နွေဦးစတင်ခြင်း၊ ကောင်းမြတ်ခြင်းက ဆိုးယုတ်မှုအပေါ်အောင်ပွဲ၊ ကရစ်သျှနနှင့် ရာဒတို့၏ ချစ်ခြင်းမေတ္တာ (သို့မဟုတ်) အိန္ဒိယမှာ ကျင်းပခဲ့တဲ့ ရောင်စဉ်ပွဲတော်

နွေဦးစတင်ခြင်း၊ ကောင်းမြတ်ခြင်းက ဆိုးယုတ်မှုအပေါ်အောင်ပွဲ၊ ကရစ်သျှနနှင့် ရာဒတို့၏ ချစ်ခြင်းမေတ္တာ (သို့မဟုတ်) အိန္ဒိယမှာ ကျင်းပခဲ့တဲ့ ရောင်စဉ်ပွဲတော် - Property Knowledge in Myanmar from iMyanmarHouse.com
1 Apr 2024 2:04 pm တွင် တင်ခဲ့သည်
1284 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode] အိန္ဒိယနိုင်ငံသား သန်းပေါင်းများစွာသည် ရောင်စုံပွဲတော်ဟု လူသိများသော ဟိုလီပွဲတော်ကို ပြည်တွင်း၊ ပြည်ပတွင် ကျင်းပခဲ့ကြသည်။

နွေဦးပေါက်စတင်ခြင်းအထိမ်းအမှတ်၊ ကောင်းမြတ်ခြင်းက ဆိုးယုတ်ခြင်းအပေါ် အောင်ပွဲခံမှု အထိမ်းအမှတ်အဖြစ် ကျင်းပခြင်း ဖြစ်သည်။

ဟိုလီသည် ရောင်စဉ်၊ ချစ်ခြင်းမေတ္တာ၊ နွေဦးတို့ကို ကိုယ်စားပြုသော ပွဲတော်လည်း ဖြစ်၏။

ဟိန္ဒူ ဗိဿနိုးနတ်ဘုရား ကရစ်သျှနနှင့် နတ်ဘုရားမ ရာဒတို့ကြားမှ ချစ်ခြင်းမေတ္တာကို ဂုဏ်ပြုခြင်းလည်း ဖြစ်သည်။

မူလက အိန္ဒိယတိုက်ငယ်နှင့် နီပေါတို့တွင် အခြေပြုစတင်ခဲ့ပြီးနောက်ပိုင်းတွင် အာရှနှင့် ဥရောပတို့ရှိ အိန္ဒိယနိုင်ငံသား အသိုက်အဝန်းတို့ကြားတွင်ပါ ကျင်းပလာကြသည်။

ဟိန္ဒူပြက္ခဒိန်တွင် ဖာလ်ဂူနာလတွင် ပွဲတော်ကျရောက်ပြီး အနောက်တိုင်း ဂျော်ဂျီယန်ပြက္ခဒိန်အရ အများအားဖြင့် မတ်လတွင် ကျရောက်သည်။ ဟိုလီပွဲတော်သည် ဟိန္ဒူဒဏ္ဍာရီလာ ဟိုလီကာ၏ ဇာတ်ကြောင်းကို အခြေခံထားသည်။

ဟိုလီကာသည် မိ စ္ဆာမတစ်ဦးဖြစ်ပြီး တူဖြစ်သူ ပရာလက်ကို ဗိဿနိုးနတ်ဘုရားအား ကိုးကွယ်သောကြောင့် မီးရှို့သတ်ရန် စီစဉ်သည်။

သို့သော် ပရာလက်သည် မီးထဲမှ အံ့အားသင့်ဖွယ် အသက်ရှင်သန်နိုင်ခဲ့ပြီး ဟိုလီကာကို မီးက ဝါးမြိုသွားသည်။

ထိုဒဏ္ဍာရီကို အခြေခံကာ ဟိုလီပွဲတော်မတိုင်မီ ညနေခင်းတွင် မီးပုံပွဲကျင်းပကာ ကောင်းမြတ်ခြင်းက ဆိုးယုတ်ခြင်းအပေါ် အောင်ပွဲခံနိုင်မှုကို ဂုဏ်ပြုကြသည်။

(ဓာတ်ပုံ-getty images)

