အိုးအိမ် လူနေတိုက်ခန်းများ ဝယ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။

အိုးအိမ် လူနေတိုက်ခန်းများ ဝယ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
18 Mar 2024 12:33 pm တွင် တင်ခဲ့သည်
2427 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အစိုးရဝန်ထမ်းများနှင့် ဝင်ငွေနည်းသည့် ပြည်သူတွေများ အိမ်ပိုင်ဆိုင်မှု ရရှိရန်အတွက် တန်ဖိုးနည်းအိမ်ရာများကို ဆောက်လုပ် ရောင်းချပေးခြင်းများ ရှိပါသည်။ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးဘဏ်တွင် ကနဦး စုဆောင်းငွေ ၃ဝ ရာခိုင်နှုန်းနှင့်အထက် ပြည့်မှီသူများမှ လျှောက်ထားနိုင်ပြီး မဲစနစ်ဖြင့် အခန်းချပေးခြင်းမျိုးဖြစ်ပါသည်။

ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေး ဘဏ်တွင် နှစ်ရှည်အိမ်ရာ ချေးငွေစနစ်ဖြင့် ကျန်ငွေအား ပေးချေနိုင်ပါသည်။ လစဉ် အရစ်ကျငွေများ သုံးလကျော်လွန်သည်အထိ ပေးချေရန် ပျက်ကွက်ပါက ဘဏ်မှ မြို့ပြနှင့် အိမ်ရာဦးစီးဌာနသို့ စာပို့ အကြောင်းကြားခြင်း၊ တိုက်ခန်းဝယ်ယူခွင့်အား ပယ်ဖျက်ခွင့်ရှိခြင်းတို့အပြင် တိုက်ခန်း တန်ဖိုး၏ ၅% ကို ဒဏ်ကြေးအဖြစ် သတ်မှတ်ကာ တိုက်ခန်းအား ပြန်လည် သိမ်းဆည်းခွင့်ရှိပါသည်။

အိုးအိမ်မှ Owner Book ပေးအပ်ကာ တဆင့်လွှဲပြောင်း ရောင်းချခွင့်ရှိသော အခန်းများ၊ (၅)နှစ်အတွင်း တဆင့် လွှဲပြောင်း ရောင်းချခွင့်မရှိသော အခန်းများနှင့် အိုးအိမ်မှ ခွင့်ပြုချက်အမည်ဖြစ်သာ နေထိုင်ခွင့် အငှားချထားသော အခန်း များဟူ၍လဲ ရှိပါသည်။

လွှဲပြောင်း ရောင်းချခွင့်ရှိသော အခန်းများတွင် ဌာနမှ တိုက်ရိုက်ဝယ်ယူကာ ငွေကြေလျှင် Owner Book စာအုပ် ထုတ်ပေးပါတယ်။ အဆိုပါ Owner Book ပိုင်ဆိုင်သူ အမည်ပေါက်မှ အခန်းအား တရားဝင် ရောင်းချခွင့်ရှိသလို တဆင့် ဝယ်ယူသူမှလဲ အမည်ပြောင်းခြင်းအား အိုးအိမ်တွင် ဆက်လက်ဆောင်ရွက်မှသာ ပိုင်ဆိုင်မှု ခိုင်မာပါသည်။ Owner Book အမည်ပေါက်နှင့် ရောင်းချသူ အမည်တူညီမှသာ ဝယ်ယူပါ။

ယခင် ၁၉၆၄ က အိုးအိမ်မှ ပြည်သူပိုင် သိမ်းဆည်းထားသော အဆောက်အအုံနှင့် အခန်းများအား ဝယ်ယူမည် ဆိုပါကလဲ ယခုမြေပိုင်ရှင်ထံ မြေပိုင်ဆိုင်မှု ပြန်လည်နေရာချထားခြင်းရှိမရှိ စုံစမ်းစစ်ဆေးရမည်ဖြစ်ကာ မြေရှင်ထံ ပိုင်ဆိုင်ခွင့်မှာ ပြန်လည်လွှဲပြောင်း ရောက်ရှိပါက တိုက်ခန်း အမျိုးအစားများ လွှဲပြောင်းရောင်းခြင်းပြုသကဲ့သို့ မြေပိုင်ရှင်၏ အသိအမှတ်ပြုမှုကိုလဲ ရယူရမည်ဖြစ်ပါသည်။ ထို့ပြင် ဝယ်ယူသူမှ အိုးအိမ်ဌာနက ထုတ်ပေးထားသော စည်းကမ်းချက်များအားလဲ လိုက်နာနေထိုင်ရမှာ ဖြစ်ပါသည်။

အိုးအိမ်ဌာနမှ ပြည်သူပိုင် သိမ်းဆည်းထားသည့် မြေများ၊ အခန်းများအား ပြန်လည်နေရာချထားခြင်းမရှိသည့် အခါငှားရမ်းခပေးသွင်းစေကာ အငှားချထားပေးပါသည်။ အိုးအိမ်မှ ငှားရမ်းထားသော အခန်းဆိုပါက တဆင့် လွှဲပြောင်း ရောင်းချခွင့် မရှိပါဘူး။ အဆိုပါ ပြည်သူပိုင်သိမ်းဆည်းထား၍ အငှားချထားသောအခန်းများ၊ အိုးအိမ်မှ ဆောက်လုပ်ကာ အငှားချထားသော အခန်းများအား ဝယ်ယူမိခြင်းဖြစ်လျှင် အဆိုပါ အခန်း၊ အဆောက်အအုံအား အစိုးရမှ ပြန်လည် ပြုပြင် ဆောက်လုပ်သည့်အခါ (သို့) ငှားရမ်းခြင်း ကာလရုတ်သိမ်းသည့်အခါ ဖယ်ရှားခြင်း ခံရမည်ဖြစ်ပါသည်။ အိုးအိမ်က ပိုင်ဆိုင်ခွင့်အတွက် ပေးအပ်ခြင်းလား နေထိုင်ခွင့်အတွက် ပေးအပ်ခြင်းလား မဝယ်ခင် သေချာ စစ်ဆေးသင့်ကြောင်း ဥပဒေ ဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]


 







 




 



နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဟန်ဆောင်စာချုပ်များအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service