မြေငှားဂရန် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့် စည်ကမ်းသတ်မှတ်ချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။

မြေငှားဂရန် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့် စည်ကမ်းသတ်မှတ်ချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။ - Property Knowledge in Myanmar from iMyanmarHouse.com
6 Apr 2024 11:02 am တွင် တင်ခဲ့သည်
769 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

မြို့မြေများအား လူနေထိုင်ရန်၊ စီးပွားရေး လုပ်ကိုင်ရန်၊ ကျန်းမာရေး၊ ပညာရေး၊ စည်ပင်သာယာရေးကိစ္စရပ် များအား အသုံးပြုလိုလျှင် အစိုးရကော်လိပ်တော်အရာရှိထံ မြေငှားရမ်းသုံးစွဲခွင့် မြေငှားဂရန် လျှောက်ထားရပါမည်။ အမှုတွဲအား သက်ဆိုင်ရာမြို့နယ်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဖွင့်လှစ်ဆောင်ရွက်ရမည်ဖြစ်ပါသည်။

မြေငှားဂရန်အဖြစ် လျှောက်ထားခွင့်ရှိသော မြေအမျိုးအစားများမှာ ...

-အမိန့်ကြေငြာစာဖြင့် သတ်မှတ်ထားသောရွာမြေ၊ စည်ပင်မှ စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ၊ စနစ်တကျ ကျူးလွန်ခြင်း မြေခွန်ပြေစာရှိသော ကျူးလွန်ခြင်းမြေ၊ လိုင်စင်မြေ၊ ပါမစ်မြေ၊ လယ/၃၀ အခြားနည်းသုံးစွဲခွင့်ရသောမြေများ၊ ဂရန်ပေးစီမံ ချက်ရှိသောမြေ၊ စလစ်မြေ၊ စကွာတာမြေ တို့မှာ ဂရန်မြေအဖြစ်‌ ပြောင်းလဲလျှောက်ထားခြင်းပြုနိုင်ပါသည်။

ဂရန်ပေးစီမံချက်မြေကို မြေငှားစာချုပ်ဂရန် လျှောက်ထားပါက အဆိုပါမြေပေါ်တွင် နေထိုင်သူတို့ကသာ လျှောက် ထားနိုင်ပါသည်။ စကွာတာမြေအား ဂရန်လျှောက်ထားခြင်းပြုလိုပါက မှတ်ပုံတင်စာချုပ်စာတမ်းဖြင့် လွှဲပြောင်းလက်ခံရရှိသူ(သို့) အမည်ပေါက်ပိုင်ရှင်မှသာ ဂရန်လျှောက်ထားခွင့်ပြုပါသည်။

လိုင်စင်မြေအား ဂရန်လျှောက်ထားခြင်းပြုပါက လက်ရှိလိုင်စင်မြေအား အမည်ပေါက်သူ၊ အဆိုပါ လိုင်စင်မြေအား (၃)နှစ်ချထားခြင်းခံရသူ၊ လိုင်စင်သက်တမ်းတိုးခြင်းအား (၁)နှစ်တစ်ကြိမ် (၃)နှစ်ဆက်တိုက် သက်တမ်းတိုးသူသာ မြေငှားဂရန် လျှောက်ထားခွင့်ရှိပါသည်။ စလစ်မြေအား မြေငှားဂရန် လျှောက်ထားလိုပါက မူရင်းအမည်ပေါက်၏ ထောက်ခံချက် လိုအပ်ပါတယ်။

ပါမစ်မြေအား ဂရန်လျှောက်ထားခြင်းပြုပါက မြေချပါမစ်ချထားခြင်းခံရသူ အမည်ပေါက်ကိုယ်တိုင်၊ အဆက်အစပ်စာချုပ်ဖြင့် လွှဲပြောင်းရရှိသူ၊ တရားရုံးအမိန့်ဒီဂရီဖြင့် ပိုင်ဆိုင်ခွင့်ရှိသူတို့မှသာ မြေငှားဂရန်လျှောက်ထားနိုင်ပါသည်။

ပါမစ်စာရွက်စာတမ်းမစုံလင်ဘဲ ဂရန်လျှောက်ထားခြင်းရှိလာပါက မြေပြင်ကွင်းဆင်းစစ်ဆေးပြီး သီးခြားသတင်းစာ ကြေငြာစေလျက် ကန့်ကွက်သူ မပေါ်ပေါက်မှသာ လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက် ဆောင်ရွက်ပေးပါသည်။ ဌာနမှ မြေနေရာကွဲလွှဲခြင်း တွေ့ရှိပါက အဆက်အစပ်မြေကွက်များ၏ သဘောတူညီမှုဖြင့် ရုံးတိုင်း Block Map တိုင်းတာ ပေးပါသည်။

ပါမစ်ပျောက်ဆုံးကာ ဂရန်လျှောက်ထားခြင်းများတွင် လိုအပ်သည့် သက်သေအထောက်အထားများအား လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြစေမှာဖြစ်ပါတယ်။ နှစ်-၆၀ မြေငှားဂရန် ထွက်ရှိပြီးနောက်ပိုင်းတွင်လဲ ပါမစ်မူရင်းတင်ပြကာ ကန့်ကွက်ခြင်း ပေါ်ပေါက်လာပါက မူရင်းဂရန်ကို ပြန်လည်အပ်နှံစေခြင်း၊ နည်းလမ်းတကျ ပယ်ဖျက်ခြင်း၊ အပ်နှံခြင်း မပြုပါက ရုံးတွင်း အမိန့်ဖြင့် ပယ်ဖျက်ကာ သီးခြားသတင်းစာ ကြေငြာခြင်းတို့ ဌာနမှ ဆောင်ရွက်မှာဖြစ်ပါတယ်။

မြေငှားစာချုပ်မူရင်း ပျောက်ဆုံးပါကလဲ အမည်ပေါက်၊ မှတ်ပုံတင်စာချုပ်စာတမ်း အဆက်အစပ်ဖြင့် ပိုင်ဆိုင်ခွင့်ရှိလာသူ၊ တရားရုံးဒီဂရီအမိန့်ဖြင့် ပိုင်ဆိုင်လာသူတို့မှ လုပ်ထုံးလုပ်နည်းနှင့်အညီ ဂရန်မူရင်းမိတ္တူမှန်အား လျှောက်ထားနိုင်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]


 















နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဟန်ဆောင်စာချုပ်များအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service