“အိမ်ငှားဘဝ ရင်ပူရ”

“အိမ်ငှားဘဝ ရင်ပူရ” - Property Knowledge in Myanmar from iMyanmarHouse.com
10 Mar 2024 12:44 pm တွင် တင်ခဲ့သည်
953 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

 

ရုတ်တရက်ကြားရသည့်စကားသံကြောင့် ရင်မှာထိတ်ကနည်းဖြစ်သွားသည်။

မဖြစ်နိုင်မှန်းလည်းသိသည်။စိတ်ထဲမှာတော့ စိုးရိမ်စိတ်က ဖြစ်ပေါ်သွားသည်။ပိုင်ဆိုင်ခြင်းမရှိသူတစ်ယောက်ရဲ့ စိုးရိမ်စိတ်ပါပဲ။

ကြားရသည့်အသံက တိုက်ခန်း ရောင်းမယ်ဆိုလို့ အခန်းလာကြည့်တာပါတဲ့။

မိမိနေသည့်အခန်းက ကိုယ်ပိုင် တိုက်ခန်း မဟုတ် ငှားနေရသည်။ပုံမှန်ဆို ၆လစာပေးပြီးငှားနေခဲ့သည်။ ကိုဗစ်ကာလတစ်လျှောက်လုံး အလုပ်ပိတ်ထားသဖြင့် ရှိတာထိုင်စားခဲ့ကြရာ အိမ်ငှားခအတွက် တစ်လုံးတစ်ခဲတည်းမပေးနိုင်တော့ပေ။ တိုက်ခန်းရှင်အား အခန်းငှားခကို တစ်လခြင်းသာပေးနိုင်မည်ဟု ခွင့်တောင်းရာ ပိုင်ရှင်ကခွင့်ပြုခဲ့သဖြင့်သာ တော်တော့သည်။သို့မဟုတ်ပါက ယခုအချိန်တွင်ဘယ်ပြေးလို့ ပြေးနေရမှန်း မသိဖြစ်ပေတော့မည်။

ကိုယ်ပိုင်အိမ်မရှိသူ လခစားကုမ္ပဏီဝန်ထမ်းတစ်ယောက်၏ ယခုကာလဝင်ငွေသည် မိသားစုအတွက် အိမ်ငှားခ(သို့)တိုက်ခန်းငှားခနုတ်ပြီး ကျန်သည့်ငွေဖြင့် တစ်လလုံး မရပ်တည်နိုင်ပေ။

နေထိုင်စားသောက်စရိတ်တို့က နှစ်ဆကျော်တက်လာနေသော်လည်း အတည်ငြိမ်ဆုံးကတော့ လခသာဖြစ်သည်။ကိုဗစ်ကြောင့် အလုပ်ချိန်တို့လျော့ဆင်းနေကြရာ လခသည်လည်း ရာခိုင်နှုန်းဖြင့်သာ ရတော့ရာ ဝင်ငွေလျော့သွားသည်ဟုပင်ဆိုရပါမည်။

တိုက်ခန်းပိုင်ရှင်နှင့်မိမိတို့က တနယ်တည်းသားတွေဖြစ်၍ လခထုတ်မှ တစ်လနေထိုင်ဖို့ အခန်းခလေး သွားပေးရသည်။တိုက်ခန်းရောင်းမည့်ကိစ္စရှိလျှင် ထိုကတည်းက မိမိကို အသိပေးပေမည်။

ယခုလို ဗြုန်းစားကြီးဖြစ်လာတော့ စိတ်ထဲမှာတမျိုးကြီးဖြစ်သွားသည်။ခြေတွေလက်တွေတောင်တုန်သွားသည်။ မိမိနေထိုင်သည့် အခန်းပိုင်ရှင်ထံ ဖုန်းလှမ်းဆက်ကြည့်ရာ မဟုတ်ကြောင်းပြောသည်။ လာကြည့်သူတွေကိုလည်း သေချာမေးကြည့်ခိုင်းရာ သူတို့လည်း ဆက်သွယ်ကြည့်ရာ တစ်တိုက်တည်းဖြစ်ပြီး အခြားလှေကားဘက်မှ တက်ရသည့် အခန်းဖြစ်ကြောင်း သိရသည်။

ရင်ထဲပေါ့သွားသော်လည်း ပိုင်ဆိုင်ခြင်းမရှိသည့် အခန်းကို ငှားနေရသူတစ်ယောက်၏ စိတ်တွင် တစ်ချိန်မှာ ဒီအခန်းကို ပိုင်ရှင်က မငှားလိုတော့၍ လည်းကောင်း၊အရေးပေါ်လိုအပ်၍လည်းကောင်း၊ကြိုက်ဈေးရ၍ လည်းကောင်း ရောင်းချမည်ဆိုပါက မိမိတို့အနေနှင့် မဖြစ်မနေဖယ်ပေးရတော့မည်။

