အမေရိကန်မှာ ကန်ဒေါ်လာ သန်း ၃၄၀ ဆု Powerball ထီပေါက်တဲ့ အမျိုးသား ဘာကြောင့် ဆုငွေ တစ်ပြားမှ မရတာလဲ

အမေရိကန်မှာ ကန်ဒေါ်လာ သန်း ၃၄၀ ဆု Powerball ထီပေါက်တဲ့ အမျိုးသား ဘာကြောင့် ဆုငွေ တစ်ပြားမှ မရတာလဲ - Property Knowledge in Myanmar from iMyanmarHouse.com
1 Mar 2024 12:09 pm တွင် တင်ခဲ့သည်
2249 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

အမေရိကန်ပြည်ထောင်စုတွင် အမျိုးသားတစ်ဦးက ဒေါ်လာ သန်းပေါင်းများစွာ ထီပေါက်သော်လည်း တစ်ပြားမှ မရသောကြောင့် ထီရုံးကို တရားစွဲဆိုထားသည်။

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီတွင် နေထိုင်သူ ဂျွန်ချိစ် (John Cheeks) အမည်ရှိ အမျိုးသားသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်တွင် Powerball ထီလက်မှတ်တစ်စောင် ဝယ်ယူခဲ့သည်။

ထိုလက်မှတ်မှာ တရားတဘောင်ဖြစ်သည်အထိ အငြင်းပွားစရာတစ်ခု ဖြစ်လာခဲ့သည်။

 

(သူ၏ ထီဆုငွေ ထုတ်ပေးရန် ငြင်းပယ်ခံရသောကြောင့် ဂျွန်ချိစ်က Powerball အား တရားစွဲထားသည်။ Powerball ၏ ဝက်ဘ်ဆိုက်တွင် နံပါတ်မှားယွင်းကာ ပေါက်စဉ်ကြေညာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ဓာတ်ပုံ- nbc washington)

 

(ထီဌာန ဝန်ထမ်းတို့က သူ၏ ထီလက်မှတ်မှာ မည်သည့်ဆုမှ မပေါက်ကြောင်း ပြောခဲ့သည်။ ဂျွန်ချိစ်က သူ၏ ထီလက်မှတ်ကို လွှင့်ပစ်ရန် ငြင်းဆိုခဲ့ပြီး လုံခြုံရေးသေတ္တာ -Safe deposit box ထဲတွင် သိမ်းဆည်းကာ ရှေ့နေတစ်ဦး ငှားရမ်းခဲ့သည်။ ဓာတ်ပုံ- nbc washington)

 

ဂျွန်ချိစ်၏ ပြောကြားချက်အရ ထီထွက်ပြီး နောက်နေ့အထိ အွန်လိုင်းတွင် ထီမတိုက်ခဲ့ကြောင်း၊ နောက် ၂ ရက်အကြာမှ ထီပေါက်စဉ်ကြည့်ရှုရာတွင် ထီပေါက်နေသည်ကို တုန်လှုပ်စွာ သိခဲ့ရကြောင်း ပြောသည်။

“ကျွန်တော်နည်းနည်း တုန်လှုပ်သွားပါတယ်။ ဒါပေမယ့် အော်ဟစ်အောင်ပွဲခံခဲ့တာမျိုးတော့ မရှိပါဘူး။ သူငယ်ချင်းတစ်ယောက်ကို ခေါ်လိုက်တယ်။ သူပြောတဲ့အတိုင်းပဲ ကျွန်တော်တို့ ဓာတ်ပုံရိုက်ကြတယ်။ ဒီလောက်ပါပဲ။ ပြီးတော့ ကျွန်တော် အိပ်ရာဝင်ခဲ့ပါတယ်”

ဂျွန်ချိစ် ကံစမ်းခဲ့သော နံပါတ်များမှာ မိသားစုဝင်တို့၏ မွေးနေ့များနှင့် အခြားသော ကိုယ်ရေးကိုယ်တာအရ အရေးကြီးသည့် ကိန်းဂဏန်းများဖြစ်သည်။

ထီဌာန (OLG) သို့သွားရောက်ကာ သူ၏ ထီဆုကို ထုတ်ယူချိန်တွင်မူ ငြင်းပယ်ခံလိုက်ရပြီး သူ၏ ကံကြမ္မာမှာ ပြန်လည်ပြောင်းလဲသွားခဲ့သည်။

