၃၈၂ ရက် အစာမစား၊ ၂ လနီးပါး အိမ်သာအသုံးမပြုဘဲ ဝိတ်ချခဲ့သော စကော့တလန်မှ အမျိုးသား

၃၈၂ ရက် အစာမစား၊ ၂ လနီးပါး အိမ်သာအသုံးမပြုဘဲ ဝိတ်ချခဲ့သော စကော့တလန်မှ အမျိုးသား - Property Knowledge in Myanmar from iMyanmarHouse.com
6 Mar 2024 11:11 am တွင် တင်ခဲ့သည်
925 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

သာမန်လူတစ်ဦးသည် သကြားနှင့် ရေဓာတ်မရှိဘဲ ရက်ပေါင်း ၃၀ ခန့် အသက်ရှည်နိုင်ကြောင်း ဆရာဝန်တို့က ခန့်မှန်းကြသည်။

သို့သော် စကော့တလန်နိုင်ငံမှ အန်းဂတ်စ် ဘာဘီယာရီအမည်ရှိ အမျိုးသားမှာမူ ဆရာဝန်တို့ပြောသော ကာလထက် အဆပေါင်းများစွာ အသက်ရှင်သန်ရပ်တည်လာခဲ့သည်။

လွန်ခဲ့သော ဆယ်စုနှစ် ၆ ခုကျော်က စကော့တလန်နိုင်ငံမှ အန်းဂတ်စ် ဘာဘီယာရီက ကိုယ်အလေးချိန် လျော့ကျစေရန် ၃၈၂ ရက် အစားမစားဘဲ နေထိုင်ခဲ့သော သတင်းမှာ ထိုခေတ်က ထိပ်တန်းသတင်းတစ်ပုဒ် ဖြစ်ခဲ့သည်။

အဝလွန်နေသူ ဖြစ်သော ဘာဘီယာရီက အလွန်အကျွံစားသောက်မှုကို ပြောင်းလဲရန်နှင့် ကိုယ်အလေးချိန် လျော့ကျစေရေး ကြိုးစားရန် ၁၉၆၅ ခုနှစ်၊ ဇွန်လတွင် ဆုံးဖြတ်ခဲ့ကြောင်း History Defined က ဖော်ပြသည်။

 

 

(ဘာဘီယာရီသည် အသက် ၂၇ နှစ်အရွယ်တွင် စကော့တလန်ရှိ ဖခင်၏ Fish-and-chips (ငါးကြော်နှင့် အာလူးကြော်) ဆိုင်တွင် လုပ်ကိုင်ခဲ့သည်။ ထိုစဉ်က အဝလွန်နေပြီး သူ၏ ကိုယ်အလေးချိန်မှာ ၄၅၆ ပေါင် ရှိသည်။ ဓာတ်ပုံ-AP)

 

ဘာဘီယာရီသည် စကော့တလန်နိုင်ငံ၊ Tayport မြို့တွင် ၁၉၃၉ ခုနှစ်၌ မွေးဖွားခဲ့ပြီး ပုံမှန်အတိုင်း ဘဝဖြတ်သန်း ကြီးပြင်းခဲ့သည်။

လူငယ်ဘဝရောက်ချိန်တွင် ဖခင်ကြီး၏ fish-and-chips ဆိုင်တွင် အလုပ်ကြိုးစားလုပ်ကိုင်ခဲ့သည်။

သို့သော် အသက် ၂၇ နှစ်အရွယ်သို့ ရောက်ချိန်တွင် ဘာဘီယာရီ၏ ကိုယ်အလေးချိန်ပြဿနာမှာ သိသာ ထင်ရှားလာခဲ့ပြီး ကိုယ်အလေးချိန် ၄၅၆ ပေါင်အထိ ရှိလာသည်။

၁၉၆၅ ခုနှစ်၊ ဇွန်လတွင် ဘာဘီယာရီသည် စကော့တလန်မှ Dundee ကမ်းရိုးတန်းမြို့ရှိ Royal Infirmary of Dundee ဆေးရုံတွင် ပြသကာ ကာလတို အစားရှောင်ပြီး ကိုယ်အလေးချိန်ချနိုင်ရန် ကြိုးစားခဲ့သည်။

ထိုအချိန်မှစတင်ပြီး ဘာဘီယာရီသည် မိမိဘာသာ အစာမစားဘဲနေခြင်းကို ဆက်လက်ကြိုးစားခဲ့ရာ ၃၈၂ ရက် အထိ အစားမစားဘဲ နေထိုင်ခဲ့သည်။

