Steve Jobs က Apple ၏ ငွေသားများကို မည်သို့ရင်းနှီးမြှုပ်နှံရမည်ဟူသော အကြံဉာဏ် မိမိထံတောင်းခံခဲ့ပြီး နောက်ပိုင်းတွင် ထိုအကြံကို လစ်လျူရှုခဲ့ကြောင်း Warren Buffett ပြောကြား

Steve Jobs က Apple ၏ ငွေသားများကို မည်သို့ရင်းနှီးမြှုပ်နှံရမည်ဟူသော အကြံဉာဏ် မိမိထံတောင်းခံခဲ့ပြီး နောက်ပိုင်းတွင် ထိုအကြံကို လစ်လျူရှုခဲ့ကြောင်း Warren Buffett ပြောကြား - Property Knowledge in Myanmar from iMyanmarHouse.com
19 Feb 2024 12:25 pm တွင် တင်ခဲ့သည်
961 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

 

၂၀၁၂ ခုနှစ်အတွင်း CNBC ၏ Squawk Box အစီအစဉ်တွင် စတိဗ်ဂျော့ (Steve Jobs) နှင့် စကားစမြည် ပြောဆိုစဉ်ကာလအတွင်း Apple Inc.၏ ဘဏ္ဍာရေးမဟာဗျူဟာနှင့် စပ်လျဉ်းပြီး ဆွေးနွေးခဲ့သည်။

Warren Buffett က ပြောသည်မှာ “စိတ်ဝင်စားဖို့ကောင်းတဲ့ ဆွေးနွေးပွဲတစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ သူနဲ့ စကားမပြောရတာ ကြာပါပြီ။ သူပြောတာက…. ကျွန်တော်တို့မှာ ငွေတွေရှိနေပြီ အဲဒါကို ကျွန်တော်တို့ ဘာလုပ်သင့်လဲ” ဟု မေးမြန်းခဲ့ကြောင်း ပြောသည်။

ကမ္ဘာ့ထိပ်သီးလုပ်ငန်းရှင် ၂ ဦးကြားမှ အဆိုပါ ဆွေးနွေးပွဲမှာ ကမ္ဘာ့ထိပ်သီးကုမ္ပဏီကြီးများ၏ ဆုံးဖြတ်ချက် ချမှတ်မှု လုပ်ငန်းစဉ်ကို မီးမောင်းထိုး ပြသနေသည်။

စတိဗ်ဂျော့သည် နည်းပညာနယ်တွင် ကမ္ဘာ့ဦးဆောင် ကုမ္ပဏီအဖြစ် ပြောင်းလဲပေးသူဟု လူသိများသည်။

၎င်းက ကုမ္ပဏီ၏ ငွေလည်ပတ်မှု စီမံခန့်ခွဲခြင်း မဟာဗျူဟာနှင့် စပ်လျဉ်းပြီး Warren Buffett ထံမှ အကြံဉာဏ် တောင်းခံခဲ့ခြင်း ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင် ၊ Berkshire Hathaway ၏ ဥက္ကဌဖြစ်သူ Warren Buffett က အခြေခံနည်းလမ်း ၄ ခု ပြောကြားခဲ့ရာ ရှယ်ယာများ ပြန်ဝယ်ခြင်း ၊ အမြတ်ဝေစုများ ၊ ဝယ်ယူရင်းနှီးမြှုပ်နှံမှုများ (သို့မဟုတ်) ၎င်းတို့ကို ကိုင်ဆောင်ထားခြင်းတို့ ဖြစ်သည်။

Apple ၏ ရှယ်ယာများမှာ ဖြစ်သင့်သော တန်ကြေးအောက် နည်းပါးသည့် ဈေးနှုန်းဖြင့် ရောင်းဝယ်နေခြင်း ဖြစ်ရာ ရှယ်ယာများပြန်လည်ဝယ်ယူခြင်းမှာ ကောင်းမွန်သည့် ရွေးချယ်မှု ဖြစ်ကြောင်း စတိဗ်ဂျော့က အသိအမှတ် ပြုသော်လည်း ထိုအတိုင်းမလုပ်ရန် ဆုံးဖြတ်ခဲ့ပြီး ကုမ္ပဏီ၏ အရန်ငွေသားများကို ဆက်လက် ထိန်းသိမ်းထားရန် ရွေးချယ်ခဲ့သည်။