တရားရုံး စာရွက်စာတမ်းများတွင် OLG က ဆုငွေထုတ်ပေးရန် ငြင်းပယ်ခဲ့ရသည့် အကြောင်းရင်းများကို ဖော်ပြထားသည်။

“ရုံးတော်သို့ ဦးတိုက်လျှောက်ထားသူ၏ ဆုငွေတောင်းခံမှုမှာ ငြင်းပယ်ခံခဲ့ရသည်။ OLG ၏ ထီစနစ် လုပ်ထုံးလုပ်နည်းများအရ ထိုထီလက်မှတ်မှာ ဆုရလက်မှတ်မဟုတ်ခဲ့”ဟု တရားရုံး စာရွက်စာတမ်းများတွင် ဖော်ပြသည်။

ဂျွန်ချိစ်က ဒေသတွင်း သတင်းဌာနသို့ ပြောသည်မှာ ထီရုံးဝန်ထမ်းများက ထီလက်မှတ်ကို အမှိုက်တောင်းထဲ လွှင့်ပစ်ရန် မိမိအား ပြောခဲ့ကြောင်း ပြောသည်။

ဂျွန်ချိစ်က ထီလက်မှတ်ကို လွှင့်ပစ်ရန် ငြင်းဆန်ခဲ့ပြီး Safe Deposit box တစ်ခုတွင် သိမ်းဆည်းကာ ရှေ့နေ တစ်ဦးနှင့် ဆက်သွယ်ပြီးနောက် Powerball အား တရားစွဲခဲ့သည်။

ဂျွန်ချိစ်က Multi-State Lottery Association နှင့် လုပ်ငန်းတွဲဖက်ဆောင်ရွက်သူ Taoti Enterprises တို့ကို လည်း ထည့်သွင်းတရားစွဲဆိုခဲ့သည်။

စွပ်စွဲချက်များအပေါ် Taoti Enterprises က တုန့်ပြန်ပြောကြားသည်မှာ ကုမ္ပဏီ၏ quality assurance အဖွဲ့က ဝက်ဘ်ဆိုက်တွင် ပေါက်စဉ် နံပါတ်မှားယွင်းကာ တင်ခဲ့မိခြင်းဖြစ်ကြောင်း ပြောသည်။

ဂျွန်ချိစ်၏ ရှေ့နေက Taoti ကုမ္ပဏီ၏ ပြောကြားချက်အပေါ် ပယ်ချထားသည်။

“သူတို့ရဲ့ ကုမ္ပဏီအဖွဲ့တစ်ခုက ဂဏန်းမှားတင်တယ်လို့ သူတို့က ပြောတယ်။ ဒါနဲ့ ပတ်သက်တဲ့ သက်သေ အထောက်အထား ကျွန်တော်မတွေ့ရပါဘူး” ဟု ရှေ့နေ Richards Evans က ပြောသည်။

“တကယ်လို့ သူတို့ အမှားလုပ်ခဲ့တယ်ဆိုရင်တောင် မေးခွန်းတစ်ခု ပေါ်ပေါက်ပါတယ်။ ဒါကို ဘယ်လိုလုပ်ပေး မှာလဲ”

ရှေ့နေ Evans က ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ပေါ်ပေါက်ခဲ့ဖူးသော ဖြစ်ရပ်တစ်ခုကိုလည်း ကိုးကား ထောက်ပြသည်။

ထိုစဉ်ကလည်း Powerball ထီပေါက်စဉ်နံပါတ်များ ဝက်ဘ်ဆိုက်တွင် မှားယွင်းလွှင့်တင်ခဲ့ရာ ထိုနံပါတ် ကံစမ်း ထားသူများအား ဆုငွေ ထုတ်ပေးခဲ့ရသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: I won $340 million Powerball jackpot but wasn’t paid a cent after a ‘mistake’ on the website – now I’m taking action (thesun)

Photo Credit- nbc washington

 

 

 

 

 

[Zawgyi]

အေမရိကန္မွာ ကန္ေဒၚလာ သန္း ၃၄၀ ဆု Powerball ထီေပါက္တဲ့ အမ်ဳိးသား ဘာေၾကာင့္ ဆုေငြ တစ္ျပားမွ မရတာလဲ