ဘာဘီယာရီသည် အစာရှောင်သည့်ကာလအတွင်း အစာမာများ စားသုံးခြင်း မပြုခဲ့ချေ။

အစာရှောင်သည့်ကာလအတွင်း ဘာဘီယာရီသည် လျှပ်လိုက်ရည်၊ ဗီတာမင်များ၊ အရေးကြီးသော အမိုင်နို အက်ဆစ်ဓာတ်ရစေမည့် တဆေးအချို့၊ ဘလက်ကော်ဖီ၊ လဘက်ရည်နှင့် carbonated water တို့သာ သောက်ခဲ့သည်။

ကာလကြာရှည် အစာမစားဘဲ နေထိုင်ချိန်ကာလအတွင်း ဘာဘီယာရီ၏ ကယ်လိုရီသုံးစွဲမှုမှာ သုညနီးပါး ဖြစ်သည်။

အစားမစားသည့်ကာလအတွင်း ဘာဘီယာရီ၏ ကိုယ်အလေးချိန် လျင်မြန်စွာ ကျဆင်းလာခဲ့ပြီး တစ်ရက်လျှင် ပျှမ်းမျှ ၁ ပေါင်ခန့် ကျဆင်းသွားခဲ့သည်။

လစဉ် ကိုယ်အလေးချိန်ကျဆင်းနှုန်းမှာ ၂၂ ပေါင်ခန့် ဖြစ်သည်။

လပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီး ဘာဘီယာရီမှာ အစားမစားခြင်း ဆက်လက်ပြုလုပ်နေပြီး ကိုယ်အလေးချိန် မှာလည်း ဆက်လက်ကျဆင်းလာလျက်ရှိနေသည်။

 

(ဘာဘီယာရီသည် အရည်၊ တဆေးနှင့် ဗီတာမင်များသာ ၃၈၂ ရက်သောက်သုံးကာ အစားဖြတ်ထားခဲ့ပြီး နောက် ၂၇၆ ပေါင်အထိ လျှော့ချနိုင်ခဲ့ကာ ၁၉၆၆ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်တွင် သူရည်မှန်းထားသည့် ကိုယ်အလေးချိန် ပေါင် ၁၈၀ သို့ ရောက်ရှိသွားခဲ့သည်။ ဓာတ်ပုံ-AP)

ဇူလိုင်လ ၁၁ ရက် မနက်ပိုင်းတွင် ဘာဘီယာရီသည် အစားမစားဘဲနေထိုင်မှု ရပ်ဆိုင်းလိုက်ပြီး ပေါင်မုန့်အချို့၊ ထောပတ်နှင့် ကြက်ဥပြုတ်တစ်လုံး စတင်စားသောက်ခဲ့သည်။

ယခင်က ဝတ်ဆင်ခဲ့သော ဘောင်းဘီထဲသို့ သူနှင့် အခြားတစ်ယောက်ပါ ဝင်နိုင်သည်ကို တွေ့ရသည်။

သူ၏ အဖြစ်အပျက်မှာ တစ်ကမ္ဘာလုံးအတိုင်းအတာ ကျော်ကြားသွားပြီး အမေရိကန်ပြည်ထောင်စုမှ သတင်းစာ များတွင်ပင် သူ၏ မယုံနိုင်ဖွယ် အစာမစားဘဲနေထိုင်ပုံဖြစ်ရပ်ကို ရေးသားဖော်ပြခဲ့ကြသည်။

(ဘာဘီယာရီသည် အရည်၊ တဆေးနှင့် ဗီတာမင်များသာ ၃၈၂ ရက်သောက်သုံးကာ အစားဖြတ်ထားခဲ့ပြီး နောက် ၂၇၆ ပေါင်အထိ လျှော့ချနိုင်ခဲ့ကာ ၁၉၆၆ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်တွင် သူရည်မှန်းထားသည့် ကိုယ်အလေးချိန် ပေါင် ၁၈၀ သို့ ရောက်ရှိသွားခဲ့သည်။ ဓာတ်ပုံ-AP)

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Man who didn't eat for 382 days didn’t use the toilet for nearly 2 months (dailymail, unilad)

Photo Credit: AP,  Wikimedia Commons

 

 

 

[Zawgyi]