“တစ်ချက်ချင်းစီရဲ့ သဘောတရားတွေကို ကျွန်တော် ဆက်ပြောခဲ့တယ်။ သူကျွန်တော်ကို ပြောတာက ကြီးမားတဲ့ ဝယ်ယူရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ သူတို့မှာ အခွင့်အလမ်းမရှိတဲ့အကြောင်း ၊ အဲဒါက ငွေအများကြီး လိုအပ်မှာ ဖြစ်တဲ့အကြောင်း ပြောပါတယ်”ဟု Warren Buffett က ပြောသည်။

“အဲဒီနောက် ကျွန်တော်က သူ့ကို ပြောပါတယ်။ ကျွန်တော့်ရဲ့ရှယ်ယာတွေဟာ ဖြစ်သင့်တဲ့ တန်ကြေးအောက် နည်းပါးနေတယ်လို့ ကျွန်တော်ယူဆရင် ဒီငွေတွေကို ရှယ်ယာပြန်ဝယ်ဖို့ သုံးမှာပဲလို့ ပြောခဲ့ပါတယ်။”

စတိဗ် ဂျော့က နောက်ဆုံးတွင် သူ၏ ငွေများကို ဆက်လက်ထိန်းသိမ်းထားရန် ဆုံးဖြတ်ခဲ့သည်။

“ဒီငွေတွေကို ဘာမှ မလုပ်ဘဲထားဖို့ သူပြောခဲ့တာအပေါ် ကျွန်တော် သဘောတူတယ်ဆိုတာ နောက်ပိုင်းမှာ သိလာပါတယ်။ ”

စတိဗ် ဂျော့တို့နှစ်ဦးအကြား ဆွေးနွေးပွဲမှာ ဘဏ္ဍာရေးစီမံခန့်ခွဲမှုအပေါ် သတိကြီးစွာ ချဉ်းကပ်ရပုံကို ပြသနေသည်။

အဆိုပါ လုပ်ဆောင်ချက်မှာ စတိဗ် ဂျော့၏ အရိုက်အရာကို ဆက်ခံသူ Tim Cook နှင့်မူ ခြားနားနေသည်။

Tim Cook ၏ လက်အောက်တွင် Apple သည် ရှယ်ယာများ အလုံးအရင်း ပြန်လည်ဝယ်ယူခဲ့ပြီး ပြီးခဲ့သော ဆယ်စုနှစ်အတွင်း ကန်ဒေါ်လာ ၅၀၀ ဘီလီယံဖိုးအထိ ပြန်လည်ဝယ်ယူခဲ့သည်။

Apple ၏ ရှယ်ယာ ပြန်လည်ဝယ်ယူမှု မဟာဗျူဟာကြောင့် ရှယ်ယာရှင်တို့၏ ပိုင်ဆိုင်မှု မြင့်တက်စေခဲ့သည်။

ထို့ကြောင့် Apple တွင် ရင်းနှီးမြှုပ်နှံထားသော Berkshire Hathaway ၏ ပိုင်ဆိုင်မှုမှာလည်း ရင်းနှီးမြုပ်နှံမှု ထပ်မံ ပြုလုပ်စရာမလိုဘဲ မြင့်တက်သွားခဲ့သည်။

Berkshire Hathaway သည် Apple တွင် ရှယ်ယာ ၆ ရာခိုင်နှုန်း နီးပါး ပိုင်ဆိုင်ထားသည်။

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Warren Buffett Says Steve Jobs Once Called Him Asking For Advice On How To Invest Apple's Cash — Then He Completely Ignored The Advice (finance)

 

 

[Zawgyi]

Steve Jobs က Apple ၏ ေငြသားမ်ားကို မည္သုိ႔ရင္းႏီွးျမွဳပ္ႏွံရမည္ဟူေသာ အၾကံဥာဏ္ မိမိထံေတာင္းခံခဲ့ျပီး ေနာက္ပိုင္းတြင္ ထိုအၾကံကို လစ္လ်ဴရႈခဲ့ေၾကာင္း Warren Buffett ေျပာၾကား

