အမေရိကန်နိုင်ငံသား ၃ ပုံ ၁ ပုံကျော်က အချစ်ထက် ငွေကပိုအရေးကြီးသည်ဟု လက်ခံထားကြောင်း စစ်တမ်း တစ်ရပ်တွင်တွေ့ရှိ၊ Gen Z တို့က ဒေါ်လာ ၂၂၆ သန်းရလျှင် အချစ်ကို စွန့်လွှတ်နိုင်သည်ဟုဆို

အမေရိကန်နိုင်ငံသား ၃ ပုံ ၁ ပုံကျော်က အချစ်ထက် ငွေကပိုအရေးကြီးသည်ဟု လက်ခံထားကြောင်း စစ်တမ်း တစ်ရပ်တွင်တွေ့ရှိ၊ Gen Z တို့က ဒေါ်လာ ၂၂၆ သန်းရလျှင် အချစ်ကို စွန့်လွှတ်နိုင်သည်ဟုဆို - Property Knowledge in Myanmar from iMyanmarHouse.com
19 Feb 2024 11:32 am တွင် တင်ခဲ့သည်
809 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

မြှားနတ်မောင်၏ အချစ်မြှားဖြင့် ပစ်ခတ်ခြင်းခံရပြီဆိုပါက ဧကရာဇ်တို့ပင်လျှင် အချစ်အတွက် စစ်ခင်းကြသည်။

သို့သော် ယနေ့ခေတ် စီးပွားရေးကျပ်တည်းမှုနှင့် ငွေရှာရခက်မှုတို့ကြောင့် အချစ်သည် အရာရာ မဟုတ်တော့ချေ။

ဘဏ္ဍာရေးဝန်ဆောင်မှု ကုမ္ပဏီတစ်ခုဖြစ်သော Empower က မကြာသေးမီက ပြုလုပ်ခဲ့သော စစ်တမ်းတစ်ရပ် အရ အမေရိကန်နိုင်ငံသား ၃ ပုံ ၁ ပုံသည် အချစ်ထက် ငွေက ပိုအရေးကြီးကြောင်း ယုံကြည်ထားသည်ဟု တွေ့ရှိလာသည်။

စစ်တမ်းဖြေကြားသူ ၂၆ ရာခိုင်နှုန်းက ဖြေကြားသည်မှာ ကန်ဒေါ်လာ ၁၂၈ သန်းသာ ရမည်ဆိုပါက ၎င်းတို့၏ ကျန်ရှိသော ဘဝတွင် ငွေအတွက် အချစ်ကို စွန့်လွှတ်မည်ဖြစ်ကြောင်း အံ့ဖွယ်ဖြေကြားခဲ့ကြသည်။

အောက်တွင် ငွေမည်မျှရလျှင် အချစ်ကို စွန့်လွှတ်မည်ဟူသော တွေ့ရှိချက်ကို ဖော်ပြထားပါသည်။

သင့်အနေဖြင့်လည်း ထိုသို့သော သဘောထားရှိပါသလား။

သို့သော် ဒေါ်လာ သန်း ၁၀၀ ကျော် ချမ်းသာသောဘဝတွင် အချစ်မရှိဘဲ နေထိုင်နိုင်သည်ဟု လူတိုင်းကမူ သဘောမတူကြချေ။

မျိုးဆက်အလိုက် ၎င်းတို့၏ အမြင်များ ကွဲပြားကြသည်။

(မှတ်ချက်။ ဆောင်းပါးကို ဆက်လက်မဖော်ပြမီ သုံးနှုန်းမည့် အသုံးအနှုန်းများအား အနည်းငယ်ရှင်းလင်းပါမည်။ Baby boomer ဟူသည်မှာ ၁၉၄၆ ခုနှစ်မှ ၁၉၆၄ ခုနှစ်ကြား မွေးဖွားသူများ ဖြစ်သည်။ Gen X ဟူသည်မှာ ၁၉၆၅ မှ ၁၉၈၀ ကြားမွေးဖွားသူများဖြစ်သည်။ Millennial ဟူသည်မှာ ၁၉၈၁ မှ ၁၉၉၆ ကြား မွေးဖွားသူများဖြစ်သည်။ Gen Z ဟူသည်မှာ ၁၉၉၇ မှ ၂၀၁၂ အကြား မွေးဖွားသူများ ဖြစ်သည်။)