 

အေမရိကန္ျပည္ေထာင္စုတြင္ အမ်ဳိးသားတစ္ဦးက ေဒၚလာ သန္းေပါင္းမ်ားစြာ ထီေပါက္ေသာ္လည္း တစ္ျပားမွ မရေသာေၾကာင့္ ထီရံုးကို တရားစြဲဆိုထားသည္။

အေမရိကန္ျပည္ေထာင္စု၊ ဝါရွင္တန္ဒီစီတြင္ ေနထုိင္သူ ဂၽြန္ခ်ိစ္ (John Cheeks) အမည္ရွိ အမ်ဳိးသားသည္ ၂၀၂၃ ခုႏွစ္၊ ဇန္နဝါရီလ ၆ ရက္တြင္ Powerball ထီလက္မွတ္တစ္ေစာင္ ဝယ္ယူခဲ့သည္။

ထိုလက္မွတ္မွာ တရားတေဘာင္ျဖစ္သည္အထိ အျငင္းပြားစရာတစ္ခု ျဖစ္လာခဲ့သည္။

(သူ၏ ထီဆုေငြ ထုတ္ေပးရန္ ျငင္းပယ္ခံရေသာေၾကာင့္ ဂၽြန္ခ်ိစ္က Powerball အား တရားစြဲထားသည္။ Powerball ၏ ဝက္ဘ္ဆိုက္တြင္ နံပါတ္မွားယြင္းကာ ေပါက္စဥ္ေၾကညာခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။ ဓာတ္ပံု- nbc washington)

(ထီဌာန ဝန္ထမ္းတို႔က သူ၏ ထီလက္မွတ္မွာ မည္သည့္ဆုမွ မေပါက္ေၾကာင္း ေျပာခဲ့သည္။ ဂၽြန္ခ်ိစ္က သူ၏ ထီလက္မွတ္ကို လႊင့္ပစ္ရန္ ျငင္းဆိုခဲ့ျပီး လံုျခံဳေရးေသတၱာ -Safe deposit box ထဲတြင္ သိမ္းဆည္းကာ ေရွ႕ေနတစ္ဦး ငွားရမ္းခဲ့သည္။ ဓာတ္ပံု- nbc washington)

ဂၽြန္ခ်ိစ္၏ ေျပာၾကားခ်က္အရ ထီထြက္ျပီး ေနာက္ေန႔အထိ အြန္လုိင္းတြင္ ထီမတိုက္ခဲ့ေၾကာင္း၊ ေနာက္ ၂ ရက္အၾကာမွ ထီေပါက္စဥ္ၾကည့္ရႈရာတြင္ ထီေပါက္ေနသည္ကို တုန္လႈပ္စြာ သိခဲ့ရေၾကာင္း ေျပာသည္။

“ကၽြန္ေတာ္နည္းနည္း တုန္လႈပ္သြားပါတယ္။ ဒါေပမယ့္ ေအာ္ဟစ္ေအာင္ပြဲခံခဲ့တာမ်ဳိးေတာ့ မရွိပါဘူး။ သူငယ္ခ်င္းတစ္ေယာက္ကို ေခၚလုိက္တယ္။ သူေျပာတဲ့အတိုင္းပဲ ကၽြန္ေတာ္တို႔ ဓာတ္ပံုရိုက္ၾကတယ္။ ဒီေလာက္ပါပဲ။ ျပီးေတာ့ ကၽြန္ေတာ္ အိပ္ရာဝင္ခဲ့ပါတယ္”

ဂၽြန္ခ်ိစ္ ကံစမ္းခဲ့ေသာ နံပါတ္မ်ားမွာ မိသားစုဝင္တို႔၏ ေမြးေန႔မ်ားႏွင့္ အျခားေသာ ကိုယ္ေရးကိုယ္တာအရ အေရးၾကီးသည့္ ကိန္းဂဏန္းမ်ားျဖစ္သည္။

ထီဌာန (OLG) သို႔သြားေရာက္ကာ သူ၏ ထီဆုကို ထုတ္ယူခ်ိန္တြင္မူ ျငင္းပယ္ခံလိုက္ရျပီး သူ၏ ကံၾကမၼာမွာ ျပန္လည္ေျပာင္းလဲသြားခဲ့သည္။