အနေကြာလာပြီး အဆင်ပြေနေသေးသဖြင့် နေရေးအတွက်ပူပန်မှုကို မေ့နေလေသည်။တကယ်ပိုင်ဆိုင်နေတဲ့ နေရာလေးလို့ထင်နေမိသည်။မတရားပိုင်ဆိုင်လိုခြင်းကို ပြောခြင်းမဟုတ်ပါ။ ကိုယ်ပိုင်မဟုတ်မှန်း သိသိကြီးနှင့် မေ့နေခြင်းကိုသာဆိုလိုပါသည်။

ယခုလိုကိစ္စလေး ပေါ်လာသောအခါ မိမိစိတ်ကို တပ်လှန့်ပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။ ကိုယ်ပိုင်နေရာလေး တစ်ခု မရှိသေးသမျှတော့ ထိုအဖြစ်မျိုးသည် တစ်နေ့မဟုတ်တစ်နေ့ကြုံတွေ့နေရပါဦးမည်။ ရင်မှာပူပန် နေရပေဦးမည်။

အိမ်တစ်လုံး၊တိုက်ခန်းတစ်ခန်း ပိုင်ဆိုင်ဆိုင်နိုင်မှုဆိုသည်က ရန်ကုန်မြို့ကြီး၏ လက်ရှိပေါက်ဈေးနှင့် ဝန်ထမ်း လစာလေးသာရှိပြီး အခြားဝင်ငွေရလမ်း မရှိသူများအတွက် မျှော်မှန်း၍ ရကောင်းသောအရာတော့ မဟုတ်ပေ။

သို့သော်လည်း ကိုယ်ပိုင်အိမ်လေးတစ်လုံးကို ပိုင်ဆိုင်လိုသည့်စိတ်ကတော့ ရင်ထဲမှာအမြဲတမ်းရှိနေသည်။ ကိုယ့်မိသားစုလေးနဲ့ နွေးနွေးထွေးထွေးလေး ပူပန်မှုလျော့နည်းစွာ နေထိုင်နိုင်ဖို့တော့ ကျွန်တော်တစ်ဦး တစ်ယောက်တည်းသာမဟုတ် အခြားသောမိသားစုတိုင်း၏ စိတ်၌လည်းရှိနေလိမ့်မည်ဟု ယူဆပါသည်။

မိသားစုတိုင်း အိမ်ပိုင်ရာပိုင်လေးများဖြစ်ပြီး ရင်မှအပူတို့လျော့နည်းကြပါစေ။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

“အိမ္ငွားဘဝ ရင္ပူရ”

႐ုတ္တရက္ၾကားရသည့္စကားသံေၾကာင့္ ရင္မွာထိတ္ကနည္းျဖစ္သြားသည္။

မျဖစ္ႏိုင္မွန္းလည္းသိသည္။စိတ္ထဲမွာေတာ့ စိုးရိမ္စိတ္က ျဖစ္ေပၚသြားသည္။ပိုင္ဆိုင္ျခင္းမ႐ွိသူတစ္ေယာက္ရဲ႕ စိုးရိမ္စိတ္ပါပဲ။

ၾကားရသည့္အသံက တိုက္ခန္း ေရာင္းမယ္ဆိုလို႔ အခန္းလာၾကည့္တာပါတဲ့။

မိမိေနသည့္အခန္းက ကိုယ္ပိုင္ တိုက္ခန္း မဟုတ္ ငွားေနရသည္။ပုံမွန္ဆို ၆လစာေပးၿပီးငွားေနခဲ့သည္။ ကိုဗစ္ကာလတစ္ေလွ်ာက္လုံး အလုပ္ပိတ္ထားသျဖင့္ ႐ွိတာထိုင္စားခဲ့ၾကရာ အိမ္ငွားခအတြက္ တစ္လုံးတစ္ခဲတည္းမေပးႏိုင္ေတာ့ေပ။ တိုက္ခန္း႐ွင္အား အခန္းငွားခကို တစ္လျခင္းသာေပးႏိုင္မည္ဟု ခြင့္ေတာင္းရာ ပိုင္႐ွင္ကခြင့္ျပဳခဲ့သျဖင့္သာ ေတာ္ေတာ့သည္။သို႔မဟုတ္ပါက ယခုအခ်ိန္တြင္ဘယ္ေျပးလို႔ ေျပးေနရမွန္း မသိျဖစ္ေပေတာ့မည္။

ကိုယ္ပိုင္အိမ္မ႐ွိသူ လခစားကုမၸဏီဝန္ထမ္းတစ္ေယာက္၏ ယခုကာလဝင္ေငြသည္ မိသားစုအတြက္ အိမ္ငွားခ(သို႔)တိုက္ခန္းငွားခႏုတ္ၿပီး က်န္သည့္ေငြျဖင့္ တစ္လလုံး မရပ္တည္ႏိုင္ေပ။

ေနထိုင္စားေသာက္စရိတ္တို႔က ႏွစ္ဆေက်ာ္တက္လာေနေသာ္လည္း အတည္ၿငိမ္ဆုံးကေတာ့ လခသာျဖစ္သည္။ကိုဗစ္ေၾကာင့္ အလုပ္ခ်ိန္တို႔ေလ်ာ့ဆင္းေနၾကရာ လခသည္လည္း ရာခိုင္ႏႈန္းျဖင့္သာ ရေတာ့ရာ ဝင္ေငြေလ်ာ့သြားသည္ဟုပင္ဆိုရပါမည္။