အောက်တွင် မျိုးဆက်အလိုက် ငွေမည်မျှရလျှင် အချစ်ကို စွန့်လွှတ်မည်ဟူသော သဘောထားများကို ဖော်ပြထားပါသည်။

1.Baby boomer - ကန်ဒေါ်လာ ၇၄ ဒသမ ၇၉ သန်း

2.Gen X -ကန်ဒေါ်လာ ၅၀ ဒသမ ၀၆ သန်း

3.Millennial -ကန်ဒေါ်လာ ၁၆၂ ဒသမ ၈၈ သန်း

4.Gen Z- ကန်ဒေါ်လာ ၂၂၆ ဒသမ ၀၄၁ သန်း

စိတ်ဝင်စားဖွယ်ကောင်းသည့်အချက်မှာ Gen X တို့သည် Gen Z တို့ လိုလားသောငွေအောက် ၅ ပုံတစ်ပုံမျှဖြင့် အချစ်ကို စွန့်လွှတ်နိုင်ကြောင်း ဖြေကြားကြသည်။

Gen Z (လက်ရှိအားဖြင့် အသက်အကြီးဆုံးမှာ ၂၇ နှစ်) တို့သည် သက်လတ်ပိုင်း မျိုးဆက်တို့နှင့် ယှဉ်လျှင် ဘဝအနေအထား ကွဲပြားသည်။

ငယ်ရွယ်သော လူငယ်မျိုးဆက်ဖြစ်ပြီး လက်ရှိအားဖြင့် အချစ်ကို စတင်ရှာဖွေနေကြဖွယ်ရှိသူများ ဖြစ်သည်။

၎င်းတို့ထက် ပိုမိုအသက်ကြီးသည့် မျိုးဆက်များနှင့်ယှဉ်လျှင် ကလေးကျောင်းစရိတ် (သို့မဟုတ်) အိမ်ခြံမြေ ချေးငွေ အရစ်ကျပေးဆပ်ရခြင်းတို့ကဲ့သို့ တာဝန်များ နည်းပါးသည်။

၎င်းတို့က အချစ်ကို ပိုမိုဈေးနှုန်းမြင့်မားစွာ သတ်မှတ်ကြသည်။

ယင်းသို့ဖြစ်ရခြင်း၏ အကြောင်းတစ်ရပ်မှာ ငွေမရှိဘဲ ဆယ်စုနှစ်များစွာ နေနိုင်သေးသောကြောင့် ဖြစ်နိုင်သည်။

Gen X တို့မှာ အခြားမျိုးဆက်များနှင့် နှိုင်းယှဉ်လျှင် အကြွေးများ စုပုံနေသည်။

ကြွေးမြီများ ပြန်လည်ပေးဆပ်ရန် ရုန်းကန်နေရပြီး သားသမီးများအပြင် အသက်အရွယ်အိုမင်းနေသော မိဘများ အား စောင့်ရှောက်ရမှုများအကြား ကြားညပ်နေသည်။

အချစ်ကို ငွေဖြင့်ဝယ်ယူ၍ မရဟု ဆိုကြသည်။ သို့သော် မိမိတို့၏ အချစ်ရေးများကို တိုးတက်ကောင်းမွန်စွာ ထိန်းထားနိုင်ရန် ဘဝနေထိုင်မှုဟန်ပန်အချို့ စတေးခံလိုကြသူများလည်း ရှိသည်။

စစ်တမ်းတွင် ဖြေကြားသူ ၆၀ ရာခိုင်နှုန်းက ဖြေကြသည်မှာ မိမိတို့အတွက် မရှိမဖြစ်မဟုတ်သောအရာများ၊ ဇိမ်ခံပစ္စည်းများ ဝယ်ခြင်းတွင် ငွေကိုလျှော့သုံးပြီး မိမိတို့ချစ်ရသူများအတွက် ငွေပိုလာစေရန် လုပ်ဆောင်မည် ဖြစ်ကြောင်း ဖြေကြားကြသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: More than a quarter of Americans say they would 'sacrifice love' forever in exchange for money — here is the price they put on it. Would you do the same? (finance)

 

 

 

[Zawgyi]

 