တရားရံုး စာရြက္စာတမ္းမ်ားတြင္ OLG က ဆုေငြထုတ္ေပးရန္ ျငင္းပယ္ခဲ့ရသည့္ အေၾကာင္းရင္းမ်ားကို ေဖာ္ျပထားသည္။

“ရံုးေတာ္သို႔ ဦးတိုက္ေလွ်ာက္ထားသူ၏ ဆုေငြေတာင္းခံမႈမွာ ျငင္းပယ္ခံခဲ့ရသည္။ OLG ၏ ထီစနစ္ လုပ္ထံုးလုပ္နည္းမ်ားအရ ထိုထီလက္မွတ္မွာ ဆုရလက္မွတ္မဟုတ္ခဲ့”ဟု တရားရံုး စာရြက္စာတမ္းမ်ားတြင္ ေဖာ္ျပသည္။

ဂၽြန္ခ်ိစ္က ေဒသတြင္း သတင္းဌာနသို႔ ေျပာသည္မွာ ထီရံုးဝန္ထမ္းမ်ားက ထီလက္မွတ္ကို အမႈိက္ေတာင္းထဲ လႊင့္ပစ္ရန္ မိမိအား ေျပာခဲ့ေၾကာင္း ေျပာသည္။

ဂၽြန္ခ်ိစ္က ထီလက္မွတ္ကို လႊင့္ပစ္ရန္ ျငင္းဆန္ခဲ့ျပီး Safe Deposit box တစ္ခုတြင္ သိမ္းဆည္းကာ ေရွ႕ေန တစ္ဦးႏွင့္ ဆက္သြယ္ျပီးေနာက္ Powerball အား တရားစြဲခဲ့သည္။

ဂၽြန္ခ်ိစ္က Multi-State Lottery Association ႏွင့္ လုပ္ငန္းတြဲဖက္ေဆာင္ရြက္သူ Taoti Enterprises တို႔ကို လည္း ထည့္သြင္းတရားစြဲဆိုခဲ့သည္။

စြပ္စြဲခ်က္မ်ားအေပၚ Taoti Enterprises က တုန္႔ျပန္ေျပာၾကားသည္မွာ ကုမၸဏီ၏ quality assurance အဖြဲ႔က ဝက္ဘ္ဆိုက္တြင္ ေပါက္စဥ္ နံပါတ္မွားယြင္းကာ တင္ခဲ့မိျခင္းျဖစ္ေၾကာင္း ေျပာသည္။

ဂၽြန္ခ်ိစ္၏ ေရွ႕ေနက Taoti ကုမၸဏီ၏ ေျပာၾကားခ်က္အေပၚ ပယ္ခ်ထားသည္။

“သူတို႔ရဲ႕ ကုမၸဏီအဖြဲ႔တစ္ခုက ဂဏန္းမွားတင္တယ္လို႔ သူတို႔က ေျပာတယ္။ ဒါနဲ႔ ပတ္သက္တဲ့ သက္ေသ အေထာက္အထား ကၽြန္ေတာ္မေတြ႔ရပါဘူး” ဟု ေရွ႕ေန Richards Evans က ေျပာသည္။

“တကယ္လို႔ သူတို႔ အမွားလုပ္ခဲ့တယ္ဆိုရင္ေတာင္ ေမးခြန္းတစ္ခု ေပၚေပါက္ပါတယ္။ ဒါကို ဘယ္လိုလုပ္ေပး မွာလဲ”

ေရွ႕ေန Evans က ၂၀၂၃ ခုႏွစ္၊ ႏိုဝင္ဘာလအတြင္းက ေပၚေပါက္ခဲ့ဖူးေသာ ျဖစ္ရပ္တစ္ခုကိုလည္း ကိုးကား ေထာက္ျပသည္။

ထိုစဥ္ကလည္း Powerball ထီေပါက္စဥ္နံပါတ္မ်ား ဝက္ဘ္ဆိုက္တြင္ မွားယြင္းလႊင့္တင္ခဲ့ရာ ထိုနံပါတ္ ကံစမ္း ထားသူမ်ားအား ဆုေငြ ထုတ္ေပးခဲ့ရသည္။

 

Ref: I won $340 million Powerball jackpot but wasn’t paid a cent after a ‘mistake’ on the website – now I’m taking action (thesun)

Photo Credit- nbc washington

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service