ပြီးခဲ့သော တနင်္ဂနွေနေ့က ဂူဂျာရတ်ပြည်နယ်၏မြို့တော် ဂန္ဒီနာဂါမြို့အနီးရှိ ကျေးရွာတစ်ခုတွင် ထင်း တန်ချိန် ၂၀၀ ခန့် သုံးစွဲကာ ကြီးမားသော မီးပုံပွဲကြီး ကျင်းပခဲ့သည်။

(ဓာတ်ပုံ-Getty Images)

အိန္ဒိယနိုင်ငံအနှံ့အပြား ကျင်းပလေ့ရှိသော ပွဲတော်ကြီးများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ပွဲတော်ကာလ မတိုင်မီတွင် ပြည်သူသန်းပေါင်းများစွာမှာ မိမိတို့၏ ဇာတိမြို့ရွာများသို့ ပြန်လေ့ရှိကြသည်။

(ဓာတ်ပုံ-Getty Images)

ပြည်သူတို့သည် ကခုန်၊ သီချင်းဆိုကြကာ ပွဲတော်ကို ဆင်နွှဲကြသည်။ ရောင်စဉ်ပွဲတော်သည် အများပြည်သူ အားလပ်ရက်ဖြစ်ပြီး စာသင်ကျောင်းများလည်း ပိတ်သည်။

(ဓာတ်ပုံ-Getty Images)

ပွဲတော်တွင် ကလေးများသည် ရောင်စုံအရည်များကို ရေပြွတ်များထဲထည့်ကာ တစ်ဦးနှင့်တစ်ဦး ဖြန်းပက်ကြသည်။

(ဓာတ်ပုံ-Getty Images)

လူကြီးများမှာမူ တစ်ဦးမျက်နှာတစ်ဦးက ရောင်စုံအမှုန့်များဖြင့် သုတ်လိမ်းကြ၏။

မိမိတို့၏ အိမ်သို့ အလည်လာသူများကို ရောင်စုံအမှုန့်များဖြင့် မျက်နှာအား သုတ်လိမ်းပြီး ပွဲတော်အချိုမုန့်များ ဖြစ်သော ဂူဂျီယာ၊ ရှက်ကာပါရီ၊ မာထရီ၊ ဒါဟီဘာဒါ အစရှိသော မုန့်များ၊ အအေးများ တိုက်ကျွေးကြသည်။

 

(ဓာတ်ပုံ-Getty Images)

 ရောင်စုံမှုန့်များဖြင့် ပျော်ရွှင်စွာကစားကြပြီးနောက် ပြန်လည်ဆေးကြောသန့်စင်ကာ ရေချိုးကြသည်။

ယင်းနောက် သန့်ရှင်းသောအဝတ်အစားများ ဝတ်ဆင်ကြပြီးနောက် မိတ်ဆွေသူငယ်ချင်းများနှင့် ဆွေမျိုး မိသားစုများထံ အလည်အပတ်သွားကြ၏။ ပွဲတော်တွင်သုံးသော ရောင်စုံအမှုန့်များမှာ သစ်ပင်ပန်းပင်များမှ ထုတ်လုပ်သော သဘာဝထွက်ကုန်များဖြင့် ထုတ်လုပ်ထားခြင်း ဖြစ်သည်။

အနီရင့်နှင့် လိမ္မော်ရောင်တို့ကို ပေါက်ပင်မှ ရယူသည်။ ပေါက်ပင်ကို အိန္ဒိယတွင် မြင့်မြတ်သောအပင်အဖြစ် အထွတ်အမြတ်ထားကြသည်။

ထို့အပြင် စန္ဒကူးနီ၊ ခေါင်ရန်း၊ တိန်းညက်ပင် (သင်္ဘောနီဆေးပင်)၊ မုန်လာဥနီ၊ တလည်း အစရှိသော အပင်များမှလည်း အရောင်များထုတ်ယူအသုံးပြုကြသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: Holi 2024: Indians celebrate festival of colours (bbc)

Photo Credit: Getty image

 

 

[Zawgyi]