၃၈၂ ရက္ အစာမစား၊ ၂ လနီးပါး အိမ္သာအသံုးမျပဳဘဲ ဝိတ္ခ်ခဲ့ေသာ စေကာ့တလန္မွ အမ်ဳိးသား

သာမန္လူတစ္ဦးသည္ သၾကားႏွင့္ ေရဓာတ္မရွိဘဲ ရက္ေပါင္း ၃၀ ခန္႔ အသက္ရွည္ႏိုင္ေၾကာင္း ဆရာဝန္တို႔က ခန္႔မွန္းၾကသည္။

သို႔ေသာ္ စေကာ့တလန္ႏိုင္ငံမွ အန္းဂတ္စ္ ဘာဘီယာရီအမည္ရွိ အမ်ဳိးသားမွာမူ ဆရာဝန္တို႔ေျပာေသာ ကာလထက္ အဆေပါင္းမ်ားစြာ အသက္ရွင္သန္ရပ္တည္လာခဲ့သည္။

လြန္ခဲ့ေသာ ဆယ္စုႏွစ္ ၆ ခုေက်ာ္က စေကာ့တလန္ႏိုင္ငံမွ အန္းဂတ္စ္ ဘာဘီယာရီက ကိုယ္အေလးခ်ိန္ ေလ်ာ့က်ေစရန္ ၃၈၂ ရက္ အစားမစားဘဲ ေနထိုင္ခဲ့ေသာ သတင္းမွာ ထုိေခတ္က ထိပ္တန္းသတင္းတစ္ပုဒ္ ျဖစ္ခဲ့သည္။

အဝလြန္ေနသူ ျဖစ္ေသာ ဘာဘီယာရီက အလြန္အကၽြံစားေသာက္မႈကို ေျပာင္းလဲရန္ႏွင့္ ကိုယ္အေလးခ်ိန္ ေလ်ာ့က်ေစေရး ၾကိဳးစားရန္ ၁၉၆၅ ခုႏွစ္၊ ဇြန္လတြင္ ဆံုးျဖတ္ခဲ့ေၾကာင္း History Defined က ေဖာ္ျပသည္။

 

(ဘာဘီယာရီသည္ အသက္ ၂၇ ႏွစ္အရြယ္တြင္ စေကာ့တလန္ရွိ ဖခင္၏ Fish-and-chips (ငါးေၾကာ္ႏွင့္ အာလူးေၾကာ္) ဆိုင္တြင္ လုပ္ကိုင္ခဲ့သည္။ ထုိစဥ္က အဝလြန္ေနျပီး သူ၏ ကိုယ္အေလးခ်ိန္မွာ ၄၅၆ ေပါင္ ရွိသည္။ ဓာတ္ပံု-AP)

ဘာဘီယာရီသည္ စေကာ့တလန္ႏိုင္ငံ၊ Tayport ျမိဳ႕တြင္ ၁၉၃၉ ခုႏွစ္၌ ေမြးဖြားခဲ့ျပီး ပံုမွန္အတိုင္း ဘဝျဖတ္သန္း ၾကီးျပင္းခဲ့သည္။

လူငယ္ဘဝေရာက္ခ်ိန္တြင္ ဖခင္ၾကီး၏ fish-and-chips ဆိုင္တြင္ အလုပ္ၾကိဳးစားလုပ္ကိုင္ခဲ့သည္။

သို႔ေသာ္ အသက္ ၂၇ ႏွစ္အရြယ္သို႔ ေရာက္ခ်ိန္တြင္ ဘာဘီယာရီ၏ ကိုယ္အေလးခ်ိန္ျပႆနာမွာ သိသာ ထင္ရွားလာခဲ့ျပီး ကိုယ္အေလးခ်ိန္ ၄၅၆ ေပါင္အထိ ရွိလာသည္။

၁၉၆၅ ခုႏွစ္၊ ဇြန္လတြင္ ဘာဘီယာရီသည္ စေကာ့တလန္မွ Dundee ကမ္းရိုးတန္းျမိဳ႕ရွိ Royal Infirmary of Dundee ေဆးရံုတြင္ ျပသကာ ကာလတို အစားေရွာင္ျပီး ကိုယ္အေလးခ်ိန္ခ်ႏိုင္ရန္ ၾကိဳးစားခဲ့သည္။

