဂရန်စာချုပ် လျှောက်ထားခွင့် မရှိပါ။

မြေရာဇဝင်အား ဌာနမှ စစ်ဆေးရာတွင်လဲ မြေသက်တမ်း ကုန်ဆုံးခြင်းရှိမရှိ၊ မြေသိမ်းရှိမရှိ၊ တရားရုံးတားစာ၊ ဘဏ်ကန့်ကွက်ချက်များရှိမရှိ၊ မြေငှားခကြွေးကျန်ရှိမရှိ အခြားဂရန် လျှောက်ထားနိုင်သော မြေအမျိုးအစားများနည်းတူ ဂရန်ပေးစီမံချက်မြေအား အသေးစိတ်စီစစ်ခြင်း ခံယူရမည်ဖြစ်ပါသည်။

ဌာနမှ ကန့်ကွက်ကြေငြာစာအား မြေပေါ်တွင် တစ်စောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး တစ်စောင်ပေးစေကာ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးမှ လက်ခံရရှိကြောင်း အထောက်အထားအား လျှောက်ထားသူအား ပြန်လည်ပေးပို့စေပါသည်။

ကွင်းဆင်းမြေတိုင်းတာ စစ်ဆေးခြင်းနှင့် သတင်းစာကြေငြာခြင်းတို့လဲ ဆက်လက် ဆောင်ရွက်စေပြီး ကန့်ကွက်သူ မပေါ်ပေါက်မှသာ မြို့နယ်အလိုက် သီးခြားဝန်ဆောင်ခ ပေးသွင်းစေကာ အသိသက်သေများ ရှေ့မှောက်လက်မှတ်ရေးထိုးစေပြီး မြေငှားဂရန် ထုတ်ပေးကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသား ဖော်ပြလိုက်ရပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

ဂရန္ေပးစီမံခ်က္ေျမအား ဂရန္ေလွ်ာက္ထားျခင္းအေၾကာင္း ဥပေဒဗဟုသုတအေနျဖင့္ ေရးသားေဖာ္ျပလိုက္ပါသည္။

 

ဂရန္ေလွ်ာက္ထားျခင္း ျပဳႏိုင္ေသာ ေျမအမ်ိဳးအစားမ်ားျဖစ္သည့္ ေကာ္မတီက စီမံခန္႔ခြဲပိုင္ခြင့္႐ွိေသာေျမ၊ ဥပေဒႏွင့္အညီ လႊဲေျပာင္း ရယူထားၿပီး ေကာ္မတီ အမည္ေပါက္႐ွိၿပီးေျမ၊ လိုင္စင္ေျမ၊ ပါမစ္ေျမ၊ စကြာတာေျမ၊ စနစ္တက် ၿမိဳ႕ကြက္ေဖာ္ထုတ္ထားသည့္ လူေနရပ္ကြက္အတြင္း႐ွိ က်ဴးလြန္ ျခင္းေျမအျပင္ ဂရန္ေပးစီမံခ်က္ ေျမကြက္အား ေျမငွားစာခ်ဳပ္ ေလွ်ာက္ထားျခင္းျပဳႏိုင္ၿပီး ေအာက္ပါ အခ်က္အလက္မ်ား ကိုက္ညီရန္ လိုအပ္ပါသည္။

အဆိုပါ ဂရန္ေပးစီမံခ်က္ေျမေပၚတြင္ အမွန္တကယ္ေနထိုင္သူကသာ ေျမငွားဂရန္ေလွ်ာက္ထားျခင္း ျပဳႏိုင္ပါသည္။ ဌာနသို႔ ေလွ်ာက္ထားသည့္အခါတြင္လဲ သတ္မွတ္ေလွ်ာက္လႊာအား ျပည့္စုံစြာ ျဖည့္စြက္ၿပီး ေလွ်ာက္ထားသူ၏ မွတ္ပုံတင္၊ ေျမပုံ/ ေျမရာဇဝင္၊ ေျမပိုင္ဆိုင္မႈ အေထာက္အထား မိတၱဴအား မူရင္းႏွင့္ တိုက္ဆိုင္စစ္ေဆးကာ တင္ျပရပါမည္။

ေျမငွားဂရန္ ေလွ်ာက္ထားလိုသူသည္ အသက္(၁၈)ႏွစ္ ျပည့္ၿပီးသူ ျဖစ္ရမည္။ စိတ္ေပါ့သြပ္သူ မျဖစ္ရ၊ ႏိုင္ငံသားျဖစ္ရမည္ျဖစ္ကာ သတ္မွတ္သည့္ ေျမငွားခအားလဲ ေလွ်ာက္ထားသူမွ ေပးေဆာင္ ႏိုင္သူျဖစ္ရန္ လိုအပ္ပါသည္။

