အွန်လိုင်းမှတစ်ဆင့် ထိုင်းသံရုံး ဗီဇာရက်ချိန်းများ လျှောက်ထားရယူနိုင်ပြီ
အွန်လိုင်းမှတစ်ဆင့် ထိုင်းသံရုံး ဗီဇာရက်ချိန်းများ လျှောက်ထားရယူနိုင်ပြီ - Property Knowledge in Myanmar from iMyanmarHouse.com
21 Feb 2024 11:58 am တွင် တင်ခဲ့သည်
713 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
ထိုင်းသံရုံးတွင် ဗီဇာလျှောက်ထားသူအရေအတွက် များပြားနေသည့်အတွက် အွန်လိုင်းမှတစ်ဆင့် ဗီဇာရက်ချိန်းရယူနိုင်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအခြေစိုက်ထိုင်းသံရုံးမှ သိရသည်။
ထိုင်းသံရုံး၌ ဗီဇာလျှောက်ထားရာတွင် အွန်လိုင်းမှတစ်ဆင့် ဗီဇာရက်ချိန်းရယူခြင်း visa appointment booking online (VABO) နှင့် သံရုံးရှေ့တွင် လူကိုယ်တိုင် ဗီဇာရက်ချိန်းယူခြင်းဟူသည့် အခြေအနေနှစ်ရပ်ဖြင့် လျှောက်ထားနိုင်ကြောင်း သိရသည်။
အွန်လိုင်းမှ လျှောက်ထားရာတွင် အွန်လိုင်းမှတဆင့် ဗီဇာရက်ချိန်းယူခြင်း ထိုင်းသံရုံး၊ ရန်ကုန်၊ မြန်မာနိုင်ငံ :: Royal Thai Embassy, Yangon Visa Appointment Booking Online သို့မဟုတ် QR code သို့ ဝင်ရောက်ပြီး ဖေဖော်ဝါရီလ (၂၂) ရက်မှစတင်ပြီး ရက် (၃၀) ကြိုတင်ပြီး ဗီဇာရက်ချိန်းယူနိုင်ကြောင်း၊ တစ်ရက်လျှင် တိုကင်နံပါတ် (၂၀၀) နှုန်းဖြင့် ထုတ်ပေးသွားမည်ဖြစ်ပြီး ဗီဇာတင်မည့်ရက်ကိုလည်း တစ်လအတွင်း မိမိစိတ်ကြိုက်ရက်ကို ရွေးချယ်နိုင်မည်ဖြစ်ကြောင်း၊ အွန်လိုင်းမှ ဗီဇာရက်ချိန်း ရယူထားသူများ အနေဖြင့် အီးမေးလ်နှင့် ရက်ချိန်းရရှိထားသောပုံ သို့မဟုတ် အီးမေးလ်မှတစ်ဆင့် ပို့ပေးသော ဗီဇာရက်ချိန်းစာရွက်တို့ကို ထိုင်းသံရုံးသို့ လာရောက်သည့်နေ့တွင် တစ်ပါတည်းယူဆောင်လာရမည်ဖြစ်ကြောင်း ထိုင်းသံရုံး၏ ထုတ်ပြန်ကြေငြာချက်မှ သိရသည်။
လူကိုယ်တိုင် သံရုံးရှေ့တွင် ဗီဇာရက်ချိန်း တိုကင်လာယူသူများအတွက် တစ်ရက်လျှင် တိုကင်နံပါတ် (၂၀၀) နှုန်းဖြင့်သာ ပေးဝေသွားမည်ဖြစ်ကြောင်း၊ ယခင်ကနေ့စဉ် အယောက် (၄၀၀) ကိုသာ ကြိုတင် တိုကင်ပေးသည့်စနစ်ဖြင့် လက်ခံသွားမည်ဟု ဖေဖေါ်ဝါရီ (၁၄) ရက်က အသိပေးထုတ်ပြန်ထားပြီးနောက် ထုတ်ပြန်ကြေညာချက် စာအမှတ်(၂) ဖြင့် ဖေဖော်ဝါရီလ (၁၆) ရက်၊ ဖေဖော်ဝါရီလ (၁၉) ရက်၊ ဖေဖော်ဝါရီလ (၂၀) ရက်နှင့် ဖေဖော်ဝါရီလ (၂၁) ရက်၊ နေ့လည် (၂) နာရီတွင် ဗီဇာလျှောက်ခြင်းအတွက် တိုကင်နံပါတ်များကို ကြိုတင်လာရောက်ယူနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးကကြေညာ လိုက်သည်။
ဗီဇာလျှောက်ထားလိုသူများအနေဖြင့် မိမိကိုယ်ပိုင်ပတ်စ်ပို့စာအုပ်ကို ထုတ်ပြရမည်ဖြစ်ကြောင်း၊ လူတစ်ဦးလျှင် တိုကင်နံပါတ်တစ်ခုသာ ထုတ်ဝေပေးမည်ဖြစ်ကြောင်း၊ ယင်းတိုကင်နံပါတ်အား အခြားသူများထံ လွှဲပြောင်းပေးခြင်း မပြုရကြောင်း၊ ထို့အပြင် တိုကင်နံပါတ်များကို အခြားသူများထံ လွှဲပြောင်းခြင်း၊ အတုအပပြုလုပ်ခြင်းများကို သံရုံးအနေဖြင့် စစ်ဆေးတွေ့ရှိခဲ့ပါက (blacklist) အမည်ပျက်စာရင်း ထည့်သွင်းသွားမည်ဖြစ်ကြောင်း ထိုင်းသံရုံးမှ သိရသည်။
မြန်မာနိုင်ငံသား ပတ်စ်ပို့ကိုင်ဆောင်ထားသူများ အနေဖြင့် ထိုင်းနိုင်ငံသို့ လည်ပတ်ရာတွင် (၁၄) ရက်ထက် မကျော်ပါက ဗီဇာလျှောက်ထားရန် မလိုအပ်ဘဲ ဝင်ရောက်လည်ပတ်နိုင်ကြောင်းလည်း သံရုံးက ထုတ်ပြန်ထားသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဟန်ဆောင်စာချုပ်များအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service