နွေရဲ့ အပူချိန်ကို အံတုဖို့ ဘယ်လိုတွေ ပြင်ဆင်မလဲ
နွေရဲ့ အပူချိန်ကို အံတုဖို့ ဘယ်လိုတွေ ပြင်ဆင်မလဲ - Property Knowledge in Myanmar from iMyanmarHouse.com
10 Mar 2024 1:56 pm တွင် တင်ခဲ့သည်
1062 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
နွေရာသီ မှာ အပူရှိန်မြင့်လာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့ ပုံမှန်အပူချိန်ကို ထိန်းသိမ်းနိုင်ဖို့အတွက် ခန္ဓာကိုယ်က အလုပ်တွေ ပိုလုပ်ရပါတယ်။
ချွေးထွက်ခြင်းဟာ ခန္ဓာကိုယ်အပူချိန်ကို ထိန်းသိမ်းပေးတဲ့ ဇီဝကမ္မဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။
ဒါပေမယ့်နွေရာသီမှာက ခန္ဓာကိုယ်အနေနဲ့ အလုပ်တွေ ပိုလုပ်ရတဲ့အတွက် ပိုမို မောပန်းနွမ်းနယ်တတ်ပါတယ်။ နောက်ပြီး ဒီလိုမောပန်းနေတဲ့ အချိန်မှာ ရေခဲရေ တို့ ၊ အအေး တို့ သောက်လိုက်တာဟာ ခန္ဓာကိုယ်အတွက် ဇီဝကမ္မဖြစ်စဉ်ကို အနှောက်အယှက်ဖြစ်စေပြီး ရုတ်တရက် အပူရှပ် ဖျားနာတာ ၊ Heat Stroke ဖြစ်တာ နဲ့ ဦးနှောက်သွေးကြောပြတ်တာမျိုးတွေ ဖြစ်တတ်လို့အထူးဆင်ခြင် သတိထားဖို့ လိုအပ်ပါတယ်၊ ဒါကြောင့် ဒီနွေပူပူ မှာ ခန္ဓာကိုယ်ကို အပူအအေးမျှတအောင် အိမ်ထဲမှာ များများနေပြီး အပူအအေး သင့်တင့်မျှတဖို့ ဆောင်ရန်ရှောင်ရန်လေးတွေ ဝေမျှပေးလိုက်ပါတယ်။
➡️ တစ်ကိုယ်ရေသန့်ရှင်းရေး
တစ်ကိုယ်ရေသန့်ရှင်းရေးဟာ ဘာလို့ အရေးကြီးတာလဲ။ တစ်ကိုယ်ရေ သန့်ရှင်းမှသာ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ မကောင်းတဲ့ ဘက်တီးရီးယားပိုး ပေါက်ဖွားမှု ကင်းဝေးပြီး အရေပြားနဲ့ တခြားကျန်းမာရေး ပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။ ယောက်ျားလေးတွေဆိုရင် ပိုပြီးတောင် တစ်ကိုယ်ရေ သန့်ရှင်းရေးကို အလေးထားဖို့ လိုပါတယ်။ အဓိက ချွေးထွက်စေတတ်တဲ့ အကြောင်းရင်းနဲ့ ဘယ်နေရာမှာ ချွေးပိုထွက်လဲ၊ ကိုယ့်ဆီကနေ ကိုယ်နံ့ အရမ်းမပြင်းဖို့ ဘာတွေ လုပ်သင့်လဲသိထားမှ မလိုလားအပ်တဲ့ အရေပြားရောဂါတွေ မဖြစ်အောင် ကာကွယ်နိုင်မှာပါ။
➡️ ရေများများသောက်ပါ –
ရေကလည်း နွေရာသီမှာ အသားရေထိန်းသိမ်းဖို့အတွက် အရေးကြီးဆုံးပါပဲ။ ရေများများသောက်ပေးမယ်ဆိုရင် ရေဓာတ်ဆုံးရှုံးတာတွေမဖြစ်ဘဲ အသားရေကို နူးညံ့စိုပြေအောင် ထိန်းပေးပါတယ်။ ရေက ခန္ဓာကိုယ်က အဆိပ်အတောက်တွေကိုလည် ဖယ်ရှားသန့်စင်ပေးပါတယ်။
➡️ အသားရေကို ပုံမှန်သန့်စင်ပေးပါ –
အရေပြားဆဲလ်အသေတွေ ဖယ်ရှားဖို့အတွက် ပုံမှန်သန့်စင်ပေးသင့်ပါတယ်။ အပူဒဏ်ကြောင့် ခြောက်သွေ့မှုက အသားရေမှာ ဖုန်မှုန့်တွေဖြစ်လာစေပါတယ်။ ဒါကြောင့် အပျော့စားမျက်နှာသစ်ဆေးနဲ့ ပုံမှန်သစ်ပေးတာက နွေရာသီမှာ အကောင်းဆုံးပါပဲ။
➡️ Sunscreen လိမ်းပေးပါ –
Sunscreen ကတော့ နွေရာသီမှာ သင့်အတွက် အကောင်းဆုံးအဖော်မွန်ပါ။ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်နိုင်တဲ့ SPF 30-50 ရှိတဲ့ Sunscreen ကို ရွေးချယ်ပေးပါ။
➡️ နေထိုင် စားသောက်မှုပုံစံ –
အရက်သေစာ၊ ဆေးလိပ်နဲ့ တားမြစ်ဆေးဝါးတွေ သုံးစွဲမှု ရှောင်ရှားပါ
Carbonated အချိုရည်တွေ အလွန်အကျွံမသောက်ပါနဲ့ ။ (သကြားပါဝင်မှုနည်းတဲ့ သဘာဝသစ်သီးဖျော်ရည်လေးတွေ သောက်သုံးနိုင်ပါတယ်)
? အထူးသတိပြု ဆောင်ရန် ရှောင်ရန် –
▪︎ နေပူထဲကို အကာအကွယ် ထီး၊ ဦးထုပ်တွေ မပါပဲ အချိန်အကြာကြီး ဒါမှမဟုတ် ခဏခဏ မထွက်ပါနဲ့ ။
▪︎ အရိပ်ရတဲ့နေရာမှာ နားနားနေနေပါ။
▪︎ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ်တာမျိုး မလုပ်ပါနဲ့ ။ပေါ့ပေါ့းပါးပါးလေးတွေပဲ လုပ်ပါ ။
▪︎ ချည်သားပွပွချောင်ချောင်လေးတွေ ဝတ်ဆင်ပါ ။
▪︎ အပူချိန်မြင့်တဲ့နေ့လယ် ၁၂ နာရီကနေ ညနေ ၃ နာရီအတွင်း တတ်နိုင်သမျှ အပြင်ထွက်တာကိုရှောင်ပါ ။
▪︎ အိပ်ရေးဝအောင် အိပ်ပါ ။
▪︎ ခြေညှပ်ဖိနပ်ဝတ်ပါ ။
▪︎ လေဝင်လေထွက်ကောင်းတဲ့ ဖိနပ်တွေ ချွေးစုပ်တဲ့ခြေအိတ်တွေဝတ်ပါ ။
· နေပူထဲကနေ ပြန်လာလာချင်း ရေခဲရေ အေးအေးတွေ သောက်တာမျိုးမလုပ်ပါနဲ့ ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
ရေများများသောက်ပါ –
Sunscreen လိမ်းပေးပါ –
· အိပ်ရေးဝအောင် အိပ်ပါ ။
· ခြေညှပ်ဖိနပ်ဝတ်ပါ ။
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဟန်ဆောင်စာချုပ်များအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
THADAR CONDOMINIUM
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service