အပူချိန်မြင့်တဲ့နွေရက်များကို အန္တရာယ်ကင်းကင်းဖြတ်ကျော်နိုင်ဖို့ နည်းလမ်း (၅) သွယ်
အပူချိန်မြင့်တဲ့နွေရက်များကို အန္တရာယ်ကင်းကင်းဖြတ်ကျော်နိုင်ဖို့ နည်းလမ်း (၅) သွယ် - Property Knowledge in Myanmar from iMyanmarHouse.com
27 Apr 2024 11:54 am တွင် တင်ခဲ့သည်
1003 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
ပူပြင်းလှတဲ့ နွေရာသီကို ဖြတ်ကျော်နေရတဲ့ မြန်မာနိုင်ငံမှာ လာမယ့်ရက်ပိုင်းအတွင်း အပူချိန်ဟာ လက်ရှိထက် ပိုတိုးလာနိုင်တယ်လို့ ပညာရှင်များက ထုတ်ပြန်ကြေညာထားပါတယ်။ လူကြီး၊လူရွယ်၊လူငယ် လူတန်းစား အစုံအတွက် ကျွက်ကျွက်ဆူအောင် ပူအိုက်လှတဲ့ နွေရက်များကို အန္တရာယ်ကင်းကင်းဖြတ်ကျော်နိုင်ဖို့ ဒီရက်ပိုင်းမှာ ကိုယ်နဲ့မကွာ မှတ်ထားလုပ်ဆောင်သင့်တဲ့ အချက်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။
နေ့အပူရှိန်မြင့်လွန်းရင် အပြင်မထွက်ပါနဲ့
နေအပူချိန်တိုက်ရိုက်ကျရောက်တဲ့ မနက် ၁၀ နာရီနဲ့ နေ့လည် ၄ နာရီဟာ အိမ်အပြင်ဘက်မှာ အပူပြင်းဆုံးဖြစ်ပြီး နေ့အပူရှိန်ကို ခန္ဓာကိုယ်က တိုက်ရိုက်ခံစားနေရမှာ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် အပြင်မထွက်ဖို့အကြံဉာဏ်ပေးချင်ပါတယ်။ အဲဒီ အချိန်အပိုင်းအခြားအတွင်း မဖြစ်မနေ အပြင်ထွက် သွားလာရမယ်ဆိုရင်လည်း တတ်နိုင်သမျှ အရိပ်ရတဲ့နေရာမှာ ကြိုးစားနေပါလို့ အကြံပြုပါရစေ။
ရေဓာတ်အပြည့်အဝဖြင့်နေထိုင်ပါ
နွေရာသီမှာ အဖြစ်များတဲ့ ကိုယ်ခန္ဓာအပူချိန်မြင့်တက်တဲ့ပြဿနာကို ကာကွယ်ပေးနိုင်တာကတော့ ရေသောက်ခြင်းပါပဲ။ ခန္ဓာကိုယ်အတွင်း စွမ်းအင်ကုန်ဆုံးနိုင်မယ့် လမ်းလျှောက်၊ပြေးလွှားခြင်းစတဲ့ လှုပ်ရှားမှု ပြုလုပ်ပြီးတိုင်းမှာ ရေတစ်ခွက်သောက်ဖြစ်အောင်သောက်ပါ။ တစ်နေ့တာလုံးမှာလည်း ရေပမာဏ များများသောက်သုံးဖို့ လုံးဝမမေ့ပါနဲ့။ ဖြစ်နိုင်ခဲ့ရင် ရေသန့်ဘူးကို ကိုယ်နဲ့မကွာ ဆောင်ထားပြီး သတိရတိုင်း ရေသောက်ပေးပါ။
နွေရာသီမှာ ရေချိုးနည်း
နွေရာသီပူပူလောင်လောင်မှာ အပြင်က ပြန်ရောက်ရောက်ချင်း ချက်ချင်း ရေမချိုးသင့်ပါဘူး။ ခဏနားပြီးမှ အေးတဲ့အရိပ်မှာ ရေချိုးနိုင်ပြီး လက်နဲ့ခြေထောက်ကိုအေးအောင် အရင်လောင်းချိုးပေးပါ။ လက်ဖျား၊ ခြေဖျားအေးသွားတဲ့အခါမှသာ ကျန်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကို ရေလောင်းပြီး စချိုးလို့ရပါပြီ။
ပန်ကာက လေပူတွေချည်းပဲထုတ်နေပြီဆိုရင်
အဲယားကွန်းမရှိတဲ့အိမ်မှာ ပန်ကာကိုသာ အားကိုးရတာမို့ ပန်ကာဖွင့်တဲ့အချိန် ကြာလာတာနဲ့အမျှ ထုတ်လွှတ်တဲ့လေဟာ မအေးတော့တာ၊ လေပူတွေချည်းထုတ်တာ ဖြစ်တတ်ပါတယ်။ ဒီလိုပြဿနာကိုကြုံနေရရင်တော့ ပန်ကာအရှေ့မှာ ရေခဲခွက်ကြီးကြီးတစ်ခွက်ကို ထားလိုက်မယ်ဆိုလျှင် အေးမျှတဲ့လေကိုရနိုင်မှာဖြစ်ပါတယ်။
အပြင်ထွက်ရင် Sun Cream အိမ်မှာနေရင် Aloe Vera
ပူပြင်းပြီး တိုက်ရိုက်ကျရောက်နေတဲ့ နေရောင်စူးစူးတွေထဲမှာ ခရမ်းလွန်ရောင်ခြည်ပါဝင်တာမို့ အပြင်ထွက်မယ်ဆို မျက်နှာနဲ ခန္ဓာကိုယ်အသားအရေကို UV Protection ပါတဲ့ နေရောင်ခြည်ကာ Cream သို့မဟုတ် လိုးရှင်းများ လိမ်းသွားသင့်ပါတယ်။ အိမ်မှာနေမယ်ဆိုရင်လည်း ရှားဇောင်းပါဝင်တဲ့ Aloe Vera Gel လေးတွေလိမ်းထားရင် အသားအရေကို အေးမြစေမှာပါ။
အပူချိန်ပိုမြင့်လာမယ် ပိုပူလာမယ်ဆိုပြီး စိတ်ပူနေကြသူများအတွက် လူကြီးမိဘများကို အပူဒဏ်မှသက်သာဖို့ အထက်ပါနည်းလမ်းလေးတွေ လုပ်ဆောင်ပေးနိုင်ပါတယ်နော်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဟန်ဆောင်စာချုပ်များအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service