 

၂၀၁၂ ခုႏွစ္အတြင္း CNBC ၏ Squawk Box အစီအစဥ္တြင္ စတိဗ္ေဂ်ာ့ (Steve Jobs) ႏွင့္ စကားစျမည္ ေျပာဆိုစဥ္ကာလအတြင္း Apple Inc.၏ ဘ႑ာေရးမဟာဗ်ဴဟာႏွင့္ စပ္လ်ဥ္းျပီး ေဆြးေႏြးခဲ့သည္။

Warren Buffett က ေျပာသည္မွာ “စိတ္ဝင္စားဖို႔ေကာင္းတဲ့ ေဆြးေႏြးပြဲတစ္ခုပါပဲ။ ဘာေၾကာင့္လဲဆိုေတာ့ သူနဲ႔ စကားမေျပာရတာ ၾကာပါျပီ။ သူေျပာတာက…. ကၽြန္ေတာ္တုိ႔မွာ ေငြေတြရွိေနျပီ အဲဒါကို ကၽြန္ေတာ္တို႔ ဘာလုပ္သင့္လဲ” ဟု ေမးျမန္းခဲ့ေၾကာင္း ေျပာသည္။

ကမၻာ့ထိပ္သီးလုပ္ငန္းရွင္ ၂ ဦးၾကားမွ အဆိုပါ ေဆြးေႏြးပြဲမွာ ကမၻာ့ထိပ္သီးကုမၸဏီၾကီးမ်ား၏ ဆံုးျဖတ္ခ်က္ ခ်မွတ္မႈ လုပ္ငန္းစဥ္ကုိ မီးေမာင္းထိုး ျပသေနသည္။

စတိဗ္ေဂ်ာ့သည္ နည္းပညာနယ္တြင္ ကမၻာ့ဦးေဆာင္ ကုမၸဏီအျဖစ္ ေျပာင္းလဲေပးသူဟု လူသိမ်ားသည္။

၎က ကုမၸဏီ၏ ေငြလည္ပတ္မႈ စီမံခန္႔ခြဲျခင္း မဟာဗ်ဴဟာႏွင့္ စပ္လ်ဥ္းျပီး Warren Buffett ထံမွ အၾကံဥာဏ္ ေတာင္းခံခဲ့ျခင္း ျဖစ္သည္။

ရင္းႏွီးျမွဳပ္ႏံွမႈ လုပ္ငန္းရွင္ ၊ Berkshire Hathaway ၏ ဥကၠဌျဖစ္သူ Warren Buffett က အေျခခံနည္းလမ္း ၄ ခု ေျပာၾကားခဲ့ရာ ရွယ္ယာမ်ား ျပန္ဝယ္ျခင္း ၊ အျမတ္ေဝစုမ်ား ၊ ဝယ္ယူရင္းႏွီးျမွဳပ္ႏွံမႈမ်ား (သို႔မဟုတ္) ၎တို႔ကို ကိုင္ေဆာင္ထားျခင္းတို႔ ျဖစ္သည္။

Apple ၏ ရွယ္ယာမ်ားမွာ ျဖစ္သင့္ေသာ တန္ေၾကးေအာက္ နည္းပါးသည့္ ေစ်းႏႈန္းျဖင့္ ေရာင္းဝယ္ေနျခင္း ျဖစ္ရာ ရွယ္ယာမ်ားျပန္လည္ဝယ္ယူျခင္းမွာ ေကာင္းမြန္သည့္ ေရြးခ်ယ္မႈ ျဖစ္ေၾကာင္း စတိဗ္ေဂ်ာ့က အသိအမွတ္ ျပဳေသာ္လည္း ထိုအတုိင္းမလုပ္ရန္ ဆံုးျဖတ္ခဲ့ျပီး ကုမၸဏီ၏ အရန္ေငြသားမ်ားကို ဆက္လက္ ထိန္းသိမ္းထားရန္ ေရြးခ်ယ္ခဲ့သည္။