အေမရိကန္ႏိုင္ငံသား ၃ ပံု ၁ ပံုေက်ာ္က အခ်စ္ထက္ ေငြကပိုအေရးၾကီးသည္ဟု လက္ခံထားေၾကာင္း စစ္တမ္း တစ္ရပ္တြင္ေတြ႔ရွိ၊ Gen Z တို႔က ေဒၚလာ ၂၂၆ သန္းရလွ်င္ အခ်စ္ကို စြန္႔လႊတ္ႏိုင္သည္ဟုဆို

 

ျမွားနတ္ေမာင္၏ အခ်စ္ျမွားျဖင့္ ပစ္ခတ္ျခင္းခံရျပီဆိုပါက ဧကရာဇ္တို႔ပင္လွ်င္ အခ်စ္အတြက္ စစ္ခင္းၾကသည္။

သို႔ေသာ္ ယေန႔ေခတ္ စီးပြားေရးက်ပ္တည္းမႈႏွင့္ ေငြရွာရခက္မႈတို႔ေၾကာင့္ အခ်စ္သည္ အရာရာ မဟုတ္ေတာ့ေခ်။

ဘ႑ာေရးဝန္ေဆာင္မႈ ကုမၸဏီတစ္ခုျဖစ္ေသာ Empower က မၾကာေသးမီက ျပဳလုပ္ခဲ့ေသာ စစ္တမ္းတစ္ရပ္ အရ အေမရိကန္ႏိုင္ငံသား ၃ ပံု ၁ ပံုသည္ အခ်စ္ထက္ ေငြက ပိုအေရးၾကီးေၾကာင္း ယံုၾကည္ထားသည္ဟု ေတြ႔ရွိလာသည္။

စစ္တမ္းေျဖၾကားသူ ၂၆ ရာခိုင္ႏႈန္းက ေျဖၾကားသည္မွာ ကန္ေဒၚလာ ၁၂၈ သန္းသာ ရမည္ဆိုပါက ၎တို႔၏ က်န္ရွိေသာ ဘဝတြင္ ေငြအတြက္ အခ်စ္ကို စြန္႔လႊတ္မည္ျဖစ္ေၾကာင္း အ့ံဖြယ္ေျဖၾကားခဲ့ၾကသည္။

ေအာက္တြင္ ေငြမည္မွ်ရလွ်င္ အခ်စ္ကို စြန္႔လႊတ္မည္ဟူေသာ ေတြ႔ရွိခ်က္ကုိ ေဖာ္ျပထားပါသည္။

သင့္အေနျဖင့္လည္း ထိုသို႔ေသာ သေဘာထားရွိပါသလား။

သို႔ေသာ္ ေဒၚလာ သန္း ၁၀၀ ေက်ာ္ ခ်မ္းသာေသာဘဝတြင္ အခ်စ္မရွိဘဲ ေနထိုင္ႏိုင္သည္ဟု လူတိုင္းကမူ သေဘာမတူၾကေခ်။

မ်ဳိးဆက္အလိုက္ ၎တို႔၏ အျမင္မ်ား ကြဲျပားၾကသည္။

(မွတ္ခ်က္။ ေဆာင္းပါးကို ဆက္လက္မေဖာ္ျပမီ သံုးႏႈန္းမည့္ အသံုးအႏႈန္းမ်ားအား အနည္းငယ္ရွင္းလင္းပါမည္။ Baby boomer ဟူသည္မွာ ၁၉၄၆ ခုႏွစ္မွ ၁၉၆၄ ခုႏွစ္ၾကား ေမြးဖြားသူမ်ား ျဖစ္သည္။ Gen X ဟူသည္မွာ ၁၉၆၅ မွ ၁၉၈၀ ၾကားေမြးဖြားသူမ်ားျဖစ္သည္။ Millennial ဟူသည္မွာ ၁၉၈၁ မွ ၁၉၉၆ ၾကား ေမြးဖြားသူမ်ားျဖစ္သည္။ Gen Z ဟူသည္မွာ ၁၉၉၇ မွ ၂၀၁၂ အၾကား ေမြးဖြားသူမ်ား ျဖစ္သည္။)

ေအာက္တြင္ မ်ဳိးဆက္အလိုက္ ေငြမည္မွ်ရလွ်င္ အခ်စ္ကုိ စြန္႔လႊတ္မည္ဟူေသာ သေဘာထားမ်ားကို ေဖာ္ျပထားပါသည္။