အဆိုပါ ဂရန္ေပးစီမံခ်က္အရ ေလွ်ာက္ထားေသာ ဂရန္ေျမမွာ ေျမစာရင္းႏွင့္ ကိုက္ညီမႈ႐ွိမ႐ွိ ဌာနမွ စစ္ေဆးသလို အစိုးရဌာနမ်ား၏ တားျမစ္ခ်က္႐ွိမ႐ွိလဲ ၾကည့္႐ႈမည္ျဖစ္ပါသည္။ တရား႐ုံးတြင္ အမႈရင္ဆိုင္ ေျဖ႐ွင္းေနေသာ ေျမပိုင္ဆိုင္မႈ အျငင္းပြားေနေသာ ေျမျဖစ္ပါက ဂရန္ေလွ်ာက္ထားျခင္း မျပဳသျဖင့္ တရား႐ုံး တားဝရမ္း႐ွိမ႐ွိ ၊ ဘဏ္တစ္ခုခုမွ ကန္႔ကြက္ခ်က္႐ွိမ႐ွိ၊ မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္း လႊဲေျပာင္းျခင္းကို ကန္႔သတ္သည့္ ဥပေဒႏွင့္ ၿငိစြန္းမႈ႐ွိမ႐ွိ ဌာနမွ စီစစ္မည္ျဖစ္ပါသည္။

ဂရန္ေပးစီမံခ်က္အရ ေလွ်ာက္ထားေသာေျမမွာ အေဆာက္အအုံ ေဆာက္လုပ္အသုံးျပဳထားေသာ ေျမျဖစ္ရမည္ျဖစ္ကာ အနည္းဆုံး (၂၀ ×၆၀ )ေပ ျပည့္မွီေသာ ေျမအက်ယ္အဝန္း႐ွိရန္ လိုအပ္ၿပီး သတ္မွတ္ေပ မျပည့္မွီပါက ေျမငွားဂရန္စာခ်ဳပ္ ေလွ်ာက္ထားခြင့္ မ႐ွိပါ။

ေျမရာဇဝင္အား ဌာနမွ စစ္ေဆးရာတြင္လဲ ေျမသက္တမ္း ကုန္ဆုံးျခင္း႐ွိမ႐ွိ၊ ေျမသိမ္း႐ွိမ႐ွိ၊ တရား႐ုံးတားစာ၊ ဘဏ္ကန္႔ကြက္ခ်က္မ်ား႐ွိမ႐ွိ၊ ေျမငွားခေႂကြးက်န္႐ွိမ႐ွိ အျခားဂရန္ ေလွ်ာက္ထားႏိုင္ေသာ ေျမအမ်ိဳးအစားမ်ားနည္းတူ ဂရန္ေပးစီမံခ်က္ေျမအား အေသးစိတ္စီစစ္ျခင္း ခံယူရမည္ျဖစ္ပါသည္။

ဌာနမွ ကန္႔ကြက္ေၾကျငာစာအား ေျမေပၚတြင္ တစ္ေစာင္၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး တစ္ေစာင္ေပးေစကာ သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရးမႉး႐ုံးမွ လက္ခံရ႐ွိေၾကာင္း အေထာက္အထားအား ေလွ်ာက္ထားသူအား ျပန္လည္ေပးပို႔ေစပါသည္။

ကြင္းဆင္းေျမတိုင္းတာ စစ္ေဆးျခင္းႏွင့္ သတင္းစာေၾကျငာျခင္းတို႔လဲ ဆက္လက္ ေဆာင္႐ြက္ေစၿပီး ကန္႔ကြက္သူ မေပၚေပါက္မွသာ ၿမိဳ႕နယ္အလိုက္ သီးျခားဝန္ေဆာင္ခ ေပးသြင္းေစကာ အသိသက္ေသမ်ား ေ႐ွ႕ေမွာက္လက္မွတ္ေရးထိုးေစၿပီး ေျမငွားဂရန္ ထုတ္ေပးေၾကာင္း ဥပေဒဗဟုသုတ အေနျဖင့္ ေရးသား ေဖာ္ျပလိုက္ရပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဟန်ဆောင်စာချုပ်များအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service