ထိုအခ်ိန္မွစတင္ျပီး ဘာဘီယာရီသည္ မိမိဘာသာ အစာမစားဘဲေနျခင္းကို ဆက္လက္ၾကိဳးစားခဲ့ရာ ၃၈၂ ရက္ အထိ အစားမစားဘဲ ေနထုိင္ခဲ့သည္။

ဘာဘီယာရီသည္ အစာေရွာင္သည့္ကာလအတြင္း အစာမာမ်ား စားသံုးျခင္း မျပဳခဲ့ေခ်။

အစာေရွာင္သည့္ကာလအတြင္း ဘာဘီယာရီသည္ လွ်ပ္လုိက္ရည္၊ ဗီတာမင္မ်ား၊ အေရးၾကီးေသာ အမိုင္ႏို အက္ဆစ္ဓာတ္ရေစမည့္ တေဆးအခ်ဳိ႕၊ ဘလက္ေကာ္ဖီ၊ လဘက္ရည္ႏွင့္ carbonated water တို႔သာ ေသာက္ခဲ့သည္။

ကာလၾကာရွည္ အစာမစားဘဲ ေနထုိင္ခ်ိန္ကာလအတြင္း ဘာဘီယာရီ၏ ကယ္လိုရီသံုးစြဲမႈမွာ သုညနီးပါး ျဖစ္သည္။

အစားမစားသည့္ကာလအတြင္း ဘာဘီယာရီ၏ ကိုယ္အေလးခ်ိန္ လ်င္ျမန္စြာ က်ဆင္းလာခဲ့ျပီး တစ္ရက္လွ်င္ ပွ်မ္းမွ် ၁ ေပါင္ခန္႔ က်ဆင္းသြားခဲ့သည္။

လစဥ္ ကိုယ္အေလးခ်ိန္က်ဆင္းႏႈန္းမွာ ၂၂ ေပါင္ခန္႔ ျဖစ္သည္။

လေပါင္းမ်ားစြာ ကုန္လြန္သြားခဲ့ျပီး ဘာဘီယာရီမွာ အစားမစားျခင္း ဆက္လက္ျပဳလုပ္ေနျပီး ကိုယ္အေလးခ်ိန္ မွာလည္း ဆက္လက္က်ဆင္းလာလ်က္ရွိေနသည္။

(ဘာဘီယာရီသည္ အရည္၊ တေဆးႏွင့္ ဗီတာမင္မ်ားသာ ၃၈၂ ရက္ေသာက္သံုးကာ အစားျဖတ္ထားခဲ့ျပီး ေနာက္ ၂၇၆ ေပါင္အထိ ေလွ်ာ့ခ်ႏိုင္ခဲ့ကာ ၁၉၆၆ ခုႏွစ္၊ ဇူလိုင္လ ၁၁ ရက္တြင္ သူရည္မွန္းထားသည့္ ကိုယ္အေလးခ်ိန္ ေပါင္ ၁၈၀ သို႔ ေရာက္ရွိသြားခဲ့သည္။ ဓာတ္ပံု-AP)

ဇူလိုင္လ ၁၁ ရက္ မနက္ပိုင္းတြင္ ဘာဘီယာရီသည္ အစားမစားဘဲေနထိုင္မႈ ရပ္ဆိုင္းလိုက္ျပီး ေပါင္မုန္႔အခ်ဳိ႕၊ ေထာပတ္ႏွင့္ ၾကက္ဥျပဳတ္တစ္လံုး စတင္စားေသာက္ခဲ့သည္။

ယခင္က ဝတ္ဆင္ခဲ့ေသာ ေဘာင္းဘီထဲသုိ႔ သူႏွင့္ အျခားတစ္ေယာက္ပါ ဝင္ႏိုင္သည္ကို ေတြ႔ရသည္။

သူ၏ အျဖစ္အပ်က္မွာ တစ္ကမၻာလံုးအတိုင္းအတာ ေက်ာ္ၾကားသြားျပီး အေမရိကန္ျပည္ေထာင္စုမွ သတင္းစာ မ်ားတြင္ပင္ သူ၏ မယံုႏိုင္ဖြယ္ အစာမစားဘဲေနထုိင္ပံုျဖစ္ရပ္ကို ေရးသားေဖာ္ျပခဲ့ၾကသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Man who didn't eat for 382 days didn’t use the toilet for nearly 2 months (dailymail, unilad)

Photo Credit: AP,  Wikimedia Commons

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဟန်ဆောင်စာချုပ်များအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service