ေႏြဦးစတင္ျခင္း၊ ေကာင္းျမတ္ျခင္းက ဆိုးယုတ္မႈအေပၚေအာင္ပြဲ၊ ကရစ္သွ်နႏွင့္ ရာဒတို႔၏ ခ်စ္ျခင္းေမတၱာ (သို႔မဟုတ္) အိႏိၵယမွာ က်င္းပခဲ့တဲ့ ေရာင္စဥ္ပြဲေတာ္

 

အိႏိၵယႏိုင္ငံသား သန္းေပါင္းမ်ားစြာသည္ ေရာင္စံုပြဲေတာ္ဟု လူသိမ်ားေသာ ဟိုလီပြဲေတာ္ကို ျပည္တြင္း၊ ျပည္ပတြင္ က်င္းပခဲ့ၾကသည္။

ေႏြဦးေပါက္စတင္ျခင္းအထိမ္းအမွတ္၊ ေကာင္းျမတ္ျခင္းက ဆိုးယုတ္ျခင္းအေပၚ ေအာင္ပြဲခံမႈ အထိမ္းအမွတ္အျဖစ္ က်င္းပျခင္း ျဖစ္သည္။

ဟိုလီသည္ ေရာင္စဥ္၊ ခ်စ္ျခင္းေမတၱာ၊ ေႏြဦးတို႔ကို ကိုယ္စားျပဳေသာ ပြဲေတာ္လည္း ျဖစ္၏။

ဟိႏၵဴ ဗိႆႏိုးနတ္ဘုရား ကရစ္သွ်နႏွင့္ နတ္ဘုရားမ ရာဒတို႔ၾကားမွ ခ်စ္ျခင္းေမတၱာကို ဂုဏ္ျပဳျခင္းလည္း ျဖစ္သည္။

မူလက အိႏၵိယတိုက္ငယ္ႏွင့္ နီေပါတို႔တြင္ အေျချပဳစတင္ခဲ့ျပီးေနာက္ပိုင္းတြင္ အာရွႏွင့္ ဥေရာပတို႔ရွိ အိႏိၵယႏိုင္ငံသား အသိုက္အဝန္းတို႔ၾကားတြင္ပါ က်င္းပလာၾကသည္။

ဟိႏၵဴျပကၡဒိန္တြင္ ဖာလ္ဂူနာလတြင္ ပြဲေတာ္က်ေရာက္ျပီး အေနာက္တိုင္း ေဂ်ာ္ဂ်ီယန္ျပကၡဒိန္အရ အမ်ားအားျဖင့္ မတ္လတြင္ က်ေရာက္သည္။ ဟိုလီပြဲေတာ္သည္ ဟိႏၵဴဒ႑ာရီလာ ဟိုလီကာ၏ ဇာတ္ေၾကာင္းကို အေျခခံထားသည္။

ဟိုလီကာသည္ မိ စၦာမတစ္ဦးျဖစ္ျပီး တူျဖစ္သူ ပရာလက္ကို ဗိႆႏိုးနတ္ဘုရားအား ကိုးကြယ္ေသာေၾကာင့္ မီးရိႈ႕သတ္ရန္ စီစဥ္သည္။

သို႔ေသာ္ ပရာလက္သည္ မီးထဲမွ အံ့အားသင့္ဖြယ္ အသက္ရွင္သန္ႏိုင္ခဲ့ျပီး ဟိုလီကာကို မီးက ဝါးျမိဳသြားသည္။

ထိုဒ႑ာရီကို အေျခခံကာ ဟိုလီပြဲေတာ္မတိုင္မီ ညေနခင္းတြင္ မီးပံုပြဲက်င္းပကာ ေကာင္းျမတ္ျခင္းက ဆိုးယုတ္ျခင္းအေပၚ ေအာင္ပြဲခံႏိုင္မႈကို ဂုဏ္ျပဳၾကသည္။

(ဓာတ္ပံု-getty images)

ျပီးခဲ့ေသာ တနဂၤေႏြေန႔က ဂူဂ်ာရတ္ျပည္နယ္၏ျမိဳ႕ေတာ္ ဂႏၵီနာဂါျမိဳ႕အနီးရွိ ေက်းရြာတစ္ခုတြင္ ထင္း တန္ခ်ိန္ ၂၀၀ ခန္႔ သံုးစြဲကာ ၾကီးမားေသာ မီးပံုပြဲၾကီး က်င္းပခဲ့သည္။