“တစ္ခ်က္ခ်င္းစီရဲ႕ သေဘာတရားေတြကို ကၽြန္ေတာ္ ဆက္ေျပာခဲ့တယ္။ သူကၽြန္ေတာ္ကို ေျပာတာက ၾကီးမားတဲ့ ဝယ္ယူရင္းႏွီးျမွဳပ္ႏွံမႈေတြလုပ္ဖုိ႔ သူတို႔မွာ အခြင့္အလမ္းမရွိတဲ့အေၾကာင္း ၊ အဲဒါက ေငြအမ်ားၾကီး လိုအပ္မွာ ျဖစ္တဲ့အေၾကာင္း ေျပာပါတယ္”ဟု Warren Buffett က ေျပာသည္။

“အဲဒီေနာက္ ကၽြန္ေတာ္က သူ႔ကို ေျပာပါတယ္။ ကၽြန္ေတာ့္ရဲ႕ရွယ္ယာေတြဟာ ျဖစ္သင့္တဲ့ တန္ေၾကးေအာက္ နည္းပါးေနတယ္လို႔ ကၽြန္ေတာ္ယူဆရင္ ဒီေငြေတြကို ရွယ္ယာျပန္ဝယ္ဖို႔ သံုးမွာပဲလို႔ ေျပာခဲ့ပါတယ္။”

စတိဗ္ ေဂ်ာ့က ေနာက္ဆံုးတြင္ သူ၏ ေငြမ်ားကို ဆက္လက္ထိန္းသိမ္းထားရန္ ဆံုးျဖတ္ခဲ့သည္။

“ဒီေငြေတြကို ဘာမွ မလုပ္ဘဲထားဖို႔ သူေျပာခဲ့တာအေပၚ ကၽြန္ေတာ္ သေဘာတူတယ္ဆိုတာ ေနာက္ပိုင္းမွာ သိလာပါတယ္။ ”

စတိဗ္ ေဂ်ာ့တို႔ႏွစ္ဦးအၾကား ေဆြးေႏြးပြဲမွာ ဘ႑ာေရးစီမံခန္႔ခြဲမႈအေပၚ သတိၾကီးစြာ ခ်ဥ္းကပ္ရပံုကို ျပသေနသည္။

အဆုိပါ လုပ္ေဆာင္ခ်က္မွာ စတိဗ္ ေဂ်ာ့၏ အရိုက္အရာကို ဆက္ခံသူ Tim Cook ႏွင့္မူ ျခားနားေနသည္။

Tim Cook ၏ လက္ေအာက္တြင္ Apple သည္ ရွယ္ယာမ်ား အလံုးအရင္း ျပန္လည္ဝယ္ယူခဲ့ျပီး ျပီးခဲ့ေသာ ဆယ္စုႏွစ္အတြင္း ကန္ေဒၚလာ ၅၀၀ ဘီလီယံဖိုးအထိ ျပန္လည္ဝယ္ယူခဲ့သည္။

Apple ၏ ရွယ္ယာ ျပန္လည္ဝယ္ယူမႈ မဟာဗ်ဴဟာေၾကာင့္ ရွယ္ယာရွင္တို႔၏ ပိုင္ဆုိင္မႈ ျမင့္တက္ေစခဲ့သည္။

ထို႔ေၾကာင့္ Apple တြင္ ရင္းႏွီးျမွဳပ္ႏွံထားေသာ Berkshire Hathaway ၏ ပိုင္ဆိုင္မႈမွာလည္း ရင္းႏွီးျမဳပ္ႏွံမႈ ထပ္မံ ျပဳလုပ္စရာမလိုဘဲ ျမင့္တက္သြားခဲ့သည္။

Berkshire Hathaway သည္ Apple တြင္ ရွယ္ယာ ၆ ရာခိုင္ႏႈန္း နီးပါး ပိုင္ဆိုင္ထားသည္။

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစရွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္ရွိသည့္ အိမ္ၿခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။ သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Warren Buffett Says Steve Jobs Once Called Him Asking For Advice On How To Invest Apple's Cash — Then He Completely Ignored The Advice (finance)

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Mingalar Market
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service