1.Baby boomer - ကန္ေဒၚလာ ၇၄ ဒသမ ၇၉ သန္း

2.Gen X -ကန္ေဒၚလာ ၅၀ ဒသမ ၀၆ သန္း

3.Millennial -ကန္ေဒၚလာ ၁၆၂ ဒသမ ၈၈ သန္း

4.Gen Z- ကန္ေဒၚလာ ၂၂၆ ဒသမ ၀၄၁ သန္း

စိတ္ဝင္စားဖြယ္ေကာင္းသည့္အခ်က္မွာ Gen X တို႔သည္ Gen Z တို႔ လိုလားေသာေငြေအာက္ ၅ ပုံတစ္ပံုမွ်ျဖင့္ အခ်စ္ကုိ စြန္႔လႊတ္ႏိုင္ေၾကာင္း ေျဖၾကားၾကသည္။

Gen Z (လက္ရွိအားျဖင့္ အသက္အၾကီးဆံုးမွာ ၂၇ ႏွစ္) တု႔ိသည္ သက္လတ္ပိုင္း မ်ဳိးဆက္တို႔ႏွင့္ ယွဥ္လွ်င္ ဘဝအေနအထား ကြဲျပားသည္။

ငယ္ရြယ္ေသာ လူငယ္မ်ဳိးဆက္ျဖစ္ျပီး လက္ရွိအားျဖင့္ အခ်စ္ကုိ စတင္ရွာေဖြေနၾကဖြယ္ရွိသူမ်ား ျဖစ္သည္။

၎တို႔ထက္ ပိုမိုအသက္ၾကီးသည့္ မ်ဳိးဆက္မ်ားႏွင့္ယွဥ္လွ်င္ ကေလးေက်ာင္းစရိတ္ (သို႔မဟုတ္) အိမ္ျခံေျမ ေခ်းေငြ အရစ္က်ေပးဆပ္ရျခင္းတို႔ကဲ့သုိ႔ တာဝန္မ်ား နည္းပါးသည္။

၎တို႔က အခ်စ္ကုိ ပိုမိုေစ်းႏႈန္းျမင့္မားစြာ သတ္မွတ္ၾကသည္။

ယင္းသို႔ျဖစ္ရျခင္း၏ အေၾကာင္းတစ္ရပ္မွာ ေငြမရွိဘဲ ဆယ္စုႏွစ္မ်ားစြာ ေနႏိုင္ေသးေသာေၾကာင့္ ျဖစ္ႏိုင္သည္။

Gen X တို႔မွာ အျခားမ်ဳိးဆက္မ်ားႏွင့္ ႏိႈင္းယွဥ္လွ်င္ အေၾကြးမ်ား စုပံုေနသည္။

ေၾကြးျမီမ်ား ျပန္လည္ေပးဆပ္ရန္ ရုန္းကန္ေနရျပီး သားသမီးမ်ားအျပင္ အသက္အရြယ္အိုမင္းေနေသာ မိဘမ်ား အား ေစာင့္ေရွာက္ရမႈမ်ားအၾကား ၾကားညပ္ေနသည္။

အခ်စ္ကို ေငြျဖင့္ဝယ္ယူ၍ မရဟု ဆိုၾကသည္။ သို႔ေသာ္ မိမိတို႔၏ အခ်စ္ေရးမ်ားကို တိုးတက္ေကာင္းမြန္စြာ ထိန္းထားႏိုင္ရန္ ဘဝေနထိုင္မႈဟန္ပန္အခ်ိဳ႕ စေတးခံလိုၾကသူမ်ားလည္း ရွိသည္။

စစ္တမ္းတြင္ ေျဖၾကားသူ ၆၀ ရာခိုင္ႏႈန္းက ေျဖၾကသည္မွာ မိမိတို႔အတြက္ မရွိမျဖစ္မဟုတ္ေသာအရာမ်ား၊ ဇိမ္ခံပစၥည္းမ်ား ဝယ္ျခင္းတြင္ ေငြကိုေလွ်ာ့သံုးျပီး မိမိတို႔ခ်စ္ရသူမ်ားအတြက္ ေငြပိုလာေစရန္ လုပ္ေဆာင္မည္ ျဖစ္ေၾကာင္း ေျဖၾကားၾကသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: More than a quarter of Americans say they would 'sacrifice love' forever in exchange for money — here is the price they put on it. Would you do the same? (finance)

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဟန်ဆောင်စာချုပ်များအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service