 

(ဓာတ္ပံု-Getty Images)

အိႏိၵယႏိုင္ငံအႏွံ႔အျပား က်င္းပေလ့ရွိေသာ ပြဲေတာ္ၾကီးမ်ားတြင္ တစ္ခုအပါအဝင္ျဖစ္ျပီး ပြဲေတာ္ကာလ မတိုင္မီတြင္ ျပည္သူသန္းေပါင္းမ်ားစြာမွာ မိမိတို႔၏ ဇာတိျမိဳ႕ရြာမ်ားသို႔ ျပန္ေလ့ရွိၾကသည္။

(ဓာတ္ပံု-Getty Images)

ျပည္သူတို႔သည္ ကခုန္၊ သီခ်င္းဆိုၾကကာ ပြဲေတာ္ကို ဆင္ႏႊဲၾကသည္။ ေရာင္စဥ္ပြဲေတာ္သည္ အမ်ားျပည္သူ အားလပ္ရက္ျဖစ္ျပီး စာသင္ေက်ာင္းမ်ားလည္း ပိတ္သည္။

(ဓာတ္ပံု-Getty Images)

ပြဲေတာ္တြင္ ကေလးမ်ားသည္ ေရာင္စံုအရည္မ်ားကို ေရျပြတ္မ်ားထဲထည့္ကာ တစ္ဦးႏွင့္တစ္ဦး ျဖန္းပက္ၾကသည္။

(ဓာတ္ပံု-Getty Images)

လူၾကီးမ်ားမွာမူ တစ္ဦးမ်က္ႏွာတစ္ဦးက ေရာင္စံုအမႈန္႔မ်ားျဖင့္ သုတ္လိမ္းၾက၏။

မိမိတို႔၏ အိမ္သို႔ အလည္လာသူမ်ားကို ေရာင္စံုအမႈန္႔မ်ားျဖင့္ မ်က္ႏွာအား သုတ္လိမ္းျပီး ပြဲေတာ္အခ်ဳိမုန္႔မ်ား ျဖစ္ေသာ ဂူဂ်ီယာ၊ ရွက္ကာပါရီ၊ မာထရီ၊ ဒါဟီဘာဒါ အစရွိေသာ မုန္႔မ်ား၊ အေအးမ်ား တိုက္ေကၽြးၾကသည္။

(ဓာတ္ပံု-Getty Images)

ေရာင္စံုမႈန္႔မ်ားျဖင့္ ေပ်ာ္ရႊင္စြာကစားၾကျပီးေနာက္ ျပန္လည္ေဆးေၾကာသန္႔စင္ကာ ေရခ်ဳိးၾကသည္။

ယင္းေနာက္ သန္႔ရွင္းေသာအဝတ္အစားမ်ား ဝတ္ဆင္ၾကျပီးေနာက္ မိတ္ေဆြသူငယ္ခ်င္းမ်ားႏွင့္ ေဆြမ်ဳိး မိသားစုမ်ားထံ အလည္အပတ္သြားၾက၏။ ပြဲေတာ္တြင္သံုးေသာ ေရာင္စံုအမႈန္႔မ်ားမွာ သစ္ပင္ပန္းပင္မ်ားမွ ထုတ္လုပ္ေသာ သဘာဝထြက္ကုန္မ်ားျဖင့္ ထုတ္လုပ္ထားျခင္း ျဖစ္သည္။

အနီရင့္ႏွင့္ လိေမၼာ္ေရာင္တို႔ကို ေပါက္ပင္မွ ရယူသည္။ ေပါက္ပင္ကို အိႏိၵယတြင္ ျမင့္ျမတ္ေသာအပင္အျဖစ္ အထြတ္အျမတ္ထားၾကသည္။

ထို႔အျပင္ စႏၵကူးနီ၊ ေခါင္ရန္း၊ တိန္းညက္ပင္ (သေဘၤာနီေဆးပင္)၊ မုန္လာဥနီ၊ တလည္း အစရွိေသာ အပင္မ်ားမွလည္း အေရာင္မ်ားထုတ္ယူအသံုးျပဳၾကသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Holi 2024: Indians celebrate festival of colours (bbc)

Photo Credit: Getty image

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဟန်ဆောင်စာချုပ်များအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service