တိုက္ခန္းပိုင္႐ွင္ႏွင့္မိမိတို႔က တနယ္တည္းသားေတြျဖစ္၍ လခထုတ္မွ တစ္လေနထိုင္ဖို႔ အခန္းခေလး သြားေပးရသည္။တိုက္ခန္းေရာင္းမည့္ကိစၥ႐ွိလွ်င္ ထိုကတည္းက မိမိကို အသိေပးေပမည္။

ယခုလို ျဗဳန္းစားႀကီးျဖစ္လာေတာ့ စိတ္ထဲမွာတမ်ိဳးႀကီးျဖစ္သြားသည္။ေျခေတြလက္ေတြေတာင္တုန္သြားသည္။ မိမိေနထိုင္သည့္ အခန္းပိုင္႐ွင္ထံ ဖုန္းလွမ္းဆက္ၾကည့္ရာ မဟုတ္ေၾကာင္းေျပာသည္။ လာၾကည့္သူေတြကိုလည္း ေသခ်ာေမးၾကည့္ခိုင္းရာ သူတို႔လည္း ဆက္သြယ္ၾကည့္ရာ တစ္တိုက္တည္းျဖစ္ၿပီး အျခားေလွကားဘက္မွ တက္ရသည့္ အခန္းျဖစ္ေၾကာင္း သိရသည္။

ရင္ထဲေပါ့သြားေသာ္လည္း ပိုင္ဆိုင္ျခင္းမ႐ွိသည့္ အခန္းကို ငွားေနရသူတစ္ေယာက္၏ စိတ္တြင္ တစ္ခ်ိန္မွာ ဒီအခန္းကို ပိုင္႐ွင္က မငွားလိုေတာ့၍ လည္းေကာင္း၊အေရးေပၚလိုအပ္၍လည္းေကာင္း၊ႀကိဳက္ေဈးရ၍ လည္းေကာင္း ေရာင္းခ်မည္ဆိုပါက မိမိတို႔အေနႏွင့္ မျဖစ္မေနဖယ္ေပးရေတာ့မည္။

အေနၾကာလာၿပီး အဆင္ေျပေနေသးသျဖင့္ ေနေရးအတြက္ပူပန္မႈကို ေမ့ေနေလသည္။တကယ္ပိုင္ဆိုင္ေနတဲ့ ေနရာေလးလို႔ထင္ေနမိသည္။မတရားပိုင္ဆိုင္လိုျခင္းကို ေျပာျခင္းမဟုတ္ပါ။ ကိုယ္ပိုင္မဟုတ္မွန္း သိသိႀကီးႏွင့္ ေမ့ေနျခင္းကိုသာဆိုလိုပါသည္။

ယခုလိုကိစၥေလး ေပၚလာေသာအခါ မိမိစိတ္ကို တပ္လွန္႔ေပးလိုက္သကဲ့သို႔ ျဖစ္သြားသည္။ ကိုယ္ပိုင္ေနရာေလး တစ္ခု မ႐ွိေသးသမွ်ေတာ့ ထိုအျဖစ္မ်ိဳးသည္ တစ္ေန႔မဟုတ္တစ္ေန႔ၾကဳံေတြ႕ေနရပါဦးမည္။ ရင္မွာပူပန္ ေနရေပဦးမည္။

အိမ္တစ္လုံး၊တိုက္ခန္းတစ္ခန္း ပိုင္ဆိုင္ဆိုင္ႏိုင္မႈဆိုသည္က ရန္ကုန္ၿမိဳ႕ႀကီး၏ လက္႐ွိေပါက္ေဈးႏွင့္ ဝန္ထမ္း လစာေလးသာ႐ွိၿပီး အျခားဝင္ေငြရလမ္း မ႐ွိသူမ်ားအတြက္ ေမွ်ာ္မွန္း၍ ရေကာင္းေသာအရာေတာ့ မဟုတ္ေပ။

သို႔ေသာ္လည္း ကိုယ္ပိုင္အိမ္ေလးတစ္လုံးကို ပိုင္ဆိုင္လိုသည့္စိတ္ကေတာ့ ရင္ထဲမွာအၿမဲတမ္း႐ွိေနသည္။ ကိုယ့္မိသားစုေလးနဲ႔ ေႏြးေႏြးေထြးေထြးေလး ပူပန္မႈေလ်ာ့နည္းစြာ ေနထိုင္ႏိုင္ဖို႔ေတာ့ ကြၽန္ေတာ္တစ္ဦး တစ္ေယာက္တည္းသာမဟုတ္ အျခားေသာမိသားစုတိုင္း၏ စိတ္၌လည္း႐ွိေနလိမ့္မည္ဟု ယူဆပါသည္။

မိသားစုတိုင္း အိမ္ပိုင္ရာပိုင္ေလးမ်ားျဖစ္ၿပီး ရင္မွအပူတို႔ေလ်ာ့နည္းၾကပါေစ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

မိုးယံလင္းထင္ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
MIngalardon Garden City
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service